Skip to main content

Sep 08, 2021

နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးတွင် နိုင်ငံတကာစီးပွားရေးနယ်ပယ်စုံ၌ စီးဝင်မှုသည် အရေးကြီးသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် အမျိုးသားအကျိုးစီးပွားကို တစ်ကမ္ဘာလုံးသို့ လွှမ်းခြုံကြသည်။ စီးပွားကူးသန်း ရှေ့သို့လှမ်းချီရာ၌ နိုင်ငံတကာစီးပွားရေးတွင် ကုန်း၊ ရေ၊ လေ ဆက်သွယ်ရေးလမ်းကြောင်းစုံဖြင့် ထိုးဖောက်ဖြန့်ချိကြသည်။ ချမ်းသာသောနိုင်ငံများသည် ကုန်သွယ်ရေကြောင်း ဆိပ်ကမ်းပိုင်ဆိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် NUG က ကြေညာချက်တစ်ရပ်ကို လေထဲမှထုတ်လွှင့်ခဲ့ရာ ယင်းကြေညာချက်ကို ပြည်ဖျက်မီဒီယာများက D-Day စတင်ကြောင်း ကြေညာခြင်း၊ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာခြင်း၊ ပြည်သူ့တော်လှန်ရေး စတင်ခြင်းအဖြစ် အသီးသီးထုတ်လွှင့်ခဲ့ကြပြီး အယုံလွယ်သူတို့ အပြေးအလွှား ဆန်ဝယ်၊ ဆီဝယ်၊ စုကြ၊ ဆောင်းကြနှင့်လူမှုကွန်ရက်မှ ခိုင်းသမျှ လိုက်လုပ်ခဲ့ကြသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (Asian Organization of Supreme Audit Institutions:(ASOSAI) ၏ (၁၅) ကြိမ်မြောက်စုံညီ ညီလာခံကို ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒေါက်တာ ကံဇော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ 

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၅ ရက် ည ၁၁ နာရီခွဲတွင် ဟုမ္မလင်းမြို့နယ်၊ စံကပ်ကျေးရွာအနီး၌ မောင်မောင်လွင် မောင်းနှင်ပြီး အားခေ(ခ)အားခီး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၅၅ ကီလိုကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်း ရွှေဟော်၊ မြဝတီနှင့် ထီးခီးကုန်သွယ်ရေးစခန်း (၄) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂၂) ခုမှ ယာဉ်စီးရေ (၃၈) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၃)စီး ဖြင့်(၅၇)တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၃) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၁၉၇၅၇) ခု၊ Oxygen Plant (၁၃)ခု၊ Oxygen Generator (၃) ခု၊ အိမ်သုံး Oxygen Concentrator (၂၆၆၇) ခု၊ PPE ဝတ်စုံ (၆၇၅၀၀)၊ လက်အိတ် (၆) တန် နှင့် နှာခေါင်းစည်း (Mask) (၈၈) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၃) စီးမှာ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပဲခူးမြို့တို့သို့ (၁)စီးစီဖြစ်ပြီး Oxygen Plant (၁၃)ခု မှာ ရန်ကုန်မြို့သို့ (၄)ခု၊ မန္တလေးမြို့သို့ (၇) ခု၊ မအူပင်မြို့နှင့် မြောင်းမြမြို့တို့သို့ (၁)ခု စီ ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား(Mobile Market)စနစ်ဖြင့် ရောင်းချနေမှုကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာရှိ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၉/၂၀၂၁)ကို ယနေ့ နံနက် ၁၀ နာရီတွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် - 

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန်ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့၊ Tolmachevo လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ အမှတ်(၄၁) တပ်မ ထောက်လှမ်းရေးဌာနအကြီးအကဲ Colonel Dimity V. Menchov နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံစစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်စိတ်တပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ယက်များအား နိုင်ငံ တစ်ဝှမ်းလုံး ဖြန့်ကျက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေး တာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက်ပေးထားရှိခဲ့သည်ကို အေးချမ်းစွာနေထိုင်လိုခြင်းမရှိဘဲ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်လာကြသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင် များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ လားရှိုးခရိုင်စီမံ အုပ်ချုပ်မှုအဖွဲ့ဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန် ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘောဂသိဒ္ဓိအိမ်ရာဝင်းအတွင်းရှိ ကားပါကင်၌ အကြမ်းဖက် သမားတစ်ဦးက လက်လုပ်မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ၎င်းအပါအဝင် အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်