နေပြည်တော် မတ် ၇
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေး)နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် ပြည်တွင်း၊ ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦးတို့ကို သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။
အဆိုပါ ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိသည့် ပြည်တွင်း/ ပြည်ပမှ ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ တို့မှ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါး၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၃ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်ရလူပုဂ္ဂိုလ် ၁ ဦးနှင့် အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၂ ဦး၊ စုစုပေါင်း ၁၁၁ ပါး/ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်(၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ | မဟာဗိမာန်တော်ကြီး၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း မတ် ၅ ရက်တွင် သတင်းထုတ်ပြန်ပြီး ဖြစ်သည်။
ကျန်ရှိသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဖြစ်သည့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၈ ပါး၊ သီလရှင်ဆရာကြီး ၇ ပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၁ ပါး၊ သီလရှင်ဆရာကြီး ၁၈ ပါး၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃ ပါး၊ ဓမ္မ ကထိကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅၂ ပါး၊သီလရှင်ဆရာကြီး ၆ ပါး၊ လူပုဂ္ဂိုလ် ၂ ဦး၊ သဒ္ဓမ္မဇောတိကဓဇ ' ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၂ ပါး၊ သီလရှင်ဆရာကြီး ၇ ပါး၊ လူပုဂ္ဂိုလ် ၆ ဦး၊ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာ
တော်ကြီး ၁၀ ပါး၊ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၀ ပါး၊ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၁ ဦး၊ သီဟ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၆ ဦး၊ သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၂ ဦး၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၃ ဦး၊ သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၄ ဦး စုစုပေါင်း ၂၃၄ ပါး/ ဦး တို့အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကိုယ်စား နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁ နာရီတွင် တစ်ချိန်တည်း ကျင်းပသွားမည် ဖြစ်ပါကြောင်း သိရသည်။
သတင်းစဉ်