Jul 21, 2022
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာ (Preliminary Objections) အပေါ် တရားရုံးအမိန့် ဖတ်ကြားပွဲကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဇူလိုင် ၂၂ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။
Jul 21, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jul 21, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
Jul 21, 2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ဝန်ထမ်းသား၊ သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 21, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်ဒေသ၊ အားနည်းလျော့ပါးသည့် ဒေသများနှင့် ရွှေ့ပြောင်းခြင်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးဌာနက Hybrid စနစ်ဖြင့် ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် ကျေးရွာအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဒေသတွင်းဖိုရမ်သို့ ဝန်ကြီးဌာန နီလာခန်းမမှ ပါဝင်တက်ရောက်သည်။
Jul 21, 2022
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 21, 2022
(၁၈)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် မြန်မာနိုင်ငံမှ အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပရာ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
Jul 21, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်အမှတ် (၅)လမ်းဘေး၌ ရပ်တန့်ထားသော တရုတ်နံပါတ်တပ် ကုန်ပစ္စည်းတင်မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ စကားပြောစက်နှင့် စကားပြောစက်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၁၈၂၇၂၂) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dongfeng အမျိုးအစား တရုတ်နံပါတ်တပ် ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၁၈၂၇၂၂) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jul 21, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်၌ ငွေကျပ်သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၆ တုံး၊ အလေးချိန် ၄၀ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jul 21, 2022
ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကာကွယ် တိုက်ဖျက်ရေးဌာနခွဲ၏ နှစ်ပတ်လည်လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Jul 21, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Jul 21, 2022
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jul 21, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပသည်။
Jul 21, 2022
၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် သီဟသူရထွန်းတင်ခန်းမ၌ပြုလုပ်ရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
Jul 21, 2022
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်က ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အာဟာရဖြည့်စွက်စာနှင့် ဟင်းသီးဟင်းရွက်များ ယနေ့နံနက်ပိုင်းက လှူဒါန်းသည်။
Jul 21, 2022
အာဆီယံနှင့်တရုတ်နိုင်ငံအကြား မိတ်ဖက်ဆောင်ရွက်မှုများ ပိုမိုလွယ်ကူတိုးတက်စေရန်နှင့် တရားရေးဆိုင်ရာ အတွေ့အကြုံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရန်အတွက် တတိယအကြိမ်မြောက် တရုတ်-အာဆီယံတရားရေးဖိုရမ် (The 3rd China-ASEAN Justice Forum) ကို ယနေ့နံနက် ၈နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး အွန်လိုင်းဖြင့် တက်ရောက်သည်။
Jul 21, 2022
ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် မသုံးမဖြစ်လိုအပ်လျက်ရှိသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ဝယ်ယူအသုံးပြုနေကြရသည်။ ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာသော အသုံးဝင်သည့် နှစ်သက်ရာကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုကြရာတွင် အရည်အသွေးမမီခြင်းဟူသော အချက်သည် ပြည်သူများ၏ကျန်းမာရေးကို ထိခိုက်စေသည့်ကုန်ပစ္စည်းများ ပါဝင်လာသည်။
Jul 21, 2022
မိမိတို့နိုင်ငံ၏စီးပွားရေးမှာမြေယာအခြေပြုသည့် စိုက်ပျိုးမွေးမြူရေးအပေါ်တွင် အဓိကတည်မှီလျက်ရှိသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့မှာ အပြန်အလှန် အမှီသဟဲပြုနေသော လုပ်ငန်းများဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်း မှီတင်းနေထိုင်ရာ ကျေးလက်ဒေသ၏လုပ်ငန်းများဖြစ်သည့် အလျောက်ခေတ်မီနည်းစနစ်များဖြင့် စီးပွားဖြစ်လုပ်ကိုင်ခြင်းအားဖြင့် တောင်သူများ ဝင်ငွေတိုးကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ကျေးလက်စီးပွားရေးတွင် အရေးကြီးသည့် တိရစ္ဆာန်များ (အထူးသဖြင့် ကျွဲ၊ နွား) တို့ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ မြို့နယ်အသီးသီးတို့တွင် မွေးမြူရေးခြံပိုင်ရှင်များအား အသိပညာပေးခြင်း၊ တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို သက်ဆိုင်ရာ ဌာနဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြသည်။
Jul 20, 2022
အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံကိုယ်စားပြုတက္ကသိုလ် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
