Skip to main content

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်က ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အာဟာရဖြည့်စွက်စာနှင့် ဟင်းသီးဟင်းရွက်များ လှူဒါန်း

နေပြည်တော် ဇူလိုင် ၂၀

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်က ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အာဟာရဖြည့်စွက်စာနှင့် ဟင်းသီးဟင်းရွက်များ ယနေ့နံနက်ပိုင်းက လှူဒါန်းသည်။

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ (ကိုယ်စား) မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်မျိုးဝင်း(ငြိမ်း)သည် ဒက္ခိဏသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် နေထိုင်ကြသော အဘိုး ၁၁၅ ဦး၊ အဘွား ၅၈ ဦး ပေါင်း ၁၇၃ဦးတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ရေး အထောက်အကူဖြစ်စေသည့် သဘာဝသစ်သီးသစ်ဥများကို ဂျပန်နည်းပညာဖြင့် ဖော်စပ်ထုတ်လုပ်ထားသော အာဟာရဖြည့်စွက်စာ အထုပ်ရေ ၂၀၀ (ကာလတန်ဖိုး ငွေကျပ် ၉သန်းခန့်) နှင့် ခြံထွက်ဟင်းသီးဟင်းရွက်များကို ပေးအပ်လှူဒါန်းရာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ တာဝန်ခံအရာရှိဗိုလ်မှူး သောင်းမြင့်(ငြိမ်း) က လက်ခံရယူကြောင်း သိရသည်။

သတင်းစဉ်