Jul 23, 2022
၁။ မော်တော်ယာဉ်မောင်းနှင်သူများသည် အောက်ပါနေရာများတွင် မည်သည့်မော်တော်ယာဉ်မျှ “ဂ” ကွေ့ မကွေ့ရပါ-
Jul 23, 2022
မြန်မာအမျိုးသားလေကြောင်းကို စဉ်ဆက်မပြတ်အားပေးကြသော ခရီးသည်များအတွက် ပြည်တွင်း ပြည်ပ ခရီးစဉ်တွေကို ၁၅ ရာခိုင် နှုန်း- ၂၀ ရာခိုင်နှုန်း Discount ဖြင့် ဝယ်ယူနိုင်မည့် Monsoon Online Travel Fair 2022 ကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁ ရက် အထိ ကျင်းပသွားမည်ဖြစ်သည်။
Jul 23, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၌ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ ဌာနမှူးများနှင့် တွေ့ဆုံ၍ စီမံရေး၊ လေ့ကျင့်ရေးနှင့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
Jul 23, 2022
မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ(ဒုတိယအသုတ်) ဖြင့် စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် “Hybrid Seminar on Innovation and Young Entrepreneurship for Regional Development”ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 23, 2022
မြန်မာနိုင်ငံ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jul 23, 2022
ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 23, 2022
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၀၇) ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
Jul 23, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၃)နှင့် စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၁၀၀) တို့၏ သင်တန်းဆင်း အခမ်းအနားများကို ယနေ့ နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ တစ်ပေါင်းတည်းကျင်းပသည်။
Jul 23, 2022
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း သင်ကြားနေသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံကျောင်းများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများသို့ သွားရောက် ဆောင်ရွက်ပေးလျက်ရှိရာ စဉ့်ကိုင်မြို့ နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။
Jul 23, 2022
တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်
Jul 23, 2022
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Jul 23, 2022
မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက မြန်မာ့ဂုဏ်ကို မြှင့်တင်ပေးခဲ့ရာ နိုင်ငံတော်အစိုးရက အားကစားသမားများအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။ မျက်မှောက်ကာလတွင် မြန်မာ့အားကစားကဏ္ဍ ပြန်လည် မြင့်မားတိုးတက်လာသည်ကို နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မှုများက သက်သေပြလျက်ရှိသည်။
Jul 23, 2022
နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများက အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်သည်။ နိုင်ငံ့ဝန်ထမ်းများ အရည်အချင်း ပြည့်ဝကျွမ်းကျင်မှ၊ လုံ့လဝီရိယနှင့် တာဝန်ကျေပွန်မှ၊ စိတ်ဓာတ်နှင့် စည်းကမ်းတို့ ကောင်းမွန်ကာ ကျင့်ဝတ်ကို စောင့်ထိန်းပါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် ကောင်းစွာ မြှင့်တင်နိုင် မည်ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းသည် မည်သည့်အစိုးရတက်၍၊ မည်သို့သောမူဝါဒတို့ ချမှတ်စေကာမူ စည်းကမ်းများကို လိုက်နာ၊ ကျင့်ဝတ်များကို စောင့်ထိန်း၍ မိမိတို့၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရမြဲသာ ဖြစ်သည်။
Jul 22, 2022
နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်၍ ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စု သမ္မတမြန်မာနို်ငငံတော်၊ စီးပွားရေးရာကော်မတီအစည်းအဝေး(၆/၂၀၂၂)၏ အစည်း အဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား အိမ်ငှားစရိတ်ထောက်ပံ့ မည်ဖြစ်ကြောင်း သိရှိရသည်။
Jul 22, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 22, 2022
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ၂၀၂၁ ခုနှစ် အစီရင်ခံစာကို ၁၁-၇-၂၀၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တံခါးဖွင့်အစည်းအဝေးကို ၁၉-၇-၂၀၂၂ ရက်၌ ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၂-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jul 22, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jul 22, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတို့၏ စတုတ္ထအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 22, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များသို့ တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
Jul 22, 2022
အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC)မဏ္ဍိုင်၏ (၂၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (22nd ASEAN Senior Officials Meeting on Transnational Crime – 22nd SOMTC) ကို ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
