Skip to main content

ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်အသင်းက တံခွန်စိုက်ဒိုင်းဆုရရှိ

နေပြည်တော် ဇူလိုင် ၂၀

၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် သီဟသူရထွန်းတင်ခန်းမ၌ပြုလုပ်ရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးက အမှာစကားပြောကြားပြီး ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တံခွန်စိုက်ဒိုင်းဆုရရှိသည့် ဧရာဝတီရေတပ်စခန်းဌာနချုပ် အသင်းကို ကွပ်ကဲမှု ဌာနချုပ်မှူးကလည်းကောင်း၊ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများကို တာဝန်ရှိသူများကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင် အသင်း ၁၃ သင်းဖြင့် ဇူလိုင် ၁၀ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်