Skip to main content

မြန်မာအမျိုးသားလေကြောင်းကို စဉ်ဆက်မပြတ် အားပေးကြသော ခရီးသည်များ လေယာဉ်လက်မှတ်များကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူနိုင်

ရန်ကုန် ဇူလိုင် ၂၂

မြန်မာအမျိုးသားလေကြောင်းကို စဉ်ဆက်မပြတ်အားပေးကြသော ခရီးသည်များအတွက် ပြည်တွင်း ပြည်ပ ခရီးစဉ်တွေကို ၁၅ ရာခိုင် နှုန်း- ၂၀ ရာခိုင်နှုန်း Discount ဖြင့် ဝယ်ယူနိုင်မည့် Monsoon Online Travel Fair 2022 ကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁ ရက် အထိ ကျင်းပသွားမည်ဖြစ်သည်။

ထိုကာလအတွင်း ဝယ်ယူသော လေယာဉ်လက်မှတ်များအတွက် ခရီးသွားကာလကို ဇူလိုင် ၂၇ ရက်မှ ၂၀၂၃ ခုနှစ် ဧပြီ ၁၇ ရက်အထိ သတ်မှတ်ပေးထားကာ အောက်တိုဘာ ၂၉ ရက်မတိုင်မီအထိ တစ်ကြိမ် အခမဲ့ရက်ချိန်းနိုင်သည့်အပြင် Travel Fair ကာလပြီးဆုံးချိန် တွင် လက်မှတ်ဝယ်ယူ ထားသော ခရီးသည်များအနက်မှ ၁၀ ဦးကို ရွေးချယ်ပြီး မိမိကြိုက်နှစ်သက်ရာ ခရီးစဉ်ကို ရွေးချယ်သွားရောက်နိုင်မည့် လေယာဉ်လက်မှတ်များကို မဲဖောက်ပေးသွားမည်ဖြစ်သည်။ ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၁၀ ရက်အတွင်း ပျံသန်းထားသော ပြည်ပ ခရီးစဉ်၏ အသွားအပြန် Boarding Pass နှစ်စောင်ကို စက်တင်ဘာ ၃၀ ရက်မတိုင်မီ မြန်မာအမျိုးသားလေကြောင်း လက်မှတ်အရောင်း ကောင်တာများတွင်ပြသ၍ ပြည်တွင်းခရီးစဉ် One Way ticket အား ၂၀ ရာခိုင်နှုန်း Discount ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် လေယာဉ် လက်မှတ်များကို MNA website www.flymna.com ၊ Mobile Application၊ MNA Ticketing Counters နှင့် Authorized Travel Agent များတွင် USD နှင့် MMK currency များဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။        

သတင်းစဉ်