Aug 05, 2022
ပညာတတ်ပေါများသောနိုင်ငံသည် ဧကန်မုချဖွံ့ဖြိုးတိုးတက်နေပြီး ပညာတတ်နည်းပါးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေမည်ဖြစ်သည်ကို ကမ္ဘာပေါ်ရှိနိုင်ငံများကို လေ့လာကြည့်လျှင် သိရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာရေးကို အထူးဦးစားပေးဆောင်ရွက်နေသော်လည်း အကြောင်းအမျိုးမျိုးဖြင့် ပညာတတ်ပေါများရေးတွင် အားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံ၏လူဦးရေတစ်ဝက်ခန့်သည် အခြေခံပညာအလယ်တန်းအဆင့်နှင့်အောက်တွင်သာ ရှိနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရသည်။
Aug 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြရာ ဩဂုတ် ၃ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ယခုနှစ် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံ၏ တောင်ပေါ်မြေပြန့်ဒေသအားလုံးတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ပြင်းပြသောဆန္ဒဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်လျက်ရှိသည်။
Aug 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
Aug 04, 2022
CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် အစိုးရနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အများပြည်သူပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းအား မလိုလားသောပြည်သူများ၏ သတင်းပေး ပူးပေါင်းဆောင်ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက် ညပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ မင်္ဂလာဒုံမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လုပ်ကြံရေးသမားများဖြစ်သော ဇေယျာဝင်း(၂၀)နှစ်၊ နိုင်အောင်ထွန်း(ခ)ဒဿ(၁၉)နှစ်၊ ရဲဇော်လင်း(ခ) စကိတ်(၂၂)နှစ်၊ တင်ကိုကို(၅၆)နှစ်၊ အောင်ကိုကို(၂၅)နှစ်နှင့် တရားခံများအား ထွက်ပြေးတိမ်းရှောင်နိုင်ရန် ကူညီပေးခဲ့သည့် ခင်မြ(ခ)ခင်ဌေး(၅၅)နှစ်၊ တင်တင်မော် (၄၅)နှစ်၊ သင်းရနံ့လှိုင်(ခ)ဖြူဖွေး(၁၆)နှစ်တို့ ၈ ဦးအား မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာအုပ်စု၊ (၁)ရပ်ကွက်၊ နှင်းဆီလမ်း၌ ဖမ်းဆီးရမိခဲ့သည်။
Aug 04, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 04, 2022
အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန်ရည်ရွယ်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် NUG မှအဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန်တို့သည် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
Aug 04, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။
Aug 04, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Aug 04, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 04, 2022
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ မှစ၍ ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက Sunee Tower ၌ ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြတ်နိုးအိမ်က ရွှေတံဆိပ်ဆုရရှိသည်။
Aug 04, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ AFC Women's Club Championship 2022 (EAST) အာရှအမျိုးသမီးကလပ်အသင်းများ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ISPE (FC) ဘောလုံး (အမျိုးသမီး) အသင်း၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
Aug 04, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို
Aug 04, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၉ ရက်နှင့် သြဂုတ် ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၁၅၄၁၇)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Aug 04, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Aug 04, 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကောင်းမှူးခမ်းကျောင်းတိုက် ဦးစီးပဓာနနာယက ရှမ်းဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိဇေယျ၏ သက်တော် ၈၄ နှစ်ပြည့် ဝိဇာတမွေးနေ့ပူဇော်ပွဲ အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်ယန်းကျိမ်အုပ်စု ဝမ်တောင်းနမ့်ရွာ စွမ်ဟိန်းစေတီတော် ပရိဝုဏ်အတွင်း၌ကျင်းပရာ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
Aug 04, 2022
ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မဲဒီကျေးရွာ၌ ကျင်းပသည်။
Aug 04, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
