နေပြည်တော် ဩဂုတ် ၃
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ဆက်ကပ်လှူဒါန်း
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ ရာဇဓာနီ သာမဏေကျော်ကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ကော့လှာကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ မင်္ဂလာမြို့ဦးကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ ပြဿဒ်ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် လင်းခေးမြို့နယ်ရှိ နားကုန်း ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်