နေပြည်တော် ဩဂုတ် ၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း ၅၈ ဒသမ ၇၉၄၂ တန်၊ သစ်မာ ၃၄ ဒသမ ၀၄၀၈ တန်၊ အခြား ၁၂ ဒသမ ၄၃၄၂ တန်၊ စုစုပေါင်း ၁၀၅ ဒသမ ၂၆၉၂ တန်၊ တရားခံ ၃၃ ဦး၊ ယာဉ်/ယန္တရား ၁၇ စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်