Skip to main content

Sep 17, 2022

သတင်းတွင် ဓာတ်ပုံသည် အရေးကြီးကြောင်း၊ သတင်းနှင့်ဓာတ်ပုံသည် တွဲဖက်လျက်ရှိသည့်အတွက် သတင်းတွင်ပါဝင်သည့်အချက်အလက်နှင့် ဓာတ်ပုံတွင်ပါဝင်သည့် အချက်အလက်သည် ထင်ဟပ်ပေါ်လွင်စေရန် သတင်းဓာတ်ပုံရိုက်ကူးသူ၏ အတွေးအခေါ်သည်အရေးကြီးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ​ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

နိုင်ငံတကာ၌ အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေးလုပ်ငန်းများနှင့်အတူ အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုများလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထောက်ခံချက်ပေးခြင်းလုပ်ငန်းများ၊ အော်ဂဲနစ်စနစ်ကျင့်သုံးခြင်းများတွင် အာဆီယံ ကုန်သွယ်ဖက်နိုင်ငံများ၏ အော်ဂဲနစ်ဆိုင်ရာ လမ်းညွှန်ချက်များ အစီအစဉ်များနှင့် တစ်ပြေးညီဖြစ်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များရေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

ကလေးငယ်များသည် အနာဂတ်အတွက် တန်ဖိုးရှိသောရတနာများဖြစ်၍ ကလေးတစ်ဦးချင်းစီကို တန်ဖိုးထားပြုစုပျိုးထောင်ပေးခြင်းဖြင့် ၎င်းတို့၏ ရေရှည်ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကောင်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီးတွေ့ကြုံနေရသော အခက်အခဲများ၊ ကူညီပံ့ပိုးရမည့်ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓာတ်ခွဲစစ်ဆေးခဲ့သော အစားအသောက် နမူနာများအနက်မှ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိသည့် အစားအသောက်နမူနာစာရင်း

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး မြို့နယ် ၁၉ မြို့နယ်ရှိ စိုက်ပျိုးဧကပေါင်း ၈၃၈၇၄ ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးသွားမည်ဖြစ်ပြီး အဆိုပါ ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းများကို သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

ပလတ်စတစ်မသုံးစွဲရေး ပညာပေးမှုများနှင့်အတူ အပတ်စဉ်တနင်္ဂနွေနေ့ကို ပလတ်စတစ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်၍ အနယ်နယ်အရပ်ရပ်တွင် နှိုးဆော်ကြပ်မတ်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ပေါပေါများများထုတ်လုပ်၊ ပေါပေါများများသုံးစွဲပြီး အလွယ်တကူ စွန့်ပစ်နေကြသော ပလတ်စတစ်က လူများ၊ သတ္တဝါများကိုရော သဘာဝ ပတ်ဝန်းကျင်ကိုပါ အန္တရာယ်များစွာကျရောက်စေသည့်အရာဖြစ်သည်ကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်နားလည်သဘောပေါက်ကြမှသာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး မှသည် လုံးဝမသုံးစွဲတော့သည်အထိ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများအတွက် စိုက်ပျိုးမြေ၊ စိုက်ပျိုးရေများ ဖူလုံအောင်ရှိသည်။ လူသား အရင်းအမြစ်များလည်း အလုံအလောက်ရှိသည်။ စိုက်ပျိုးမြေ ဟက်တာ ၁၃ သန်းကျော်တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြံ၊ နှမ်း၊ ဝါ စသည်တို့ကို ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့ပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက်သာမက အပိုအလျှံများကို ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအနီးမှတစ်ဆင့်  သယ်ယူပို့ဆောင်မည်ဖြစ်ကြောင်းနှင့် လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ခိုအောင်း နေထိုင်လျက်ရှိကာ ဒီပဲယင်းမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မဆက်ကြေးတောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသဖြင့် ယနေ့တွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များအား အဆိုပါနေရာသို့ ရဟတ်ယာဉ် များဖြင့် ပို့ဆောင်၍ အလစ်အငိုက် ဝင်ရောက်စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

(၂၃) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ယနေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

ဒီဂျစ်တယ်အသွင် ကူးပြောင်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လာသည်နှင့်အမျှ နိုင်ငံသားများနှင့် ၎င်းတို့၏အကျိုးစီးပွားကို အကာအကွယ်ပေးရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

အနာဂတ် ကိုရိုနာဗိုင်းရပ်စ်လှိုင်းဂယက်များ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အတွက် ကမ္ဘာတစ်ဝန်းရှိ အစိုးရများကို ဆက်လက်သတိထားရန် ကမ္ဘာကျန်းမာရေးအဖွဲ့က သတိပေးနေပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းဖြစ်သည့် အိုမီခရွန်ရောဂါဖြစ်ပွားမှု စတုတ္ထလှိုင်းသည် ပြန်လည်ကျဆင်းလာခဲ့ရာမှ ဩဂုတ်လအတွင်းမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လာခဲ့သဖြင့် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးအထူးဂရုပြုကြရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်နေထိုင်ကြရန် ပညာပေးလုပ်ငန်းများကို အရှိန်မြှင့်နေကြသလို လိုက်နာ ဆောင်ရွက်ကြရန် ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည်  အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ အကြီးအကဲ Mr. Dragan Aleksoski နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ (40th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ဒုတိယနေ့အဖြစ် (၁၆)ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများ အစည်းအဝေး (16th East Asia Summit Energy Ministers Meeting - EAS-EMM) နှင့် (၁၉) ကြိမ်မြောက် အာဆီယံနှင့်ဆွေးနွေးဘက် ၃ နိုင်ငံ (ဂျပန်၊ ကိုရီးယား၊ တရုတ်) စွမ်းအင်ဝန်ကြီးများအစည်းအဝေး (19th AMEM+3) တို့ကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Nanning International Exhibition and Convention Center ၌ ယနေ့တွင် Hybrid စနစ်ဖြင့် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက ဗီဒီယိုအမှာစကား ပေးပို့ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၇-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေ များကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ (၈၀) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝ ထိုးနှံထားခြင်းမရှိဘဲ (၁၅.၉) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး (၁) ကြိမ်ထိုးနှံထားပြီး (၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားရှိ၍ (၀.၁)ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်