Sep 21, 2022
PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ထောင်ကာ ဖောက်ခွဲခြင်း၊ ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၁-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Sep 21, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Sep 21, 2022
ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပသည့် (၅၄) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကာလအတွင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ရုရှား၊ ကိုရီးယား၊ တရုတ်၊ အာဆီယံ+၃၊ အရှေ့အာရှ(EAS)၊ ဟောင်ကောင် (တရုတ်) (HKC)၊ ကနေဒါ၊ ဂျပန်၊ အီးယူ၊ အမေရိကန်၊ ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးများ၊ ပထမအကြိမ် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးများအစည်းအဝေးနှင့် (၁၄)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်ဆွေးနွေးခဲ့သည်။
Sep 21, 2022
e-Government လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက ပြည်သူလူထု၏ လိုအပ်ချက်များကို ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးစီးဌာနများအနေဖြင့် e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ထဲထဲဝင်ဝင် စိတ်ပါဝင်စားစွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားလိုက်သည်။
Sep 21, 2022
အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင် (APSC) မူဘောင်မှ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (The Sixteenth ASEAN Ministerial Meeting on Transnational Crime - AMMTC) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Sep 21, 2022
လာမည့်ပညာသင်နှစ်မှ စတင်၍ ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပြောကြားသည်။
Sep 21, 2022
ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းနှင့် သတင်း ရေးသားခြင်းဆိုင်ရာ အမှတ်စဉ်(၁) မှ သင်တန်းသား သင်တန်းသူများနှင့် နေပြည်တော်ရှိ အစိုးရနည်း ပညာကောလိပ် AGTI သင်တန်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိကြသည့် လျှပ်စစ် ဆက်သွယ်ရေး အင်ဂျင်နီယာနှင့် သုတနည်းပညာ အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူများ သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားသို့ ကြည့်ရှုလေ့လာကြသည်။
Sep 21, 2022
စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ ဖန်တီးပေးရေးအတွက် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီဖြေရှင်း ပေးနိုင်ရေး တို့အတွက် CMP လုပ်ငန်း ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
Sep 21, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများ နှင့်ပူးပေါင်း၍ FATF ၏ တိုးမြှင့် စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသ များစာရင်း (Jurisdictions under Increased Monitoring)မှ လွတ်မြောက်စေရေး ကြိုးပမ်းဆောင် ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြားသည်။
Sep 21, 2022
ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက် နစ်နာခဲ့ရသော စီးပွားရေးလုပ်ငန်းများ ပြန်လည် ကုစားနိုင်ရန် ငွေကျပ်ဘီလီယံ ၄၀၀ ကို ရန်ပုံငွေ အဖြစ် ထူထောင်ထားရှိပြီး စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး အခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်လုပ်ငန်း ရှင်များကို ထောက်ပံ့ပေးသွားမည် ဖြစ်၍စီးပွားရေးလုပ်ငန်းများ အမြန်ပြန်လည် ဦးမော့လာစေရေး အထူး အလေးထား ကူညီဆောင် ရွက်ပေးကြရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောကြားသည်။
Sep 21, 2022
“AHA Centre မှတစ်ဆင့်လှူဒါန်းမည့်လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲ ရေးလုပ်ငန်းအဖွဲ့(Task Force) ၏ အဖွဲ့ဝင်အချို့ပါဝင်သည့် ကြားဖြတ်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Sep 21, 2022
လုံခြုံရေးကိုအထူးအလေးထား ဆောင်ရွက်ပြီးအုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အထူးဂရုပြု ဆောင်ရွက်ရန်၊ အကျဉ်းသားများ၏ စားသောက် နေထိုင်ရေး၊ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာကိစ္စရပ်များကိုစနစ်တကျ အထူးဂရုပြုဆောင်ရွက်ပေးရန်၊ အကျဉ်းသား/အချုပ်သားအားလုံး ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရေးဆောင်ရွက်ပေးသွားရန် စသည်ဖြင့်ပြည်ထောင်စုဝန်ကြီးက အကျဉ်းထောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Sep 21, 2022
ပြည်သူများ နေ့စဉ်စားသောက်နေထိုင်မှုဘဝ၌ အစားအသောက်များ ဘေးကင်း လုံခြုံရေးသည် အရေးပါသည့်အချက်ဖြစ်သည်။ လူတို့အသက်ရှင်နေထိုင်ရေး အတွက် နေ့စဉ်စားသောက်နေကြ သောအခါ၌ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ စားသောက်ရန်အရေးမှာ အလွန် ကျယ်ပြန့်သောကိစ္စဖြစ်သည်။ မျက်မှောက်ကာလတွင် ပြည်သူများအနေဖြင့် စားသောက်ကုန် ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် သန့်ရှင်းကောင်းမွန်သော အစားအသောက်များရွေးချယ် ရေးထက် ဈေးနှုန်းသက်သာသော အစားအသောက်များ ရွေးချယ်လာခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသောအကြောင်းအချက်များဖြစ်လာသည်။
Sep 21, 2022
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မကြာမီက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံပြောကြား ခဲ့ရာ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား စက်တင်ဘာ ၁၉ ရက်တွင် ခေါ်ယူတွေ့ဆုံကာ ဖြစ်စဉ်ပကတိအခြေအနေမှန်ကို ရှင်းလင်းပြောကြား တုံ့ပြန် ခဲ့သည်။
Sep 20, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၀/၂၀၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Sep 20, 2022
(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာစည်းကမ်း ချက်များနှင့် အညီ ကျင်းပရာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၀-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Sep 20, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Sep 20, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားတိုင်း(၆) က လက်ပံတန်း-သာရဝေါ (၁၉၅) အဆန် လော်ကယ်ရထားနှင့် (၁၉၆) အစုန်လော်ကယ်ရထားများ စက်တင်ဘာ ၁၆ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲခဲ့ရာ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ခရီးသွား ပြည်သူများ၏ ရင်တွင်းစကားများကို တွေ့ဆုံမေးမြန်းထားသည်များ ဖော်ပြလိုက်ပါသည်-
Sep 20, 2022
အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်၌ ပါဝင်သော အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင် မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်၊ လူမှုရေးပင်စင် အစီအစဉ်နှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်း အစီအစဉ်တို့ကို SMIS Software စနစ်ဖြင့် ကနဦး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။
Sep 20, 2022
စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များဖန်တီးပေးရေးအတွက် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးတို့အတွက် CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
