Sep 18, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၁၁၁၉ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၃၃၇ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ဒေသခံပြည်သူ ၄၇၆၁ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
Sep 18, 2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မော်လမြိုင်ဘူတာကြီး၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်နေမှု၊ Mask များ အခမဲ့ဝေငှခြင်းအစီအစဉ် Mask Campaign ပြုလုပ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Sep 18, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 18, 2022
ယနေ့အချိန်တွင် ဒီရေတောများ ပြုန်းတီးပျက်စီးမှုများကြောင့် ကမ်းခြေရေတိုက်စားမှုများ၊ မကြာခဏ ရေလွှမ်းမိုးမှုများနှင့် ရေသယံဇာတ ပျက်စီးမှုများ စသည့် သဘာဝဘေးအန္တရာယ်များ ပိုမိုကြုံတွေ့လာရပါသည်။
Sep 18, 2022
ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကျောင်းများ၊ ပရဟိတဂေဟာများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းနှင့် သင်တန်းများ၊ ဘော်ဒါဆောင်များ၊ အားကစားသမားများအား စခန်းသွင်း လေ့ကျင့်ခြင်းနှင့် အကျဉ်းထောင်များ၊ အချုပ်ထောင်များ အစရှိသော လူအများစုဝေး နေထိုင်ရာနေရာ (Institution)များတွင် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ်အသွင် ဖြစ်ပွားနိုင်သဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပါသည်။
Sep 18, 2022
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကကျသဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။
မြန်မာ - အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ
Sep 18, 2022
မြန်မာ - အိန္ဒိယလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေး (The 4th Meeting of the Joint Steering Committee (JSC) on Myanmar-India Cooperation in Power Sector) ကို ယနေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အိန္ဒိယနိုင်ငံ Ministry of Power မှ Secretary (Power) ဖြစ်သူ H.E. Mr. Shri Alok Kumar တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အဖွင့်အမှာစကားများ ပြောကြားကြသည်။
Sep 18, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကား ဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 18, 2022
မြန်မာနိုင်ငံတွင် နိုင်ငံအတွင်းလှည့်ပတ်သုံးစွဲနေသော ငွေကြေးစနစ်ကို ဘဏ်လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး တိုးတက်ခေတ်မီလာသည့် သတင်းအချက်အလက်နှင့် နည်းပညာခေတ်တွင် မိုဘိုင်းဝန်ဆောင်မှုစနစ် အမျိုးမျိုးဖြင့်ပါ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပြီဖြစ်သည်။ လုံခြုံစိတ်ချ စွမ်းရည်ပြည့်ဝသည့် အမျိုးသား ငွေပေးချေသည့်စနစ်ကို အကောင်အထည်ဖော်ရာ၌ မိုဘိုင်းငွေပေးချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
Sep 18, 2022
ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ဝါဒချင်းဆန့်ကျင်သည့် နိုင်ငံကြီးနှစ်နိုင်ငံက ဦးဆောင်သော အုပ်စုကြီးနှစ်စု၏ စစ်အေးတိုက်ပွဲ ပေါ်ပေါက်ခဲ့သည်။ စစ်အေးတိုက်ပွဲကာလသည် ၁၉၄၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ၄၅ နှစ်ခန့်ကြာမြင့်ခဲ့ပြီး အုပ်စုနှစ်စုအပြိုင် ရှိနေခဲ့သည်။ ထိုခေတ်ကာလ နိုင်ငံတကာ ဆက်ဆံရေးအခင်းအကျင်းကို ဒွိဝင်ရိုးကမ္ဘာ(Bipolar World) ဟူ၍ နိုင်ငံတကာသုတေသီတို့က ခေါ်ဝေါ်ကြသည်။ စစ်ပြီးကာလ ကုလသမဂ္ဂကို ဖွဲ့စည်း တည်ထောင်ရာတွင် အောင်နိုင်သူမဟာမိတ် ငါးနိုင်ငံက ဗီတိုအာဏာပိုင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ (အမေရိကန်၊ ဆိုဗီယက် ရုရှား၊ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်) ဟူ၍ ဖြစ်လာသည်။
Sep 17, 2022
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။
Sep 17, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပျက် ဆောင်ရွက်လျက် ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအားလုံးကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် AA အဖွဲ့အနေဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား မှတ်တိုင်များအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
Sep 17, 2022
မကွေး-ပျော်ဘွယ်-ပြည်ညောင်-ပင်းပက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မကွေး-ပျော်ဘွယ် ၈၇ မိုင်၊ ပျော်ဘွယ်-ပြည်ညောင် ၃၁ မိုင်နှင့် ပြည်ညောင်-ပင်းပက် ၆၇ မိုင် သုံးပိုင်းခွဲ၍ ဧပြီလမှစတင်ကာ အဆင့်မြှင့်တင်ခြင်းနှင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စီမံကိန်းတစ်ခုလုံး၏ ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Sep 17, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
Sep 17, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး
Sep 17, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Sep 17, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၂၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းတွင် Alphard အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀ ၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စက်တင်ဘာ ၁၆ ရက်တွင် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်ငူခရိုင် ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ တန် ၁၇ ဒသမ ၆၆၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၂၉၂၉၈) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၈၄၉ ၂၉၈) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
Sep 17, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 17, 2022
သြစတေးလျရှိ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဝန်ဆောင်မှုများ၏ ယှဉ်ပြိုင်မှု အခြေအနေကို ACCC မှ ငါးနှစ်ကြာဆောင်ရွက်မည့် Digital Platforms Inquiry အစီအစဉ်၏ ဆဋ္ဌမမြောက် ကြားဖြတ်အစီရင်ခံစာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စုံစမ်းစစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။ ACCC အနေဖြင့် လူမှုကွန်ယက်စာမျက်နှာများတွင် ပုံမှန်ကြော်ငြာခြင်း၊ အခပေး ကြော်ငြာခြင်း၊ ဆိုရှယ်မီဒီယာတွင် ကျော်ကြားမှုရှိသူများကို အခပေး၍စားသုံးသူများကို ချိတ်ဆက် ကြော်ငြာစေခြင်းကဲ့သို့သော စီးပွားရေးလုပ်ငန်းရှင်များက ဆောင်ရွက်လေ့ရှိသည့် အလေ့အထများနှင့်ပတ်သက်၍ စားသုံးသူများအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ထည့်သွင်း စဉ်းစားမည်ဖြစ်သည်။
Sep 17, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးစီးပွားရေးကို အခြေခံသည့်တိုင်းပြည်ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ % ခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသနေ ပြည်သူအများစုသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်း ကျောင်း ပြုလုပ်ကိုင်ကြသည်။ ထို့ကြောင့်ကုန်ထုတ်စီးပွားလုပ်ငန်းများကို ယခုထက်ပိုမိုမြှင့်တင်ဆောင် ရွက်ပေးနိုင်လျှင် တိုင်းပြည်လူမှု စီးပွားဘဝမြင့်မားတိုးတက်လာမည်ဖြစ်သည်။
