7 Book Zay Online Bookstore မိတ်ဆက်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်
Jan 21, 2021
စာပေထုတ်ဝေဖြန့်ချိရေးကဏ္ဍအား ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းသစ်တစ်ခုအဖြစ် ပိုမိုတိုးတက်အောင်မြင်စေရေးနှင့် ပံ့ပိုးကူညီပေးနိုင်ရေး အတွက် 7 Book Zay Online Bookstore (7BookZay.com) မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက Virtual စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ခဲ့သည်။
Jan 18, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း အောက်ဖော်ပြပါ လူထုအခြေပြုဗဟိုဌာန (Community Centre) နှင့် ရုံးအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြေထိန်းနံရံ ပြင်ဆင်ခြင်းတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်နှင့် အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ကြီးကြပ်ကွပ်ကဲမှုဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ ယှဉ်တွဲပါကုမ္ပဏီများက အိတ်ဖွင့်တင်ဒါ အောင်မြင်ကြောင်း ကြေညာအပ်ပါသည်-
Dec 30, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပြည်တွင်း/ ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Dec 27, 2020
“စာပေအနုပညာမူပိုင်ခွင့်နှင့်စာချုပ်များ အသိပညာပေးဆွေးနွေးပွဲ အပိုင်း (၃)” ဆွေးနွေးပွဲကို ယနေ့ည (၇) နာရီအချိန်က အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆရာ ချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က အဖွင့်အမှာစကား ပြောကြားသည်။
Dec 11, 2020
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် Information Matrix ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်ကျင်းပသော မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိ ပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည (၈) နာရီအချိန်တွင် 7Day TV Facebook စာမျက်နှာမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပမည်ဖြစ်သည်။
Dec 10, 2020
သုတဝေဖြာ-သီရိဂေဟာ (Family Quiz) ပညာပေးအစီအစဉ် ပြိုင်ပွဲထုတ်လွှင့်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Online စနစ်ဖြင့် ကျင်းပသည်။
Dec 10, 2020
ဂျပန်နိုင်ငံ Toshokan Ryutsu Centre (TRC) ကပြုလုပ်သည့် စာကြည့်တိုက်ဝန်ဆောင်မှုဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က Virtual စနစ်ဖြင့် ကျင်းပပြုသည်။
Dec 02, 2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ စာတမ်းဖတ်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတစ်ဝန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင် ဦးစီးမှူးများက Zoom Application ဖြင့် ပါဝင် တက်ရောက်ကြသည်။
Dec 02, 2020
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 27, 2020
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲကို “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ဟူသော ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
Nov 24, 2020
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား Virtual Event ဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Nov 23, 2020
ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာစာမူများ ရေးသားပေးပို့နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖိတ်ခေါ်ခဲ့ သည်။
Nov 17, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
Nov 12, 2020
ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့် အချိန်မှစ၍ ကျဆုံးသည့်အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်းကျောင်းသားဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ် နိုင်ငံရေးကြိုးပမ်းမှု ဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင်ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေ ထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ ဖော်ပြလို သော အဓိကအကြောင်းအရာကို စောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည် ဖြစ်ပါသည်။
Nov 07, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန် စာမူဆု၊ သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ပထမဆုရရှိသည့် စာရေးဆရာကိုတူး (သာယာမြိုင်) “ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်း ကျောင်း အတတ်ပညာ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Oct 28, 2020
ရွေးကောက်ပွဲသတင်း ရယူတင်ဆက်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အွန်လိုင်းဖြင့် ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဝန်ထမ်းဦးရေ ၇၀ တို့ နေရာ အသီးသီးမှ တက်ရောက်ကြသည်။
Oct 24, 2020
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေးကော်မတီက စီစဉ်ကျင်းပသည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ အွန်လိုင်းဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြန်မာစာအုပ်စင်တာ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန့်သော်ကောင်းနှင့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ၊ သတင်းမီယာသမားများနှင့် စိတ်ပါဝင်စားသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
Oct 16, 2020
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနများမှ တစ်ဆင့် ချိတ်ဆက် ပါဝင် တက်ရောက်ကြသည်။
Oct 09, 2020
မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများနှင့် သတင်းများ၊ ရုပ်ရှင်အနုပညာ ရှင်များ၏ ပြောစကားများ၊ မှတ်တမ်းဗီဒီယိုများ၊ ဆောင်းပါးများ၊ ဓာတ်ပုံများ၊ တေးသီချင်းများကို ပြည်သူများ လေ့လာကြည့်ရှု နားစင်နိုင်စေရန် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် လူမှုကွန်ရက်စာမျက်နှာကို Facebook တွင် စာမျက်နှာအမည် "Myanmar Film 100th Anniversary" နှင့် Page URL: facebook.com/myanmarfilm100anniversary တွင် ဖွင့်လှစ်ထားရှိပါသည်။
