Nov 26, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Nov 26, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ဘွဲ့နှင်း သဘင်ခန်းမ အပါအဝင် ၂ နေရာခွဲခြား၍ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
Nov 26, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေး နည်းပညာ တက္ကသိုလ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မန္တလေး)၊ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၊ မန္တလေးကွန်ပျူ တာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှု သိပ္ပံ(ပြင်ဦးလွင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 26, 2021
ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့(PATA)က ဦးဆောင်၍ Ministry of Tourism, Arts & Culture Sarawak နှင့် Sarawak Tourism Board တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Virtual PATA Destination Marketing Forum-2021 ကို နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၆ ရက်အထိ မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ကူချင်းမြို့၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ် ဆိုင်ရာ တာဝန်ခံများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
Nov 25, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည့် အခမ်းအနား ကို ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lakeview resort ၌ ကျင်းပသည်။
Nov 21, 2021
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု ၊ ယာဉ်စီးရေ (၄) စီးဖြင့် နှာခေါင်းစည်း Mask (၃၃) တန် တင်သွင်းခဲ့သည်။
Nov 21, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ (၂၀) ရက် နံနက် ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ အမှတ် (၃) အထည်စက်ရုံခွဲ (စစ်ကိုင်း) သို့ ရောက်ရှိပြီး စက်ရုံခွဲတာဝန်ခံက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း စက်ပစ္စည်းကိရိယာများ တပ်ဆင်ထား ရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Nov 17, 2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက မော်လမြိုင် မြို့ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွား သတင်းစာတိုက် (မော်လမြိုင်) သို့ ရောက်ရှိပြီး စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးကာ သတင်းစာများ အရည်အသွေးကောင်းမွန်ရေး၊ အချိန်မှန်ဖြန့်ဝေနိုင် ရေးနှင့် စက်များကြံ့ခိုင်မှုရှိရေးတို့ကို မှာကြားသည်။
Nov 12, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူ တက္ကသိုလ်နှင့် တောင်ငူပညာရေး ဒီဂရီ ကောလိပ်တို့၌ အသစ်ခန့်အပ်သော တက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာ ဆရာမသစ်လွင်များ၊ အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များနှင့် အဆိုပါတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမနှင့် မြတ်ပညာခန်းမတွင် တွေ့ဆုံသည်။
Nov 11, 2021
(၂၇) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ အဆိုပါ အစည်းအဝေး နှင့်အတူ အာဆီယံ- တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်း အဝေးနှင့် US-ASEAN Business Council (US-ABC) ဆွေးနွေးပွဲ တို့ကိုလည်း တစ်ဆက်တည်းကျင်းပသည်။
Nov 11, 2021
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့်အဖွဲ့အား ကျန်းမာရေး ဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။
Nov 11, 2021
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၁) ကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
Nov 11, 2021
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2021
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံးအားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင် ဆရာကြီး ဦးမောင်မောင်လတ်(နောင်)၊ စာပေပညာရှင်ဆရာကြီး ဦးစိန်လှိုင်(သူရဇော်)နှင့် စာရေးဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့အား ၂၀၂၀ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ကြေညာသည်။
Nov 07, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာအနီးရှိ သထုံစက်မှုနယ်မြေနှင့် အမှတ်(၂၁) အကြီးစားစက်ရုံသို့ ရောက်ရှိပြီး စက်မှုနယ်မြေ (သထုံ) ကို ရာဘာအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်မည့် စက်မှုလုပ်ငန်များ ထူထောင်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ရှိပြီး အခြေခံအဆောက် အဦများနှင့် မြေနေရာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန်၊ အမှတ်(၂၁) အကြီးစားစက်ရုံအနေဖြင့် စက်ရုံရှိ နည်းပညာနှင့် အရင်းအမြစ်များကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို Business Plan ရေးဆွဲဆောင်ရွက်ရန် မှာကြားကာ စက်မှုနယ်မြေအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Nov 02, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ Myanmar Royal Fortune ကုမ္ပဏီနှင့် Myanmar Royal Golden Elephant Medical Device ကုမ္ပဏီတို့က အနွေးထည် ၄၀၀၀ ကို ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
Nov 01, 2021
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန(NSPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 31, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ယမန်နေ့ ညပိုင်း က ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ပြုလုပ်သည့် အနုပညာရှင် များ တေးဂီတဖျော်ဖြေမှု ရိုက်ကူး ထုတ်လွှင့်ခြင်းကို ကြည့်ရှုအားပေးပြီး အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။
Oct 30, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
