ရန်ကုန် နိုဝင်ဘာ ၂၆
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲကို “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ဟူသော ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
အဆိုပါ ဓာတ်ပုံပြိုင်ပွဲကို နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ အေးချမ်း တည်ငြိမ်မှုများ၊ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုများ၊ ရိုးရာယဉ်ကျေးမှု ကို ထိန်းသိမ်းစောင့်ရှောက်မှုများ၊ နိုင်ငံသားတို့၏ စည်းကမ်းပြည့်ဝမှုများနှင့် လွတ်လပ်ရေးကြိုးပမ်းမှု၏ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ် များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင် ရန် စက်တင်ဘာ ၁၀ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ဖိတ်ခေါ် ကျင်းပသည်။
အဆိုပါဓာတ်ပုံပြိုင်ပွဲသို့ ပညာရှင် ၂၀၉ ဦးက ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း ၁၁၁၆ ပုံကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု မဧကရီပြည်စိုး၊ ဒုတိယဆု တင်ထွဋ်နိုင်၊ တတိယဆု မျိုးမင်းကြွယ် (ရွှေတောင်ကြား) တို့က ရရှိခဲ့ကြ ပါသည်။
အထူးဆုများအဖြစ် နိုင်ထွန်းလတ်၊ လှမိုးနိုင် ( Ko Sat)၊ စိုင်းသူ (တောင်ကြီး)၊ ကျော်ဝင်းလှိုင် (ယဉ်ကျေးမှုတက္ကသိုလ်)၊ ဇော်ဇော်ကောင်းစံ တို့က ဆုများရရှိခဲ့ကြသည်။
ဆုရရှိသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများ ထိုက်တန်စွာချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ဆုပေးပွဲကျင်းပမည့်ရက်ကို ထပ်မံအသိပေး အကြောင်းကြားမည် ဖြစ်ကြောင်း သိရသည်။ ။
သတင်းစဉ်