နေပြည်တော် အောက်တိုဘာ ၉
မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများနှင့် သတင်းများ၊ ရုပ်ရှင်အနုပညာ ရှင်များ၏ ပြောစကားများ၊ မှတ်တမ်းဗီဒီယိုများ၊ ဆောင်းပါးများ၊ ဓာတ်ပုံများ၊ တေးသီချင်းများကို ပြည်သူများ လေ့လာကြည့်ရှု နားဆင်နိုင်စေရန် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် လူမှုကွန်ရက်စာမျက်နှာကို Facebook တွင် စာမျက်နှာအမည် "Myanmar Film 100th Anniversary" နှင့် Page URL: facebook.com/myanmarfilm100anniversary တွင် ဖွင့်လှစ်ထားရှိပါသည်။
ထို့ပြင် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် Website ကိုလည်း myanmarfilm100anniversary.com.mm ဒိုမိန်းလိပ်စာဖြင့် ဖွင့်လှစ်ထားရှိပြီး မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုစကားများ၊ အခမ်းအနားကျင်းပမည့် အစီအစဉ်များ၊ မှတ်တမ်းဗီဒီယိုများ၊ ဓာတ်ပုံများ၊ ဆောင်းပါးများဖြင့် ဖော်ပြထားရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)