Dec 20, 2021
ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Dec 20, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်အတူ ဒီဇင်ဘာ (၁၇)ရက် ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ရှိ အဆင့်မြင့်စက္ကူ စက်ရုံ(သာပေါင်း)သို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် များကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များအား စက်ရုံခွဲများ အလိုက် အဆင့်အလိုက် တိုးမြှင့်ပေးနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
Dec 20, 2021
“ကိုဗစ် - ၁၉ ကပ်ရောဂါ လက်တွဲညီညာ တိုက်ဖျက်ပါ” ပညာရှင်အဆင့်နှင့် “ကိုဗစ်-၁၉ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ဝါသနာရှင်အဆင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုဝေးခန်းမတွင် ကျင်းပသည်။
Dec 20, 2021
“ကိုဗစ် - ၁၉ ကပ်ရောဂါ လက်တွဲညီညာ တိုက်ဖျက်ပါ” ပညာရှင်အဆင့်နှင့် “ကိုဗစ်-၁၉ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ဝါသနာရှင်အဆင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုဝေးခန်းမတွင် ကျင်းပသည်။
Dec 19, 2021
လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိ ပူဇော်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်၊ ချမ်းသာကြီး တန်ဆောင်းအနီး အောင်မြေ၌ ကျင်းပသည်။
Dec 19, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဒီဇင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ်၊ မယ်ဇလီကျင်းကျေးရွာအနီးတွင် တည်ဆောက်ထားသည့် ဆင်သေရေ လှောင်တမံနှင့် ဒဟတ်ကုန်း ကျေးရွာရှိ ရေလွှဲဆည်တို့၏ ဆည်ရေသိုလှောင်ထားရှိမှု တမံကြံ့ခိုင်မှု၊ စိုက်ပျိုးရေပေးဝေနေမှုနှင့် မြို့ပြသုံးရေပေးဝေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ဆွေးနွေးမှာကြားသည်။
Dec 19, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ကလေးပြုစုရေးဌာန၌ ကလေးငယ်စုစုပေါင်း (၃၃)ဦးကို စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကာ ကလေးငယ်များအတွက် မုန့်များပေးအပ်သည်။
Dec 18, 2021
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ဒေသ၊ သီရိမင်္ဂလာကုန်းမြေ၌ တည်ထားပူဇော်သည့် သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးအား ဘက်စုံ ပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်နေ့ဖြစ်သည့် ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ တိပိဋကရွေးခြယ်ရေးအဖွဲ့ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နာဒါဘိဝံသ (သ.စ.အ ဓမ္မာစရိယဝဋံသကာ) ပါဋိပါရဂူ၊ ဗဟန်းညောင်တုန်းကျောင်းတိုက်နာယကဆရာတော်နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Dec 18, 2021
ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၌ ဥပဒေအရာရှိ အဆင့်-၄ မှ ဥပဒေအရာရှိအဆင့်-၃ ရာထူးတိုးမြှင့်ရေး ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူများကို တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
Dec 18, 2021
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။
Dec 18, 2021
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အားကစားကွင်းကို ကြည့်ရှု စစ်ဆေးသည်။
Dec 18, 2021
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သံတွဲမြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ် ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် အဆိုပါအဆောက်အအုံသစ်ရှေ့၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။
Dec 18, 2021
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သံတွဲမြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ် ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် အဆိုပါအဆောက်အအုံသစ်ရှေ့၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။
Dec 17, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 17, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော “သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက် သည်။
Dec 17, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက် ၁၁ နာရီခွဲတွင် သံတွဲမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။
Dec 16, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင် ကြားနေမှုများကိုအားပေးကာ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် တွေ့ဆုံသည်။
Dec 16, 2021
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)၊ အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AUDA-NEPAD) နှင့် အနောက်အာဖရိက စီးပွားရေးနှင့်ငွေကြေးဆိုင်ရာပူးပေါင်းမှုအဖွဲ့ (UEMOA) တို့ ပူးပေါင်းဆောင်ရွက်သည့် ခရီးသွားလုပ်ငန်းဘေးကင်းလုံခြုံရေးဆိုင်ရာ စက္ကူဖြူ စာတမ်း မိတ်ဆက်ခြင်းအစီအစဉ် (Launching Of the White Paper on Safety and Security in Tourism) ကို ဒီဇင်ဘာ ၁၅ ရက်က Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
Dec 16, 2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 15, 2021
“ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပသည်။
