Skip to main content

သုတ‌ဝေဖြာသီရိဂေဟာ-ပညာပေးအစီအစဉ် ထုတ်လွှင့်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

သုတဝေဖြာ-သီရိဂေဟာ (Family Quiz) ပညာပေးအစီအစဉ် ပြိုင်ပွဲထုတ်လွှင့်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Online စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာအသံနှင့်ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန် သွားလာမှု ကန့်သတ်ချက်များ ဆောင်ရွက်နေစဉ်ကာလအတွင်း မိသားစုအလိုက် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ကျင်းပပေးရန် လမ်းညွှန်မှုအရသုတဝေဖြာသီရိဂေဟာ(Family Quiz)” ခေါင်းစဉ် ဖြင့် အသိပညာပေးဆိုင်ရာ အစီအစဉ်ကျင်းပမည့် အစီအမံကို လျာထားတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့က ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

အဆိုပါပြိုင်ပွဲများကို COVID-19 ဆိုင်ရာ အသိပေးအကြောင်းအရာနှင့် စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို ဦးစွာရွေးချယ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းကျင်းပမည် ဖြစ်ရာ ပွဲစဉ်()ကို မိသားစု ()စုဖြင့် ပြိုင်ပွဲ()ပွဲကို စီစဉ်ရိုက်ကူးပြီး ဒီဇင်ဘာလ (၁၁၊ ၁၂၊ ၁၃)ရက်နေ့များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ ()နာရီသတင်းအပြီး၌ ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)