နေပြည်တော် ဩဂုတ် ၃၁
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင်ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈) ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ၂၁ရက်မှ စတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာ မင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာပါဝင်သည့် အပ္ပမာဒေါစဓမ္မေသု (ကုသိုလ်ကောင်းမှုတို့၌ မမေ့လျော့ရခြင်း) အစီအစဉ်ကို စက်တင်ဘာ ၃ရက် (စနေနေ့) ည ၉နာရီတွင် ဆက်လက်ပြသမည် ဖြစ်သည်။
ယင်းအစီအစဉ်တွင် ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နန်းဝင်း (ရွှေနန်းသဘင်) နှင့် အကယ်ဒမီ မေသဉ္ဇာဦး တို့ ဦးဆောင်ပြီး ထက်မြတ်အောင်၊ ရန်ရှင်းမောင်၊ ဓာတ်လင်းနှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များ ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို စက်တင်ဘာ ၇ ရက်(ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီ သတင်းအပြီးတွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်