နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက်မှစ၍ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းစစ်/ စာရင်းကောက် အဖွဲ့များဖြင့် စတင်ကောက်ယူလျက်ရှိသည်။
Oct 07, 2024
နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Oct 07, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Oct 07, 2024
၁။ ပြည်ပတွင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထား ရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူခြင်းတို့မရှိဘဲ ပြည်ပအလည်အပတ် နိုင်ငံကူးလက်မှတ်(Passport for Visit-PV)ကိုသာ လျှောက်ထား ရယူထားပြီး ပြည်ပအလုပ်အကိုင်ဗီဇာများရယူကာ လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာကလေဆိပ်တွင် စိစစ်သည့်အခါ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ပြည်ပသို့ထွက်ခွာခွင့်မရခြင်းများကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် အခြားသော ကုန်ကျစရိတ်များဆုံးရှုံးရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပါသည်။
Oct 07, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း (၁၂) ခုရှိရာ ယနေ့၌ ပေါင်းလောင်းရေလှောင်တမံတွင် (၂ ဒသမ ၆၅) ပေ ကန်ရေပြည့်အမှတ်အထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယှဉ်ပါက ရေကျော်စီးဆင်းမှုအခြေအနေမှာ (၀ ဒသမ ၃၀) ပေ လျော့နည်းခြင်းဖြစ်သည်။
Oct 07, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာနှင့် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာရှိ မိုးသီးနှံများ ရေကြီးနစ်မြုပ်မှုကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
Oct 07, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာန (National Cancer Institute-NCI)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Oct 07, 2024
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးသည် သက်ဆိုင်ရာ နိုင်ငံသံရုံးများ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
နောက်ဆုံးရသတင်းများ
Oct 07, 2024Latest News
နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွ
Oct 07, 2024Latest News
နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင
Oct 07, 2024Latest News
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း
Oct 07, 2024Latest News
၁။ ပြည်ပတွင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထား ရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လ
ဆောင်းပါးကဏ္ဍ
- Oct 07, 2024ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
- ,Oct 07, 2024ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်း၊ ရာသီဥတု ပြောင်းလဲလာခြင်းတို့ကြောင့် အပင်များပျက်စီးပြီး အထွက်နှုန်းအပေါ် များစွာထိခိုက်စေနိုင်ကြောင်း သုတေသီများက ဆိုပါသည်။ ရာသီဥတုဖောက်ပြန် ခြင်းကြောင့် ရေကြီးခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်းနှင့် ပင်လယ်ရေမြင့်တက်လာခြင်းတို့ ဖြစ်စေပြီး နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အပင်နှင့်သီးနှံအထွက်နှုန်းတို့ကို တိုက်ရိုက်ထိခိုက်နိုင်ပါသည်။ အပူချိန်မြင့်တက်လာခြင်းကြောင့် အပင်ကြီးထွားနှုန်း ကောင်းစေနိုင်သော်လည်း ညအပူချိန်မြင့်တက် လာခြင်းကြောင့် အပင်ကို ထိခိုက်စေနိုင်ပါသည်။
- Oct 07, 2024ယခုတလော “လျှပ်စစ်ထုတ်တဲ့ဆည်တွေ ဖောက်ချလိုက်လို့ ရေတွေကြီးတာ” ဆိုပြီး ဝါဒဖြန့် နေမှုများကို ဆိုရှယ်မီဒီယာများတွင် တွေ့လာရသဖြင့် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ ဆည်မြောင်း တာတမံများအကြောင်းကို အနည်းငယ်ရှင်းလင်းတင်ပြလိုပါသည်။
- Oct 07, 2024ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်တွေဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ မကြုံဖူးလောက်တဲ့ ရေကြီး၊ ရေလျှံ၊ မြေပြိုမှု သဘာဝဘေးအန္တရာယ်တွေကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးရတာတွေဟာ စိတ်မချမ်းမြေ့စရာဖြစ်ပါတယ်။ ရေဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူတွေနဲ့ အိမ်မွေးတိရစ္ဆာန်များစွာ သေဆုံးပျောက်ပျက်ခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်ရပေမယ့် စာနာထောက်ထားမှုတွေ၊ ဖေးမကူညီမှု တွေကို နိုင်ငံတော်အစိုးရနဲ့အတူ စေတနာရှင်ပြည်သူတွေက စိတ်အားထက်သန်စွာနဲ့ အားတက်သရော ကူညီဆောင်ရွက်ပေးကြတာတွေကို မြင်တွေ့ရပြန်တော့လည်း ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။
- Oct 07, 2024မိုးခေါင်ရေရှားခြင်း၊ တောမီးလောင်ခြင်းနှင့်ရေကြီးခြင်း စသည့်သဘာဝဘေးဒဏ်များ၏ အကျိုးဆက်ကို လူသားတို့နှင့်အတူ တိရစ္ဆာန်များပါ ခံစားကြရပါသည်။ လူသားများအတွက် ထိုဘေးဒဏ်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အုံနှင့်ကျင်းနှင့် အထူးလုပ်ဆောင်ကြသော်လည်း တိရစ္ဆာန်များအတွက်မူကား အမေ့လျော့ခံ သို့မဟုတ် အနည်းငယ်သောအဖွဲ့အစည်း လူပုဂ္ဂိုလ်တို့၏ အကူအညီသာရရှိကြပြီး သဘာဝဘေး၏ နောက်ဆက်တွဲ ဒဏ်ကို ထုနှင့်ထည်နှင့် နင့်သီး ဆိုးရွားစွာ ခံစား ရလေ့ရှိပါသည်။ အထူးသဖြင့် စားမြုံ့ပြန်သတ္တဝါများဖြစ်သော ကျွဲ၊ နွား၊ သိုးနှင့် ဆိတ်များသည် အစာအာဟာရပြတ်လပ်ခြင်းဒဏ် ခံစားကြရပါသည်။ ထို့ကြောင့် ၎င်းတို့၏ အစာလိုအပ်ချက် အခြေခံသဘောတရားများအပေါ် မူတည်ပြီးသဘာဝဘေးဒဏ်ခံကာလအတွင်း အာဟာရ ဖြည့်တင်းပေးရန် လိုအပ်ပါသည်။
- Oct 07, 2024နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်က နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးငှာ ဒီမိုကရေစီစနစ်ဆီ လျှောက်လှမ်းနေသည်။ ပြည်သူကလည်း ဒီမိုကရေစီကို လိုချင်သည်။ ဒီမိုကရေစီလိုချင်လျှင် ဒီမိုကရေစီကျင့်စဉ်အတိုင်း ကျင့်သုံးလေမှ စစ်မှန်သောဒီမိုကရေစီရမည်ဖြစ်၍ ဒီမိုကရေစီနည်းလမ်းတစ်ခုဖြစ်သောရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ရမည်၊ ရွေးကောက်ပွဲမလုပ်ဘဲနှင့် ဒီမိုကရေစီကိုတည်ဆောက်၍မရဆိုသည်မှာ အခြေခံသိရမည့်အချက်ဖြစ်သည်။