Skip to main content
Oct 30, 2024
ဆောင်းပါး
မြစ်ဧရာသည် တိုင်းဒေသကြီး၏ အလယ်ဗဟိုမှ ရစ်ခွေစီးဆင်းကာ ဒေသပြည်သူများကို အကျိုးပြုလျက်ရှိသည်။ အပူပိုင်းဒေသ မကွေးတိုင်းဒေသကြီးအတွက် ဧရာဝတီမြစ်ကြီးသည် တန်ဖိုးဖြတ်၍မရသည့် သဘာဝတရား၏ လက်ဆောင်တစ်ခုဖြစ်သည်။ ဧရာဝတီကိုမှီတည်၍ ကမ်းတစ်ဖက်စီတွင် မကွေးတိုင်းဒေသကြီးအတွင်းမှ မြို့များစွာ၊ ကျေးရွာများစွာ တည်ရှိနေသည်။
Oct 30, 2024
ဆောင်းပါး
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ အောက်တိုဘာလ ၁ ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ (၇၅) နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ပြောင်းလဲမှုပြယုဂ်တွေကို ဓာတ်ပုံ ၁၈ ပုံတွဲလျက် နှိုင်းယှဉ်ဖော်ပြထားပါတယ်။
Oct 30, 2024
စာအုပ်စာပေသည် လူ့ဘဝတိုးတက်ရေးအတွက် ထောက်တိုင်များဖြစ်ကြသည်။ စဉ်ဆက်မပြတ် လေ့လာသင်ယူနေသူများသည် ဗဟုသုတကြွယ်ဝပြီး တွေးခေါ်မြော်မြင်ဆုံးဖြတ်နိုင်စွမ်း မြင့်မားလျက်ရှိကြသည်။ လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံး၌ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်များသည် အချိန်နှင့်တစ်ပြေးညီ လွှမ်းခြုံဆက်စပ်ဖြစ်ပေါ်လျက်ရှိသည်။ ထိုဖြစ်စဉ်ဖြစ်ရပ်များကို အချိန်မီသိရှိနားလည်သဘောပေါက်နိုင်ရန်အတွက် ကမ္ဘာသုံးအင်္ဂလိပ်စာကို အခြေခံလောက်တော့ပြောဆို၊ ရေးသားနိုင်အောင် လေ့လာသင်ယူထားသင့်ပေသည်။ တတ်နိုင်မည်ဆိုလျှင် အင်္ဂလိပ်မှ မြန်မာ၊ မြန်မာမှ အင်္ဂလိပ်သို့ ပြန်ဆိုနိုင်ရန်အတွက် လေ့ကျင့်ထားသင့်သည်။
Oct 30, 2024
ဆောင်းပါး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးစွမ်းအား မြင့်မားတိုးတက်ရေးကို အားပေးကူညီဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ်တွင် မူတည်လျက်ရှိပါသည်။
Oct 30, 2024
ဆောင်းပါး
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးသည် ၁၉၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာပညာမဟာဌာနမှ စတင်ပေါက်ဖွားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးမှာ နှစ် ၁၀၀ တိုင်ခဲ့ပြီဖြစ်ပါသည်။
Oct 29, 2024
ဆောင်းပါး
ယနေ့ကမ္ဘာကြီးမှာ လူတွေဟာ မျှော်လင့်မထားတဲ့အခြေအနေအရပ်ရပ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်။ ကောင်းတာရှိမယ်၊ မကောင်းတာရှိမယ်၊ လက်ရှိ ကမ္ဘာ့အခြေအနေတွေအရတော့ ကောင်းတဲ့ဘက်ကို အများကြီးမျှော်လင့်လို့မရ။ မတည်ငြိမ်၊ မအေးချမ်းမှု၊ မလုံခြုံမှု၊ ဖွံ့ဖြိုးမှုအရပ်ရပ် အကျဘက်ဆင်းလာတဲ့ကမ္ဘာကြီးမှာ မကောင်းမှု၊ ဖိနှိပ်မှု​တွေနဲ့ ရောပြွမ်းနေတဲ့ကြားက မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေ မတွေးထားတဲ့အရာတွေ၊ ပုံမှန်မဟုတ်တာတွေ၊ အလွန်ကြီးမားတဲ့ပြဿနာတွေ၊ စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ သုံးသပ်နေကြတဲ့အတွက် ဖြစ်လာနိုင်မှာတွေအတွက် ကြိုတင်မြော်တွေးပြင်ဆင်သင့်တာတွေ၊ ကြိုတင်ကာကွယ်ထားရမှာတွေ တစ်ဦးချင်းတစ်ဖွဲ့ချင်း မှာရော နိုင်ငံအလိုက်ဒေသအလိုက် ရှိလာနေပြီဟု ယူဆမိပါတယ်။
Oct 29, 2024
ဆောင်းပါး
ပေ ၁၀၀ ကျယ်ဝန်းသည့်လမ်းမကြီးက စက်မှုဇုန်တစ်ခု၏ အသွင်သဏ္ဌာန်ပေါ်လွင်လာစေရန် အစပြုပေးသည့် လမ်းမကြီးဖြစ်နေသည်။ ဒေသစီးပွား တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် မကွေးစက်မှုဇုန်ဖော်ဆောင်ရေးလုပ်ငန်းများသည် စတင်နေပြီဖြစ်သည်။ စီမံကိန်းတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိမှု အပါအဝင် လမ်းစနစ်၊ ရေမြောင်းစနစ်၊ ရေဆိုးထုတ်စနစ်၊ လုံခြုံရေးစနစ်၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံး စုဝေးခန်းမ စသည်ဖြင့် စက်မှုဇုန်တစ်ခုအတွက် လိုအပ်သည့် အခြေခံလိုအပ်ချက် အားလုံးပါဝင်မည်ဖြစ်သည်။
Oct 29, 2024
ဆောင်းပါး
တရားမဝင်ကုန်သွယ်မှုများက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှု၊ စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်နှင့် စွမ်းဆောင်နိုင်မှုအားများကို ယုတ်လျော့စေခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို မဖြစ်မနေတားဆီး ကာကွယ်ကြရမည်ဖြစ်ပါသည်။
Oct 28, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Oct 28, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။