Oct 28, 2024
ကမ္ဘာတစ်လွှား နည်းပညာအသစ်တွေ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့အတူ မျိုးဆက်သစ် AI နည်းပညာကို ကျယ်ပြန့်စွာအသုံးချမှုကြောင့် AI နည်းပညာဟာ အခုအခါမှာတော့ လူသားတွေအပေါ် လျင်မြန်စွာ လွှမ်းမိုးလို့လာနေပါပြီ။ ကျွဲကူးရေပါဆိုသလို ဖွံ့ဖြိုးတိုးတက်လာတဲ့ AI နည်းပညာနဲ့အတူ သတင်းမီဒီယာဟာလည်း အသွင်ကူးပြောင်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထပ်မံဆန်းသစ်လို့ လာခဲ့ပြီဖြစ်ပါတယ်။ ရှုပ်ထွေးနက်နဲလှတဲ့ နည်းပညာ စိတ်ကူးယဉ်အိပ်မက်မှသည် လက်တွေ့နယ်ပယ် ထဲအထိ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ လူသားမျိုးနွယ်ထုကြီးတစ်ရပ်လုံးကို စိတ်ကူးကြံစည်မှုတွေနဲ့ပြည့်နေတဲ့ အာကာသအချိန်သစ်တစ်ခုဆီသို့ ပို့ဆောင်ပေးနေပြီဖြစ်တဲ့အတွက် ခေတ်နဲ့တစ်ပြေးညီ စမတ်မီဒီယာ ခေတ်ဟာလည်း မကြာမီရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Oct 28, 2024
ကမ္ဘာ့အလယ်တွင် မြန်မာဟူ၍ ထည်ထည်ဝါဝါရပ်တည်နိုင်ရန် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးများ နည်းတူ ပညာရေးသည်လည်းအရေးကြီးသော ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါသည်။ ပညာမြင့်မှ လူမျိုးတင့်မည် ဆိုသည့်စကားလည်းရှိပါသည်။ ဤ နေရာတွင် “စာ” နှင့် “ပညာ” ခွဲခြားသိရှိရန် လိုအပ်ပါသည်။
Oct 28, 2024
၂၀၁၄ မှ ၂၀၂၄ ခုနှစ်အထိ သမ္မတသက်တမ်း ၁၀ နှစ်ကာလအတွင်း သမ္မတဂျိုကိုဝီမှာ များစွာအတွေ့အကြုံရင့်ကျက်ပြီး လုံးဝပုံစံပြောင်းလဲသွားခဲ့သည်။ ဂျာဗားကျွန်းမှ ဂျာကာတာမြို့တော်သို့ ရောက်ရှိလာသည့် အစိမ်းသက်သက် တောသားနိုင်ငံရေးသမား မဟုတ်တော့ပေ။ ထိုက်သင့်သည့် အတွေ့အကြုံ၊ ဗဟုသုတ၊ အဆက်အသွယ်ကွန်ရက်နှင့် နိုင်ငံရေးအရင်းအနှီးတို့ စုဆောင်းမိခဲ့ပြီ ဖြစ်သည်။ လူ့အသိုက်အဝန်း ကျဉ်းကျဉ်းကလေး၌ လူကြီးလုပ်ရခြင်းမှာ (A big fish in a small pond) ရေအိုင်သေးသေးကလေးထဲ၌ ငါးရံ့ခေါင်းတိုက ဗိုလ်လုပ်ရသည်နှင့် တူ၏။ လူဦးရေသန်း ၂၈၀ ကျော်ရှိပြီး ကျွန်းပေါင်း ၁၇၀၀၀ ရှိသော နိုင်ငံကြီးကို အုပ်ချုပ်ရခြင်းမှာကား ပင်လယ်အတွင်း၌ ရှင်သန်နိုင်ရန် ကြိုးပမ်းရခြင်းမျိုးဖြစ်လေရာ ငါးရံ့ခေါင်းတို၏ ဗဟုသုတ၊ အမူအကျင့်၊ ခွန်အားမျှနှင့် မလုံလောက်တော့ပေ။ ရောမသို့ရောက်လျှင် ရောမသားတို့ကဲ့သို့ ကျင့်ရမည်ဟု ဆိုရိုးရှိသည်နှင့် အညီ ဂျိုကိုဝီသည်လည်း ဂျာကာတာနိုင်ငံရေးကို ဂျာကာတာသား အင်ဒိုနီးရှားရေပေါ်ဆီ အသိုက် အဝန်းတို့၏ ပုံစံအတိုင်းလိုက်နာကျင့်ကြံရပေ တော့သည်။ ဂျိုကိုဝီကို ပုံသွင်းစင်တင်ပေးခဲ့သည့် ဒီမိုကရေစီနှင့် လစ်ဘရယ်စံနှုန်းတန်ဖိုးစသည့် နိုင်ငံရေးကျမ်းစာလာ သဘောတရားတို့သည်၊ လက်တွေ့ဘဝနိုင်ငံရေး (Real politik) ကျားကွက် များအောက်၌ မှေးမှိန်သွားခဲ့လေပြီ။
Oct 27, 2024
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့၏ စပ်ကြားနယ်မြေတွင် တည်ရှိသောကြောင့် အင်ဒို - ပစိဖိတ်ဒေသတွင် မဟာဗျူဟာအရ အချက်အချာကျသောနိုင်ငံလည်းဖြစ်သည်။ ပထဝီအနေအထားအရ ကျွန်းပေါင်း ၁၇၀၀၀ ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်ပြီး ဘာသာစကားမျိုးကွဲပေါင်း ၇၁၉ မျိုးရှိသည့် အင်ဒို နီးရှားနိုင်ငံသည် တစ်စုတစ်စည်းတည်း နိုင်ငံတစ်ခု အဖြစ်တည်ရှိရန် မည်မျှခက်ခဲမည်ကို မှန်းဆကြည့်နိုင်ပေသည်။ ဘာသာရေးအရလည်း အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ကွန်ဖျူးရှပ်စ် စသည်ဖြင့် ယုံကြည်ကိုးကွယ်မှု မျိုးစုံလှသည်။
Oct 26, 2024
ယွန်းပညာကောလိပ်သို့ တက်ရောက်မည့် သင်တန်းသားများရရှိနိုင်သော အခွင့်အရေးများနှင့် အခွင့်အလမ်းများမှာ အဆောင်အခမဲ့နေထိုင်ခွင့်ရရှိခြင်း (ရေ၊ မီး အခမဲ့သုံးစွဲခွင့်)၊ ကျောင်းသားများအား လစဉ်ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ကျောင်းသားများ လုံခြုံစိတ်ချစွာဖြင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ခြင်း၊ သင်ကြားမှုအထောက်အကူဖြစ်စေရန် ကျောင်းဝင်းအတွင်း Fiber Internet နှင့် Multi-media Room တို့ကို အခမဲ့အသုံးပြုခွင့်ရရှိခြင်း၊ စားသောက်ရေးအတွက် စားရိပ်သာကော်မတီမှ စီစဉ်ဆောင်ရွက်ပေးခြင်း၊ ကိုယ်ခန္ဓာကျန်းမာ၊ ကြံ့ခိုင်ခြင်းအတွက် အားကစားပစ္စည်းများ ထားရှိပေးခြင်း၊ ပျော်ပွဲ၊ ရွှင်ပွဲ၊ အားကစားပွဲနှင့် ရာသီပွဲတော်များ ကျင်းပပြုလုပ်ပေးခြင်း၊ ပညာရေးဆုံးခန်းတိုင် သင်ကြားခြင်းမပြုနိုင်သော လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်ယူနိုင်သည့်အခွင့်အလမ်းများရရှိခြင်း၊ ပုဂ္ဂလိကယွန်းထည်အလုပ်ရုံများတွင် ကျွမ်းကျင်လုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းငယ်များ ထူထောင်လာနိုင်ခြင်းနှင့် National Skills Standard Authority (NSSA) အသိအမှတ်ပြုကျွမ်းကျင်မှု (အဆင့်-၁) နှင့် (အဆင့်-၂) သို့ ဝင်ရောက်ဖြေဆိုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
Oct 26, 2024
“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်ဟာ ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပဲဖြစ်တယ်။ နိုင်ငံတော်အနေနဲ့လည်း အသိပညာ၊ အတတ်ပညာပြည့်စုံတဲ့ ပညာတတ်တွေနဲ့ သာယာဝပြောတဲ့ အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့ ဦးတည်ဆောင်ရွက်နေပြီး အရည်အသွေးပြည့်ဝတဲ့ ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်။ အသိဉာဏ်ပညာပြည့်စုံပြီး ဆင်ခြင်တုံတရားပြည့်ဝတဲ့ ကျောင်းသား ကျောင်းသူ လူငယ်တွေဟာ နိုင်ငံရဲ့အင်အား၊ နိုင်ငံရဲ့အနာဂတ်များပဲဖြစ်တယ်။”
Oct 25, 2024
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအနက် “ပန်းချီ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းပဲ၊ ပန်းရန်၊ ပန်းပွတ်၊ ပန်းယွန်း” ဆိုသည့် ပန်းဆယ်မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သော ပန်းယွန်းပညာရပ်သည် ယနေ့ထက်တိုင် မြန်မာလူမျိုးတို့ ထိန်းသိမ်းလာသော လက်မှုအနုပညာတစ်ရပ်ဖြစ်ပါသည်။
Oct 24, 2024
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ကုန်သွယ်မှုကဏ္ဍသည် အရေးကြီးသောအပိုင်းကပါဝင်ပြီး နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် အဓိကကဏ္ဍတစ်ရပ်ဟုလည်း ဆိုနိုင်ပေ သည်။
Oct 24, 2024
လက်ရှိ ကမ္ဘာ့လူဦးရေ၏ ၅၄ ရာခိုင်နှုန်း (လူပေါင်း ၄ ဒသမ ၃ ဘီလီယံ) ခန့်သည် တယ်လီဖုန်း သုံးစွဲနေကြပြီး ၎င်းတို့အနက် လူတော်တော် များများသည် ဖုန်းကိုသုံးစွဲရာတွင် အလုပ်သဘောထက် အပျော်အပါးကိစ္စများ၌သာ အာရုံကျက်စားလေ့ရှိသည်။ တစ်နည်းဆိုရလျှင် စခရင်ပေါ်တွင် အကြည့်ကို ပို့လွှတ်စူးစိုက်၍ အချိန်ကြာမြင့်စွာ စျာန်ဝင်စားခြင်းကြောင့် ရောဂါပေးစွမ်းနိုင်သောကိစ္စ၌ ထိပ်ဆုံးက ရပ်တည်နေသည်မှာ လက်ကိုင်ဖုန်းပင် ဖြစ်သည်။
Oct 24, 2024
မော်တော်ဆိုင်ကယ်စီးခြင်းသည် စီးနင်းသူများအား အခြားယာဉ်အနည်းငယ်သာ ရရှိတွေ့ကြုံခံစားနိုင်စေမည့် စိတ်လှုပ်ရှားဖွယ်ရာနှင့် လွတ်လပ်သော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်သည်။ သို့သော်လည်း ဆိုင်ကယ်စီးခြင်းနှင့်အတူ အသက်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ခြင်းကဲ့သို့သော သိသာထင်ရှားသည့် အန္တရာယ်များနှင့်လည်း တွေ့ကြုံရနိုင်ပါသည်။ မော်တော်ဆိုင်ကယ်စီးနေစဉ် မိမိကိုယ်ကိုကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုမှာ ဆိုင်ကယ်စီးဦးထုပ် ဆောင်းခြင်းပင် ဖြစ်ပါသည်။
