Nov 13, 2024
ဒီတစ်ခေါက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်က တော်တော်လေးကို ထူးခြားမှုတွေရှိနေတာ တွေ့ရပါတယ်။ အရင်ဆုံးမြန်မာ့အမြင်နဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်က မြန်မာနိုင်ငံအတွက် ကောင်းကျိုးများစွာကို ဆောင်ကြဉ်းပေးနိုင်ခဲ့သလို ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်မယ့်အခွင့်အလမ်းအမြောက်အမြားကိုလည်း သယ်ဆောင်လာပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရရဲ့တာဝန်က ဘယ်လောက်အထိကြီးမားတယ်။ ပါဝင်ဆောင်ရွက်ရတဲ့ အခန်းကဏ္ဍကဘယ်လောက်အထိ အရေးပါတယ်။
Nov 12, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်သည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲများတွင် အားကစားနည်းခြောက်မျိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ပြိုင်ပွဲများတွင် အားကစားနည်း ၂၃ မျိုး ကျင်းပသွားမည်ဖြစ်ပြီး အားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ခန့်မှန်းထားကာ ဆုတံဆိပ် ၂၀၀ ကျော် ပေးသွားမည်ဖြစ်သည်။
Nov 12, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Nov 12, 2024
စာရေးသူလုပ်ငန်းခွင်မှ သက်ပြည့်ပင်စင်ယူခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမျှကြာမြင့်ခဲ့ပါပြီ။ လျင်မြန်စွာစီးဆင်းနေသော သတင်းခေတ်ကြီးထဲတွင် မျက်မှောက်ခေတ်ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးများနှင့် မျက်ခြည်မပြတ်စေခြင်းငှာ သတင်းများကို နေ့စဉ်စားသုံးနေရပါသည်။
Nov 11, 2024
အားကစားကဏ္ဍအောင်မြင်မှုက နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြင့်တက်စေပါသည်။ ယနေ့တိုးတက်လာသည့်ခေတ်ကြီးတွင် အားကစားကဏ္ဍနှင့် ကျန်းမာရေး ဆက်စပ်မှုကို စဉ်းစားကြရာမှ အားကစားနည်းများစွာကို လူအများက ယခင်ထက်စိတ်ဝင်စားမှုရှိလာကြသည်၊ အလေးအနက်ထားလာကြသည်။ ယင်းသည်ပင်နိုင်ငံဖွံ့ဖြိုးတိုးတက်စေသည့် အကြောင်းတရားများစွာအနက် အခွင့်အလမ်းတစ်ခုဖြစ်နေသည်ဟု ဆိုချင်သည်။
Nov 11, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Nov 11, 2024
နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တရုတ် ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကြာမြင့်ခဲ့သည်။ မူလတာဝန်မှာ ထိပ်သီးအစည်းအဝေးကြီးများတက်ရောက်ရန်ဖြစ်သော်လည်း အကြီးအကဲမှာ အမိနိုင်ငံတော်အတွက် ထိုမျှနှင့်တင်းတိမ်မရောင့်ရဲနိုင်။ မိမိအနားယူရမည့် ကိုယ်ပိုင်အချိန်များကိုပင်အသုံးပြု၍ တက္ကသိုလ်များ၊ စက်ရုံ၊ အလုပ်ရုံများသို့ မနားမနေ သွားရောက်လေ့လာခဲ့သည်။
Nov 10, 2024
အားကစားကဏ္ဍ အောင်မြင်မှုက နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြင့်တက်စေပါသည်။ ယနေ့တိုးတက်လာသည့်ခေတ်ကြီးတွင် အားကစားကဏ္ဍနှင့် ကျန်းမာရေး ဆက်စပ်မှုကို စဉ်းစားကြရာမှ အားကစားနည်းများစွာကို လူအများကယခင်ထက် စိတ်ဝင်စားမှုရှိလာကြသည်၊ အလေးအနက်ထားလာကြသည်။ ယင်းသည်ပင် နိုင်ငံဖွံ့ဖြိုးတိုးတက်စေသည့် အကြောင်းတရားများစွာအနက် အခွင့်အလမ်းတစ်ခုဖြစ်နေသည်ဟု ဆိုချင်သည်။
Nov 08, 2024
လူသည်တစ်ဦးတည်းနေထိုင်၍မရကြောင်း သမိုင်းဦးအစကပင် သိခဲ့ကြပြီးဖြစ်သည်။ ထိုကာလကတည်းက လူသားတို့သည် အချင်းချင်း အုပ်စုဖွဲ့နေထိုင်ကြပြီး တစ်ဦးချင်း အပြန်အလှန်ဆက်ဆံခြင်း၊ အုပ်စုချင်း အပြန်အလှန်ဆက်ဆံခြင်းများပြုခဲ့သည်။ ထိုမှတစ်ဆင့် ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်မြင့်မားလာသည့်အလျောက် မိသားစု၊ ရပ်ရွာအုပ်စု၊ မြို့ပြ၊ နိုင်ငံဟူ၍ ဆက်ဆံရေးနယ်ပယ်များ ကျယ်ပြန့်လာသည်။ ဤတွင် လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုများရှိသကဲ့သို့ လူမှုစည်းကမ်းများနှင့် ကိုယ်ကျင့်တရား အယူအဆ သတ်မှတ်ချက်များလည်း ကွဲပြားလာပါသည်။ ၎င်း ကွဲပြားမှုများကို နည်းလမ်းတကျ ညှိနှိုင်းဆောင်ရွက် ၍ ငြိမ်းချမ်းသာယာသောဘဝကို တည်ဆောက်ကြရမည်ဖြစ်သည်။
Nov 08, 2024
မြန်မာတစ်ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် အဋ္ဌမလဖြစ်ပြီး ရှေးခေတ်ကျောက်စာတို့၌ “တန်ဆောင်မှုန်” ဟုရေးထိုး၍ ရွတ်ဆိုခေါ်ဝေါ်ရာတွင် “တန်ဆောင်မှုန်း” ဟု ခေါ်ဝေါ်ကြသည်။ ထိုမှတစ်ဆင့် တန်ဆောင်မုန်းဟု ရွေ့လျားလာခြင်းဖြစ်ပေသည်။ တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိသည်။
