ကျွန်မချစ်သော မြကျွန်းညိုနှင့် ကံ့ကော်မြိုင်
ဂျပ်ဆင်ဝင်ပေါက်မှအဝင် ရေတမာပင်တန်းကြီးကလည်း ဆီးကြိုနေလျက်ရှိသည်။ မြက်ခင်းစိမ်း တွင် ငှက်ကလေးများ ဆော့ကစားနေကြသည်။ ငုနဲ့ ပိတောက်ပင်များ ကလည်း ဆီးကြိုနေ သည်။ ပင်ယံထက်ဆီက ကိုရွှေဥဩလေးကလည်း တွန်ကျူးသံလေးနှင့် နှုတ်ဆက်စကား ဆိုလေ သည်။ တဖြည်းဖြည်း လျှောက်လှမ်းလာရင်း အနုပညာအသင်း အခန်းအနီး ရောက်သည်နှင့် တစ်ပြိုင်နက် ဆိုင်းသံ ဗုံသံများ ကားရသည်။
“တိုးဗေတိုးဗေ…..တိုးဗေတိုးဗေ…..ဗျေဗျေ တပ်ဗျေး ….. တပ်ဗျေး တပ်”
ရှင်းသန့်ငယ်စဉ် လေးနှစ်သမီးအရွယ်မှာကတည်းက အကဝါသနာပါခဲ့သည်။ မူကြိုကျောင်း ကပွဲများမှ မူလတန်း၊ အလယ်တန်းကျောင်း ကပွဲများ၊ တိုင်းအဆင့် ကပွဲများ၊ ဆိုကရေးတီး ပြိုင်ပွဲများ၊ ရုပ်မြင်သံကြား ရိုက်ကူးရေးများ ပွဲပေါင်းစုံ ကခဲ့လေသည်။ ဒီလိုကခဲ့ပြီး အထက်တန်း မှာတော့ အနုပညာလပ်ရှားမှုများ ရပ်နားခဲ့သည်။ ဒီလိုနဲ့ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီး ရန်ကုန်တကသိုလ်ကို ရောက်ရှိလာခဲ့သည်။
ရန်ကုန်တက္ကသိုလ်…..
ရန်ကုန်တက္ကသိုလ်ကြီးကား ပန်းပေါင်းစုံဖူးပွင့် သည့် ဥယျာဉ်တောအုပ်ကြီးဖြစ်သည်။ စိန်ပန်း၊ ကံ့ကော်၊ ရေတမာ၊ သော်က၊ စွယ်တော်၊ ပိတောက်၊ ငုဝါ၊ ပုန်းညက် စသဖြင့် စုံလင်လှသည်။ အပွင့်ချင်းဆိုင်ကာ အလှချင်း ပြိုင်၍ ရနံ့ချင်းမြိုင်နေကြသည်။ အပင်တကာတို့၏ ခေါင်ချုပ် သစ်ပုပ်ပင်ကြီးသည်လည်း လှမြဲလှဆဲ ဖြစ်ပေသည်။ ဘွဲ့နှင်းသဘင်ခန်းမကြီးကလည်း ရာဇဣန္ဒြေ အပြည့်ဖြင့် ခံ့ညားထည်ဝါစွာ တည်ရှိနေသည်။ RC ခေါ် အပန်းဖြေရိပ်သာကလည်း ပွဲလမ်းသဘင် များဖြင့် စည်ကားလျက်ရှိသည်။ သို့သော် RC ထဲရှိ တက္ကသိုလ် အနုပညာ အသင်းကို ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစတင်၍ တိတ်ဆိတ်စွာပိတ်ထားခဲ့ရသည်။ ဒီလိုပိတ်ထားခဲ့ရသည့် ရန်ကုန် တကသိုလ် အနုပညာအသင်းကြီးကို ဆရာ ဦးမျိုးမြတ်သူတို့၏ ဆော်ဩမှုဖြင့် ၂၀၁၈ ခုနှစ် ဇွန်လမှာ ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းကားရသည်။သည်လို နှင့် မိန်းထဲရှိ အပန်းဖြေရိပ်သာ (Recreation Center- RC) ဘက်သို့ ခြေဦးလှည့်ခဲ့သည်။
“အတူလေးရယ်တဲ့ ယှဉ်ကာပြိုင် ယှဉ်ကာပြိုင် x x x အတူလေးရယ်တဲ့ယှဉ်ကာပြိုင် ယှဉ်ကာပြိုင်x x x ဖဲမွေ့ရာ ရွှေကော်ဇော ရောနှောလို့ထိုင် x x x”
နတ်ဒိုးသံများ ကြားနေရသည်၊၊ စုံစမ်းကည့်လိုက်သည့် အခါမှာ ရန်ကုန်တကသိုလ် အနုပညာ အသင်းဖွင့်ပွဲအတွက် အပျိုတော်အကတိုက်နေသည်ဟု သိရသည်။ အပျိုတော် အက..... ရှင်းသန့်နဲမစိမ်းတဲ့အကဟု ပြောလိုရသည်။ ခြောက်တန်း အ.ထ.က (၂) စမ်းချောင်းမှာ ကတည်းက ရှင်းသန့် အပျိုတော်ခေါင်းဆောင် ကခဲ့ပါသည်။ အဲဒါကြောင့်ပဲ အကသင်ပေး နေကြသည့် ဆရာမကြီးတီချယ် ဒေါ်မူမူခင်နှင့် တီချယ်ကီး ဒေါ်တင်တင်နွယ်တိုကို ခွင့်တောင်းပီး အကသင်နေသည့်အစ်မ နှစ်ယောက်နောက် ကနေ အစမ်းလိုက်ကပါရစေလို့ ခွင့်တောင်းပီး လိုက်ကခဲ့သည်။
သုံးခေါက်မြောက် လိုက်ကပြီးနောက် ဖျော်ဖြေပွဲအတွက် အဖွဲထဲမှာ ရှင်းသန့် ဝင်ကခွင့်ရ ခဲ့သည်။ အဲဒီ နေကား ၁၃.၆.၂၀၁၈ ရက်နေ့ ဖြစ်သည်။ ရှင်းသန့်အတွက်သာမန်ရိုးရိုး ရက်စွဲ မဟုတ်ပေ။ တကသိုလ်ကျောင်းသူအဖြစ် အနုပညာစတင်လပ်ရှားသည့်နေ့လို့ သတ်မှတ်လို ရပါသည်။
အလှပေါင်းစုံ ဘာသာရပ်ပေါင်းစုံနှင့် တင့်တယ်နေသည့် မြကျွန်းညိုမှာ အနုပညာပန်းပေါင်းစုံ ဖူးပွင့် ဝေဆာနေသည်။ ရှင်းသန့်လည်းအနုပညာပန်းပွင့်လေး တစ်ပွင့်အဖြစ် အလှဆုံးဖူးပွင့်ဖို့ စတင်လေပြီ။
အမှတ်တရအဖြစ်ဆုံး အနုပညာအသင်းမှ ဖျော်ဖြေပွဲများ
၁၈.၆.၂၀၁၈ ရက်နေမှာကျင်းပသည့်ရန်ကုန်
တကသိုလ် အနုပညာအသင်း သင်တန်းဖွင့်ပွဲ
ခန်းမထဲမှာရန်ကုန်တကသိုလ်ပါမောကချပ်ဒေါက်တာဖိုးကောင်းနှင့်တကွ ဆရာ ဆရာမများ၊ သတင်း မီဒီယာသမားများ၊ ဖျော်ဖြေရေးသမားများ၊ ဆိုင်းအဖွဲသား ဆရာကီးများနှင့် အခြားဖိတ်ကားထားသော ဧည့်သည်များရောက်နှင့်နေကပီ။ ရှင်းသန့်တို့အဖွဲ့ကအပျိုတော် ယိမ်းဖြစ်သည့်အတွက်ပွဲဦးဖျော်ဖြေ တင်ဆက် ရသည်။ အပျိုတော်ယိမ်း ဖျော်ဖြေတင်ဆက်ရာမှာ တီချယ်ကီး ဒေါ်တင်တင်နွယ်ကဦးစွာ ဖျော်ဖြေ တင်ဆက်သည်။ ပြီးနောက်ရှင်းသန့်တိုအဖွဲက တစ်ဆက်တည်းဖျော်ဖြေ တင်ဆက်ရသည်။ ထို့နောက် အခြားသောဖျော်ဖြေရေး အစီအစဉ် များဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြသည်။ ပွဲပီး သည်နှင့်တစ်ပြိုင်နက် သတင်းဌာနအသီးသီးမှ သတင်း တင်ဆက်ကသည်။ သတင်းမှာ “ရန်ကုန်တကသိုလ် အနုပညာအသင်းကီး ပြန်လည် ဖွင့်လှစ်ပီ” တဲ့။
ဖွင့်ပွဲပီးသည့်နောက် ရှင်းသန့် အနုပညာအသင်း ဝင်ရောက်ခဲ့ပြီးအကသင်တန်း စတင်တက် ရောက်ခဲ့သည်။ အကသင်တန်းမှာ သင်ကားပေးသည့်ဆရာမများ ကတော့တီချယ် ဒေသီတာဝင်း (မိုးနတ်သူဇာ သီတာဝင်း)၊ ပန်တျာကျောင်းအုပ် (ငိမ်း) ဆရာမကီး တီချယ်ဒေမူမူခင်၊ တီချယ်ကီးဒေတင်တင်နွယ်နှင့် တီချယ် ဒေခင်နှင်းနှင်းကည်တို ဖြစ်ကပါသည်။ ရှင်းသန့်က အကအပြင် ငါးတန်းနှစ်က စောင်းပညာကို ယဉ်ကျေးမှုက စောင်းဆရာကြီး ဦးချမ်းဆီမှာ လေ့လာသင်ယူခဲ့ပါသည်။ ထို့ကြောင့် စောင်းပညာ အဆက်မပြတ် စေလိုသည့်အတွက် စောင်းသင်တန်းထပ်မံတက်ရောက် ခဲ့ပါသေးသည်။ စောင်းကိုတော့ ဆရာကီး ဦးမောင်မောင်ခင် (တကသိုလ် မောင်မောင်ခင်) နှင့် ဆရာကီး ဒေါက်တာဌေးဝင်း (ရန်ကုန်တကသိုလ်ဆိုင်း အဖွဲ့ရွာစား) တိုက သင်ကားပေးပါသည်။ ဆရာကီးဦးမောင်မောင်ခင်က ရန်ကုန်တကသိုလ် အနုပညာအသင်း စောင်းသင်တန်းနှင့် အဆိုသင်တန်း၏ အဓိက ဆရာတစ်ယောက်ဖြစ်ပါသည်။ အနုပညာအသင်းမှာ အဆို၊အက၊ စောင်းအပြင် ပတလားသင်တန်းလည်း ရှိပါသည်။ ပတလား သင်တန်းကိုတော့ ဆရာကြီး ဦးမောင်မောင်သန်း နှင့် ဆရာကီး ဦးအောင်ကြည်မြင့် တို့က သင်ကားပေးပါသည်။
၇.၉.၂၀၁၈ ရက်နေမှာ ကျင်းပသည့် “ရန်ကုန်တကသိုလ် အနုပညာအသင်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ် သင်တန်းဆင်းသရုပ်ပြပွဲနှင့် ကချီခန်းအနုပညာ” ပွဲ
ဒီပွဲလေးကတော့ ရှင်းသန့်အနုပညာ အသင်းဝင်အဖြစ်နှင့် ပထမဦးဆုံးအကိမ် ဖျော်ဖြေ တင်ဆက်ရသည့် ပွဲဖြစ်ပါသည်။ အမျိုးအစားမတူညီသည့် ဖျော်ဖြေရေး လေးမျိုး ဖျော်ဖြေခဲ့ ရသည်က ရှင်းသန့်အတွက် အမှတ်တရ ဖြစ်ခဲ့သည်။ အဲဒီပွဲမှာ အပျိုတော်(အက)၊ ကန်းကန်း ပိုင်သ (စောင်း)၊ အိမ်မက်စေတမန် (အက)၊ ကချီခန်း (အက) ပုံစံ လေးမျိုးဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်။ ရှင်းသန့်အတွက် အမှတ်တရဖြစ်စေခဲ့သည် ကတော့“ကချီခန်း အနုပညာ” ကို ကခွင့်ရခဲ့ခြင်းဖြစ်သည်။
၁၇.၁၂.၂၀၁၈ ရက်နေ့မှာ ကျင်းပတဲ့ရန်ကုန် တကသိုလ် ရာပြည့်အကြို(၉၈) နှစ်မြောက် အထိမ်းအမှတ် အနုပညာအသင်း ပဒေသာကပွဲ
သည်ပွဲလေးမှာ ရှင်းသန့်ကရန်ကုန်တကသိုလ် အနုပညာအသင်းမျိုးဆက်သစ် ကံ့ကော်မြိုင် အငိမ့်၏ ခေါင်းဆောင်မင်းသမီးအနေဖြင့် ကခွင့်ရခဲ့ပါသည်။
၆.၉.၂၀၁၉ ရက်နေမှာကျင်းပတဲ့ ရန်ကုန်တကသိုလ် အနုပညာအသင်း သင်တန်းဆင်းပွဲ အခမ်းအနား
အဲဒီပွဲလေးကတော့ ရှင်းသန့်အတွက် အမှတ်တရ အဖြစ်ဆုံး ပွဲလေးပါ။ ဘာလိုလဲဆိုတော့ ရှင်းသန့်အနေဖြင့် အသင်းကလုပ်သည့်ပွဲများ၊ ကျောင်းကလုပ်သည့်ပွဲများမှာ အငိမ့်ကသည့် အခါ playback ဒါမှမဟုတ်နောက်ခံ အဆိုတော် ဆိုပေးတာနှင့်ပဲ အမဲကခဲ့ပါသည်။
ဒီပွဲလေးအတွက် အငိမ့်တိုက်တဲ့အချိန်မှာတော့ ဆရာကီး ဦးမောင်မောင်သန်းက “အငိမ့်မင်းသမီး ဆိုတာ ကိုယ်တိုင်ဆို၊ ကိုယ်တိုင်ကရတယ်။ ကရင်းဆိုတာဖြစ်မှ တကယ့် အငိမ့်မင်းသမီး။ အဆိုပုဒ်ကို ပြန်တီးပီး အချမှာကမ်းပြင်ကနေအလူးအလဲ လှိမ့်ထရင်း နောက်အပုဒ်ကို ဆက်ဆို ကာမောဟိုက်တဲ့ အသံ၊ မောမောနဲ ဆိုသံလေးတွေ အဲဒါမှ အငိမ့်မင်းသမီး အစစ်”လို ပြောခဲ့ ပါသည်။
ရှင်းသန့်လည်း‘မမဲညို’ သီချင်းနှင့်ဖျော်ဖြေ တင်ဆက်ဖို့ ဆိုရင်းကပီးလေ့ကျင့်ခဲ့သည်။သို့သော် ယုံကြည်မှုတော့ လျော့နေသည်။ ‘ငါမဆိုနိုင်လောက်ဘူး’ ဆိုသည့်စိတ်ဝင်နေခဲ့သည်။
အဲဒီအချိန်တွင် ကံ့ကော်မြိုင်၏လူရင်တော်ဟောင်းကီး လူရွှင်တော် ပေါ်ပေါ်(ခေါ်) ဆရာကြီး ဦးဌေးမော်က ရှင်းသန့်ကို “ရှင်းသန့် ဘာလို့ မဆိုနိုင်ရမှာလဲ၊ ဆိုနိုင်တယ်၊ များများလေ့ကျင့် ရတယ်၊ ဆိုနိုင်တယ်” ဆိုပီးအားပေးခဲ့ပါသည်။ အဲဒီလို အားပေးမှုတွေနှင့်အတူ ရှင်းသန့် အကောင်းဆုံး ဖျော်ဖြေနိုင်ခဲ့ပါသည်။ ရလဒ် အနေဖြင့် ရှင်းသန့်ဆိုရင်းကသည့် မင်းသမီး တစ်လက်အနေဖြင့် အသိအမှတ်ပြုခံခဲ့ရသည်။ အဲဒီပွဲ ကပြီးနောက်ပိုင်းကသည့်ပွဲများ ရှင်းသန့် ကိုယ်တိုင် ဆိုကခဲ့ပါသည်။
၈.၁၂.၂၀၁၉ ရက်နေ့အဓိပတိလမ်းကရင်ခုန်သံ ဂီတညချမ်းပွဲ
ဆရာကီး ဒေါက်တာဌေးဝင်း၊ ဆရာမကြီး တီချယ် ဒေါ်မူမူခင်တို၏လမ်းန်မနှင့်အတူ ရန်ကုန်တကသိုလ် ဝိုင်းတော်သားတို၏ ဆီမီးခွက်အက ပြန်လည်ဖော်ထုတ် တင်ဆက်မမှာ ပါဝင်ခွင့်ရခဲ့ပါသည်။ သည်ဘက် ခေတ်တွင် LED မီးများနှင့် အစားထိုးကပြ ဖျော်ဖြေနေကြ သော်လည်း အဲဒီပွဲမှာတော့ တကယ့်ဆီမီး အစစ်နှင့်ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီးဆီမီးအက ကို ပြန်လည်ဖော်ထုတ် ကပြခဲ့ပါသည်။
ဝိုင်းတော်သားများအနေဖြင့် မောင်းဆိုင်း- မောင်သုတစိုး(စတုတနှစ် ကွန်ပျတာသိပွံ)၊ နှဲ - ဆရာ ဦးညီရွှေ(ကထိက -ငြိမ်း) အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်)၊ ပတ်မတီး -မောင်ကောင်းသန့်ဇော် (ဒုတိယနှစ်သင်္ချာ)၊ အုပ်စုံ - မောင်ဟန်မင်းဗဏ် (စတုတနှစ် သတဗေဒ)၊ ဝါးလက်ခုပ် - မောင်ဝေဖြိုး (ဒုတိယနှစ် ဂုဏ်ထူးတန်း ရူပဗေဒ)၊ လင်းကွင်းကီး- မောင်အောင်ကိုကိုခန့် (ဒုတိယနှစ် သင်္ချာ)၊ စည်တို-မောင်ဇော်အောင် (တတိယနှစ် ဘူမိဗေဒ) တိုက ပါဝင် တီးခတ်ထားပါသည်။
ရန်ကုန်တကသိုလ် အနုပညာအသင်းအနေဖြင့် ဖျော်ဖြေခဲ့သည့် တခြားဖျော်ဖြေပွဲများကတော့ The 46th Ship For Southeast Asian and Japanese Youth Program 2019 (23.11.2019)
ရန်ကုန်အဝေးသင်တကသိုလ် ပါမောက္ခချုပ်၏ ဖိတ်ကားမနှင့်အတူ ဖျော်ဖြေခွင့်ရသည့် Japan Myanmar Cultural Exchange 3D Mission New Generation and University Communities (20.2.2020)
“သင်းရနံကြိုင်လိင် ကံ့ကော်မြိုင်”
ရှင်းသန့်ဘဝမှာ မှတ်တိုင်တစ်ခုထူနိုင်ခဲ့လေပြီ။
“ကံ့ ကော် မြိုင် ……”
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန် တကသိုလ်ကို သတင်းတစ်ခု ဝင်လာခဲ့သည်။ ရန်ကုန်တကသိုလ် ရာပြည့်အထိမ်းအမှတ်တကသိုလ်နှင့် ကောလိပ်ပေါင်းစုံ အငိမ့်ပြိုင်ပွဲ ရိုက်ကူးထုတ်လင့်ရန် အတွက် ရန်ကုန်တကသိုလ်က အငိမ့်အဖွဲ့တစ်ဖွဲ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပါသည်။
ကျောင်းတွင်းလူရွေးချယ်ပွဲ ယှဉ်ပြိုင်ရမည့်ပုံစံမှာ လူရွှင်တော်နှစ်လက်၊ မင်းသမီး တစ်လက် ပါဝင်သည့် သုံးယောက်တစ်ဖွဲ့ပုံစံဖြစ်ပါသည်။ မင်းသမီးများအနေဖြင့် တစ်ဦးလျှင် သီချင်း နှစ်ပုဒ် ပြင်ဆင် ထားရန်ဖြစ်ပြီး ကိုယ်တိုင်ဆိုကရမည် ဖြစ်ပါသည်။ ရွေးချယ်ခံရမည့် အဖွဲသည် နေပြည်တော်တွင် သွားရောက် ယှဉ်ပြိုင်ရိုက်ကူးရမည် ဖြစ်ပါသည်။
ဒီသတင်းကားသည်နှင့် ရှင်းသန့်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများလုပ်သည်။ အဆို၊ အက နှစ်ခုစလုံး ပိုင်နိုင်အောင်လေ့ကျင့် ပြင်ဆင်ခဲ့သည်။ ဆရာကီး ဦးမောင်မောင်ခင်က အဆိုပိုင်းဆိုင်ရာမှာ လိုအပ်သည်များ ပြင်ပေးသည်။ အကပိုင်းဆိုင်ရာမှာတော့ ရှင်းသန့် အငြိမ့်တွေကြည့်သည်။ ကကွက်များကိုတော့သီချင်းနှင့် လိုက်ဖက်အောင် အငိမ့်များကြည့်ရင်း ကကွက်များကို ထွင်သည်၊ ထည့်သည်။ အဲဒီကကွက်များကိုမှ ရှင်းသန့်နှင့် လိုက်သည့် ကကွက်၊ မလိုက်သည့်ကကွက်များကို ရှင်းသန့်၏အက partner ဖြစ်သည့် အနုပညာအသင်းမှာ မင်းသား ကသည့်အစ်ကိုဝင်းမင်းအောင် က ကည့်ပေးပါသည်။ အဝတ်အစားပိုင်းကိုတော့ ရှင်းသန့်၏ မေမေက ချုပ်ပေးသည်။ အားလုံး ဝိုင်းဝန်းကူညီမနှင့်အတူ ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင် နိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ် လ ၂၄ရက်နေ့မှာ ပြိုင်ပွဲ result ထွက်သည်။ မင်းသမီး အနေဖြင့် ရှင်းရှင်းသန့်(ရှင်းသန့် အရွေးခံရသည်)၊ လူရင်တော်များအနေဖြင့် ဟန်မင်းဗဏ်၊ လမ်းဘုန်းမိုး၊ စည်သူနိုင်၊ အောင်ကောင်းမြတ် တို့က ရွေးချယ်ခံကရသည်။
သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြိုင်ပွဲ အစီအစဉ်ကနေ ဖျော်ဖြေပွဲအသွင် ပြောင်းလဲ သွားသည့် အခါမှာတော့ ပြိုင်ပွဲအတွက် မင်းသမီးတစ်လက်ကနေ ဖျော်ဖြေပွဲအတွက် မင်းသမီးနှစ်လက်ကဖိုပြန်လည် ပြင်ဆင်လိုက်ရပါသည်။ အဲဒီလိုပြန်လည်ပြင်ဆင်သည့်အခါ အငြိမ့်ပြိုင်ပွဲတွင် ပထမရသည့် ရှင်းသန့်က ခေါင်းဆောင် မင်းသမီး၊ ဒုတိယရသည့် မမမွန်သီရိသော်က ရှေ့ထွက် မင်းသမီးအနေဖြင့် ပါဝင်ကပြတင်ဆက်ဖို ပြင်ဆင်ကပါသည်။
ရန်ကုန်တကသိုလ် နှစ် (၁၀၀) ပြည့်ရာပြည့်သဘင် “ကံ့ကော်မြိုင်အငြိမ့်” MRTV ရုပ်သံရိုက်ကူး ထုတ်လွှင့် နိုင်အောင် စီစဉ်န်ကားပေးကြသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပညာရေး ဝန်ကီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်တကသိုလ် ပါမောကချပ် ဒေါက်တာဖိုးကောင်း၊ တာဝန်ခံ ပါမောကချပ်ဒေါက်တာနီလာအောင်၊ ဒုတိယ ပါမောကချပ် ဒေါက်တာ သောင်းထိုက်၊ အငိမ့်အား ကီးကပ်ဆောင်ရွက်ပေးသည့် ရန်ကုန် တကသိုလ် အနုပညာအသင်းဥကဋ္ဌဆရာမကီး ဒေါက်တာစိုးမြမြအေး (ပါမောက/ဌာနမှူး ကွန်ပျတာသိပ္ပံပညာဌာန၊ရန်ကုန်တကသိုလ်)၊ ရာပြည့်ဂုဏ်ပြုသီချင်းများကို ရေးသားပေး ကသည့် အနုပညာအသင်းမှ အငိမ်းစား ပါမောကဒေါက်တာဌေးဝင်း၊ ဂီတဝိဇ္ဇာ ဆရာအောင်ဝမ်းတူး၊ ကံ့ကော်မြိုင်အငိမ့် တေးသီချင်းများကို ရေးစပ်သီကုံးပေးကြသည့် ဒေါက်တာဌေးဝင်း၊ ဂီတစာဆိုမောင်ကြေးမုံ၊ ကံ့ကော်မြိုင်လူရွှင်တော်ကြီး ဦးမျက်မှန် (ဦးတင်မောင်ဌေး)၊ ရှင်းသန့် အကအလှများကို စေတနာအပြည့်ဖြင့် သင်ကားပေးသည့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတကသိုလ်မှကထိကဆရာမ ခိုင်သဇင်သင်း၊ မမမွန်သီရိသော်၏ အကအလှများကို သင်ကားပေးသည့် ရွှေမန်းဒေါ်ကျော့ကျော့မူ၊ရှင်းသန့်တို့ မင်းသမီး နှစ်လက်စလုံးကို အလှပဆုံးမိတ်ကပ်ခြယ်မှုန်း ပေးသည့် မိတ်ကပ်စိုးစိုး (ရွှေပန်းချီကျော်ကျော်လင်းနှင့် အဖွဲ့)၊ အငိမ့်တစ်ခုလုံး၏ တေးဂီတများအား တီးခတ် ပေးသည့်ရွာစား ကိုထက်အာကာ၊ ရွာစား စိန်မြတ်မော်၊ ရွာစား စိန်မုန့်လုံး၊ ပတ်မတီးပညာရှင် အဘ ဦးရှမ်းကီး (ဦးလှမြင့် ယဉ်ကျေးမ-ငိမ်း)၊ နှဲပညာရှင်များဖြစ်ကြသည့် ကိုအောင်မင်းဦး၊ ကိုမျိုးမင်းသန်း၊ရွာစားလေး ချစ်ဇွဲ၊ ကိုဇွဲပြည့်ပိုင် အားလုံး၏ အဘက်ဘက်မှဝိုင်းဝန်းကူညီပေး မှုကြောင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန် တကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့့်သဘင် အထိမ်းအမှတ် ရန်ကုန်တကသိုလ် “ကံ့ကော်မြိုင်အငိမ့်”အောင်မြင်စွာ ရိုက်ကူးပီးစီး ခဲ့ပါသည်။
“၂၀၂၀ မှာ ရာပြည့်ပွဲသဘင် ကံ့ကော်မြိုင်အငြိမ့် ကြိုးစား လို့ဖြင့် ပျော်ပျော်ရွှင် x x x ရွှေမင်းသမီးလေး ရှင်းရှင်းသန့်ရဲ့ တေးအလှတွေလွင် ကံ့ကော်မြိုင်အငြိမ့်သဘင် လက်ဆယ်ဖြာမိုး ဦးချကန်တော့ပန်းဆင် x x x”
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာတော့ MRTV ကနေ မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်လွှင့်ပြသခဲ့ပြီး အားပေးမှုများ ရရှိခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်ဆိုသည်မှာ‘ကျောင်းစာ’ သာမက အားကစားနှင့် ပန်းချီ၊ကဗျာ၊ လင်္ကာ၊ စာပေ၊ဂီတ၊ အဆို၊ အက၊ အတီး စသည့်အနုပညာအဖုံဖုံကို လေ့ကျင့်ပေးနေသည့် မြကျွန်းညိုကြီး ဖြစ်ပါသည်၊၊ ရန်ကုန်တက္ကသိုလ် က ခေါ်ယူသည့် အထူးပြုဘာသာရပ်များ ထဲကမှ ကိုယ်ကြိုက် နှစ်သက်သည့်‘ကုန်ထုတ်ဓာတုဗေဒ’ ဘာသာရပ်ကို ရွေးချယ် တက်ရောက်ခဲ့ပြီး စာသင်ချိန်ပြီးသည်နှင့် RCထဲက တက္ကသိုလ်အနုပညာအခန်းသည် ရှင်းသန့်၏ ဒုတိယ စာသင်ခန်း ဖြစ်ခဲ့လေသည်။
ရန်ကုန်တက္ကသိုလ်ကရော ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကနေပါ ခေတ်အဆက်ဆက် ပေါ်ထွက် ခဲ့သည့် အနုပညာရှင်များသည် ယခုဆိုလျှင် မြန်မာနိုင်ငံ၏ အနုပညာလောက နယ်ပယ်အသီးသီးတွင်ပြည်သူလူထု အချစ်တော်အနုပညာရှင်များဖြစ်နေကြသည်ကိုလည်း ရှင်းသန့်အနေဖြင့် အားကျအတုယူမိပါသည်။ စာရေးဆရာ၊ ကဗျာဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင်ဂီတသမားများ၊ လူရွှင်တော်များ၊အငြိမ့်မင်းသမီးများ . . . . . . . . . . စသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများထဲမှ ပေါ်ထွက်ခဲ့သည့်အနုပညာရှင်များ အများကြီးမှ အများကြီး။ ရှင်းသန့်အနေဖြင့် စီနီယာများ၏အစဉ် အလာခြေရာကို အားကျအတုယူစိတ်ဖြင့် အောင်မြင်အောင် ဆက်လက်ကြိုးစားသွားမည်ဟု ကတိပြုရင်း အမိရန်ကုန် တက္ကသိုလ်ကြီး နှစ်ပေါင်း ၁၀၀ မှသည် နောင်နှစ်ပေါင်း ထောင်သောင်းမက တည်တံ့ပါစေကြောင်း ဆုတောင်းစကား ဆိုလိုက်ရပါတယ်ရှင်။
“မြကျွန်းညိုညို x x x ကွန်းခိုရာတက္ကသိုလ်မှာကြုံ x x xစာပေဂီတနဲ့သာ အနုပညာ x x x အစစမှာလည်းစုံx x xတေးပဉ္စင် ငြိမ့်ငြိမ့်ညောင်း စုပေါင်းပါလို့ သီကျူးပုံ x x x တေးမင်္ဂလာ x x x ဘဝင်မှာအေးလို့ x x x ငြိမ်းချမ်းကြစေကုန် x x x”။ ။
ရှင်းရှင်းသန့်