Skip to main content
Mar 25, 2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနသည် သက်၁၈ ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိ ရေးအတွက် သစ္စာစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာအဆီကွင်းဆင်းပြီးနိုင်ငံသားစိစစ်ရေးကတ်ပြား များ ပြုလုပ်ပေးခဲ့ရာ လေးနှစ်တာကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားခြောက်သန်းခန့် ထုတ် ပေးနိုင်ခဲ့သည်။ သို့ရာတွင် လဝက အနေဖြင့် တာဝန် ယူဆောင်ရွက်ပေးနေသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်တို့မှာ အတိုး အလျော့၊ အရွှေ့ အဝင်းများ နိစ္စ ရှိနေမည်ဖြစ် ပြီး လဝက၏ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်တို့ တွင် အချိန် ယူရသည်နှင့်အမျှ စာရင်းအမှန်နှင့် ကွာဟမှုရှိနေမည်ဖြစ်ရာ ယင်းသို့ကွာဟမှု နည်းနိုင် သမျှနည်းရန် ဆောင်ရွက် ရမည်ဟု ရှုမြင်ပါသည်။ ထို့အပြင် လက်ရှိအသုံးပြုနေသည့် စက္ကူကတ်ပြား များအစား ဒီဂျစ်တယ်ကတ် (ID Card) များပြောင်းလဲပြုလုပ်မှု ပြီးပြည့်စုံလာသည်နှင့်အမျှ အခက်အခဲများလည်း ပြေလည်သွားနိုင်မည်ဖြစ် သည်။
Mar 24, 2021
ကျေးဇူးဆိုတာ တစ်ဦးက အခြားတစ်ဦးအပေါ်မှာ ပြုတဲ့အကျိုး ကောင်းမှု၊ ကောင်းကျိုးကို ခေါ်ခြင်း ဖြစ်ပါတယ်။ ဘဝတစ်ခုရရှိလာပြီဆိုရင် ကျေးဇူးပြု ခြင်းနဲ့ကင်းတဲ့သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ ကျေးဇူးတရားကို ဘဝသက်ဆုံးတိုင် ရင်ဝယ်ပိုက် တန်ဖိုးထားသူရှိသလိုအကူအညီအခက်အခဲယူပြီး တာနဲ့ မသိချင်ယောင်ဆောင်ကာ ကျေးဇူးကန်းသူတွေလည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ရှိနေတတ်တာ သဘာဝပါ။
Mar 24, 2021
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ယနေ့ လက်ရှိ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူ အားလုံးတို့ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသား သို့မဟုတ် ပြည်ထောင်စုသား သို့မဟုတ် နိုင်ငံသား ဟု လွယ်လွယ်ကူကူ ပြောဆိုနိုင်ပါသည်။ ပြည်ထောင်စုနိုင်ငံသားဟူသည်တစ်စားတည်းသာ ရှိပါသည်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် သား၊ ကရင်ပြည်နယ်သား၊ ချင်းပြည်နယ်သား၊ ကယား ပြည်နယ်သား၊ ရခိုင်ပြည်နယ်သားဟူ၍ ခွဲခြား ခြင်းမရှိပါ။ အားလုံးပင် ပြည်ထောင်စု မြန်မာ နိုင်ငံသားများဖြစ်ကြပါသည်။ ။
Mar 24, 2021
ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ဘီနိုင်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နှင့်မတူပေါက်ဖွား လာသော ပထမဆုံးတပ်မတော် ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ အထိ သက်တမ်း ရှိခဲ့သည်။ တပ်မတော်မျိုးစေ့ ရဲဘော်သုံးကျိပ်က ပေါက်ဖွားလာသော တပ်မတော် ဟုလည်း ဆိုနိုင် သည်။
Mar 23, 2021
ယခုအခါ CDM လုပ်သောဝန်ထမ်းများအား သက်ဆိုင်ရာဌာနများက အပြစ်ပေးအရေးယူမှုများ စတင်ပြုလုပ်နေပြီဖြစ်သကဲ့သို့ နောက်ထပ်လည်း ဝန်ထမ်းများ လမ်းမှားမရောက်ရလေအောင် အသိပေးကြေညာချက် များ ထုတ်ပြန်လျက်ရှိပါသည်။ ဝန်ထမ်းများ မိမိတို့လုပ်ငန်းခွင်တွင် စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်ကြရန်အထူးအရေးကြီးပါသည်။ ဝန်ထမ်းများ အလုပ်မဆင်းကြခြင်းဖြင့် အုပ်ချုပ်မှုယန္တရားပျက်ပြားသွားနိုင်သည်ဆိုသော ယူဆချက်မှာ လုံးဝမှားယွင်းသောယူဆချက်ပင်ဖြစ်သည်။ နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဝန်ထမ်းများနှင့်မိသားစုဘဝများအားချနင်းနေခြင်းသည် လူသားဆန်သောလုပ်ရပ်မဟုတ်ပေ။ သို့အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့ဘဝ နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန် အထူးသတိပြုဆင်ခြင်အပ်ပေသည်။ ထို့ကြောင့် CDM တွင် ပါဝင်ဆောင်ရွက်ခြင်းမရှိသော ဝန်ထမ်းအချို့၏ သဘောတရားအယူအဆများကို ဤသို့ကြားသိရ၏။
Mar 23, 2021
*လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်မျိုးစေ့* မြန်မာနိုင်ငံသည် နယ်ချဲ့ အင်္ဂလိပ်တို့၏ မတရား ကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲခံရကာ ၁၈၈၅ ခုနှစ် တွင် ထီးကျိုးစည်ပေါက် သူ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သီပေါဘုရင်နန်းကျသော ၁၈၈၅ ခုနှစ် နိုဝင်ဘာလ၂၈ရက်နေ့မှ လွတ်လပ်ရေး ရသော ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ ၆၃ နှစ်တိုင်တိုင် လွတ်လပ်ရေး ဆုံးရှုံးခဲ့သည်။ ပထမကျူးကျော်စစ်မှ ရေတွက်လျှင် ကျွန်သက် နှစ်တစ်ရာ ရှိပေသည်။ ။
Mar 23, 2021
မတ်လ ၂၁ ရက် ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာတစ်စောင်ကို ထုတ်ပြန်ထားပါသည်။ ထိုအမိန့်ကြော်ငြာစာတွင် တရားမဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် ဆက်စပ်သူများ၊ အဖွဲ့အစည်းများကို မတရား အသင်းအဖြစ် ကြေညာလိုက်ခြင်းဖြစ်ပါသည်။ အဘယ့်ကြောင့် ထိုကဲ့သို့ ကြေညာခဲ့ရသနည်းဆိုလျှင် ယင်းအဖွဲ့ အစည်းသည် နိုင်ငံ၏တရား ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏အေးချမ်းသာယာရေးကို အနှောင့်အယှက်ဖြစ်စေသည်ဟု ယုံကြည်ယူဆသဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
Mar 23, 2021
ဒီနှစ် နွေရာသီမှာ အပူချိန်မြင့်တက်နိုင်ကြောင်းကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ကရော နိုင်ငံပိုင်မီဒီယာတွေကပါ မတ်လဆန်း ကတည်းကကြေညာထားတာကိုပျောက်ပျောက် ဖြစ်နေပေမယ့် ဒီရက်ပိုင်း နွေရဲ့ ပူပြင်းတဲ့ အပူချိန်က သိသိသာသာဖြစ်လာတာကြောင့် ချည်သား လက်ရှည်လေးရွေးဝတ်ရင်း စနေ လက်ဖက်ရည်ပိုင်းဆီ ထွက်လာခဲ့တယ်။ ။
Mar 22, 2021
ရခိုင်ပြည်နယ်သည် ဗုဒ္ဓသာသနာထွန်းပြောင်သော နေရာတစ်ခုဖြစ်၍ ဂူဘုရားများစွာ ရှိနေသည်။ ခရစ်သက္ကရာဇ် ၁၅၃၁-၁၅၃၃ ခုနှစ် ဒုတိယ မြောက်ဦး ခေတ်ကို တည်ထောင်ခဲ့သည့် မင်းဗာဘုရင်နန်းတက်လာသည့်အခါ ကုသိုလ်တော်အဖြစ် သဘာဝကျောက်တောင်များကို ဂူထွင်း၍ ဘုရားများ တည်ထားကိုးကွယ် ခဲ့သည်။ မင်းဗာဘုရင်နောက်ပိုင်း ပြောင်းလဲရွေ့လျားလာသည့် ခေတ်အဆက်ဆက်တွင်လည်း ကုသိုလ်ရှင် စေတနာရှင်များက ဂူပေါက်များကို တိုးချဲ့ ထွင်းထုကာ ဘုရားဆင်းတုတော်များကို ထုဆစ်သွန်းလောင်း၊ ကိန်းဝပ်စံပယ်စေပြီး ကိုးကွယ်ခဲ့ကြ၍ ယနေ့တွင် ရခိုင်ပြည်နယ်တစ်ဝန်း၌ ဂူဘုရားများကို ကုသိုလ်ယူ ဖူးမြော်နေကြရသည်။
Mar 22, 2021
နိုင်ငံသားတိုင်း မျှော်လင့်တောင့်တနေတဲ့ ဒီမို ကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။ မဲမသမာမှုတွေ ရှိနေပါတယ်လို့ ပြည်သူက ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေးပါတီအချို့ က ထောက်ပြခဲ့ပါတယ်။ တပ်မတော်က သတိပေးခဲ့ပါတယ်။ ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရက အာဏာရှင်ဆန်စွာနဲ့ လျစ်လျူရှုခဲ့ကြတာကို အားလုံးအသိပဲ ဖြစ်မှာပါ။ အကြိမ်ကြိမ် အသိပေး တာ၊ တောင်းဆိုတာ၊ ထောက်ပြဝေဖန်တာတွေကို တပ်မတော်ဘက်ကနေ ထပ်တလဲလဲပြုလုပ်ပြီး တောင်းဆိုခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ရတာကို လည်း ပြည်သူအားလုံးတွေ့မြင်ကြရမှာ ဖြစ်ပါ တယ်။