Skip to main content

အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေ (၂၀၁၄) ခုနှစ် ဆိုင်ရာ သိသင့်သောအချက်များ

 

အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ရန်တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်းရန်ပြုလုပ်ခြင်းများအား အမြင့်ဆုံးထောင်ဒဏ် ခုနစ်ထိချမှတ်နိုင်သည့် ပြစ်မှုများတွင် ထည့်သွင်း၍ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၂၁/၂၀၂၁) ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ပြစ်မှုနှင့် ပြစ်ဒဏ်အခန်းပါ ပုဒ်မ (၅၂) ပုဒ်မခွဲ (က) အား ပြင်ဆင်ခဲ့ ခြင်းဖြစ်သည်။ မူလအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ပုဒ်မ (၅၂) တွင် မည်သူမဆိုအောက်ပါပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် သုံးနှစ်မှ အများဆုံးထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ပုဒ်မ (၅၂) ပုဒ်မခွဲ (က)၌ ပုဒ်မ (၃) ပါ အကြမ်းဖက်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်များမှ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၆) မှ ပုဒ်မခွဲငယ် (၁၈) အထိပါရှိသော ပြုလုပ်မှုများ ကို အကျုံးဝင်ကြောင်း ထည့်သွင်းထားသည်။ ယခုပြင်ဆင်လိုက်သည့် ဥပဒေတွင် ပုဒ်မ(၅၂) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၃) ပါ အကြမ်းဖက်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်များမှ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၅) အား ပြစ်မှုနှင့် ပြစ်ဒဏ် လုပ်ဆောင်မှုများအဖြစ် ထပ်မံထည့်သွင်း ပြဋ္ဌာန်းလိုက် ခြင်းဖြစ်သဖြင့် ပုဒ်မ ၅၂(က)တွင် ပုဒ်မ (၃)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၅) မှ ပုဒ်မခွဲငယ်(၁၈) အထိ အကျုံးဝင်မည်ဖြစ်သည်။ အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၅)တွင် အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာ တွင်ဖြစ်စေသူတစ်ဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများဟု ပြဋ္ဌာန်းထားပြီး ယခုပြင်ဆင်လိုက်သည့် ဥပဒေအရ အဆိုပါပြုလုပ်မှုများသည် ပုဒ်မ (၅၂) ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် အကျုံးဝင်မည်ဖြစ်သည်။ အများပြည်သူသိမှတ်နိုင်စေရန်အတွက် ရှုပ်ထွေးသောဥပဒေအသုံး အနှုန်းများအား အရပ်သား စကားဖြင့်ဆိုသော် ယခုပြင်ဆင်လိုက်သော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ ငယ် (၁၅) မှ ပုဒ်မခွဲငယ် (၁၈) တို့မှာ အောက်ပါအတိုင်းပင်ဖြစ်သည် -

ဥပဒေအရအရေးယူခံရမည်

ပုဒ်မခွဲငယ် (၁၅) အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်း ဖက်လုပ်ငန်းဆောင်ရွက်ရန်ဖြစ်စေ “စည်းရုံးသိမ်းသွင်းခြင်း၊ တိုက်တွန်းခြင်း၊ ဝါဒဖြန့်ခြင်း၊ စုဆောင်းရန်ပြုလုပ်ခြင်း” စသည်တို့ အကျုံးဝင်လေသည်။ ထိုဥပဒေအရ ယခုအချိန် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းဟု ကြေညာထားသော "CRPH, NUG, PDF" များနှင့် အချို့သော "EAOs” များအကြောင်း ရေးသား၍သော် လည်းကောင်း၊ မီဒီယာတစ်ခု (ရုပ်သံ၊ ဂီတ၊ စာပေ၊ ကာတွန်း၊ ပန်းချီ စသည်ဖြင့်) ဖြင့် ထောက်ခံနေခြင်း၊ ပြောဆိုခြင်း စသည့်အပြုအမူများ၊ ထိုအကြမ်းဖက်အဖွဲ့ အစည်းများသို့ ဝင်ရောက်ရန်ဖြစ်စေ၊ စေခိုင်းခြင်းအား လိုက်ပါလုပ်ဆောင်သည်ဖြစ်စေ ဥပဒေအရ အရေးယူခံ ရမည်ဖြစ်သည်။

ပုဒ်မခွဲငယ် (၁၆) အကြမ်းဖက်အုပ်စု ဖွဲ့စည်းရန်၊ အကြမ်းဖက် အုပ်စုတစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန်၊ တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများဆိုသည်မှာ အထက်တွင် ဖော်ပြထားသော အဖွဲ့အစည်းများသည် နိုင်ငံတော်မှ အကြမ်းဖက် အဖွဲ့အစည်းများဟု ကြေညာပြီး ဖြစ်ရာ ထိုအဖွဲ့များ၏အဖျက်အမှောင့် လုပ်ငန်းများ၊ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ဆောင်ရွက် ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်သည်။

ပုဒ်မခွဲငယ် (၁၇) အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက် အုပ်စုတစ်ခုခု၏အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင် စေရန် (သို့မဟုတ်) လွတ်မြောက်စေရန်အလို့ငှာ ထိမ်ချန်ခြင်း၊ (သို့မဟုတ်) သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခို နေထိုင်ခွင့် ပေးခြင်း (သို့မဟုတ်) ဝှက်ထားခြင်း ပြုလုပ်မှုများဟု ဆိုထားသဖြင့် မြို့ရွာများအတွင်း အကြမ်းဖက် အဖွဲ့အစည်းမှ လူများရှိနေသည်ကို သိပါလျက် လုံခြုံရေးတပ်ဖွဲ့များထံ အကြောင်း၊ မကြားခြင်း၊ မိမိနေအိမ် (သို့မဟုတ်) အခြားသောနေရာတစ်ခုတွင် ဖွက်ပေးထားခြင်း၊ တည်းခိုစေခြင်း၊ အကြမ်းဖက်သမားများ  လွတ်မြောက်စေရန်အတွက် ကူညီခြင်း၊ ပို့ဆောင်ပေးခြင်းများသည်  ဥပဒေ အရ အရေးယူခံရမည်ဖြစ်သည်။ ထို့ကြောင့် မိမိအိမ်သို့လာရောက် တည်းခိုသော ဧည့်သည်များအား သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးရုံးများတွင် စနစ်တကျ ဧည့်စာရင်း တိုင်ကြားရန် လိုအပ်လေသည်။ လမ်းခရီးတွင်ဖြစ်စေ၊ အခြားသော အကြောင်းတစ်ခုခုဖြင့်ဖြစ်စေ မိမိမောင်းနှင်သော မော်တော်ယာဉ် (သို့မဟုတ်) အခြားသော သယ်ယူပို့ဆောင်ရေးယာဉ်တွင် လိုက်ပါမည့်သူများ၏ အကြောင်းအား သိရန်လိုပေမည်။ သို့မဟုတ်ပါက မိမိ မသိလိုက်ချိန်မှာပင် အလိုလို အကြမ်းဖက်မှုကို အားပေးသူ ဖြစ်သွားနိုင်ပါသည်။

အိမ်ငှားတင်ရာတွင် အိမ်ရှင်များ အထူးသတိပြုရမည့်အချက်

ပုဒ်မခွဲငယ် (၁၈) အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေး ပြုလုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် (သို့မဟုတ်) သယ်ယူပို့ဆောင်ရေး စီစဉ် ဆောင်ရွက်ပေးရန် ပြုလုပ်မှုများဆိုသည်မှာ အထက်တွင် ဖော်ပြ ထားသော ပုဒ်မခွဲငယ် (၁၇) အား ဖြည့်စွက်ခြင်းဖြစ်ရာ အထူးသဖြင့် အိမ်တင်ရာတွင် အိမ်ရှင်များအနေဖြင့် အထူးသတိပြုရမည့် အချက် ဖြစ်သည်။

အထက်ပါ ပုဒ်မအချက်အလက်များအပြင် အကြမ်းဖက်အဖွဲ့အစည်း ဟုကြေညာထားသော အဖွဲ့များ အားငွေနှင့် အခြားသောပစ္စည်းအမျိုးမျိုးအား ထောက်ပံ့ခြင်းသည်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၂) နှင့် ငြိစွန်းလေသည်။ ယခု “Social Media” တွင် အကြမ်းဖက် အဖွဲ့အစည်းမျိုးစုံမှ အကြောင်းအမျိုးမျိုးပြကာ အလှူခံနေခြင်း၊ များရှိသကဲ့သို့ ပရဟိတအဖွဲ့ အယောင်ဆောင်ကာ ကူညီထောက်ပံ့ပေး နေခြင်းများ ရှိလေသည်။

ထိုသို့လှူဒါန်းရာတွင် အလှူငွေကောက်ခံသူ၊ ပေးပို့သူ၊ လှူသောသူ သို့မဟုတ် ထောက်ပံ့သူများ သည် ဥပဒေအရ အရေးယူခံရနိုင်လေ  သည်။ အစိုးရအနေဖြင့် ဘဏ်ဖြင့်ဖြစ်စေ၊ အခြားသော ငွေကြေး လွှဲပြောင်းမှုတစ်ခုခုဖြင့်ဖြစ်စေ၊ ငွေကြေးလွှဲပြောင်းမှုအား တားဆီးနိုင်သော ခြေရာခံ နိုင်သော အာဏာရှိလေသည်။ ထို့ကြောင့်ပင် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် အကြမ်းဖက် အဖွဲ့အစည်းများ၊ ၎င်းတို့  ဘက်တော်သားများ၊ လော်ဘီများ၏ ဘဏ်စာရင်းများအား ပိတ်ပစ် ခြင်း၊ တားဆီးခြင်းများ လုပ်ဆောင်နိုင်ခဲ့လေသည်။

ကြံရာပါများမဖြစ်စေရန် သတိပြုသင့်

ဘဏ်ငွေစာရင်းဖြစ်စေ၊ မိုဘိုင်းဘဏ်စာရင်းဖြစ်စေ ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်များဖြင့်သာ လုပ်ရသဖြင့် ထိုအချက်အလက်များအား အစိုးရအနေဖြင့် အချိန်မရွေးစစ်ဆေးနိုင်လေသည်။ ထိုသို့ စစ်ဆေးတွေ့ရှိချိန်တွင် မည်သည့်နည်းဖြင့်မျှ ရှောင်နိုင်မည် မဟုတ်သဖြင့်စင်းစင်းကြီး မိကြမည် ဖြစ်သည်။ ဥပဒေပြင်ဆင်ချက်များ စတင် ပြုလုပ်သည်ဆိုကတည်းကပင် ထိုဥပဒေဖြင့် အကြမ်းဖက်၊ အဖွဲ့အစည်းများနှင့် ၎င်းတို့၏ထောက်ခံသူများအား အိမ်စောင့်အစိုးရမှ ဖိဖိစီးစီး စိစစ်ကာ အရေးယူ တော့မည်ဟု သတိပေးလိုက် သည်ပင်ဖြစ်လေသည်။ ဆိုရှယ်မီဒီယာတွင် အကြမ်းဖက်အဖွဲ့အစည်း “Logo” များဖြင့် လူများစွာရှိလေရာ လူအများ မိုးခါးရေသောက် သဖြင့် သောက်မိပါသည်ဟု ဆင်ခြေဖြင့် ရှောင်သော်ရမည် မဟုတ်ပေ။ ဥပဒေသည် မသိလို့မှားမိပါသည်ဟု ဆင်ခြေတက် နိုင်သည့်အရာ မဟုတ်ပေ။ မှားမိပါက ဥပဒေ ဓားစက်သည် အယုတ်အလတ်အမြတ် မရွေး ခုတ်ပိုင်းမည်သာဖြစ်လေရာ အများပြည်သူများအနေဖြင့် ဆွမ်းခံရင်းငှက်သင့် ဆိုသကဲ့သို့ အကြမ်းဖက်သမားများနှင့် ဆက်နွယ်မိပါက ပျက်စီးနိုင်ပါသည်။ ထိုသို့တစ်နွယ်ငင် တစ်စင်ပါ ပြစ်မှုကျူးလွန်သူနှင့် ကြံရာပါများမဖြစ်စေရန် အထူးသတိပြုသင့်ကြောင်း ရေးသားဖော်ပြ လိုက်ပါသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၆၉) တွင် “တည်ဆဲ ဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပါရှိ စေကာမူ အကြမ်းဖက်မှုများကို ဤဥပဒေဖြင့်သာ အရေးယူရမည်” ဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ် ပါ၍ ဥပဒေလိုက်သည့်နိုင်ငံသားများအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၄) ခုနှစ်ကို လိုက်နာရန် လိုအပ်ပါကြောင်း တင်ပြရပါသည်။ ။

ဉပဒေပညာရှင်တစ်ဦး