Skip to main content

ကိုဗစ်ကို အန်တုနိုင်ဖို့

ကမ္ဘာမှာရော မြန်မာမှာပါ ဆိုးဆိုးရွားရွားဒုက္ခပေး နေတဲ့ ကိုဗစ်-၁၉ကပ်ရောဂါဆိုးကြီးကို အန်တုနိုင် ဖို့ကလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ က စဉ်းစားသုံးသပ်ပြီး ပြည်သူ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အင်တိုက်အားတိုက် အန်တုတွန်းလှန်ကြမှသာ ကပ်ရောဂါကို ထိထိရောက်ရောက်ထိန်းနိုင် မှာပါ။ ကျန်းမာရေးဝန်ကြီးဌာနက တစ်နေ့တစ်နေ့ ထုတ်ပြန်တဲ့ ဖြစ်ပွားမှု၊ သေဆုံးမှုစာရင်းတွေကို ကြည့်ရင် ကိုဗစ်ကပ်ဆိုးက ဘယ်လောက်တောင် ရိုက်ခတ်နေပြီလဲဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် အကြောင်းကြောင်းတွေကြောင့် ဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းမှာ ပါမသွားတဲ့ ကိန်းဂဏန်း အချက်အလက်တွေလည်း ရှိနေပါသေးတယ်။ ဥပမာအားဖြင့် ကျန်းမာရေး ဝန်ကြီးဌာနနဲ့ အစိုးရ ဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခုခုမှာ စစ်ဆေးတဲ့ ကိန်းဂဏန်း အရေ အတွက်တွေ၊ ရောဂါပိုးတွေ့ရှိမှု အရေအတွက်တွေအားလုံးက ဝန်ကြီးဌာနရဲ့ စာရင်းမှာ ပါဝင် ပေမယ့် ပြင်ပအဖွဲ့ အစည်းတွေနဲ့ စစ်ဆေးရာက ပိုးတွေ့ရှိမှုအခြေအနေတွေ၊ ကိုယ့်ဘာသာ Test kit ဝယ်ပြီးစစ်ရာက တွေ့ရှိတဲ့ ကိန်းဂဏန်းတွေက ပါမလာနိုင်ပါဘူး။ သတင်းပို့ဖို့လို ဒီနေရာမှာ သတိပြုဖို့လိုတာကတော့ ကိုဗစ်၁၉ ရောဂါကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေအရ 'တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာ စာ ထုတ်ပြန်သတ်မှတ်ထားတဲ့အတွက် ဘယ်လို နည်းလမ်းနဲ့ပဲ စစ်ဆေးလို့တွေ့ရှိသည်ဖြစ်စေ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေဆီ သတင်းပို့ဖို့ လိုမှာပါ။ တချို့နေရာတွေမှာ “ဒီတွေ့ရှိမှုက တရား မဝင်ဘူး'ဆိုတဲ့သဘောပြောနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပြီဆိုမှတော့ တရားဝင်သည် ဖြစ်စေ၊ မဝင်သည်ဖြစ်စေ လူကို ဒုက္ခပေးနိုင်ပုံချင်း ကတော့ အတူတူပါပဲ။ ပြင်ပက စစ်လာတာကို လက်မခံတာက 'တိုင်ကြားရမည့် ကူးစက်ရောဂါ အဖြစ် သတ်မှတ် ထားတဲ့ အမိန့်ကြော်ငြာစာနဲ့ လည်းဆန့်ကျင်နေပါတယ်။ စစ်ဆေးထားတဲ့ရလဒ် ကို သံသယ ရှိတယ်ဆိုရင်လည်း ဌာနက ထပ်စစ် လိုက်ရုံပါပဲ။ ။ ပြင်ပမှာစစ်ဆေးတဲ့အဖြေကို လက်ခံသင့်ပါ တယ်။ ပထမအချက်အနေနဲ့ ကျန်းမာရေးဘက်မှာ လူအင်အားနည်းနေချိန်ဖြစ်တဲ့အတွက် စစ်ဆေးလို သူအားလုံးကို စစ်ဆေးပေးဖို့မလွယ်ပါဘူး။ တစ်မြို့နယ်လုံးမှာ တာဝန်ထမ်းဆောင်ဆဲ ဆရာဝန်တစ်ယောက်မှ မရှိတဲ့နေရာတချို့ရှိသလို ရှိတဲ့ဆရာဝန်ကိုယ်တိုင် ကိုဗစ်ကူးစက်ခံထားရတာ မျိုးလည်း ရှိပါတယ်။ ဆရာဝန်အပြင် တခြား ကျန်းမာရေးဝန်ထမ်းလည်း လျော့နည်းနေချိန် ဖြစ်ပါတယ်။ သံသယရှိသူအားလုံးကို ကျန်းမာရေးဌာနက စစ်ဆေးပေးနိုင်ဖို့က စစ်ပေးနိုင်တဲ့သူအလုံ အလောက်ရှိဖို့လိုတဲ့အပြင် စစ်ရမယ့်ပစ္စည်းပစ္စယတွေအတွက်ကလည်း ကုန်ကျစရိတ်ရှိနေတဲ့ အတွက် ပြင်ပမှာစစ်ဆေး တာတွေကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုတစ်ရပ်အဖြစ် အသိအမှတ်ပြု လက်ခံပေးစေ ချင်ပါတယ်။ ရောဂါပိုးတွေ့ပြီးချိန်မှာလည်း ကုသရေးပိုင်း မှာ အခက်အခဲရှိပြန်ပါတယ်။ ဆေးရုံဆေးခန်းတွေ မှာရှိတဲ့ အခြေခံအဆောက်အအုံနဲ့ ရှိနေတဲ့ လူအင်အားကိုသုံးပြီး မနားတမ်းကြိုးစားပမ်းစား ကုသပေးနေကြတာမှန်ပါတယ်။ ဒါပေမဲ့ လက်ခံ နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတဲ့ အခါ အနံ့ပျောက်၊ အရသာပျောက်တာလောက်ကို ကိုယ့် အိမ်မှာကိုယ်နေရင်းကုသပြီး စိုးရိမ် စရာအခြေအနေ တစ်ခုခုဖြစ်မှ ဆေးရုံပြေးတက်ရတာမျိုးတွေ ရှိနေ ပါတယ်။ တကယ် တမ်းကျတော့ စိုးရိမ်ရတယ်၊ မစိုးရိမ်ရဘူးဆိုတာကလည်း ဆရာဝန်ရဲ့ သုံးသပ်ချက်က မှ မှန်နိုင်မှာပါ။ သာမန်လူနာက မသိနိုင်ပါဘူး။ အသက်ရှူကျပ်လာမှ၊ အမောဖောက်လာမှ၊ ကိုယ် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ကျော်လာမှ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၂ ရာခိုင်နှုန်း အောက်ကျလာ မှလူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံပြေး ပေမယ့် လူနာရဲ့ အသက်ကို မကယ် နိုင်လိုက်တာမျိုးတွေ ရှိပါတယ်။ လူနာတင်ယာဉ်နည်းတဲ့ နယ်မြို့တွေ၊ လူနာတင် ယာဉ်ရှိပေမယ့်ကိုဗစ်လူနာကို မတင်ဝံ့တဲ့ နေရာ တွေ၊ လူနာတင်ယာဉ်လုံးဝမရှိတဲ့ ကျေးလက်ဒေသတွေ အတွက်ဆိုရင် တစ်ခုခုဖြစ်လာမှ အချိန်မီ ထပြေးလာဖို့ ဆိုတာ တော်တော်ကိုအခက်အခဲရှိပါတယ်။ သာမို မီတာတို့၊ အောက်ဆီမီတာတို့ လုံးဝမရှိတဲ့ ဝေးလံ ခေါင်သီကျေးလက်ဒေသတွေမှာလည်း ဒီကပ်ရောဂါ ဖြစ်ပွားနေတာမို့ ဒီ အချက်ကိုလည်း ထည့်သွင်း သုံးသပ်သင့်ပါတယ်။ ဆေးရုံဆေးခန်းလည်း မရောက်နိုင်၊ ကိုယ့် ဘာသာစနှစ်တကျကုဖို့လည်း ခက်ခဲနေသူတွေအတွက် အလွယ်တကူနားလည်နိုင် မယ့်ယေဘုယျသဘောအကြံပြုချက်တွေလိုပါတယ်။ အိမ်မှာနေတဲ့ ပိုးတွေ့ လူနာအတွက် ဘယ်လိုနေထိုင်သင့်တယ်၊ ဘယ်လိုဆေးဝါးတွေ သောက်သုံးသင့် တယ်ဆိုတာကို သက်ဆိုင် ရာဝန်ကြီးဌာနက အကြံပြုချက်တွေ ဖြန့်ဝေပေးထားသင့်ပါတယ်။ ဥပမာ “ပြည်သူသို့ အသိပေး ပန်ကြားချက်’ လိုမျိုး၊ “အသွား အလာကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင် ရမည့် သူများအတွက်လမ်းညွှန်ချက်များ (အနှစ်ချုပ်) လိုမျိုး အိမ်မှာနေတဲ့ ပိုးတွေ့လူနာတွေ အတွက် လမ်းညွှန်ချက်တွေပေးသင့်ပါတယ်။ ပိုပြီးအန္တရာယ်ကင်း ကိုယ်တိုင်ကုသတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကရော တခြားကျန်းမာရေးအဖွဲ့ အစည်း တွေပါ အားမပေးကြပါဘူး။ အားမပေးတာကလည်း မမှားပါဘူး။ အရမ်းကုနည်းနဲ့ကုရင်လည်း ပျောက်ဖို့ မသေချာပါဘူး။ ဒါပေမဲ့ လက်တွေ့အခြေအနေအရ ရောဂါဖြစ်ပွားသူအားလုံးကို ကျန်းမာရေးဌာနက စောင့်ရှောက်မှုပေးနိုင်ဖို့ အခက်အခဲရှိနေတာကို လက်ခံရမှာပါ။ တချို့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာတောင် လူနာက ကိုယ့်အိမ်မှာကိုယ်နေရင်း ကိုယ့်အခြေအနေ ကိုယ်စစ်ဆေးပြီး ကျန်းမာရေးဌာနကို ပုံမှန်သတင်း ပို့နေရတဲ့စနစ်မျိုး ကျင့်သုံးတာတွေ ရှိတယ် လို့သိရ ပါတယ်။ ဒီတော့ ကိုယ့်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ( အားနည်းနေချိန်၊ ဒီလိုစနစ်မျိုးကို တရားဝင်ကျင့်သုံးတဲ့အတွက် အရမ်းကုနည်းနဲ့စာရင် ပိုပြီးအန္တရာယ် ကင်းပါလိမ့်မယ်။ ဒါကြောင့် အိမ်မှာနေပြီး ကိုယ့်ဘာသာသက်သာအောင် ကြိုးစားမယ့်သူတွေ အတွက် လမ်းညွှန်ချက်တွေ၊ အကြံပြုချက်တွေ တရားဝင်ထုတ်ပြန်ပေးရပါမယ်။ ။ ဆိုရှယ်မီဒီယာမှာတော့ အကြံပြုချက်တွေ အများကြီးရှိနေပါတယ်။ အောက်ဆီဂျင်ကျရင် ခွေး တောက်ရွက်ရှူရမယ်လို့အကြံပြုတဲ့သူလည်းရှိတယ်။ ခွေးတောက်ရွက်ရှူရင် အန္တရာယ်ရှိတယ်လို့ပြောတဲ့ သူလည်းရှိတယ်။ မာလကာသီးစားရင် အောက်ဆီဂျင် တက်တယ်လို့ ဆိုသူလည်းရှိတယ်။ ဝမ်းလျား မှောက်အိပ်ပါလို့ တိုက်တွန်းတဲ့သူလည်းရှိတယ်။ | အဲဒီလိုအိပ်လို့ ဘယ်ဖြစ်မှာတုံးလို့ ပြောတဲ့သူလည်း ရှိလေရဲ့။ လူနာကဘာကိုယုံပြီးဘယ်လိုနေရမယ်မှန်း မသိဘဲဖြစ်သွားရော။ ဒါကြောင့် လူနာအတွက် | လမ်းညွှန်ချက် လိုအပ်ပါတယ်။ ဘာဆေးတွေ သောက်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ၊ ဘာတွေ စားသောက်သင့်သလဲ၊ ဘာတွေ ရှောင်သင့်၊ ဆောင် သင့်သလဲ စသဖြင့်ပေါ့။ ။ Home Quarantine နေနိုင်ဖို့ နောက်တစ်ချက်ကတော့ လူနာတွေနေမယ့် နေရာပါ။ အိမ်မှာနေဖို့အတွက် ကိုယ်ပိုင်ခြံဝင်းနဲ့ လုံးချင်းအိမ်၊ လူနေကျဲပါးတဲ့ရပ်ကွက်၊ ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါတဲ့ သီးခြားအခန်းရှိရမယ် ဆိုပေမယ့် မြို့ပြဆင်ခြေဖုံးက အခြေခံလူတန်းစားတွေနဲ့ကျေးလက်နေပြည်သူတွေအတွက်က စံသတ်မှတ် ချက်တွေနဲ့အညီ Home Quarantine နေနိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် အနယ်နယ် အရပ်ရပ်မှာရှိနေတဲ့ အခြေခံပညာကျောင်းတွေကို ရပ်ရွာက လိုအပ်တဲ့ အချိန်မှာအသုံးပြုနိုင်ဖို့ ခွင့်ပြုပေးသင့်ပါတယ်။ ကျောင်းတွေက ရက်အကန့်အသတ်မရှိ ပိတ်ထား ပြီး ကပ်ရောဂါကို အတန်အသင့်ထိန်းချုပ် နိုင်ချိန်ကျမှ ပြန်ဖွင့်မယ်ဆိုရင် ကြားကာလအတွင်းမှာ ကုသဖို့ နေရာ၊ အသွားအလာ ကန့်သတ်ဖို့နေရာအဖြစ် အသုံး ပြုနိုင်မှာဖြစ်ပါတယ်။ ကပ်ရောဂါကို အန်တုနိုင်ဖို့အတွက် လုပ်ဆောင် စရာအချက်အလက်တွေ အများကြီးရှိပါတယ်။ လူစုလူဝေးရှောင်ကြဉ်ဖို့ အကြံပြုထားပေမယ့် စားဝတ်နေရေးအရမရှောင်နိုင်ဘဲဖြစ်နေတာတွေ၊ လူစုလူဝေးအခမ်းအနားတွေ မလုပ်ကြဖို့ တားမြစ် ထားပေမယ့် အကြောင်းကြောင်းတွေကြောင့် ပွဲကျင်းပနေကြတာတွေ၊ ပုံစံမျိုးစုံနဲ့ စုဝေးနေကြ တာတွေ ရှိနေပါတယ်။ ထိန်းသင့်တာတွေကို ထိန်းကြရမှာဖြစ်သလို ဖြစ်နိုင်သမျှ ပူးပေါင်းပါဝင် လိုက်နာပေးကြရမှာပါ။ ပညာရှာ ပြည်သာမှ၊ စီးပွားရှာ ပြည်နာမှ'တဲ့။ ကပ်ရောဂါဆိုးကြောင့် ကိုယ့်ပြည်သာမက တစ်ကမ္ဘာလုံး အထိနာနေတဲ့အချိန်မှာ အခြေခံ စားသောက်ကုန်တွေသာမက ဆေးဝါးတွေ၊ နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးတွေလည်း သိသိသာသာဈေးတက်လာကြပါတယ်။ တချို့ ရောင်းတဲ့သူတွေကျတော့လည်း 'ဝယ်ရင်းဈေးကို က တက်နေတော့ တင်ရောင်းရတော့ တာပဲဗျာ”တဲ့။ သာမန်လက်လုပ်လက်စား အခြေခံလူတန်းစား တစ်ယောက် က အပြင် ထွက်တိုင်း နှာခေါင်းစည်း အသစ်တပ်သွားပြီး အိမ်ပြန်အရောက်မှာ သုံးပြီးသားနှာခေါင်းစည်းကို စွန့်ပစ်နိုင်ဖို့ အခက်အခဲရှိပါတယ်။ ဈေးတွေကကြီးနေတာ။ စားရေးသောက်ရေးမှ အနိုင် နိုင် မဟုတ်လား။ ဘာဆေး ညာဆေးတွေ ကြိုသောက်ထား သင့် တယ် ဆိုပြန်တော့ မကြား ဖူးတဲ့ဈေးနှုန်းတွေအထိ တက်နေကြပြီလေ။ ဝင်ငွေနည်းပြည်သူတွေကို ငဲ့ညှာသင့် စီးပွားရေးလုပ်တယ်ဆိုတာကတော့ အကျိုး အမြတ်အတွက်ပါပဲ။ ဒါပေမဲ့ အကျိုးအမြတ်ကိုချည်း ရှေ့တန်းတင်ပြီး အဆမတန်ဈေးမြှင့်ရောင်းတာ တွေကိုတော့ အထူးသဖြင့် ကပ်ဘေးကျရောက် နေတဲ့အချိန်မှာ ရှောင်ရှားသင့်ပါတယ်။ ဝင်ငွေနည်း ပြည်သူတွေကို ငဲ့ညှာသင့်ပါတယ်။ စီးပွားရေးသမားအားလုံး ကိုယ်ကျိုးကြည့်ပြီး ဈေးတွေ အဆမတန်တက်နေကြတာမျိုးတော့ မဟုတ်ပါဘူး။ ကြက်ဥတစ်လုံး တစ်ရာ့ငါးဆယ် နှစ်ရာအထိဖြစ်နေချိန်မှာ တစ်လုံးတစ်ရာနဲ့ ရောင်းပေးတာတွေ၊ အခမဲ့ဝေငှပေးတာတွေ လုပ်နေတဲ့ လုပ်ငန်းရှင်ကြီးတွေလည်း အများကြီး ရှိကြပါတယ်။ တကယ်ကို ချီးကျူးဂုဏ်ပြုသင့်တဲ့ လုပ်ရပ်တွေပါပဲ။ ။ ကပ်ရောဂါထိန်းချုပ်ရေးကို နိုင်ငံအသီးသီးက ပုံစံအမျိုးမျိုးနဲ့ ချဉ်းကပ်ကိုင်တွယ်ဖြေရှင်းနေကြ ပါတယ်။ တခြားနိုင်ငံတွေမှာ အားနည်းချက်၊ အားသာချက်တွေရှိသလို ကိုယ့်နိုင်ငံမှာလည်း အားနည်းချက်၊ အားသာချက်တွေရှိပါတယ်။ အားနည်းချက်ကတော့ ကျန်းမာရေးဝန်ထမ်းမလုံ လောက်မှုပြဿနာနဲ့ အခြေခံအဆောက်အအုံ မပြည့်စုံမှုပြဿနာပါ။ လူ့စွမ်းအားအရင်း အမြစ် ကတော့ ရေတိုကာလအတွင်းမှာ ဖြည့်ဆည်းဖို့ မလွယ်ပါဘူး။ ရှိတဲ့အရင်းအမြစ်ကို အထိ ရောက်ဆုံး အသုံးပြုကြရမှာပါ။ လက်ရှိတာဝန် ထမ်းဆောင်ဆဲ ကျန်းမာရေးဝန်ထမ်း တွေလည်း ဘယ်လောက်ပင်ပန်းနေကြမလဲဆိုတာ အားလုံး အသိပါပဲ။ ဝန်ထမ်းမလုံလောက်တဲ့ ပြဿနာအတွက် စေတနာ့ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှု အား ကောင်းလာစေမယ့်အစီအစဉ်တွေ အကောင် အထည်ဖော်ဆောင်ရွက်သင့်သလို ပြင်ပပရဟိတ အဖွဲ့အစည်းတွေက အခမဲ့ဖြစ်စေ၊ အခပေးစနစ်နဲ့ ဖြစ်စေ စစ်ဆေးပေးနေတာတွေကိုလည်း အသိ အမှတ်ပြုပေးသင့်ပါတယ်။ အခြေခံအဆောက်အအုံ မပြည့်စုံမှုအတွက်လည်း စာသင် ကျောင်းလို၊ ခန်းမလို အဆောက်အအုံတွေကို ထည့်သွင်းအသုံးပြု ခြင်းအားဖြင့် အတန်အသင့် ပြေလည်စေမှာဖြစ်ပါတယ်။ အားသာချက်အနေနဲ့ကတော့ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် တတ်စွမ်းသမျှ ပါဝင်လှူဒါန်း နေကြသူတွေရှိသလို အသက်ကို မငဲ့ကွက်ဘဲ ကိုယ့်စရိတ်ကိုယ်စားပြီး လူနာပို့ဆောင်ပေးနေသူ တွေ၊ သေဆုံးသူတွေကို သင်္ဂြိုဟ်ပေးနေတဲ့အဖွဲ့ အစည်းတွေရှိနေတာပါပဲ။ မြန်မာ့စိတ်ရင်းက တကယ်ကို လေးစားကြည်ညိုစရာကောင်းပါတယ်။ ကိုယ်နဲ့ကိုယ့်မိသားစုအတွက်ငဲ့မနေနိုင်ဘဲ၊ ရောဂါ ကူးစက်မယ့်အန္တရာယ်ကိုတောင် မမှုနိုင်ဘဲ အများ အကျိုးအတွက် ကူညီဆောင်ရွက် နေတဲ့ ပုဂ္ဂိုလ်မွန်တွေ အများကြီးရှိနေကြပါတယ်။ ဒါက တကယ့်ကို ဂုဏ်ယူစရာ အချက်တစ် ခုပါ။ လက်ရှိကျင့်သုံးနေတဲ့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေက ၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက်နေ့က ပြဋ္ဌာန်းခဲ့တာပါ။ ကာလရွေ့လျော လာတာနဲ့အမျှ အားနည်းချက် အချို့ လည်းရှိနေပါတယ်။ ဒီအတွက် ဥပဒေသစ်ပြဋ္ဌာန်းဖို့ ဥပဒေကြမ်း အသင့်ရှိနေတာကြာ ပြီဖြစ်ပါ တယ်။ ဥပဒေကြမ်းက တည်ဆဲဥပဒေထက် အားသာချက်တွေရှိနေတာကို လည်း တွေ့ရပါ တယ်။ ။စဉ်းစားစရာတွေကတော့ အများကြီးပါ။ ဖြစ်နိုင် ရှိတာတွေကို အားလုံး ထည့်သွင်း စဉ်းစားပြီး လက်တွေ့ကျတာတွေကိုအားလုံးပူးပေါင်း အကောင် အထည်ဖော်ကြည့် ကြရမှာ ပါပဲ။ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ'သေခြင်းတရားက ရောက်လာနိုင်တယ် ဆိုတာ ဒီကနေ့ လက်တွေ့မျက်မြင်ပါ။ သတင်းစာရဲ့ နာရေးကြော်ငြာတွေကိုကြည့်လိုက်ရင် လူမှု ကွန်ရက်ပေါ်က နာရေးသတင်းတွေကို ကြည့်လိုက်ရင် ကိုယ်နဲ့ မသိတဲ့သူတွေရော၊ ကိုယ်နဲ့ ရင်းနှီးချစ်ခင် ရသူတွေပါ နေ့စဉ်နဲ့အမျှ လူ့လောကကြီးကို စွန့်ခွာ သွားကြတာကို တွေ့နိုင် ပါတယ်။ ဒီကပ်ဆိုးကို ကြိုးစားပြီးအန်တုနိုင်မှတန်ကာကျတော့မယ်ဆိုတာ လည်း ပြောစရာ မလိုတော့ လောက်အောင်ပါပဲ။ ကိုဗစ်ကိုအန်တုနိုင်ဖို့ အားလုံးကြိုးစားကြ ပါစို့။ ။ သိုက်စိုးထွန်း(နတ်ရွာ)