ကြိုးပမ်းညီညာ ပြည်ကျန်းမာ
တောခြောက်ကြသူများ “မြန်မာနိုင်ငံတွင် လူတိုင်းသေနေကြပြီ။ မျိုးပြုတ်လုနီးဖြစ်နေပြီ။ (Everyone is dying : Myanmar on the brink of decimation)
" မြန်မာရေးရာ ကျွမ်းကျင်သူဟူ၍ ထင်ရှားသည့် သမိုင်းပညာရှင် မေရီကာလာဟမ် ဇူလိုင်လ ၁၇ ရက်နေ့က အေးရှားတိုင်းမ် သတင်းစာတွင် ရေးသားဖော်ပြခဲ့သော ဆောင်းပါး၏ စိတ်နှလုံး ချောက်ချားဖွယ် ခေါင်းစည်းဖြစ်၏။ သူ၏ဆောင်းပါးတွင် “မြန်မာနိုင်ငံရှိ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်အရ ၅၅ သန်းမျှသော မြန်မာနိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် လာမည့်ရက်သတ္တသုံးပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် အယ်လ်ဖာ(သို့မဟုတ်) ဒယ်လ်တာမျိုးကွဲ ဗိုင်းရပ်စ်များ ကူးစက်ခံရ နိုင်သည်။ အလွန့်အလွန် လေးစားဖွယ်ကောင်းသည့် ပြည်သူ့ကျန်းမာရေး ပါရဂူတစ်ဦးက မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရော ဂါပြီးဆုံးသွားချိန်၌ လူဦးရေ ၁၀ သန်းမှ ၁၅ သန်းခန့်အထိ မျိုးပြုတ်သွားနိုင် ဖွယ်ရှိ ကြောင်း မျှော်မှန်းထားသည်”ဟူ၍လည်း ပါရှိသည်။ အလားတူပင် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ၏အမြဲတမ်း ကိုယ်စားလှယ် ဘာဘရာဝုဒ်ဝပ် ကလည်း “မြန်မာနိုင်ငံ၏ ကျန်းမာ ရေးစောင့်ရှောက်မှု စနစ်တစ်ခုလုံးသည် လုံးဝနီးပါး ပြိုလဲသွားခဲ့ပြီ၊ ကျန်းမာရေးဝန်ထမ်းများမှာလည်း တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းခံနေ ကြရသည်။ တစ်နိုင်ငံလုံးကို ဗိုင်းရပ်စ်ပိုးက လျင်မြန်စွာ ပျံ့နှံ့လျက်ရှိပြီး လာမည့်ရက်သတ္တနှစ်ပတ်အတွင်း နိုင်ငံလူဦးရေ၏ ထက်ဝက် သည် ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရဖွယ်ရှိကြောင်း အချို့က ခန့်မှန်း ထားသည်”ဟူ၍ ဇူလိုင်လ ၃၀ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အလွတ်သဘော ဆွေးနွေးပွဲတစ်ခု၌ ပြောကြားသွားခဲ့ပြန်သည်။ ထင်ရှားသည့် မြန်မာနွယ်ဖွား သမိုင်းဆရာတစ်ဦးဖြစ်သော ဦးသန့်မြင့်ဦးကလည်း “မြန်မာနိုင်ငံ ဟာ ကမ္ဘာ့လူဦးရေထက်ဝက် နီးပါးနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ နယ်စပ်မျဉ်းတွေကလည်း လုံလုံခြုံခြုံကာရံထားတာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကိုဗစ်က ထိန်းမနိုင်သိမ်းမရဖြစ်နေပြီ။ ကျရှုံးနိုင်ငံတစ်ခုဟာ ကိုဗစ်ကို နိုင်အောင်ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ မြန်မာကိုဗစ်မျိုးကွဲ သစ်တွေဟာ ကမ္ဘာကိုခြိမ်းခြောက်လာနိုင်တယ်။ မြန်မာကိုကူညီဖို့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးအကြီးဆုံးဖြစ်လာနေပြီ”ဟု ဇူလိုင်လ ၁၇ ရက်နေ့က သူ၏ တွစ်တာစာမျက်နှာတွင် ရေးသားထားခဲ့ပြန်သည်။ အချက်အလက်များကို ဆန်းစစ်လေ့လာခြင်း အထက်ဖော်ပြပါ ရေးသားပြောဆိုချက်များအရ မြန်မာနိုင်ငံပြင်ပ အထူးသဖြင့် အနောက်နိုင်ငံ အသိုင်းအဝိုင်းတွင် “မြန်မာနိုင်ငံတော့ ကိုဗစ်ကြောင့် မျိုးပြုတ်တော့မယ်” ဟူသည့် သတင်းစကားပျံ့နှံ့နေကြောင်း ထင်ရှားပါသည်။ ထိုသို့ရေးသားပြောဆိုသူများသည် ယင်း သတင်းအချက်အလက်များကို နိုင်ငံရေးရည်ရွယ်ချက် တစ်ခုခုဖြင့် တမင်ထုတ်ဖော်ပြောဆို ခဲ့ကြခြင်းလော၊ သို့တည်းမဟုတ် ယင်းတို့ကြားသိရရှိနေသည့် အမည်မဖော်ပြနိုင်သော ကျွမ်းကျင်သူဆိုသူများ ၏ အချက်အလက်များကို အမှန်တကယ်ယုံကြည်၍ ရေးသားပြောဆို ခဲ့ကြခြင်းလော ဆိုသည်မှာမူ အဆိုပါပုဂ္ဂိုလ်များသာ သိကြပါလိမ့်မည်။သို့တစေ ထိုသတင်းများက မြန်မာနိုင်ငံတွင်းသို့လည်း လူမှု မီဒီယာများမှ တစ်ဆင့်ရောက်ရှိလာခဲ့ရာ “ဖေ့စ်ဘွက်တစ်မျက်နှာကို တစ်ကမ္ဘာ”ထင်နေကြသည့် ရိုးသားသော ရဟန်းရှင်လူပြည်သူ များစွာ တို့အကြားတွင်လည်း ဟုတ်လိမ့်နိုးနိုး ဖြိုးဖြိုးပြာပြာ ကြောက်အား ပါလျက် ထန်းရွက်ပေါ် ဥသျှစ်သီးကြွေသည်ကို မိုးပြိုပြီထင်သည့် ယုန်သူငယ်များကဲ့သို့ ဖြစ်နေကြရ သည်ကို တွေ့ရပါ၏။ ထို့ကြောင့်လည်း အဆိုပါ ဂုဏ်သရေရှိပုဂ္ဂိုလ်များ၏ ပြောကြား ချက်ပါ အချက်အလက်များ မည်မျှတိကျမှန်ကန်သည်ကို လေ့လာ ဆန်းစစ်ကြည့်ရန် လိုအပ်သည်ဟု ယူဆသဖြင့် ရနိုင်သမျှ သတင်း အချက်အလက်များကို ရှာဖွေဖော်ထုတ် တင်ပြအပ်ပါသည်။ ။ မိမိရရှိသော အချက်အလက်သတင်းများသည် တစ်နိုင်ငံလုံး နှင့် ပတ်သက်သည့် ဌာနဆိုင်ရာများ ထံမှ ရယူခြင်းဖြစ်၍ ယေဘုယျအခြေအနေကို ခြုံငုံသိမြင်နိုင်ကောင်းသည်ဟု ယူဆပါသည်။ သို့သော်မြေပြင်တွင် ဖြစ်ပေါ်နေသော အချို့ အခြေအနေများနှင့်မူ တူကောင်းမှ တူပါလိမ့်မည်။ တောအုပ်တစ်ခုလုံးကို ခြုံ၍ပြောရာတွင် သစ်ပင် တစ်ပင်ချင်းအနေအထားနှင့် ကွဲပြားသည် များလည်းရှိနိုင်ပါ၏။ Macro နှင့် Micro သဘောကို ခွဲခြားနားလည်နိုင်ဖို့တော့ လိုပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ တောအုပ်တစ်ခုလုံးကောင်းသလို သစ်ပင်တိုင်းလည်း ကောင်းဖို့ကို လည်း အစွမ်းကုန်လုပ်ဆောင်ကြရမည်သာ ဖြစ်ပါ၏။ ရောဂါကူးစက်ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းတို့၏ လားရာ ပထမဦးစွာ အလေးထား၍ဦးစားပေး ဆန်းစစ်ရမည့် အချက်တစ်ခု - မှာ တစ်နိုင်ငံလုံး ကိုဗစ်- ၁၉ ရောဂါကူးစက်ဖြစ်ပွားနှုန်းနှင့် ရောဂါ - ကြောင့် သေဆုံးနှုန်းပင်ဖြစ်၏။ မြန်မာနိုင်ငံတွင် ကူးစက်မှုမြန်သော ဒယ်လ်တာမျိုးကွဲ ဗိုင်းရပ်စ်ကြောင့် ကိုဗစ်- ၁၉ ရောဂါကူးစက်နှုန်းမှာ တတိယလှိုင်းတွင် အထူးမြင့်မားခဲ့သည်မှာ မှန်ပါ၏။ ရောဂါကြောင့် သေဆုံးမှုများလည်း သိသိ သာသာ မြင့်တက်ခဲ့သည်မှာ အငြင်းပွားရန်မရှိပါ။ သို့သော် ထိုဆရာ၊ ဆရာမကြီးများ ပြောခဲ့ကြသကဲ့သို့ အလွန်ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ခြင်းရှိ/မရှိ ကိုတော့ ဆန်းစစ်ကြည့်ရန်လိုပါမည်။ ပထမအချက်။ ။ (ဇူလိုင်လ ၁၇ ရက်နေ့မှ ) လာမည့်ရက်သတ္တ - သုံးပတ်အတွင်း နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့် ရောဂါကူးစက်ခံရခြင်း ရှိ/မရှိ။ ယခုစာကို ရေးသားနေသည့် ဩဂုတ်လ ၂ ရက်နေ့ (ဆိုခဲ့ သည့် တတိယပတ်အတွင်း အခြေအနေမှာ တတိယလှိုင်း မြင့်မားနေ သည့် ဇူလိုင်လလယ်ပိုင်းနှင့် နှိုင်းယှဉ်လျှင် ကူးစက်သူအရေအတွက် ( ၁၃ ရာခိုင်နှုန်း အထိကျဆင်းသွားခဲ့ပြီး ကူးစက်နှုန်းမှာလည်း ၃ ရာခိုင် နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်း ဇယားများအရ သိရသည်။ ရိုက်တာ သတင်းဌာန၏ Global trackerစာရင်းများအရ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံး | ကူးစက်မှုပမာဏ ၆၇၀၁ ဦးမှ ဩဂုတ်လ ၁ ရက်နေ့တွင် ၃၄၈၀ သာ ရှိတော့သည်ကို တွေ့ရသည်။ ထက်ဝက်ခန့် ကျဆင်းသွားခြင်းဖြစ်၏။ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါစတင်ဝင်ရောက်ချိန်မှစ၍ ဩဂုတ်လ ( ၁ ရက်နေ့အထိ ရောဂါပိုး စစ်ဆေးတွေ့ရှိသူပေါင်း ၃၀၂၆၆၅ဦးရှိပြီးရောဂါကြောင့် သေဆုံးသူ ၉၇၃၁ ဦးရှိကြောင်း ရိုက်တာသတင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ ဖုံးကွယ် ဖြစ်ပွား သူနှင့် ဖုံးကွယ်သေဆုံးသူများလည်း ရှိမည်မှာမလွဲဖြစ်သည်။ Under reporting ဟုခေါ်သည့် စာရင်းမပါဖြစ်ပွားသေဆုံးသူများသည် အမေရိကန်ကဲ့သို့သော ဖွံ့ဖြိုးပြီး ထိပ်သီးနိုင်ငံကြီးများ ၌ပင် မကင်းနိုင်သော ကိစ္စဖြစ်၏။ မည်သို့ပင်ဖြစ်စေ စာရင်းမပါသူ အရေအတွက်သည် စာရင်းပါ အရေအတွက်ထက် ၁၀ ဆများသည်ဆိုဦး၊ ကူးစက်ဖြစ်ပွားသူ သုံးသန်းကျော်သာရှိနိုင်ပေ လိမ့်မည်။ သေဆုံးသူကိုကြည့်လျှင်လည်း သုသာန်များ၌ စုစုပေါင်း သင်္ဂြိုဟ် သည့် ရုပ်ကလပ်အရေ အတွက်မှတစ်ဆင့် အနေအထားကို မှန်းဆ နိုင်သည်။ မြန်မာနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံး နှင့် အသိပ်သည်းဆုံး ဖြစ်ပြီး ကိုဗစ်ရောဂါကြောင့် သေဆုံးနိုင်ခြေ အများဆုံးဖြစ်သည့် ရန်ကုန်တွင် ဇူလိုင်လလယ်က နေ့စဉ်သဟ်ရမှု ၁၆၀၀ ခန့်ရှိခဲ့ရာမှ ဩဂုတ်လ ၁ ရက်နေ့တွင် ၈၉၈ ဦးသာရှိတော့ရာ ထက်ဝက်ခန့် ကျဆင်း သွားခြင်းဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံလူဦးရေတစ်ဝက် ၂၇ သန်းခန့်သာ ထိုပညာရှိကြီးများပြောသလို ကူးစက်သည်ဆိုပါက မြန်မာနိုင်ငံ၏ ကိုဗစ်ကြောင့်သေဆုံးနှုန်းသည် အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၏ တွက်ချက်မှုအရ ၃ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်ဟုဆိုရာ ယခုသုံး ပတ်တာကာလအတွင်း သေဆုံးသူအရေအတွက်မှာ ၈၃၇၀၀၀ ရှိရပေလိမ့်မည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ စာရင်းများအရ ကိုဗစ်နှင့် ဆက်စပ်၍ သေဆုံးသူ ကိုးထောင်ကျော်တွင် တတိယလှိုင်း၌ သေဆုံး သူမှာ ခြောက်ထောင်ကျော်ရှိသည်ဟု ဆိုသည်။ ဖုံးကွယ်သေဆုံးသူနှင့်ပါ ယင်းပမာဏ၏ ဆယ်ဆဟုတွက်လျှင် (အမှန်တကယ် ထိုမျှမရှိ နိုင်ပါ။) ခြောက်သောင်း ထက်ပိုမည်မထင်ပါ။ အဆိုပါ ပိုပိုသာသာ ၆၀၀၀၀ကိုပင်မူတည်၍ သေဆုံးနှုန်း ၃ ဒသမ ၁ ရာခိုင် နှုန်းနှင့် ပြန်တွက်ပါက တတိယလှိုင်းတွင် ကူးစက်သူပေါင်းမှာ ၁ ဒသမ ၉ သန်းခန့်ရှိမည်ဟု ( အဖြေထွက်ပါ၏။ မဟာပညာကျော်များတွက်သလို ၂၇ သန်းကူးစက်မည်ဆိုခြင်းမှာ မည်သည့်နည်းလမ်းဖြင့် မည်သည့် မြေပြင်အချက် အလက်များကို ရယူတွက်ချက်ခြင်း ဖြစ်သည်ကို သိလိုလှပါဘိ၏။ထိုထက် ပို၍သိလိုသည်မှာ ထိုသူတို့ ကိုးကားဖော်ပြခဲ့သည့် အမည် မသိအလွန့်အလွန်ဂုဏ်သရေကြီးမြင့်သော(Very reputabe) ပြည်သူ့ကျန်းမာရေး ပါရဂူကြီး၏ အမည်နှင့်ဂုဏ်ထူးဝိသေသတို့ကို အထူးလေးစားဖွယ်ကောင်းလှသဖြင့် သိလိုလှခြင်းဖြစ်ပါ၏။ ဒုတိယအချက်။ ။ ကိုဗစ်အပြီးတွင် မြန်မာနိုင်ငံ၌ လူဦးရေ ၁၀ သန်းမှ ၁၅ သန်းအထိ သေဆုံးမည်ဟု ဆိုခြင်း၊ လက်ရှိအနေအထား အရ လူဦးရေ ၆ သန်းမျှရှိသော ရန်ကုန်တွင် ရောဂါ ပေါင်းစုံဖြင့် နေ့စဉ်သဂြိုဟ်ရမှုပေါင်း ၈၀၀ ခန့်ရှိ၏။ (ထိုထက်ကျဆင်းရန်လည်းရှိသည်။) ဤနှုန်းကိုပင် ကိန်းသေယူ၍ တွက်လျှင်ပင် တစ်နိုင်ငံလုံး နေ့စဉ်စုစုပေါင်း သေဆုံးမှု ၇၀၀၀ ကျော်ခန့်ရှိနိုင်၏။ ၁၅ သန်းပြည့်ရန်အတွက် အချိန် ၅ နှစ်ခွဲခန့် ကြာမြင့်ပေလိမ့်မည်။ ယခုအခါ |အစိုးရက ၂၀၂၁ ခုနှစ်ကုန်တွင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီး ဖြစ်ရန်ကြိုးပမ်းလျက်ရှိ၏။ ကျန်းမာရေးပညာရှင်တို့၏ အဆိုအရ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရောဂါ ပိုးနှင့်ထိတွေ့ပြီးဖြစ်လျှင် Herd Immunity ခေါ် ရောဂါခံနိုင် ရည်ရသည်ဟု သိရ၏။ သို့ဆိုလျှင် ကာကွယ်ဆေးထိုးပြီးသူ ၅၀ ရာခိုင်နှုန်း၊ ရောဂါပိုးနှင့်ထိ တွေ့ပြီးသူ (လက္ခဏာဆောင်သူဖြစ်စေ၊ မဆောင်သူဖြစ်စေ) ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းရှိ ခဲ့လျှင် ရောဂါကို ခံနိုင်ဖွယ်ရှိသည်။ သို့တည်းမဟုတ် ကိုဗစ်-၁၉ ၏ ထူးခြားပြင်းထန် မှုကြောင့် ကာကွယ်ဆေးထိုးခြင်းဖြင့်သာ ရောဂါခံနိုင်မည်ဆိုလျှင် လည်း အလွန့်အလွန် ၂၀၂၂ ခုနှစ်အတွင်း၌ ယင်းပမာဏ ပြည့်မီ နိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ၁၀သန်းမှ ၁၅သန်းအထိ သေမည်ဆိုခြင်း မှာလည်း ခြောက်လုံးလှန့်လုံးသက်သက်မျှထက်မပိုဟု ဆိုချင်သည်။ အစိုးရနှင့် ပြည်သူတွေက ဘာမျှမလုပ်ဘဲ ကိုဗစ်နှိပ်စက်သမျှ လည်စင်းခံကာ နေကြလျှင်တော့ ဖြစ်ကောင်း ဖြစ်ဖွယ်ရှိပါလိမ့်မည်။ အစိုးရနှင့် ပြည်သူတို့၏ ကြိုးပမ်းဆောင်ရွက်ချက်များ အထက်ပါ မဟာပညာကျော်တို့၏ မှန်းဆချက်မှာ “မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်သည် လုံးဝနီးပါး ပြိုလဲနေပြီ” ဟူသော အချက် ပေါ်တွင် အခြေခံထားပုံရ၏။ CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း တို့၏ စောင်မမှုကြောင့် နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှု အတော်ပင် အထိနာသွားခဲ့ရသည်မှန်သော်လည်း သူတို့ပြောသလို လုံးဝဥဿုံပြိုလဲသွားမှုတော့မရှိခဲ့ပါ။ ယင်းမှာ အကြောင်းသုံးချက် ကြောင့် ဖြစ်၏။ ပထမအချက်မှာ- ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းအားလုံးတို့ CDM လုပ်သွားကြခြင်းမဟုတ် ဘဲ နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးကိုရှေးရှုလိုလားသည့် စိတ်ထားမွန် မြတ်သူများလည်း အတိုင်းအတာ တစ်ခုအထိ ကျန်ခဲ့သဖြင့် ဆေးရုံ၊ ဆေးခန်းများကို တဖြည်းဖြည်း ပြန်လည်လည်ပတ်လာနိုင်ခြင်းဖြစ်၏။ဒုတိယအချက်မှာ - အရပ်ဘက်ဆရာဝန်နှင့် ကျန်းမာ ရေးဝန်ထမ်းများ လစ်ဟာသွားသည့် ကွက်လပ်ကို အရေးပေါ်အစားထိုး ဖြည့်တင်းပေးနိုင်သည့် တပ်မတော်ဆေးတပ်ဖွဲ့ များမှ ဆေးမှူးဆရာဝန်များနှင့် သူနာပြု အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများ အင်အားခိုင်ခိုင်မာမာရှိနေ ခြင်းဖြစ်၏။ဖေဖော်ဝါရီလမှ လက်ရှိအချိန်အထိ ကိုဗစ်အပါအဝင် အရပ်သား လူနာပေါင်း နှစ်သိန်းခုနစ်သောင်းကျော်ကို နေ့မနားညမအား ပြုစုကုသစောင့်ရှောက်ပေးခဲ့သည့် ဆေးတပ်ဖွဲ့ဝင်များ၏ လုပ်အား ကုသိုလ်ပမာဏကား ကြီးမားလှဘိသည်။ ။ တတိယအချက်မှာ- နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု၏ တက်ကြွစွာ လက်တွဲပူးပေါင်းဆောင် ရွက်မှုကြောင့်ဖြစ်၏။ နိုင်ငံတော် အစိုးရက ရသမျှ ဘဏ္ဍာအရင်းအမြစ် များကို စုစည်းကာ ကိုဗစ်-၁၉ကာကွယ်ဆေးများကို မိတ်ဆွေနိုင်ငံများနှင့် ချိတ်ဆက်၍ အမြန်ရအောင် ဝယ်ယူခဲ့ သည်။ ကာကွယ်ဆေးသန်းနှင့်ချီ၍ မေတ္တာဖြင့်အခမဲ့ကူညီမှုရရှိခဲ့သည်။ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်း၊ ပိုးတွေ့စင်တာ၊ကုသရေးစင်တာ၊ဆေးရုံများပြင်ဆင်ဆောက်လုပ်ခြင်း၊ လိုအပ်သော အောက်ဆီဂျင်နှင့် ဆေးပစ္စည်းများရရှိရေး အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးခဲ့ သည်။ အစိုးရရုံးပိတ်ရက်ရှည်များ သတ်မှတ်၍ ရောဂါပိုးအဆက်ဖြတ်မှုကို အားကောင်းစေရန် စီစဉ်ခဲ့သည်။ ရရှိလာသော ကာကွယ်ဆေးများကို အချိန်မဆိုင်းဘဲ အမြန်ထိုးနှံနိုင်ရေး ဆောင်ရွက်ခဲ့သည်။ တပ်မတော်ကလည်း ကာကွယ်ဆေးထိုးခြင်း၊ ကုသခြင်း၊ ဆေးနှင့် ပစ္စည်းများ ပို့ဆောင်ပေးခြင်း စသည်တို့ကို အင်တိုက် အားတိုက်ပါဝင်ဆောင်ရွက်ပေးခဲ့သည်။ စေတနာရှင်ပြည်သူလူထုကလည်း လူနာသယ်ယူရေး၊ပိုးတွေ့ စင်တာများ၌ လူနာစောင့်ရှောက် ရေး၊ အောက်ဆီဂျင်ရရှိရေးမှစ၍ နောက်ဆုံးကွယ်လွန်သူများကို သင်္ဂြိုဟ်သည်အထိ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည်။ စိန်ခေါ်မှုအမျိုးမျိုး၊အခက်အခဲအမျိုးမျိုးတို့ကြောင့် ရုတ်တရက် တတိယလှိုင်း အကြွတွင် အဆင်မပြေမှုများ ကြုံခဲ့ရသော်လည်း လုပ်ငန်းလည်ပတ်မှု အရှိန်ရ လာသည်နှင့်အမျှ အခြေအနေကို ထိန်းချုပ်လာနိုင်ခဲ့သည်မှာ ထင်ရှားသိသာလာသည်။ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမျှ ကိုဗစ် ကပ်ရောဂါကို ထိန်းချုပ်ရာတွင် ခြောက်ပြစ်ကင်း သဲလဲစင်အောင်မြင် သည်ဟူ၍ မရှိ၊ နိုင်ငံအားလုံးတို့မှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရုန်းကန်နေကြရဆဲဖြစ်သည်။ လက်ရှိအခြေအနေတွင် နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို ကဏ္ဍအလိုက် အကျဉ်းမျှတင်ပြလိုပါသည်။ ကာကွယ်ဆေးအခြေအနေ။ ပထမအကျော့ အိန္ဒိယမှကာကွယ် ဆေးဖြင့် ဆေးထိုးရန်လိုအပ်မည့် (targeted) လူဦးရေ၏ ၆ ရာခိုင်နှုန်းကျော် ထိုးနှံခဲ့ပြီးဖြစ်သည်။ ယခု တရုတ်နိုင်ငံမှ ကာကွယ်ဆေး သုံးသန်းရောက်ရှိခဲ့ပြီး နောက်ထပ် တစ်သန်း မကြာမီတင်ပို့ရန် ပြင်ဆင်နေ သည်။ ရုရှားကာကွယ်ဆေး နှစ်သန်း ဝယ်ယူရေး စာချုပ်ချုပ်ရန် ပြင်ဆင်နေသည်။ ဆက်လက်၍ ကာကွယ်ဆေးထုတ်သည့် နိုင်ငံတကာကုမ္ပဏီများနှင့် ဆက်သွယ် ဝယ်ယူရန် စီစဉ်လျက်ရှိသည်။ ယခုအခါ တစ်ရက်လျှင်ကာကွယ်ဆေးလူတစ်သိန်းခွဲခန့် ထိုးနှံပေးလျက်ရှိပြီး ၁-၈-၂၀၂၁ ရက်နေ့အထိ လူလေးသိန်းခွဲ ထိုးနှံပြီးဖြစ်သည်။ ကုသရေးအခြေအနေ။ ပိုးတွေ့ စင်တာ၊ ကုသရေးစင်တာ ဆေးရုံများတွင် စုစုပေါင်း လူနာတစ်သိန်းကျော်အတွက် ပြင်ဆင်ထားပြီး ၁-၈-၂၀၂၁ စာရင်းအရ လူနာ ၅၅၀၀၀ ကျော် ဆေးရုံတက် ကုသမှု ခံယူလျက်ရှိသည်။ အောက်ဆီဂျင်အခြေအနေ။ ဩဂုတ်လအတွက် နေ့စဉ် အောက်ဆီ ဂျင်လိုအပ်ချက် လီတာ ၄၀ အိုး ၂၀၀၀၀ ခန့်ရှိရာတွင် ပြည်တွင်းမှနိုင်ငံပိုင်၊ တပ်ပိုင်၊ ဆေးရုံ၊ စက်ရုံများမှ ထုတ်လုပ်နိုင်မှုမှာ ၁၂၀၀၀ခန့်သာရှိသဖြင့် ပြင်ပမှ အိုးပေါင်း၈၀၀၀ ခန့် နေ့စဉ်တင်သွင်းရန်လို သည်။ လက်ရှိတင်သွင်းမှု အောက်ဆီဂျင်အရည် တန် ၅၀ ခန့် မြ၀တီ ဘက်မှ ကားများဖြင့် ဝင်ရောက်လျက်ရှိပြီး လီတာ ၄၀ အိုး ၇၀၀၀ကျော်နှင့်ညီမျှသည်။ မန္တလေးသို့ မူဆယ်ဘက်မှ နေ့စဉ် အောက်ဆီဂျင် အရည် တန် ၂၀ ခန့် ဝင်ရောက်နေပြီး လီတာ ၄၀ အိုး ၃၀၀၀ ကျော်နှင့် ညီမျှသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က တန်ချိန် ၅၀၀ လှူဒါန်း သွားရန်ရှိပြီး ရန်ကုန်သို့ တန် ၃၀၀၊ မန္တလေးသို့ တန် ၂၀၀ ခွဲဝေ ပေးပို့သွားမည်ဖြစ်သည်။ ပြည်တွင်း၌လည်း အောက်ဆီဂျင်စက်ရုံ ပေါင်း ၁၁၃ ရုံဆောက်လုပ်လျက်ရှိပြီး စက်တင်ဘာ၊ အောက်တိုဘာလ များတွင် စတင်လည်ပတ်နိုင် မည်ဖြစ်ကာ စုစုပေါင်း လီတာ ၄၀ အိုး ၂၀၀၀၀ ခန့် ထွက်ရှိမည်ဖြစ်၍ အောက်ဆီဂျင်အတွက် များမကြာမီ စိတ်အေးရဖွယ်ရှိသည်။ ဆေးနှင့်ဆေးပစ္စည်းအခြေအနေ။ ကိုဗစ်ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူတင်သွင်းမှုအတွက် နိုင်ငံတော်မှ ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပေးခဲ့ပြီး အကောက်ခွန်ကို မူလ ၁၅ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချထားပေးခဲ့သည်။ နိုင်ငံပိုင်၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှလည်း အခြေခံကုသဆေးများဖြစ်သည့် ပါရာစီတမော၊ စီဗစ်နှင့် ပဋိဇီဝဆေးများကို တိုးတက်ထုတ်လုပ်လျက်ရှိ သည်။AA ဆေးဝါးထုတ်လုပ်ရေးအုပ်စုမှ ပစိဖိတ်အနောက်တိုင်းဆေးဝါး စက်ရုံက ဗိုင်းရပ်စ်နှိမ်နင်းနိုင်သည့် Favipiravir (FAVIPAC) ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထုတ်လုပ်ရောင်းချလျက် ရှိပြီဖြစ်သည်။ အနှောင့်အယှက်နှင့် အဖျက်အမှောင့်များ နိုင်ငံတော်အစိုးရနှင့် တပ်မတော်နှင့် ပြည်သူလူထုတို့က ကိုဗစ် အန္တရာယ်ကို စုပေါင်းညီညာ တွန်းလှန် ကာကွယ်နေကြချိန်တွင် နိုင်ငံကို ကျရှုံးပျက်စီးအောင်ဘက်ပေါင်းစုံမှ ကြံစည်နှောင့်ယှက်ဖျက်ဆီး လိုသူများက ရှိနေ၏။ ။ မပြောလိုသော်လည်း ပြောရပါမည်။ မြန်မာနိုင်ငံသည် ကိုဗစ်ကြောင့် ပြိုလဲလုနီးပါးဖြစ်နေ၍ နိုင်ငံတကာမှ အမြန်ဝင်ရောက်ရန် လိုနေပါပြီဟု ဟစ်ကြွေးနေကြသော အနောက်နိုင်ငံကြီး များက ယနေ့အချိန်အထိ ကာကွယ်ဆေးတစ်လုံးတလေမျှပင် ထောက်ပံ့ကူညီလာခဲ့ခြင်း မရှိသေး ပါ။ ထိုမျှမက ကိုဗစ်ဒဏ်ကြောင့် ထိခိုက်သွားသည့် စီးပွားရေးကို ကုစားရန် IMF က ထုတ်ချေးခဲ့သည့် ဒေါ်လာသန်း ၃၅၀ မှာလည်း အန်ကယ်ဆမ်က အတင်းအကျပ်သိမ်း ဆည်းခံထားရသည့် ဒေါ်လာ တစ်ဘီလီယံထဲတွင် ပါဝင်နေပါ၏။ ADB နှင့် ကမ္ဘာ့ဘဏ်တို့က ပြည်သူလူထု၏ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေးစသည့် ကဏ္ဍများအတွက် ချေးပေးရန် ယခင်ကပင် အတည်ပြုပြီးသော ဒေါ်လာ သန်း ၃၀၀ နီးပါးမှာလည်း ပိတ်ဆို့မှုခေါင်းစဉ်အတွင် ရပ်တန့် သွားကုန်ကြပြန်ပါသည်။ တစ်ဖက်တွင်မူ အမွေးခံပြည်တွင်းမီဒီယာများနှင့် နိုင်ငံတကာ ဘက်လိုက် မီဒီယာများက သတင်းမှားများ၊ လုပ်ကြံသတင်းများဖြင့်မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါအခြေအနေကို အထက်၌ တင်ပြခဲ့သည့်အတိုင်း အဆိုးမြင်ပုံကြီးချဲ့ဖော်ပြနေကြသကဲ့သို့ ပြည်တွင်း၌လည်း ကာကွယ်ဆေး မထိုးချင် မထိုးရဲအောင်၊ ကောလာဟလ သတင်းများ၊ ခြိမ်းခြောက်၊ တိုက်ခိုက်၊ အကြမ်းဖက်သတ်ဖြတ်မှုများဖြင့် ပြုလုပ်နှောင့်ယှက်လာခဲ့ကြသည်။ တောမီးလောင်လျှင် တောကြောင်လက်ခမောင်းခတ်လိုကြသော ဝိသမလောဘသားများ ကလည်း မြန်မာပြည်သူတို့၏ယုံလွယ် မှု၊ အကြောက်လွန်တတ်မှုကို အလွဲသုံးစားပြု ကာ ကြက်ဥမှအစ သွေးမခဲဆေး အဆုံး၊ မတန်တဆဈေးတင်၍ အမြတ်ကြီးစားခဲ့ကြသလို အောက်ဆီဂျင်နှင့်ပတ်သက်၍ တန်းစီတိုးစားမှု၊ မသမာမှုများကြောင့် အသက်များစွာ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြရသည်လည်း ရှိခဲ့သည်။ ကြိုးပမ်းညီညာ ပြည်ကျန်းမာ မြန်မာနိုင်ငံသည် ချမ်းသာကြွယ်ဝခြင်းမရှိသေးသည့် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်သူတို့ ၏ ကျန်းမာရေးအခြေခံမှာလည်း နိမ့်ကျဆဲဖြစ်ပြီး လူတစ်ဦးချင်း ပျမ်းမျှမျှော်မှန်းနိုင်သည့် သက်တမ်း မှာလည်း အရှေ့တောင်အာရှ၌ပင် အနိမ့်ဆုံးဖြစ်နေပါသေးသည်။ ဤအခြေအနေတွင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများပင်နိုင်နင်းအောင် ကိုင်တွယ် ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့် ကပ်ရောဂါ ဆိုးကြီးကို ရင်ဆိုင်နေရသောအခါ တစ်ဖက်တွင်လည်း ရေနစ်သူကို ဝါးကူထိုးလိုသည့် အလုံးစုံ |ပျက်သုဉ်းရေးဝါဒီအဖျက်သမားများနှင့် တွေ့ကြုံနေရသောအခါ မိမိတို့တစ်နိုင်ငံလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊ နိုင်ငံရေး အရောင် အသွေးမရွေး အားလုံးစုပေါင်းညီညာ ကြိုးပမ်းအားထုတ်ကြပါမှ ဤရောဂါကပ်ဆိုးကြီးကို အောင်မြင်စွာ အထိအခိုက်အဆုံးအရှုံး နည်းနိုင်သမျှ နည်းစွာ ကျော်လွှားနိုင်ကြမည်ဖြစ်ပါသည်။ ရောဂါကပ် ဆိုးကြီး ပြီးဆုံးသွားသည့်တိုင်အောင် ကပ်ရောဂါကြောင့် လူမှုစီးပွား ရေး ထိခိုက်သက်ရောက်မှုများက နောက်ထပ်ကြီးမားသော စိန်ခေါ်မှု ကြီးများအဖြစ် စောင့်ဆိုင်းနေကြသည်ကို အသိဉာဏ် ပညာဖြင့် သတိ ( မူ၍ တစ်မျိုးသားလုံး စုစည်းကြိုးပမ်းကြရမည့် အချိန်အခါဖြစ်ပါကြောင်း မီးမောင်းထိုးကာ တင်ပြအပ်ပါသတည်း။ ။