Skip to main content
Dec 08, 2020
၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသောနှစ်ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့် ထူးခြားရသနည်းဆိုသော် မြန်မာ့ ရုပ်ရှင်၏ ရာပြည့်၊ ရန်ကုန်တက္ကသိုလ်ကြီး၏ ရာပြည့်၊ ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြောင့် ပေါ်ပေါက်ခဲ့သော အမျိုးသားအောင်ပွဲ၏ ရာပြည့် စသည့် ရာပြည့်အထိမ်းအမှတ်များနှင့် ကြုံတွေ့၍ ဖြစ်ပါသည်။ ရာပြည့်အထိမ်းအမှတ်ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ဘဝတွင်နှစ်ခါ မရနိုင်သောကြောင့် ထူးခြားစွာ တန်ဖိုးထားရခြင်းလည်း ဖြစ်ပါသည်။
Dec 07, 2020
ဘက်စုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘက်စုံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် မလိုအပ်ပေ ဘူးလားဆိုတဲ့ မေးခွန်းဟာ ကျွန်မတို့ လူသားအားလုံးရဲ့ ခေါင်းထဲမှာ အမြဲတွေးတော စဉ်းစားနေတဲ့ ခေါင်းစဉ်ဆိုလည်း မမှား နိုင်ပါဘူး။ ကျွန်မတို့နေထိုင်ရာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများထဲမှာ ပါဝင်တဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ဖို့ အခြားသော တိုင်းပြည်များထက် ပို၍ လိုအပ်ပါတယ်။ ထိုသို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကဏ္ဍစုံလို့ ပြောတဲ့အခါ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်တဲ့ အဆင့်ဆင့်ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ အဆင့်ဆင့်ဆိုရာမှာ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကျေးရွာအဆင့်၊ ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း‌ဒေသကြီး/ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်ဟူ၍ အဆင့်ဆင့် ရှိပါတယ်။ ထိုအဆင့်များထဲမှ ယခုအခါ နိုင်ငံတော်မှ မူဝါဒချမှတ် အကောင်အထည်ဖော်နေသည့် Bottom Up Planning စနစ်ကို အကောင်အထည်‌ဖော် ဆောင်ရွက်တဲ့အခါမှာ ကျေးရွာအဆင့်ဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှ ပါဝင် နေပါတယ်။
Dec 07, 2020
မောင်ပျင်းရိ၏ မေးခွန်း “ပြီးခဲ့တဲ့အပတ်က တရားစီရင်ရေး၏အင်အား ဆောင်းပါးကို ဖတ်ရပါတယ်။ တစ်ဆက်တည်း ပဲညှဉ်းပန်းနှိပ်စက်မှုအကြောင်း သိလိုပါတယ်။ အချို့ တရားခံတွေကို ညှဉ်းပန်းနှိပ်စက် ခံရတယ်လို့ သတင်းဂျာနယ်အချို့မှာ ဖော်ပြထားတာတွေ့ရပါ တယ်။ ဒါကြောင့် တရားစီ ရင်ရေးမှာ ညှဉ်းပန်း နှိပ်စက်မှု ရှိနိုင်ပါသလား။ ဆွေးနွေးပြပါ ဆရာကြီး” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက ဆွေးနွေး မေးမြန်းလာပါသည်။ ထို့ကြောင့် ဤစာကို ရေးပါ သည်။
Dec 07, 2020
ငယ်ငယ်ကတည်းက ကျွန်တော် လေ့လာဆည်းပူးချင်တဲ့ ဘာသာရပ်က နိုင်ငံရေး ဘောဂဗေဒဖြစ်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်နှစ်ခုကို ပေါင်းစပ်ပြီး ဆန်းသစ်တဲ့ ဘာသာရပ်။ နိုင်ငံရေးလို့ပြောရင် စီးပွားရေးကို စဉ်းစားဖို့ လိုအပ်သလို စီးပွားရေးကို နိုင်ငံရေးနဲ့ ခွဲခြားလို့ မရနိုင်ပါဘူး။ ကျွန်တော် ပထမနှစ်နဲ့ ဒုတိယနှစ် ဥပစာဝိဇ္ဇာတန်း တက်နေစဉ် ဘောဂဗေဒဘာသာကို သင်ကြားခွင့်ရခဲ့တယ်။ ခေတ်သစ် စီးပွားရေးပညာကို ဖော်ထုတ်တဲ့ ပညာရှင် အာဒမ်စမစ်ဟာ နိုင်ငံများ၏နိုင်ငံရေးဘောဂဗေဒ ခေါင်းစဉ်နဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူ့ရဲ့စာအုပ်ဟာ စီးပွားရေးပညာသင်ယူတဲ့ ကျောင်းသားတွေ အတွက် ကျမ်းကိုးဖြစ်ပြီး မဖတ်မနေရ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
Dec 07, 2020
ရန်ကုန်တက္ကသိုလ်ကို အိပ်မက်စတင်မက်ခဲ့တာက ပညာရေးဆင်ဒီကိတ်ဥက္ကဋ္ဌ ဆာဂျွန်ဂျာဒင်း ပါ။ ၁၈၉၂ ခုနှစ်မှာလည်း တက္ကသိုလ်အိပ်မက် မြင်မက်ခဲ့ကြပါသတဲ့။ ကျောက်စာဝန် မစ္စတာတော်စိန်ခိုက ၁၈၉၆ ခုနှစ် ဇူလိုင် ၃၀ ရက် ကျောင်းဆရာများအသင်းမှာ တက္ကသိုလ်တစ်ခုရှိသင့်ကြောင်း ဟောပြောခဲ့ပါတယ်။ ၁၉၀၀-၁၉၀၁ ခုနှစ်မှာ ပညာရေးဆင်ဒီကိတ်က တက္ကသိုလ်တည်ထောင်ပေးသင့်ကြောင်း အဆိုပြုလွှာတင်ပြခဲ့တယ်။ ၁၉၁၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက် အက်ဒဝပ်ဘုရင် အထိမ်းအမှတ် တက္ကသိုလ်တစ်ခု တည်ဆောက်ရန် လိုအပ်ချက် ဖြစ်တယ်လို့ ပညာရေးဆိုင်ရာတို့က ယူဆကြတယ်။ အိန္ဒိယ အာဏာခွဲဝေပေးရေးကော်မတီကလည်း မြန်မာနိုင်ငံမှာ ကိုယ်ပိုင်တက္ကသိုလ်တစ်ခုရှိရန် လိုအပ်တယ်လို့ ထင်မြင်ချက် ပေးခဲ့တာကို အိန္ဒိယအစိုးရနဲ့ မြန်မာနိုင်ငံအစိုးရတို့က ပယ်ချခဲ့ ပါတယ်။
Dec 07, 2020
ရန်ကုန်တက္ကသိုလ်တည်ထောင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နှစ် (၁၀၀) ပြည့်ခဲ့ပြီ။ သင်္ချာ ဖခင်ကြီးဟု တင်စားခဲ့သည့် ကျွန်မတို့ချစ်သော ဆရာကြီး ပါမောက္ခဦးဘတုတ်သည်လည်း ရန်ကုန်တက္ကသိုလ်၏ ဖွားဖက်တော်ဖြစ်သည့်အားလျော်စွာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အသက် ၁၀၀ ပြည့်မည်ဖြစ်ပါ သည်။ ဆရာကြီး၏အသက် ၁၀၀ ပြည့်မွေးနေ့ကို ထူးထူးခြားခြား ကျင်းပရန် ကျွန်မတို့အားလုံးကြိုးပမ်း လျက်ရှိပါသည်။ သင်္ချာမိသားစု၏ (၂၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲကိုလည်း ဆရာ့မွေးနေ့တွင် ကျင်းပရန် သတ်မှတ်ခဲ့ကြပါသည်။ အာစရိယပူဇော်ပွဲနေ့တွင် ဆရာ့ အား Zoom Application ဖြင့် ကန်တော့ရန်လည်း အစီအစဉ်များကို စနစ်တကျရေးဆွဲရင်း ကျွန်မတို့အားလုံး ဝမ်းသာပီတိ ဖြစ်နေကြပါသည်။
Dec 07, 2020
ရန်ကုန်တက္ကသိုလ်(ပင်မ)သို့ ၁၉၈၅ ခုနှစ်တွင် ကျွန်မ ရောက်ခဲ့သည်။ ကျွန်မ အမေနှင့် အဖေက ၁၉၆၅ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းပြီးခဲ့သည်။ ပြည်ကောလိပ် တွင် နှစ်နှစ်တက်ပြီး ဂုဏ်ထူးတန်းတက်ခွင့်ရသောကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရခြင်းဖြစ်သည်။ ထိုအချိန် က ရန်ကုန်တက္ကသိုလ်နယ်မြေခွဲတွေရှိသည်။ RC 1 ဟု ခေါ် သော ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ RC 2 ဟုခေါ်သော ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၊ RC 3 ဟု ခေါ်သော ရန်ကုန်တက္ကသိုလ်(ကြည့်မြင်တိုင်နယ်မြေ)တို့ဖြစ်သည်။ ထိုကျောင်းများတွင် နှစ်နှစ်တက်ပြီး တတိယနှစ်ရောက်မှ ရန်ကုန်တက္ကသိုလ် (ပင်မ)သို့ ရောက်သည်။ ထိုအချိန်က စစ်တွေကောလိပ်သည်လည်း ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံဖြစ်သည်။ စစ်တွေ ကောလိပ်တွင် နှစ်နှစ်တက်ပြီး တတိယနှစ်ရောက်လျှင် ရန်ကုန်တက္ကသိုလ်(ပင်မ)သို့ ရောက်သည်။ အမေက ရန်ကုန်တက္ကသိုလ်သို့ လိုက်ပို့သည်။ ကက်ရှ်ဟုခေါ်သော ငွေသွင်းကောင်တာတွင် ရခိုင်ကျောင်းသား ကျောင်းသူ တို့၏ ရခိုင် သံဝဲဝဲ ကို ငွေလက်ခံသူ နားမလည်သောကြောင့် အမေက စကားပြန်လုပ်ပေးခဲ့ရသေးသည်။ အမေက ကျောက်ဖြူသူ၊ ကျောက်ဖြူကောလိပ်မှ ရန်ကုန် တက္ကသိုလ်သို့ ရောက်လာသူဖြစ်သည်။
Dec 07, 2020
အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းက မန္တလေး ဗဟိုအမျိုးသားကျောင်းထွက် ဖြစ်ခဲ့တယ်။ မန္တလေးက အမျိုးသားကျောင်းတွေ ပထမကျောင်းသားသပိတ်ကြီးကြောင့် အမျိုးသား ကျောင်းတွေဖွင့်လှစ်ရာမှာ မန္တလေးက ဆရာကြီးဦးရာဇတ် ဦးဆောင်ပြီး တက်ကြွစွာပါဝင်ခဲ့တယ်။ ဒါ့အပြင် မန္တလေးမှာ (၁) လမ်း၈ဝနဲ့ ၈၁လမ်းကြား၊ လမ်း ၃ဝနဲ့ ၃၁ လမ်းကြား၊ အထက်ဆင့်ဝင်းထဲက ဗဟိုပိဋကတ်တိုက် အဆောက်အဦကြီးမှာဖွင့်လှစ်တဲ့ ဗဟိုအမျိုးသားကျောင်း၊ (၂) လမ်း၈၀ တရုတ်တန်း၊ လမ်း၃ဝနဲ့ ၃၁လမ်းကြား၊ ဦးစိုးမင်းတိုက်မှာ ဆရာမကြီး ဒေါ်စောအုံကျောင်းအုပ် အဖြစ်ဆောင်ရွက်တဲ့ နေရှင်နယ်အမျိုးသမီးကျောင်း၊
Dec 07, 2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်အခမ်းအနားအား Virtual စနစ်ဖြင့် ကျင်းပခဲ့ သည်ကို မြန်မာ့ရုပ်မြင်သံကြားတွင် ကြည့်ရှု လိုက်ရပါသည်။ ထို့ပြင် ရာပြည့်သဘင်အခမ်းအနားမတိုင်မီ ရက်သတ္တပတ်ကာလကတည်းက နိုင်ငံပိုင် သတင်းစာများ၊ ပုဂ္ဂလိက သတင်းစာများတွင် ရန်ကုန်တက္ကသိုလ်ကြီးအတွင်းရှိ အထင်ကရဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းများ၊ နာမည်ကြီးအဆောင်များအကြောင်းကို ခေတ်အဆက်ဆက်တွင် ကိုယ်တိုင် တက်ရောက် သင်ကြားခဲ့ကြသော ကျောင်းသား ကျောင်းသူဟောင်းကြီးများက လွမ်းမောဖွယ်သမိုင်းကြောင်းများကို ပြန်လည်တမ်းတကာ ဂုဏ်ပြုရေးသားခဲ့ကြသည်။
Dec 06, 2020
အမိရန်ကုန်တက္ကသိုလ်၏ ကိုလိုနီပညာတော်လှန် ရေးမှ စတင်ပေါက်ဖွားလာသော မြန်မာ့ဝံသာနု အရေးတော်ပုံ ကိုလိုနီနယ်ချဲ့ဘုရင်နှင့် မိဖုရားအား ဂါရဝပြု ဘုန်းတော်ဘွဲ့ အလင်္ကာအောင်ညွန့်ရွက်သပြေ၊ အောင်ပန်းခြွေ၍ အောင်ဇေယျတု၊ ငွေခရုဖြင့် အောင်ဆုရည်သန်၊ အောင်ရမှန်သည် လန်ဒန်ဥရောပ၊ အိန္ဒိယဖြင့် မြန်မာပြည်တွင်၊ ဂျော့အရှင်နှင့် ညှာတင်ဒေဝီ၊ မဟေသီဟု လေဒီထွဋ်ဖျား၊ မှူးမတ်များနှင့် ပြည်သားပြည်သူ၊ ခပ်သိမ်းလူတို့ ပြည်သူချမ်းမြ၊ ဘေးရန်ပ၍ အောင်ဆုဩဘာ၊ မင်္ဂလာဖြင့် ဆယ်ဖြာဓမ္မ၊ သင်္ဂဟနှင့် နာယကဂုဏ်၊ ကိုယ်လုံးခြုံ၍ တိမ်ပုံမသန်း၊ လပြည့်ဝန်းသို့ ရွှေနန်းပေါ်တက်၊ နှစ်သက်မြတ်နိုး အုပ်ကာစိုးသည်၊ တန်ခိုးနေသို့ ထွန်းစေသော် ။ ။