မြန်မြန်တင်ဒါခေါ်၊ မြန်မြန်တူး၊ မြန်မြန်ရှာ၊ မြန်မြန်ထုတ်
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို အိမ်နီး၊ ချင်း ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံသို့ရောင်းချသည့်အပြင် မြန်မာနိုင်ငံ အတွက်လည်း လျှပ်စစ်ထုတ်လုပ်ရန် နှင့် စက်မှုလုပ်ငန်းများအတွက်လည်း ခွဲဝေသုံးစွဲပါသည်။ ။ တိုတယ် ( TOTAL ) ရေနံကုမ္ပဏီ က ရတနာဓာတ်ငွေ့မှနေ့စဉ်သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၈၀၀ ခန့် ထုတ်လုပ်ပါသည်။ သန်း ၆၀၀ ခန့်ကို ထိုင်းသို့ တင်ပို့ရောင်းချပါသည်။ သန်း ၂၀၀ ခန့်ကို ၂၄ လက်မ ပိုက်လိုင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ပြီး လျှပ်စစ် ထုတ်လုပ်မှုအတွက် အများဆုံးသုံးပါ သည်။ ပေါ်စကိုဒေဗူး ( Posco ) ရေနံ ကုမ္ပဏီက ရွှေဓာတ်ငွေ့ မြေမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့် ထုတ်လုပ်ပါသည်။ သန်း ၄၀၀ ခန့်ကို တရုတ်ပြည်သို့ တင်ပို့ရောင်းချ ပါသည်။ သန်း ၁၀၀ ခန့်ကို မြန်မာနိုင်ငံ အတွင်း လိုအပ်ချက် အတွက် သုံးစွဲပါ သည်။ စတင်ခဲ့ခြင်းဖြစ် ပီတီတီအီးပီ (PTTEP) ရေနံကုမ္ပဏီ က ဇောတိကဓာတ်ငွေ့မှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၃၈၀ ခန့် ထုတ်လုပ်ပါသည်။ သန်း ၃၀၀ ခန့်ကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ ပါသည်။ သန်း ၈၀ ခန့်ကို မြန်မာနိုင်ငံ အတွင်း လိုအပ်ချက်အတွက် သုံးစွဲပါ သည်။ တစ်ချိန်ကတစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေသန်း ၄၀၀ ကျော်နှင့် ရေနံ ( Condensate ) စည် တစ်သောင်းကျော် ထွက်ခဲ့သော ရဲတံခွန်ရေနံမြေ သည် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၅ သန်းသာ ထွက်ရှိတော့ သဖြင့် ထုတ်လုပ်မှုကို ခေတ္တရပ်ဆိုင်း ထားပါသည်။ ရဲတံခွန်ရေနံမြေကို ပက်ထရိုနပ်စ် ချာလီဂါလီကုမ္ပဏီကဦးစီး၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်းကို ၂၀၀၀ ပြည့်နှစ်က စတင်ခဲ့ခြင်းဖြစ်ပါသည်။ အီးအိုင်တီအိုင် ( EITI, Extractive Industries Transparency Initiative) အစီရင်ခံစာအရ သဘာဝဓာတ်ငွေ့ကို တင်ပို့ရောင်းချရာမှရရှိသော နိုင်ငံခြား ဝင်ငွေသည် မြန်မာနိုင်ငံ၏ နိုင်ငံ ခြားဝင် ငွေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိပါသည်။ ဂျီဒီပီ(GDP)၏ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး နိုင်ငံတော်အစိုးရဝင်ငွေကို ၅ ဒသမ ၂ ရာခိုင်နှုန်း ပံ့ပိုးပါသည်။ အီးအိုင်တီအိုင် သည် သဘာဝ သယံဇာတများကို ထုတ်လုပ်ရောင်းချသည့်အခါ ပွင့်လင်း မြင်သာမှု ရှိ၊ မရှိကို စစ်ဆေးသည့်အဖွဲ့ ကြီးဖြစ်ပါသည်။ ။ ကတိကဝတ်ပြုခဲ့ ၂၀၁၀-၂၀၁၅ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်ကုန်ပိုင်း တွင် အီးအိုင်တီအိုင်အဖွဲ့များနှင့်ဆက်သွယ် ပြီး အဖွဲ့ဝင်ရန် ကတိကဝတ်ပြုခဲ့ပါသည်။ ကတိက ဝတ်ပြုခဲ့သည့်အတိုင်း အီးအိုင်တီ အိုင်အဖွဲ့ကြီး၏ လိုအပ်ချက်များကို နိုင်ငံတော် အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် အဖွဲ့ ဝင်နိုင်ငံ ဖြစ်လာပါသည်။ မြန်မာ နိုင်ငံသည် အီးအိုင်တီအိုင် အဖွဲ့ဝင်နိုင်ငံဖြစ် လာသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်မှုများသည် ပွင့်လင်း မြင်သာမှုကို မှတ်ကျောက် တင်ပြီးသား ဖြစ်လာပါသည်။ ။ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားသို့ရောင်းချရာမှ နိုင်ငံတော်အတွက် နိုင်ငံ ခြားဝင်ငွေများစွာ ရှာပေးနိုင်သလို ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များကို လုပ်နိုင်သည့် ကုမ္ပဏီများကို လုပ်ပိုင်ခွင့် ပေးခြင်းသည်လည်း နိုင်ငံတော်၏ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို များစွာ တိုးတက်စေပါသည်။ ၂၀၁၁ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက် တွင် ကုန်းတွင်းလုပ်ကွက်များကို တင်ဒါ ခေါ်ယူခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကုန်းတွင်း လုပ်ကွက် ရှစ်ကွက်ကို နိုင်ငံခြားကုမ္ပဏီ ရှစ်ခုနှင့် ထုတ်လုပ်မှုကို ခွဲဝေခံစားသော စာချုပ်များကို ပွင့်လင်းမြင်သာစွာ ချုပ်ဆို နိုင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင်ကုန်းတွင်းလုပ်ကွက် များနှင့် ကမ်းလွန်ရေတိမ်ပိုင်းနှင့် ရေနက် ပိုင်း လုပ်ကွက်များအတွက် တင်ဒါခေါ်ယူ ခဲ့ပြန်ပါသည်။ ၂၀၁၄ ခုနှစ်တွင် ကုန်းတွင်း | လုပ်ကွက် ၁၁ ကွက်ကို နိုင်ငံခြားကုမ္ပဏီ များဖြင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသော စာချုပ် ၁၁ ခုနှင့် ရေနံမြေဟောင်း သုံးခုကို ရေနံအထွက်တိုးစာချုပ် သုံးခု ချုပ်ဆိုနိုင်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် ကမ်းလွန်လုပ်ကွက် လေးခုကို နိုင်ငံခြား ကုမ္ပဏီများဖြင့် ထုတ်လုပ်မှုအပေါ်ခွဲဝေ ခံစားသော စာချုပ်လေးခုနှင့် ၂၀၁၅ ခုနှစ် တွင် ကမ်းလွန်လုပ်ကွက်၁၆ခုကို နိုင်ငံခြားကုမ္ပဏီများဖြင့် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားသောစာချုပ် ၁၆ ခုကို ချုပ်ဆိုနိုင်ခဲ့ ပါသည်။ ဆုံးရှုံးခဲ့ အီးအိုင်တီအိုင် အဖွဲ့ဝင်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ လုပ်ကွက်များ ကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူခြင်း၊ အချိန်တိုအတွင်း စာချုပ်ချုပ်ဆိုနိုင်ခြင်း တို့ကြောင့် အကျိုးဆက်အဖြစ် ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံ ရရှိခဲ့ပါသည်။ ( ကိုးကား။ ကမ္ဘာ့ဘဏ်မှ ၂၀၁၇ ခုနှစ် ဇန်ဝါရီလ ၂၅ ရက် ထုတ်ပြန်သော အစီရင်ခံစာ ) ဤနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏသည် ၂၀၁၀ မှ ၂ဝ၂ဝ ပြည့် နှစ် ၁၀ နှစ်အတွင်း အများဆုံးရရှိသောနှစ် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အစိုးရ သက်တမ်းအတွင်း ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များကို တင်ဒါခေါ်ယူ ခြင်းမရှိခဲ့ပါ။ ငါးနှစ် အတွင်း အခွင့်အရေး များ ဆုံးရှုံးခဲ့သည်ကို တွေးဆနိုင်ပါသည်။ ယနေ့ ကမ္ဘာ့ရေနံဈေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၀ ကျော် နေပြီး တက်ရိပ် ပြနေပါသည်။ ကိုဗစ် မဖြစ်မီက ရေနံတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၀ ကျော်သာ ရှိပါသည်။ ကိုဗစ် တတိယလှိုင်းဖြစ်နေသော်လည်း ရေနံ ဈေးတက်နေသည်ကိုကြည့်လျှင် ကိုဗစ် ပြီးဆုံးချိန်တွင် ရေနံဈေးပိုတက်မည်ဟု ပညာရှင်များက ခန့်မှန်းကြပါသည်။ ရေနံ ဈေးတက်သည်ကို အခွင့်ကောင်းယူပြီး မလေးရှားနိုင်ငံ ပက်ထရိုနပ်စ်ကုမ္ပဏီက ကမ်းလွန် လုပ်ကွက် ၁၃ ကွက် ကို ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းက တင်ဒါခေါ်ခဲ့ပါသည်။ နှစ်မကုန်မီ စာချုပ် များချုပ်မည်ဟု ပက်ထရိုနပ်စ်က ကြေညာထားပါသည်။ ကျွန်တော်တို့နိုင်ငံ၏ ကမ်းလွန် ရေတိမ်ပိုင်းနှင့် ရေနက်ပိုင်းတွင် မရှာဖွေရ သည့် ဓာတ်ငွေ့ သိုက်များစွာ ကျန်ရှိနေပါ သေးသည်။ မြန်မြန်တင်ဒါခေါ်၊ မြန်မြန် စာချုပ်ချုပ်၊ မြန်မြန်တူး၊ မြန်မြန်ထုတ် လုပ်နိုင်ရန် အရေးကြီးပါသည်။ ဓာတ်ငွေ့သိုက်တစ်ခုကို စတွေ့သည့်နေ့မှ စီးပွား ဖြစ် ထုတ်လုပ်ရောင်းချနိုင်သည်အထိ ၉ နှစ်မှ ၁၀ နှစ် ကြာသည်ကို သတိပြုရန် လိုပါသည်။ ယနေ့တင်ဒါခေါ်ပြီး နောက် နှစ် စာချုပ်ချုပ်နိုင်လျှင်ပင် ၂၀၃၁ ခုနှစ် ရောက်မှ ဓာတ်ငွေ့ကို ထုတ်ယူသုံးစွဲနိုင် ပါမည်။ ဟောကိန်းထုတ်ထား ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များ ကို နောင်လာနောက်သားများအတွက် ချန်ခဲ့မည်ဆိုသည့် အယူအဆသည် မှားယွင်းသောအယူအဆ ဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားများကို ဓာတ်ငွေ့မှရသောငွေဖြင့် ပညာတတ် လူ့အဖွဲ့အစည်းဖြစ်အောင်ပြုဖိုးထောင် ခြင်းသာလျှင် ရေရှည်ဖွံ့ဖြိုးတိုးတက်ပါမည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာကျော် Mckinsey ထုတ်ပြန် သော စာတမ်းအရ သဘာဝဓာတ်ငွေ့သည် ၂၀၁၇ ခုနှစ်တွင် လိုအပ်ချက်အရ အမြင့် ဆုံးဖြစ် နိုင်ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းကမ္ဘာ့လိုအပ်ချက် လျော့ကျသွား မည်ဟု ဟောကိန်း ထုတ်ထားပါသည်။ တခြားပြန်ပြည့်မြဲ စွမ်းအင်များ ဈေးသက်သက်သာသာ ထုတ်နိုင်လာ၍ ဖြစ်နိုင်သည်။ ဤဟော ကိန်းမှန်ခဲ့လျှင် ဓာတ်ငွေ့သိုက်များစွာရှိသော ကျွန်တော် တို့နိုင်ငံသည် ၂၀၁၇ ခုနှစ်မတိုင်မီ ဓာတ်ငွေ့သိုက်များမှဓာတ်ငွေ့ ကို စီးပွား ဖြစ်ထုတ်လုပ်ရန် အလျင်အမြန် စီမံ ချက်များ ချမှတ်လုပ်ဆောင်ရပါမည်။ နိဂုံးချုပ်အနေဖြင့် - • ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက်များကို တင်ဒါခေါ်ယူရန်ပြင်ဆင်ပါ။ • ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက်နှင့်ပတ်သက်သည့် အချက်အလက် ( Data ) များကို အွန်လိုင်းပေါ်မှကြည့်ရှုနိုင်ရန်ပြင်ဆင်ပါ။ • ၂၀၁၁ နှင့် ၂၀၁၃ ကခေါ်ယူခဲ့သောတင်ဒါမှအားနည်းချက်အားသာချက် များကို ပြန်လည် စိစစ်ပါ။ ပြင်သင့်တာကို ပြင်ပါ။ ၃၁ နှစ် ကြာမြင့်ပြီဖြစ်သော ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် Balls ( Production Sharing Contract) ကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ပါ။ • ဈေးကွက် ရှာဖွေရန်အတွက်ကျွမ်းကျင်ပညာရှင်များနှင့် အဖွဲ့ ဖွဲ့ပါ။ • မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ကော်ပိုရိတ်အသွင်ပြောင်းပါ။ . မြန်မြန်တင်ဒါခေါ် မြန်မြန်စာချုပ်။ မြန်မြန်တူး၊ မြန်မြန်ရှာ၊ မြန်မြန် ထုတ်လုပ်ခြင်းဖြင့် တိုင်းပြည်၏။ သဘာဝဓာတ်ငွေ့ လိုအပ်ချက် များ ကို ဖြည့်ဆည်းပြီး နိုင်ငံခြားဝင်ငွေ တိုးအောင် ဆောင်ရွက်ကြပါစို့ ။ ကျော်ကျော်လှိုင်(SMART)