လှိုင်း သုံးလှိုင်းရဲ့ ကွာခြားချက်
မာယာများတဲ့ ကိုဗစ်ရောဂါတတိယလှိုင်းကတော့ အမြင့်ဆုံးကာလကို ရင်ဆိုင်နေရတယ်ထင်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာလည်း ကူးစက်နှုန်းမြင့်ပြီး သေဆုံးနှုန်း မြင့်တက်လျက်ရှိပါတယ်။ ဇူလိုင်လ လယ်ကစပြီး ကမ္ဘာတစ်ဝန်းသေဆုံးနှုန်း ၃၀ ရာခိုင် နှုန်းမြင့်တက်ပြီး အင်ဒိုနီးရှားမှာ တစ်ရက် ပျမ်းမျှ ၁၃၀၀ လောက် သေနှုန်းရှိတယ်လို့ သိရပါတယ်။ ဒီလိုကူးစက်နှုန်းမြင့်တက်ပြီး သေဆုံးနှုန်းများရခြင်း အဓိကအကြောင်းရင်းကတော့ မျိုးကွဲဗီဇပြောင်း ရောဂါပိုးတွေကြောင့် ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဒေသတွင်းနိုင်ငံတွေမှာလည်း မျိုးကွဲဗီဇပြောင်းပိုးကို ပြင်းပြင်းထန်ထန်ခံစားနေရပါတယ်။
မြန်မာနိုင်ငံမှာတော့ မေလနောက်ဆုံးပတ် လောက်ကနေစပြီး တတိယလှိုင်းကို ခံစားခဲ့ရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေက နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ လက်ရှိ အစိုးရကို ဆန့်ကျင်လိုသူတွေရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကိုကြုံတွေ့နေရတဲ့ကာလလည်း ဖြစ်ပါ တယ်။ ဒီလိုအချိန်မှာ မာယာများတဲ့မျိုးရိုးဗီဇပြောင်း ကိုဗစ်ပိုးနဲ့ ရင်ဆိုင်နေရလို့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို ပထမလှိုင်း၊ ဒုတိယလှိုင်းထက် ပိုမိုပြီးအားထုတ်လုပ်ကိုင်နေရ တယ်လို့ ထင်ပါတယ်။
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ တတိယလှိုင်း မှာ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ မတူတဲ့အချက်ပေါင်း များစွာရှိပါတယ်။ အဓိကအချက်တွေကတော့ ရောဂါပိုးရဲ့ သဘောသဘာဝ၊ ပြည်သူတွေရဲ့ ကျန်းမာရေးသတိလျော့နည်းနေမှု၊ အဖျက်အမှောင့် သမားတွေရဲ့ အန္တရာယ်၊ ယခင်အစိုးရရဲ့ ပျက်ကွက် မှုနဲ့ လက်ရှိအစိုးရရဲ့ အရေးပေါ်တုံ့ပြန်ဆောင်ရွက် နေမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ကျန်းမာရေးပညာရှင်တွေ အထပ်ထပ်အခါခါ ရှင်းပြနေလို့ အကျယ်တဝင့် ပြောစရာမလိုအောင် အားလုံးသိပြီးဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ယခုဖြစ်နေတဲ့ မျိုးရိုးဗီဇပြောင်းရောဂါပိုးဟာ မြန်မာနိုင်ငံတစ်ခုတည်းမှာသာ ပြင်းထန်စွာကူးစက် နှုန်းမြင့်မားပြီး သေဆုံးနေတာမဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကူးစက်နှုန်း၊ သေဆုံးနှုန်း အလွန်မြင့်မားတဲ့စာရင်း ထဲမှာ မပါဝင်ဘူးဆိုတာကို ကိန်းဂဏန်းအချက် အလက်တွေအရ သိမြင်နိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံ အတွင်းဖြစ်ခဲ့တဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ယှဉ်ရင်တော့ တတိယလှိုင်းဟာ အချိန်တိုအတွင်း ကူးစက် နှုန်းမြင့်မားပြီး သေဆုံးသူများခဲ့တာတော့ သေချာပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူ၊ အသက် အရွယ်ကြီးရင့်သူ၊ ကာကွယ်ဆေးထိုးမထားသူတွေက အန္တရာယ်အရှိဆုံးဖြစ်ခဲ့ပါတယ်။ မာယာများတဲ့ ရောဂါပိုးရဲ့ သဘောသဘာဝကြောင့် လက္ခဏာ မပြဘဲ ပိုးရှိသူတွေရဲ့ ဖြန့်ဝေမှု၊ ဆတိုးကူးစက်နှုန်း မြင့်မားတဲ့ မျိုးရိုးဗီဇတို့ကြောင့်လည်း ယခုလိုအခြေ အနေမျိုး ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။
ကျန်းမာရေးပညာရှင်တွေရဲ့ လတ်တလော လေ့လာတွေ့ရှိချက်အရတတိယလှိုင်းစတင်ဖြစ်ပွား ချိန်နဲ့ အချိန်တိုအတွင်းမှာ ကူးစက်နှုန်း၊ သေဆုံးနှုန်း မြင့်တက်ရတဲ့ အကြောင်းရင်းတွေက
- ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာ စီစဉ်ထားရှိခဲ့တဲ့ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံတွေနဲ့ အထောက် အကူပြုပစ္စည်းများ အားနည်းခြင်း၊ ဒုတိယလှိုင်းကာလဖြစ်တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများအတွင်း အကာ အကွယ်မဲ့ ပြည်သူအများစု ရာထောင်ချီလူစုလူဝေးများ ဖြစ်ပေါ်ခဲ့ခြင်း၊
- တတိယလှိုင်းရဲ့အစ မျိုးရိုးဗီဇကွဲပိုး စတင်ပျံ့နှံ့ချိန်မှာ ပြည်သူလူထု ကျန်းမာရေးသတိ လျော့နည်းချိန် ဖြစ်နေတာနဲ့ CDM လှုပ်ရှားမှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အားနည်းနေခဲ့ခြင်း ၊ စတာတွေကြောင့် တတိယလှိုင်းအရှိန်ရလာချိန်မှ ပြည်သူလူထုအခက်အခဲကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။
အဖျက်အမှောင့်သမားတွေရဲ့ အန္တရာယ်
ဒါ့အပြင် နိုင်ငံရေးရည်မှန်းချက်အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အုပ်ချုပ်ရေးတယ်။ ယန္တရားကို ပျက်ပြားစေလိုသူတွေက ကျန်းမာရေး လောက CDMလှုပ်ရှားမှုနဲ့အတူကိုဗစ်ကာကွယ်ဆေး မထိုးဖို့ လှုံ့ဆော်မှုတွေ၊ ကိုဗစ်ကာကွယ်ကုသရေး စင်တာတွေ ပိတ်သိမ်းမှုတွေလုပ်ခဲ့တဲ့ အကျိုးဆက် ကလည်း တတိယလှိုင်းကို အချိန်တိုအတွင်း အရှိန် မြင့်တက်စေခဲ့တယ်လို့ သုံးသပ်ရပါတယ်။
ကိုဗစ်အန္တရာယ်ဟာ နိုင်ငံရေးအရောင်အသွေး မရွေး၊ လူတန်းစားမရွေး ရင်ဆိုင်ကြုံတွေ့နေရပေမယ့် အချို့သောအစိုးရဆန့်ကျင်ရေးလှုပ်ရှားသူတွေက အစိုးရကိုတိုက်ခိုက်ဖို့ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို နိုင်ငံရေးအောက်လုံးထိုးပြီး နှောင့်ယှက်ခဲ့ကြတာ အံ့ဩဖွယ်ရာ မြင်တွေ့နေရပါ တယ်။ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ဒီလိုအောက်တန်း ကျတဲ့လုပ်ရပ်တွေကို လုပ်နေကြသလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ လူသားမဆန် စာနာစိတ်ကင်းမဲ့တဲ့ အဖျက်သမားတွေရဲ့ ကိုဗစ် တတိယလှိုင်းဖြစ်ပွားမှုကို နိုင်ငံရေးအကျိုးအမြတ် အဖြစ် အသုံးချနေတဲ့လုပ်ရပ်တွေဟာ မလုပ်သင့်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
ဒီလိုအချိန်၊ ဒီလိုကာလမှာ မလုပ်သင့်တဲ့ လုပ်ရပ်တွေဖြစ်ပေါ်နေရတဲ့ အခြေခံအကြောင်းတရား က ယခင်အစိုးရ၊ တစ်နည်းအားဖြင့် NLD ပါတီရဲ့ အဆင်အခြင်မဲ့လုပ်ရပ်တွေကြောင့်လို့ ဆိုရမှာဖြစ်ပါ တယ်။ ဒုတိယလှိုင်း ပြင်းထန်နေတဲ့ကာလကြီးကို အသုံးချပြီး ရွေးကောက်ပွဲရအောင်ကျင်းပခဲ့သလို တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ဖို့ မဖုံးနိုင် မဖိနိုင် မဲမသမာမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီပြဿနာကို ဥပဒေကြောင်းအရ စားပွဲဝိုင်းပေါ်မှာ ငြိမ်းငြိမ်း ချမ်းချမ်းဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေအားလုံးကို လျစ်လျူရှုငြင်းပယ်ခဲ့တဲ့ NLD အစိုးရနဲ့ပါတီကြောင့် ဒီကနေ့ နိုင်ငံရေးမတည်မငြိမ်မှုတွေ ဖြစ်နေရ တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။ ဒါ့အပြင် ပြည်သူလူထုကို အတွေးအခေါ် အမှားတွေ၊ သတင်းအမှားတွေပေးပြီး အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းပေါ်ကို ဆွဲတင်နေတာကို တွေ့ရပါတယ်။ မည်သူ့အတွက်မှ အကျိုးမရှိနိုင်တဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းကို ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် အသုံးချခဲ့သလို တတိယလှိုင်းကိုလည်း NLD အာဏာပြန်လည် ရရှိရေးအတွက် အသုံးချနေသလိုဖြစ်နေပါတယ်။ ပြည်သူ့မျက်နှာကိုတော့ ကြည့်ဖို့လိုပါတယ်။
ပညာရှင်များ၏အကြံပြုချက်
ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကြတဲ့နေရာမှာ ကျူးကျော်လာတဲ့ ဗိုင်းရပ်စ်ရောဂါပိုးကို လူသားတွေ အားလုံး ပူးပေါင်းတိုက်ထုတ်နေရတဲ့ ကမ္ဘာ့စစ်ပွဲကြီး တစ်ခုအဖြစ်ရှုမြင်ဖို့ ပညာရှင်တွေက အဆိုပြုပါတယ်။ ကိုဗစ်ကပ်ရောဂါကို တိုက်ထုတ်တဲ့နေရာမှာ စစ်ပွဲတစ်ခုလို သဘောထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ အချက် (၆) ချက်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလလောက်ကတည်းက ကမ္ဘာ့ပညာရှင်တွေ ကြိုတင်သတိပေးနေခဲ့ကြပါတယ်။
ပညာရှင်တွေ အကြံပြုထားတဲ့အချက်တွေကတော့ -
(၁) Maintain essential capabilities- လိုအပ်တဲ့လုပ်နိုင်စွမ်းတွေ၊ စွမ်းဆောင်နိုင်ရည်တွေအားလုံးကို ထိန်းသိမ်းထားရှိရန်။
(၂) Develop global and local surveillance networks- နိုင်ငံတကာနဲ့ ဒေသတွင်း ရောဂါစောင့်ကြည့်ရေး ကွန်ရက်တွေဖွဲ့စည်းကြရန်။
(၃) Build and maintain a network of alliances- မိတ်ဖက်ကွန်ရက်တွေကို တည်ဆောက်ထိန်းသိမ်းထားရန်။
(၄) Build emergency response capacity- အရေးပေါ်တုံ့ပြန်နိုင်တဲ့ စွမ်းရည်တွေ တည်ဆောက်ရန်။ ။
(၅) Forward-deployed personnel and weaponry- လိုအပ်တဲ့ကျန်းမာရေး ဝန်ထမ်းတွေ၊ အထောက်အကူပြုအဖွဲ့တွေနဲ့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းတွေကို လိုအပ်တဲ့နေရာတွေမှာ ကြိုတင်ပြင်ဆင်နေရာချထားရန်။
(၆) Invest in the defensive weapons of the future- ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာတွေမှာ ခုခံကာကွယ်ရေးလက်နက်တွေ တပ်ဆင်ထုတ်လုပ်သလို သဘောထားပြီး ရင်းနှီးမြှုပ်နှံကြဖို့ အကြံပြုခဲ့ပါတယ်။ ယခင် NLD အစိုးရရဲ့ ပျက်ကွက်မှု ဒီအချက်တွေကိုကြည့်မယ်ဆိုရင် ယခင် NLD အစိုးရအနေနဲ့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ အားလုံးကို ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက မဟာဗျူဟာရေးဆွဲပြီး လုပ်ဆောင်ရမှာဖြစ်ပါ တယ်။ လုပ်ခဲ့လား၊ မလုပ်ခဲ့ဘူးလားဆိုတာ မြေပြင် အခြေအနေကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြသူတိုင်း သိနိုင်ပါတယ်။ ထားပြီး ရင်းနှီးမြှုပ်နှံကြဖို့ အကြံပြုခဲ့ပါတယ်။ ယခင် NLD အစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါကြီး ဖြစ်ပွားနေကတည်းက အထက်ပါအချက်တွေကို လျစ်လျူရှုပြီး မိမိတို့အစိုးရ နောက်တစ်ကြိမ် အာဏာပြန်လည်ရရှိရေး အတွက်သာ အာရုံစိုက်နေခဲ့ကြပါတယ်။ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုက NLD ပါတီအောင်နိုင်ရေး အတွက် အကျိုးရှိခဲ့တယ်လို့ ပါတီရဲ့ ပြန်ကြားရေး တာဝန်ခံ မုံရွာ ဦးအောင်ရှင်ကိုယ်တိုင် အကုန်သိ သတင်းဌာနနဲ့အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့တာကို ကျွန်တော်တို့ ပြည်သူတွေ အံ့ဩဖွယ်ကြားရ မြင်တွေ့ရပါတယ်။
ယခင်အစိုးရကို ဦးဆောင်နေခဲ့သူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆိုရှယ်မီဒီယာနဲ့ အစိုးရမီဒီယာတွေပေါ်ကနေ မဲဆွယ်စည်းရုံးရေး တစ်ဖြစ်လဲ ကိုဗစ်ကာကွယ်ရေးအတွက်ဆိုပြီး လက်ဆေးပြနေပေမယ့်လည်း လက်တွေ့မှာ ကိုဗစ် ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ထိရောက်တဲ့ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ ဘာတစ်ခုမှ ချမှတ်ဆောင်ရွက်ခဲ့ခြင်းမရှိတာကို တွေ့ရှိရပါတယ်။ NLD အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်ရောဂါအတွက် ကြိုတင်ပြင်ဆင်ထားမှုကို မြင်ရင်ဖျားသွားမယ်လို့ ပြည်သူကိုပြောခဲ့ပေမယ့် လက်တွေ့မှာတော့ အလှူရှင်တချို့ ဝင်ကူနေကြ တာကလွဲလို့ ကြိုတင်ပြင်ဆင်ထားမှုက ဗလာနတ္ထိ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလိုပြောလို့ ယခင် NLD အစိုးရကို အပြစ်ပုံချ ပြောဆိုလိုခြင်းမဟုတ် ဘဲ လက်တွေ့ဖြစ်ပေါ်နေရတဲ့အခြေအနေတွေရဲ့ အကြောင်းရင်းခံအချက်အနေနဲ့ ထောက်ပြရခြင်း ဖြစ်ပါတယ်။
ယခု အောက်ဆီဂျင်အရေးပေါ်လိုအပ်ချက် ကိုကြည့်မယ်ဆိုရင် ယခင် NLD အစိုးရရဲ့ ကြိုတင် ပြင်ဆင်မှု ပျက်ကွက်ခဲ့တာကို အထင်အရှားတွေ့မြင် နိုင်ပါတယ်။ အစိုးရတစ်ရပ်အနေနဲ့ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားကတည်းက နောင်ဖြစ်လာနိုင်တဲ့ ကူးစက်နိုင်ခြေတွေကို ခန့်မှန်းတွက်ချက်ပြီး ပြည်သူတွေလိုအပ်လာနိုင်တဲ့ အောက်ဆီဂျင် ပမာဏကို ကြိုတင်တွက်ထုတ်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ စက်ရုံတွေတည်ဆောက်ဖို့၊ အရန်ထားရှိဖို့ ကြိုတင်ပြင်ဆင်ရမှာဖြစ်ပါတယ်။ လိုအပ်လာနိုင်တဲ့ ဆေးရုံ၊ ဆေးခန်း၊ Quarantine Center တွေကို လျာထားပြင်ဆင်ရမှာဖြစ်ပါတယ်။ NLD အစိုးရ ကြိုတင်ပြင်ဆင်ထားတဲ့ စီမံချက်နဲ့ ဆောင်ရွက်ချက်မျိုး တစ်ခုမှမရှိခဲ့တဲ့အပြင် သူတို့ အာဏာစွန့်လွှတ်ရချိန်မှာ CDM လှုံ့ဆော်ဆောင်ရွက် မှုတွေနဲ့အတူ ဆောင်ရွက်ပြင်ဆင်ထားတဲ့ ကိုဗစ် ကာကွယ်ရေး အခြေခံအဆောက်အအုံတွေ၊ အစီအမံတွေ အားလုံးက ဆုံးခန်းတိုင်သွားခဲ့ရတာကို စိတ်မကောင်းဖွယ် မြင်တွေ့ရပါတယ်။
အဓိကအချက်က ယခင် NLD အစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါကို နိုင်ငံရေးအရ လက်နက်တစ်ခု အဖြစ် အသုံးချသွားပေမယ့် ရေရှည်မျှော်မှန်းချက်နဲ့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကို တစ်ခုမှ မဆောင်ရွက် ထားခဲ့ပါဘူး။ ပိုဆိုးတာကကျန်းမာရေး ဝန်ထမ်းအင်အားဖြည့်တင်းဖို့နဲ့ ကြိုတင်ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့တာအပြင် ကိုဗစ်ရောဂါ ဖြစ်ပွားနေဆဲ ကာလကြီးမှာတောင် ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို CDM အမည်ခံ အလုံးစုံပျက်သုဉ်း ရေး ဆောင်ရွက်ကြဖို့၊ ၎င်းတို့ရဲ့ ကျင့်ဝတ်သိက္ခာတွေ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး အလုပ်မဆင်းကြဖို့ တိုက်တွန်းခဲ့တာပါပဲ။ နောက် ထပ် ဖြစ်ပေါ်လာနိုင်တဲ့ ကပ်ရောဂါလှိုင်းတွေကို တွန်းလှန်နိုင်အောင် အထက်မှာ ပညာရှင်တွေ ထောက်ပြခဲ့တဲ့ အရေးအကြီးဆုံးအချက် ခြောက်ချက်ကို မဖြည့်ဆည်းခဲ့တဲ့အပြင် ရှိပြီးသား ဆောင်ရွက်ချက်တွေဟာလည်း ဖျက်ဆီးခံခဲ့ရသလို ဖြစ်ခဲ့ပါတယ်။ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဆိုတာက စစ်ဖြစ်နေချိန်မှာတောင် ရန်သူ/မိတ်ဆွေ မခွဲခြားဘဲကုသပေးရတဲ့၊ အလွန်မွန်မြတ်တဲ့ အသက် မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါတယ်။ ပြည်သူတွေ အတိဒုက္ခရောက်မယ့်နည်းလမ်းကို NLD အစိုးရ အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ရွေးသွားသလားတောင် ထင်ရပါတယ်။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေနဲ့တော့ ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်နေရသလိုကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရေးကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်နေရတာကို တွေ့ရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နေမှု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ အနေနဲ့ ယခင် NLD အစိုးရရဲ့ ကြိုတင်ပြင်ဆင်မှုမရှိ ခဲ့ခြင်းတွေ၊ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုတွေ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအရ အဘက်ဘက် က စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် တတိယ လှိုင်းကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ ဇူလိုင်လ တစ်လအတွင်းမှာတင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်တဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်။ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ငါးကြိမ်ကျင်းပခဲ့တာကို တွေ့ရပါတယ်။ ဒီညှိနှိုင်း အစည်းအဝေးတွေကို လေ့လာကြည့်တော့ မြေပြင် အခြေအနေနဲ့အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်တဲ့မူဝါဒတွေကို အလျင်အမြန်ချမှတ်ဆောင်ရွက်နေရုံမက နိုင်ငံ တကာနဲ့လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ မူဝါဒ ထားရှိတာကို တွေ့ရှိရပါတယ်။ ။
ဒီလိုမူဝါဒချမှတ်တဲ့နေရာမှာ လက်ရှိမြေပြင် အခြေအနေကို မှန်ကန်စွာသုံးသပ်ပြီး ကာကွယ် ထိန်းချုပ်ရေးအပိုင်းအတွက် လိုအပ်တဲ့မြို့နယ်တွေ ကို stay at Homeကြေညာခြင်း၊ ထုတ်ပြန်ချက်များ၊ အမိန့်များ အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ခြင်း၊ အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးတွေ ကြန့်ကြာနေမှုကြောင့် တရုတ်နဲ့ရုရှားနိုင်ငံမှ ကာကွယ်ဆေးတွေ ချက်ချင်းဝယ်ယူထိုးနှံပေးခြင်း၊ မီဒီယာတွေကနေ အမြဲမပြတ်ပညာပေးအစီအစဉ်တွေ၊ သတိပေးမှုတွေ ဆောင်ရွက်စေခြင်း၊ ဒေသအလိုက် Volunteer တွေ အဖွဲ့အစည်းတွေကို အကူအညီတောင်းခံစေပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်စေခြင်းများကို တွေ့ရ ပါတယ်။
ထိန်းချုပ်ကုသရေးအပိုင်းအတွက်ကူးစက်နှုန်း မြင့်တက်နေတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ဆောင်ရွက်နေ တဲ့အတိုင်း Quarantine စနစ်ပြောင်းလဲခြင်း၊ Quarantine စင်တာ၊ Community COVID Positive Center နဲ့ ကုသရေးစင်တာတွေ ချက်ချင်းတိုးချဲ့ ဖွင့်လှစ်ခြင်း၊ မြေပြင်လိုအပ်ချက်နဲ့အညီ ကျန်းမာ ရေးဝန်ထမ်းတွေ ပြန်လည်နေရာချထားခြင်းနဲ့ ကန်ထရိုက်စနစ်ဖြင့် ဝန်ထမ်းခန့်အပ်ရန် ဆောင်ရွက်ခြင်း၊ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်တဲ့အထောက်အကူပြု ပစ္စည်းနဲ့ ဆေးဝါးမှန်သမျှကို အလျင်အမြန် တင်သွင်းနိုင်အောင် မူဝါဒတွေဖြေလျှော့ဆောင်ရွက် ခြင်း၊ ယခုလက်ရှိ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် ရှိပြီးသားစက်ရုံတွေကို စွမ်းအားပြည့် လည်ပတ်နိုင်အောင်၊ ပိုမိုထုတ်လုပ်နိုင် အောင်ဆောင်ရွက်ခြင်းနဲ့ အောက်ဆီဂျင်စက်ရုံ အရေးပေါ် တည်ဆောက်ခြင်းများ၊ ပြင်ပမှ Liquid Oxygen တင်သွင်းမှုတွေ အထူးစီစဉ်ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်ကုသရေးဆေးရုံကြီးတွေမှာ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်နေခြင်း၊ ဝေးလံ ခေါင်ဖျားဒေသတွေကို တပ်မတော်လေယာဉ်တွေ သုံးပြီး အောက်ဆီဂျင်နဲ့ပတ်သက်ပြီး လိုအပ်ချက် တွေ အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ပေးနေတာကို တွေ့ရှိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဆိုသော် လည်းလိုအင်ဆန္ဒပြည့်ဝဖို့ဆိုတာကတော့ အနည်း ငယ် ခက်ခဲတာကိုတော့ ကိုယ်ချင်းစာမိပါတယ်။
ရောဂါ ဖြစ်ပွားမှုအခြေအနေပေါ် မူတည်ပြီး ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်အောင် ပြည်နယ်နဲ့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတွေက သက်ဆိုင်ရာ စစ်တိုင်းမှူးတွေနဲ့ လက်တွဲညီညီ ပူးပေါင်းပြီး ဆောင်ရွက်နေတာကိုလည်း အားရဖွယ် တွေ့ရှိရပါတယ်။ “ယခင် NLD အစိုးရလက်ထက်မှာ ဖွင့်လှစ်ထား ခဲ့တဲ့ Quarantine Center နဲ့ ကုသရေးစင်တာတွေ အားလုံးနီးပါးက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကြောင့် ရပ်ဆိုင်းသွားခဲ့ရပြီး ဖြစ်ပါတယ်။ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရလက်ထက်မှာတော့ ယခင်ကအား နည်းခဲ့တဲ့ အထောက်အကူပြုပစ္စည်းတွေ၊ ဆေးကုသရေး စင်တာတွေ၊ ထိန်းချုပ်စောင့်ကြည့်ရေးစင်တာတွေကိုလည်း အချိန်တိုကာလအတွင်းမှာ တင်ပဲ အမြောက်အမြားတိုးချဲ့ဖွင့်လှစ်ခဲ့တာကို တွေ့ရှိရပါ တယ်။ တပ်မတော်အနေနဲ့ ကိုဗစ်-၁၉ လူနာ လက်ခံ ကုသဖို့ နေရာ ၁၂၇၈ ခုနှင့် လူဦးရေ ၃၉၀၀၀ လက်ခံကုသနိုင်ဖို့ ပြင်ဆင်ထားရှိသလို အရပ်ဘက် အနေနဲ့လည်း ၁၄၅၃ နေရာမှာ လူဦးရေ ၇၁၅၀၀ လက်ခံနိုင်ဖို့ ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။ Community COVID Positive Center Gozo လိုအပ်ချက်ရှိသလောက် တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက် နေတာတွေကိုလည်း နေ့စဉ်မြင်တွေ့ကြားသိနေရပါတယ်။
အထူးသဖြင့် တတိယလှိုင်းမှာ လိုအပ်ချက် မြင့်မားနေတဲ့အောက်ဆီဂျင်ကိုလုံလုံလောက်လောက် ဖြန့်ပေးနိုင်ဖို့ ရှိပြီးသားစက်ရုံတွေ စွမ်းအားပြည့် လည်ပတ်နိုင်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တဲ့ အပြင် စက်ရုံအသစ်တွေကိုလည်း တိုးချဲ့ တည်ဆောက်လျက် ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ အောက်ဆီဂျင် (Liquid အပါအဝင်) ထုတ်လုပ်နိုင်တဲ့စက်ရုံပေါင်း ၁၄၄ ရုံ ရှိပြီး ၂၄ နာရီအတွင်းမှာ Oxygen လီတာပေါင်း ၁၂၇၈၉၇၀ နဲ့ Liquid Oxygen တန်ပေါင်း ၅၈ တန် ထုတ်လုပ်နိုင်အောင် ဇူလိုင်လအတွင်း စီမံ ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှုမှာလည်း မူလတည်ဆောက်ပြီးစက်ရုံ ၁၁၉ ခု ရှိခဲ့ပေမယ့် CDM ကျန်းမာရေးဝန်ထမ်းတွေကြောင့် ပြည်သူ့ ဆေးရုံတွေရှိ စက်ရုံတွေ ထုတ်လုပ်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် တတိယလှိုင်း ဖြစ်ပေါ်ချိန် အောက်ဆီဂျင်လိုအပ်ချက်မြင့်မားလာလို့ ရပ်ဆိုင်းထားတဲ့စက်ရုံတွေ အမြန်ပြန်လည် ထုတ်လုပ်နိုင်ရေး လုပ်ဆောင်ခဲ့သလို ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ စက်ရုံအသစ် ၂၅ ခု ထပ်မံဆောက်လုပ်ခဲ့တာ မြင်တွေ့နေရပါတယ်။ ဒီလို စက်ရုံအသစ်တိုးချဲ့မှုတွေ၊ စက်မှုလုပ်ငန်းသုံး အောက်ဆီဂျင်စက်ရုံတွေ တိုးမြှင့်ထုတ်လုပ်မှုတွေ၊ ပြည်သူ့ဆေးရုံတွေက စက်ရုံတွေ စွမ်းအားပြည့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်တာတွေ အားလုံးကို တပ်မတော်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပုဂ္ဂလိက စေတနာရှင် ပြည်သူတွေက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
ပြည်သူတွေလိုအပ်နေတဲ့ အောက်ဆီဂျင် လိုအပ်ချက်ကို ပြည့်မီအောင် ပြည်ပမှ စက်ပစ္စည်း ဝယ်ယူတင်သွင်းမှုတွေလည်း ဌာနဆိုင်ရာလုပ်ထုံး လုပ်နည်းကန့်သတ်ချက်တွေကို ဖြေလျှော့ပြီး အလွယ်တကူမှာယူတင်သွင်းလို့ရအောင် လုပ်ပေး ခဲ့ပါတယ်။ အောက်ဆီဂျင်နဲ့ပတ်သက်လို့ ပြည်ပမှ ပုဂ္ဂလိကတင်သွင်းမှုတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ခွင့်ပြုပေးနေပြီး ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလကနေ ဇူလိုင်လကုန်အထိ အောက်ဆီဂျင် အိုးပေါင်း (ဆိုဒ်စုံ) ၃၂၀၇၂ လုံး၊ Liquid Oxygen ပေါင်း ၁၀၁၉၀ မက်ထရစ်တန်၊ Oxygen Concentrator ပေါင်း ၁၁၃၇၀၅ လုံး၊ Oxygen Plant ပေါင်း ၁၃ ခု၊ Oxygen Regulator ပေါင်း ၂၆၇၃၅ ခုနဲ့ oxygen Generator ပေါင်း ၄၆ လုံး တင်သွင်းခဲ့တယ်လို့ သတင်းတွေမှာ တွေ့ရသလို နေ့စဉ် တင်သွင်းမှုတွေ၊ အလှူရှင်တွေနဲ့ လှူဒါန်းမှုတွေကလည်း အားရစရာပဲ ဖြစ်ပါတယ်။
အောက်ဆီဂျင်လိုအပ်ချက်အတွက် အစိုးရက ပြည်တွင်းထုတ်လုပ်မှုတွေ တိုးမြှင့်ခဲ့ပြီး ပြည်ပကနေ တင်သွင်းခွင့်တွေ ကန့်သတ်ချက်မရှိ ခွင့်ပြုပေးနေ သလို တပ်မတော်နဲ့ စေတနာရှင်ပြည်သူတွေက အောက်ဆီဂျင်နဲ့ ကုသရေးပစ္စည်းတွေကို သဒ္ဓါ တရားထက်သန်စွာ လှူဒါန်းပေးလျက်ရှိပါတယ်။
ဇူလိုင်လ ၁ရက်နေ့ကနေ ဇူလိုင်လကုန်အထိ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးက တပ်မတော်သားတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံတွေ၊ တပ်မတော် ဆေးရုံတွေ၊ ကိုဗစ်စင်တာတွေ၊ ကျန်းမာရေး ဌာနတွေ၊ ပရဟိတအသင်းတွေကို အောက်ဆီ ဂျင်အိုး ၇၁၇၀၊ နှာခေါင်းစည်း ၃၇၄၀၃၂ ခု၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ (PPE) ဝတ်စုံ ၂၀၂၀ နဲ့ အခြားသော ရောဂါကာကွယ်ရေးပစ္စည်းတွေ၊ ဆေးပစ္စည်းတွေ၊ စက်သုံးဆီတွေ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာတွေနဲ့ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက စေတနာရှင် မိဘပြည်သူတွေကလည်း အောက်ဆီဂျင်အိုး အလုံး ၂၄၃၀၊ အခြားရောဂါကာကွယ်ရေးပစ္စည်းတွေနဲ့ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြတာကို ဝမ်းမြောက် ဂုဏ်ယူဖွယ် တွေ့မြင်ရပါတယ်။ ပြည်သူလူထုကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားရကျေနပ် ဖွယ်ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေနဲ့ နိုင်ငံတကာကူညီမှု လျော့နည်းနေချိန်၊ ရောဂါပိုးရဲ့သဘာဝကြောင့် ကူးစက်နှုန်းမြင့်တက်လာချိန်နဲ့ ယခင်အစိုးရရဲ့ ကြိုတင်ပြင်ဆင်မှုအားနည်းချက်တွေ အပေါ်မှာ အကောင်းဆုံး ဖြေရှင်းဆောင်ရွက်နေရတာကို လည်း ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိပါတယ်။
အနှစ်ချုပ်လိုက်ရင်တော့ ပထမလှိုင်း၊ ဒုတိယ လှိုင်းတွေမှာ ပြည်သူလူထု ကျန်းမာရေးသတိ ရေချိန်မြင့်နေချိန်၊ အဖျက်အမှောင့်သမားတွေမရှိဘဲ ရောဂါပိုးရဲ့ သဘောသဘာဝအရ ကူးစက်နှုန်းမြင့် သေးတဲ့အချိန်ဖြစ်ပါတယ်။ ယခုတတိယလှိုင်းမှာတော့ ဒီအချက်တွေအားလုံး အနုတ်လက္ခဏာနဲ့ ရင်ဆိုင်နေရတဲ့အပြင် ပထမနဲ့ဒုတိယလှိုင်းကာလ တွေကတည်းက NLD အစိုးရရဲ့ ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်မှုပျက်ကွက်ခဲ့တာတွေကို လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက်မှာ အရေးပေါ်ကုစားဖြေရှင်းနေရတယ် ဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့တော့ ပြည်တွင်း၊ ပြည်ပနိုင်ငံရေးပယောဂတွေ၊ အဖျက်အမှောင့် လုပ်ရပ်တွေနဲ့ စိန်ခေါ်မှုတွေ အမျိုးမျိုးကြုံတွေ့နေရတဲ့အချိန်မှာ ကိုဗစ်တတိယ လှိုင်းကို တွန်းလှန်ကျော်လွှားဖို့ အစွမ်းကုန်ကြိုးစား နေတယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ ယုံကြည် ပါတယ်။ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ကိုဗစ်လှိုင်းတွေနဲ့ အခြားကပ်ရောဂါတွေကိုလည်း အထက်မှာ ဖော်ပြခဲ့သလို ကမ္ဘာ့ပညာရှင်တွေ အကြံပြုထားတဲ့ ကြိုတင်ပြင်ဆင်ရမယ့် မူဝါဒ ခြောက်ချက်နဲ့အညီ ပြင်ဆင်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ပေးလိုက်ရပါတယ်။ ။
Ref: "The next pandemic could be even worse", opinion by Jamie Metzl, Andrew Hessel and Hansa Bhargava. (https:// edition.cnn.com/2020/04/29/ opinions/ military-approach-coronavirusopinion-metzl-hessel-bhargava/index. html)
အောင်ရှင်း