Skip to main content

ပန်းခင်းဆီသို့ လှမ်းခဲ့ပါ

နိုင်ငံသားတစ်ဦးသည် နိုင်ငံသားအခွင့်အရေ။ အပြည့်အ၀ရရှိနိုင်ရမည်ဖြစ်သည်။ ယင်းအခွင့် အရေးများ ရရှိနိုင်ရန် နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့က နိုင်ငံသား စိစစ်ရေးကတ်ပြားရှိဖို့ လိုအပ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပါမှ နိုင်ငံသားတစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ အသိအမှတ်ပြုနိုင်ပြီ။ နိုင်ငံသားတစ်ယောက် ရရှိခံစားခွင့် ရှိသည့် အခွင့်အရေးများကို ရရှိခံစား နိုင်မည်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်ကို လကက ပန်းခင်၊ စီမံချက်ဖြင့် မြန်မာနိုင်ငံ တစ်နံ တစ်လျား ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံသားစိစစ်ရေးကော်ပြား

ပန်းခင်းစီမံချက်သည် နိုင်ငံသားအားလုံးအတွက်ဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီး သူများအနေဖြင့် မထောင်းတာလှသော်လည်း မရရှိသေးသည့်နိုင်ငံသားများ အတွက်က မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်တစ်ရပ်ဖြစ်ပါသည်။ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်အစိုးရက ပြည်သူများ၏အကျိုးအတွက်စေတနာ ရှေ့ရှုဆောင်ရွက်မှုတစ်ခုပင် ဖြစ်သည်။ နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိပါက သူ့အနေဖြင့် အလိုလို နိုင်ငံမဲ့ ဖြစ်နေမည်။ နိုင်ငံသားအခွင့်အရေးများ အလိုလိုဆုံးရှုံးနေမည်။ “ကိုယ်နေတဲ့နေရာမှာ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ထမင်း ကိုယ်စားနေတာ နိုင်ငံသားအခွင့်အရေ။ မလိုပါဘူ။” လို့ပြောမည့်သူများလည်း ရှိနိုင်သည်။ “ဒီမှာမွေးဒီမှာကြီးပြင်းပြီ။ ဘယ်မှာမှ မဟုတ်တာ မလိုပါဘူး" လို့ ပြောသူများလည်းရှိပါမည်။ ခေတ်စနစ်များက မတူတော့၊ ကမ္ဘာကြီးတွင် သူ့နေရာနှင့်သူ အရာရာတိုးတက်ပြောင်းလဲနေမှုများကို မည်သူမျှလျစ်လျူနေလို့မရနိုင်။ တစ်နေရာနှင့်တစ်နေရာ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာသည်နှင့်အမျှ တိုးတက် ပြောင်းလဲမှုက ပိုမိုလျင်မြန်လျက်ရှိသည်။ ကျေးလက်နေပြည်သူများအနေဖြင့် မိရိုးဖလာ လုပ်ငန်းများကိုသာ လုပ်ကိုင်ကြရင်းကြီးပြင်းလာကြသော်လည်း ၎င်းတို့၏သားသမီး လူငယ်များ သည် ဘာလက်ငုတ်လုပ်ကိုင်မှုထက် အသိအမြင်ကြွယ်ကြွယ်ဖြင့် မြို့ပေါ်တက် အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ရင်း ကြီးပွားတိုးတက်မှုကို လမ်းစရှာဆောင်ရွက်ကြသည်သာ။ ယင်းကဲ့သို့ မြို့ပေါ်တက်လာသည်နှင့် ၎င်းတို့အတွက် နိုင်ငံသား အထောက်အထား မဖြစ်မနေလိုအပ်ပြီး ဖြစ်သည်။ ကျေးရွာ လူကြီး၊ ထောက်ခံချက်ဖြင့် မြို့တက်လာပါက ဘယ်ရွာသားဆိုသည့် အဖြစ်တော့ သိနိုင်ကြသော်လည်း အလုပ်အကိုင်အခွင့်အလမ်းအတွက် ယင်းထောက်ခံချက်က အသုံးမဝင်။ နိုင်ငံသားတစ်ဦးအတွက် ဘယ်အလုပ်ဖြစ်ဖြစ် အလုပ်လျှောက်လိုက်သည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (အများအခေါ်မှတ်ပုံတင်) ပြရသည်။ မိတ္တူတင်ပြရသည်။ လျှောက်လွှာတွင် မှတ်ပုံတင်နံပါတ်ဖြည့်သွင်းရသည်။ နိုင်ငံအတွင်း မည့်သည်အရပ်ဒေသက လာလာ၊ မည်သည့်အရပ်ဒေသရောက်ရောက်၊ မည်သည့်အရပ်ဒေသ၌ မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ မရှိမဖြစ်က နိုင်ငံသာနှစ် စစ်ရေးကတ်ပြာဖြစ်သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားသည် အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံပြီး ဘိုးဘွားမိဘ မျိုးရိုးစဉ်ဆက် သေွးသားဆက်စပ်မှုအပေါ် မူတည်ဆောင်ရွက်ပေးရသည့်ကတ်ပြား ဖြစ်သည်။ ဘိုးဘွားမိဘက နေသာသလိုနေ၊ ဘယ်မှမသွား၊ လက်ရှိနေရာ လက်ငုတ်လက်ရင်း၌သာ နေထိုင် လုပ်ကိုင်စားသောက်ပြီး မည်သည့်အထောက်အထားမျှမရှိ။ ၎င်းတို့၏သားသမီးများကျတော့ ယင်းကဲ့သို့မဟုတ်။ ပညာတတ်ကြီး ဖြစ်စေရေးအတွက် ကျောင်းထားကြသည်။ တစ်စတစ်စနှင့် ကလေးများက အမြင်ကျယ်လာသည်။ အသက် (၁၀) နှစ်ပြည့်တော့ လဝကကကျောင်းများတွင် ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည်။ ဘိုးဘွား မိဘများ၌ မှတ်ပုံတင်နှင့်ပတ်သက်၍ မည်သည့်အထောက်အထားမျှ  မရှိပါက အခက်တွေ့ပြီ။ ဘိုးဘွားမိဘနှောက်ကြောင်းလိုက်၍ သက်ရှိ ထင်ရှားရှိနေပါက ၎င်းတို့ကို ဦးစားပေးကာ မှတ်ပုံတင်ပြုလုပ်ပေးရတော့ သည်။ ၎င်းတို့ကိုအခြေခံ၍ သွေးသားဆက်စပ်မှုအရ သားသမီးများအတွက် မှတ်ပုံတင်ဆောင်ရွက်ကြ သည်။ ဘိုးဘွားမိဘများက မည်သည့်ကတ်ပြားမှ ကိုင်ဆောင်ထားခြင်းမရှိပါက သားသမီးများအတွက် အခက်အခဲရှိသည်။ ပညာကြိုးစားသင်ပြီး (၁၀)တန်းအောင်၊ တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ရပြီဆိုပါက ဘွဲ့လက်မှတ်ရရှိရေးမှာ နိုင်ငံ သားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ရှိမှဖြစ်မည်။ ဘွဲ့လက်မှတ်ရရှိဦးတော့၊ မှတ်ပုံတင်မရှိလျှင် မည်သည့်အလုပ်မျှ ရရှိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ပြည်တွင်းအလုပ်အတွက် ဘွဲ့လက်မှတ်အထောက်အထားနှင့် မှတ်ပုံတင် လိုအပ်ချက်ဖြစ်သော်လည်း ၎င်းအနေဖြင့် ပြည်ပနိုင်ငံတစ်ခုခုသို့ သွားရောက် အလုပ်လုပ်ကိုင် မည်၊ ပြည်ပတွင် ကျောင်းသွားတက်မည်ဆိုပါစို့၊ မြန်မာနိုင်ငံကူးလက်မှတ် (Passport) စာအုပ် လုပ်ရမည်။ Passport စာအုပ် ပြုလုပ်မည်ဆိုပါက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်၊ မှတ်ပုံတင်၊ ဒီနိုင်ငံသား ဖြစ်ကြောင်း အသိအမှတ်ပြုကတ်ပြားတစ်ခုခုဖြင့်သာ လျှောက်ထား ရယူကြရသည်။ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် မှတ်ပုံတင်ကတ်ပြား မရှိပါက Passport စာအုပ်လျှောက်၍မရ၊ ပြည်ပသို့ တရားဝင် သွားရောက်ရန်မဖြစ်နိုင်။

နိုင်ငံသားအထောက်အထားတစ်ခု

နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်ကြောင်း အထောက် အထားဖြစ်ပြီ။ သာစဉ်မြေးဆက်သွေးချင်းဆက်စပ်၍ ၎င်း၏ မိဘများသည် နိုင်ငံသားဖြစ်ပါက  ၎င်းအတွက်ဆောင်ရွက်ပေးရန် မခက်ခဲလှပေ။ ခက်ခဲသော်လည်း လူတစ်ဦးချင်းစီ၏ အချက်အလက်အတောက်သားများဖြစ်ပြီး ဆောင်ရွက်ရသည့် ဌာနအနေဖြင့်၊ လုပ်ထုံး လုပ်နည်း နှင့်အညီ မှတ်တမ်းမှတ်ရာများ စနစ်တကျရေးသွင်၊ မှတ်တမ်းတင်ကြရသည်။ နိုင်ငံသားတစ်ဦး အတွက် ပြည်တွင်းပြည်ပအလုပ်အကိုင် အခွင့်အလမ်းရရှိရေး ခရီးသွားလာမှုနှင့် နေရာဒေသ တစ်ခုခု၌ တည်ခိုရေးနှင့်  အခြေချနေထိုင်ရေး၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေး၊ စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးရယူမှု၊ စုဆောင်းမှုအတွက် ဘဏ်လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး တစ်ဦးနှင့်တစ်ဦး၊ စာချုပ်စာတမ်း အထောက် အထားချုပ်ဆိုဆောင်ရွက်နိုင်ရေး စသည့် လူတစ်ဦးအတွက် အရေးပါအရာရောက်သည့် ဆောင်ရွက်မှုတိုင်းတွင် စတင်ရရှိချိန်မှ သေဆုံးသည်အထိ နံပါတ်တစ်ခုသီးသန့်ရှိသည့် မှတ်ပုံတင်ကတ်ပြားသည် မရှိမဖြစ်လိုအပ်သည်။ ထို့အပြင် ယခုဒီမိုကရေစီခေတ်၌ ပို၍ပင် အရေးကြီးသော နိုင်ငံသားအထောက်အထားတစ်ခု ဖြစ်နေသည်။

ဒီနိုင်ငံတွင်မွေး ဒီနိုင်ငံတွင် ကြီးပြင်းသော်လည်း မှတ်ပုံတင်ရှိပါက နိုင်ငံသားတစ်ဦး၏ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးပေမည်။  မိမိနိုင်ငံက လျှောက်လှမ်းနေသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းရေးအတွက် တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မှတ်ပုံတင်မရှိပါက မိမိကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်အား မဲဆန္ဒပေးထောက်ခံဖို့ ခက်ခဲပေမည်။ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မှတ်ပုံတင်မရှိဘဲ မဲပေးမှုများ၊  မဲစာရင်းထပ်မှုများကြောင့် တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်ခဲ့ဘဲ ရလဒ်များကို ပယ်ဖျက် လိုက်ပြီဖြစ်သည်။ ယင်းအဖြစ်အပျက် အတွေ့အကြုံများအရ နောင်လာမည့်ရွေးကောက်ပွဲများ တွင် မှတ်ပုံတင် မရှိသူအတွက် ဆဇူမဲပေးဖို့ မဖြစ်နိုင်တော့။ နိုင်ငံသားတစ်ဦးဆိုပါလျှင် ၎င်း၏ နိုင်ငံသားဖြစ်တည်မှု အရည်အချင်းအရ ရသင့်ရထိုက်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင် ခဲ့ကာ ဒီမိုကရေစီနိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရမည်ဖြစ်သည်။

မိမိနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကဲ့သို့ နိုင်ငံသား အထောက်အထား တစ်ခုခုရှိနေပါက မိမိကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်ကို မဲပေးကာ နိုင်ငံ၏ အုပ်ချုပ်ရေးပိုင်းတွင် ဆောင်ရွက်မည့်သူကို ရွေးချယ်နိုင်သကဲ့သို့ နိုင်ငံအတွက် မိမိကိုယ်တိုင် အားကြိုးမာန်တက် စွမ်းဆောင်နိုင်ရေးအတွက် ကိုယ်တိုင်ရွေးကောက်ပွဲဝင်ကာ ယှဉ်ပြိုင် ရွေးချယ်ခံနိုင်ရေး မှတ်ပုံတင်ကတ်ပြားရှိမှ ဖြစ်ပေမည်။ မှတ်ပုံတင်ရှိပါက နိုင်ငံအကျိုးအတွက် မည်သို့ပင်စိတ်ဆန္ဒပြင်းပြစွာရှိနေကာ မူ အချည်းနှီးသာ။ မှတ်ပုံတင်မရှိပါက အလိုလိုနိုင်ငံမဲ့ ဖြစ်နေသည်။ မော်တော်ယာဉ်များ၊ မှတ်ပုံတင်နံပါတ်ပြား မရှိလျှင် လိုင်စင်မဲ့ဖြစ်ပြီး အများက “without ကား” ဟု ခေါ်သကဲ့သို့ မှတ်ပုံတင်မရှိသူအတွက် “ Without လူ" ဖြစ်နေပြီ။

 

နိုင်ငံသားတိုင်းမှတ်ပုံတင်ရရှိရေး

ယခုကဲ့သို့ ရေးသားဖော်ပြအသိပေးရခြင်းမှာ မိမိတို့နိုင်ငံတွင် မှတ်ပုံတင်မရှိသေးသူ အများ အပြားကျန်ရှိနေသေးခြင်းကြောင့်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့်ဟု သုံးသပ်သော်လည်း “ဥစ္စာ ရင်လို ဥစ္စာရင်ခဲ” ဖြစ်စေလိုခြင်းကြောင့် အသိပေးနေရခြင်းဖြစ်သည်။

ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ အချို့ဒေသတို့တွင် တည်ငြိမ်အေးချမ်းရေး လိုအပ်ချက်ရှိမှု၊ စားဝတ်နေရေးအရ အခြေတကျနေထိုင်မှုမရှိဘဲ ရွှေ့ပြောင်း နေထိုင် လုပ်ကိုင် ဆောင်ရွက်မှု၊ ရုံးပြင်ကနား သွားရောက်ဆောင်ရွက်ရမည်ကို ဝန်လေးနေမှု၊ ငွေကုန်ကြေးကျ အထိုက်အလျောက်ကုန်ကျမှုအား ကျခံနိုင်ခြင်းမရှိမှု၊ မှတ်ပုံတင်မရှိလည်း ဘာမျှမဖြစ်နိုင်၊ နေလို့၊ ရပ်တည်လို့ရနေတာပဲ ဟုတစ်လွဲသိရှိနေမှု စသည့်အကြောင်းကြောင်းတို့ကြောင့် မှတ်ပုံတင် မပြုလုပ်ရသေးသူများ ကျန်ရှိနေသေးသည်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူအစိုးရများက နိုင်ငံသားတိုင်းမှတ်ပုံတင်ရရှိရေး၊ လွယ်ကူစွာထုတ်ပေးနိုင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ကြသည်။ ဒီမိုကရေစီအစိုးရများလက်ထက်တွင် မိုးပွင့်စီမံချက်၊ သစ္စာစီမံချက် စသည်ဖြင့် နိုင်ငံနှင့်အဝှမ်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းများကို အားသွန် ခွန်စိုက်ကြိုးပမ်းဖော်ဆောင်ခဲ့ကြသည်။ ယင်းဆောင်ရွက်ချက်များသည် နိုင်ငံသားတစ်ဦး အတွက် အိမ်ထောင်စုလူဦးရေစာရင်းအပေါ် အခြေတည်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူပြီးနောက် လဝက က နိုင်ငံသားတစ်ဦး အတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် အရေး ကြီးသည့် နိုင်ငံသားအထောက်အထားဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည်။

ပန်းခင်းစီမံချက်သည် ယခင်စီမံချက်များနှင့် အနည်းငယ်ကွဲပြားသည်။ ယခုလဝကမှ ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေး ဆောင်ရွက်ပေးသည့် စီမံချက်ဖြစ်သည်။ ပန်းခင်းစီမံချက်သည် အိမ်ထောင်စုလူဦးရေစာရင်း လုံးဝမရှိသေးသည့် နိုင်ငံသားပြည်သူများ ကိုလည်း ၎င်းတို့ရောက်ရှိနေထိုင်ရာဒေသ၊ နယ်မြေ များတွင်ပင် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးပြီးနောက် လိုအပ်သည့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ဆက်လက်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အိမ်ထောင်စုစာရင်းရရှိရေးအတွက် မြို့နယ်အဆင့် အရာရှိကိုယ်စားလှယ်များပါဝင်သည့် ငါးဦးကော်မတီအဖွဲ့က ထောက်ခံ လက်မှတ်ထိုး အတည်ပြုချက်တော့ လိုအပ်မည်ဖြစ်သည်။ နိုင်ငံတော်၏စေတနာ မေတ္တာဖြင့် လျှော့ဆောင်ရွက်ပေးမှုအပေါ် မုဒိတာပွားမိပါသည်။

ယင်းကဲ့သို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေး ရာတွင် လာရောက်ဆောင်ရွက်မည့်သူက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တာဝန်ရှိသူများထံ ဆက်သွယ်သတင်းပို့ရန်သာ ဖြစ်သည်။ အိမ်ထောင်စုစာရင်းရှိပြီးသူ၊ ဘိုးဘွားမိဘများတွင် နိုင်ငံသားအသိအမှတ်ပြု အထောက်အထား တစ်ခုခုရှိပြီးသူများအနေဖြင့် ၎င်းအထောက်အထားများ ယူဆောင်တင်ပြကြရန် လိုအပ်ပါသည်။ ဖြည့်သွင်းရေးသားရန် လိုအပ်သည့် စာရွက်စာတမ်းများကို သက်ဆိုင်ရာ လဝက ဝန်ထမ်းများက စီစဉ်ထားပြီး ဖြစ်သည်။ ပန်းခင်းစီမံချက်သည် လဝကမှ ရေးဆွဲတင်ပြသည့် စီမံချက်ဖြစ်သော်လည်း ၎င်းဌာန တစ်ခုတည်း ဆောင်ရွက်ရမည့် လုပ်ငန်းတော့မဟုတ်၊ နိုင်ငံတော် စီမံချက်ဖြစ်သည်နှင့်အညီ ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။ ထို့အပြင် ကာယကံရှင် ပြည်သူများ ကိုယ်တိုင်ပြုလုပ်ရသေး၊ မရရှိသေးပါက မရှိသေးကြောင်းကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများထံ ဆက်သွယ်အသိပေး အကြောင်းကြားထားဖို့တော့ လိုအပ်မည်ဖြစ်သည်။ အထက်ဖော်ပြပါအတိုင်း “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ပေါ့။ ကာယကံရှင် အနေဖြင့် ဘိုးဘွား မိဘ၊ ညီအစ်ကိုမောင်နှမများနှင့် ပတ်သက်သည့် နိုင်ငံသားဆိုင်ရာ အထောက်အထားရှိလျှင် ပိုမိုအဆင်ပြေလွယ်ကူမည်ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ရေး အချက် အလက်များကို ပြန်လည်စိစစ်အတည်ပြု၍ ထိုက်သင့်သည့် နိုင်ငံသားဆိုင်ရာ ကတ်တစ်မျိုးမျိုး ကို မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်မည်။ “Without လူ” ဘဝမှ လွတ်မြောက်သွားမည် ဖြစ်သည်။ ပန်းခင်းစီမံချက်တွင် သွေးစစ်ဆေးမှုနှင့် ဓာတ်ပုံရိုက်ခြင်းတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက စီစဉ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ပြည်သူများက ကျခံရမည့် ငွေကြေးမရှိ၊ အခမဲ့ဆောင်ရွက်ပေးသည့်သဘောပင်။ နိုင်ငံတော်သို့ တရားဝင် ဘဏ်ချလန်ဖြင့် ပေးသွင်းရမည့် နိုင်ငံသားကတ်တန်ဖိုးအတွက် ကျသင့်ငွေကိုလည်း တာဝန် ရှိသူများက စိုက်ထုတ်ပေးချေရန် စီစဉ်ထားပြီးဖြစ်သည်။ အခြားလုပ်ငန်းဆိုင်ရာ အထွေထွေ ကုန်ကျမှုများအတွက်လည်း ဒေသတွင်းအလှူရှင်များက တစ်ဖက်တစ်လမ်းက လှူဒါန်း ပေးကြ သေးသည်။ နိုင်ငံတော်၏ စေတနာ၊ မေတ္တာ၊ အလှူရှင် များ၏သဒ္ဓါတရားတို့အပေါ် ထပ်မံမုဒိတာ ပွားရပြန်ပါသည်။

ပြည်သူ့အတွက်ဖော်ဆောင်သည့် ပန်းခင်းစီမံချက်

ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းသည် နိုင်ငံတော်အစိုးရက ပြည်သူတို့၏အကျိုးကို ရှေးရှု၍ ပြည်သူတို့အမှန် တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရက ပြည်သူ့အတွက်ဖော်ဆောင်သည့် ပန်းခင်းစီမံချက်သည် လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများကိုလည်းကောင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများကိုလည်းကောင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများကိုလည်းကောင်းစသည့် နေထိုင်မှုပုံစံအလိုက် အမျိုးအစားလေးမျိုးဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ပန်းခင်းစီမံချက်သည် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂ ခုနှစ် နိုဝင်ဘာလအထိ ၁၈ လကြာ သတ်မှတ်ဆောင်ရွက်ရန် လျာထားရာ ယခုအခါ ကမ္ဘာ့ကပ်ရောဂါကိုဗစ်-၁၉ ဖြစ်ပွားနေချိန် ဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။ ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို အခမဲ့ လွယ်ကူစွာ ထုတ်ပေးခဲ့သည့်အတွက် နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံတော်အပေါ် တာဝန် ကျေရန်လည်း လိုအပ်ပါသည်။ နိုင်ငံတော်၏  ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ကျရာကဏ္ဍက ဆောင်ရွက်ကြ ဖို့လည်း တိုက်တွန်းလိုပါသည်။ ရရှိပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်း ပျောက်ပျက်ဆုံးရှုံးမှုမရှိစေရေး ဂရုပြုကိုင်တွယ်ထိန်းသိမ်းကြရန်လည်း လိုပါသည်။ ပြည်သူများအတွက်နိုင်ငံတော်အစိုးရ၏ စေတနာမေတ္တာအရင်းခံဖြင့် စီမံပေးမှု၊ လဝက  ဝန်ထမ်းများနှင့် ဌာနပေါင်းစုံမှတာဝန်ရှိသူများ၏ အပင်ပန်းခံ ကွင်းဆင်းဆောင်ရွက် ပေးမှုများကို အသိအမှတ်ပြု မုဒိတာပွားရင်း အသွေးအရောင်စုံစုံ မွှေးရနံ့သင်းထုံကာ ပန်းပေါင်းစုံ ပွင့်ဖူးဝေဆာနေသည့် ပန်းခင်းဆီသို့လှမ်းခဲ့ဖို့သာ မုဒိတာစိတ်ထားဖြင့် ဖိတ်ခေါ်ပါ ရစေ။ ပန်းခင်းဆီသို့ လှမ်းခဲ့ပါ။

စေတနာရင်းခံ မေတ္တာမှန်ဖြင့်

သူ့ထံဆင့်ကမ်း ပြည့်ဝန်ထမ်းသည်

တိုင်းကျိုးပြည်တော် ပုံဖော်ထုဆစ်

လှသည့်ခေတ်ပေါ့ ကြော့ကြော့လေးလာ

စာရင်းသာသွင်း စိတ်ရင်းသိအောင်

အသွေးရောင်စုံ ရနံ့ထုံသင်း

ပန်းခင်းဆီသို့ လှမ်းခဲ့ပါ။

မောင်မုဒိတာ