ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ရောဂါလက္ခဏာစုအတွက် ကျန်းမာအောင်နေ ထိုင်စား သောက်နည်း
ကိုဗစ်-၁၉ နောက်ပိုင်း ရောဂါလက္ခဏာစုကို ဆေးသိပ္ပံနည်းအရ Post covid syndromeဟု ခေါ်သည်။ ဥပမာ သာမန်တုပ်ကွေးဖြစ်ပြီးနောက် ပြန်ကောင်းသည့်အခါ လူကောင်းပကတိပြန် ဖြစ်သွားသော်လည်း ကိုဗစ်-၁၉ ရောဂါကမူ အကျိုးဆက်များစွာ ရောဂါခံစားရနိုင်ပါသည်။ အထူးသဖြင့် မျိုးကွဲဗိုင်းရပ်စ် အကျိုးဆက်များကြောင့် ရောဂါလက္ခဏာ စုများကို ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါသည်။ လူတချို့က နေပြန်ကောင်းပြီးနောက် သုံးလကြာသည် အထိ ရောဂါလက္ခဏာစုကို ခံစားရပြီး တချို့ကမူ ခြောက်လမှ ကိုးလအထိ ခံစားရဖွယ် တွေ့ရသည်။ ၎င်းကို ရေရှည်ကိုဗစ် (Long Covid) ဟု ခေါ်ပါသည်။ ) " ပျမ်းမျှကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ၏ ၃၃ ရာခိုင်နှုန်း (သို့မဟုတ်)သုံးပုံ တစ်ပုံတွင် နောက်ဆက်တွဲ ရောဂါခံစားရတတ်သည်။ လက္ခဏာအမျိုးအစားပေါင်း ၂၀၀ ကျော်ကျော်ရှိပြီး ၎င်းတို့အနက် အဓိက ဖြစ်ပွားမှုသုံးမျိုးတွေ့ရသည်။ ၎င်းတို့မှာ (က) အနည်းငယ်လှုပ်ရှားရုံဖြင့် မောပန်းခြင်း (သို့မဟုတ်) လှုပ်လှုပ်ရှားရှားမလုပ်ပါဘဲ ထိုင်နေ၊ လှဲနေရင်းဖြင့် မော၍ အသက်ရှူကျပ်လာခြင်း၊ (ခ) မိမိ၏ မှတ်ဉာဏ် ဆိုင်ရာ တည်ငြိမ်မှုမရှိခြင်း (သို့မဟုတ်) တလွဲတချော်ဖြစ်ခြင်း၊ (ဂ) ဦးနှောက်က မောပန်းနွမ်းနယ်ပြီး လုပ်နိုင်ကိုင်နိုင်စွမ်း မရှိတော့ဘဲ ဝေဝါးမှုဖြစ်ခြင်း စသည်တို့ ဖြစ်သည်။
အထက်ဖော်ပြပါသုံးမျိုးအပြင် နောက်ဆက်တွဲရောဂါလက္ခဏာ စုများအဖြစ် အောက်ပါအခြေ အနေများကိုလည်း ခံစားရနိုင်ပါသေးသည်။
• လက်ဖဝါးများ ပုံမှန်ထက် ပူနေခြင်း၊
• နှာစေးခြင်း၊
• ဝမ်းချုပ်ခြင်း၊
• ခန္ဓာကိုယ်က ကောက်ကာငင်ကာ ချမ်းတုန်ခြင်း၊
• ရံဖန်ရံခါ ချွေးထွက်လွန်၍ ပူစပ်စပ်ဖြစ်ခြင်း၊
• တာရှည်ချောင်းဆိုးခြင်း၊ ညဘက် ကောင်းစွာအိပ်မပျော်ခြင်း (သို့မဟုတ်) မကြာခဏ လန့်နိုးခြင်း (သို့မဟုတ်) နံနက်လင်းအားကြီး ပြန်အိပ်မရခြင်း၊
• ခြေဆစ်၊ လက်ဆစ်များ နာကျင်ကိုက်ခဲခြင်း၊
• လည်ချောင်းထဲ ချွဲကပ်ပြီး အသံတိမ်သွားခြင်း၊
• ဗိုက်ဆာလောင်နေတတ်ပြီး စားသောက်ပြီးနောက်မှာလည်း အစာမကြေလေပွခြင်း၊
• စိတ်အတက်အကျ မြန်ဆန်ခြင်း (သို့မဟုတ်) စိတ်ဖိစီးမှု လွန်ကဲနေပြီး စိတ်အလိုမကျ ဖြစ်နေခြင်း၊
• ရင်ဘတ်နှင့် ကျောကုန်းတို့ နာခြင်း၊ အောင့်ခြင်း၊
• လက်၊ ရင်ဘတ်နှင့် ကျောကုန်းတို့တွင် အနီရောင်အဖုများ၊
အစက်အပြောက်များ ပေါ်လာခြင်း၊
• ခြေသလုံးကြော၊ ပေါင်ကြောများတင်း၍ တောင့်နေခြင်း၊ . ရံဖန်ရံခါ ခေါင်းကိုက် ခေါင်းခဲခြင်း၊ • ရံဖန်ရံခါ ရင်တုန်ပန်းတုန်ဖြစ်ခြင်း၊
• ရေထိစဉ် ခဏမှာပင် လက်ဖဝါးအရေပြားတွန့်လာခြင်း စသည်တို့ဖြစ်သည်။ ထိုအခြေအနေမျိုး၌ အဖျားမရှိတော့သော်လည်း လုံးဝကျန်းမာ သွားသည်မျိုးမဟုတ်သေးဘဲ နေမကောင်းသလို ခံစားရတတ်ပါသည်။
ရောဂါလက္ခဏာစုအတွက် ကျန်းမာအောင်စားသောက်နည်း
ကိုဗစ်-၁၉ နောက်ပိုင်း ရောဂါလက္ခဏာစုများ အမြန်ဆုံး ငါး၊ သက်သာပျောက်ကင်းစေရန် အတွက် အောက်ဖော်ပြပါ ပရိုတင်းနှင့် ခွန်အားပြည့်ဝသောအစားအစာတို့ကို ဦးစားပေးရွေးချယ် စားသင့် ပါသည်။
• ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည့် ဥအမျိုးမျိုး၊
• အနီရောင် အသားများ၊
• ကြက်သား ဆန်ပြုတ်၊ ပုစွန် (သို့မဟုတ်) ကြက်သား ဂျုံခေါက်ဆွဲပြုတ်၊ လူး၊ ဆပ်၊ အုတ်ဂျုံ)၊ အာလူး၊
• အစိမ်းရောင် ပဲသီးအမျိုးမျိုး၊
• မလိုင်ပါသော နို့နှင့် ဒိန်ချဉ်၊ ချိစ် စသည့် နို့ထွက်ပစ္စည်းများ၊
•မြေပဲ နှင့် ပဲစေ့အမျိုးမျိုး (အထူးသဖြင့် ကုလားပဲ)
• တို့ဟူး၊
•လတ်ဆတ်၍ အရည်ရွှမ်းသော သစ်သီးမျိုးစုံ (သတိပြုရမည့် အချက်မှာ အလွန်ချဉ် သို့မဟုတ် အလွန်ချိုသော သစ်သီးများကိုရှောင်၍ မချိုမချဉ်သစ်သီးကို ဦးစားပေးစားသုံးပါ) ၊
• ရာသီစာ နာနတ်သီးစားပါ (အထူးသဖြင့် နာနတ်သီးအူတိုင်စားပါ)
ယခုအချိန်မှာ အားပြန်ပြည့်ဖို့ အရေးကြီးသဖြင့် ကိုယ်အလေးချိန် မလျှော့ပါနှင့်။ စားနိုင်သမျှ များများစား၍ များများအနားယူရင်း အိပ်ရေးဝဝအိပ်ပါ။ အထက်ပါ အစားအစာများကို စားသောက်ရင်း လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်၍ ဗီတာမင်နှင့် သတ္တုဓာတ်အားဆေး များ၊ ဗီတာမင်ဒီ ဖြည့်စွက်ဆေးများကို သောက်သုံးပါ။ Post Covid Syndrome က ဝမ်းချုပ်ခြင်းနှင့် အာခြောက်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်သဖြင့်ကျေညက် လွယ်သောဟင်းသီး ဟင်းရွက်တို့ကို စားသောက်ရင်း ရေမကြာမကြာသောက်ပါ။ အချို့ပါဝင်မှုနည်းပြီး ပူရှိန်းမဟုတ်သော ရိုးရိုးပီကေ ဝါးစားနိုင်ပါသည်။
သွေးလည်ပတ်စီးဆင်းစေမည့် ခြေထောက်လေ့ကျင့်ခန်းများ
“ကိုဗစ်ပိုးက လူ့သွေးကို ပျစ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် သွေးလည်ပတ်မှု နှေးကွေးနေသောအချိန်မှာ သွေးကလည်း ပျစ်နေရာ အင်မတန်အကွေ့ အကောက်များသော လူ့တစ်ကိုယ်လုံးက သွေးကြောများထဲတွင် သွေးခဲလေးများ ဖြစ်လာနိုင်သ ည်။ ထိုသွေးခဲအစအနလေးများက နှလုံးအဆို့ရှင်ကို ပိတ်ဆို့ခြင်း၊ အဆုတ်နှင့် ဦးနှောက်ထဲရှိ ဆံခြည်မျှင်သွေးကြောများကို ပိတ်ဆို့ခြင်းတို့ဖြစ်တတ်ပြီး အောက်ဆီဂျင်ကျ၍ စိုးရိမ် ဖွယ်အခြေအနေဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပိုးတွေ့လူနာနှင့် Negative ပြနေသော နာလန်ထစလူနာများအနေ ဖြင့် သွေးခဲအန္တရာယ်ရှောင်ရှားရန်အတွက် အိပ်ရာထဲမှာ လှဲနေရင်း ခြေထောက်လေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ပေးသင့်ပါသည်။ ၎င်းကို ဆေးသိပ္ပံ နည်းအရ Physiotherapy ကုထုံးဟု ခေါ်သည်။ ပုံတွင်ပြထားသည့် လေ့ကျင့်ခန်းလေးများ ကိုအိပ်ရာထဲတွင်သက်သောင့် သက်သာလှဲနေရင်း ပြုလုပ်ပေးခြင်းဖြင့် ခြေသလုံးကြွက်သား ထဲက သွေးပြန်ကြောမကြီးအတွက် သွေးလည်ပတ်မှုကောင်းစွာ စီးဆင် စေကာ ကိုဗစ်ကြောင့် သွေးခဲအစအနများ ပိတ်ဆို့မှုအန္တရာယ်ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
ပုံပါလေ့ကျင့်ခန်း တစ်မျိုးစီအား တစ်ကြိမ်လျှင် အခါ ၂၀။ တစ်နေ့ သုံးကြိမ် လုပ်ပေးရပါမည်။ အကယ်၍ လူနာက မိမိကိုယ် တိုင် မလုပ်နိုင်လောက်အောင် ရောဂါအလွန်ဖိစီးနေပါက မိသားစု တစ်ယောက်က လူနာ၏ခြေသလုံးကြွက်သားများကို ခပ်ဖွဖွ ဆုပ်နယ်ဖျစ်ညှစ်ပေးပါ။ - အချုပ်အားဖြင့်ဆိုသော် ရောဂါကာကွယ်ရန် အကောင်းဆုံး နည်းမှာ ကာကွယ်ဆေးထိုး နှံခြင်းဖြစ်၍ ဆေးမထိုးရသေးသူများ အနေဖြင့် မိမိအလှည့်ရောက်ချိန်မှာ သတ်မှတ်ထားသည့် အတိုင်း နှစ်ကြိမ်တိတိ ဆေးထိုးနှံရပါမည်။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးထားလျှင် ရောဂါဖြစ်ပွားမှုကို သုံးဆမျှ ကာကွယ်ထားနိုင်ပြီး ဆေးရုံတက်ရောက်ရမှုကို ၁၀ ဆ ကာကွယ်နိုင်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးဗဟိုဌာန (CDC)၏ထုတ်ပြန် ချက်များအရ သိရသည်။ ဆေးထိုးပြီးသော်လည်း မပေါ့ဆသင့်ဘဲ ကိုဗစ်-၁၉ စည်းကမ်းချက်များအတိုင်း ဆက်လက်နေထိုင်ရပါမည်။ ကမ္ဘာ့တုပ်ကွေးကပ် (၁၈၈၉-၁၈၉၀)၊ ကမ္ဘာ့တုပ်ကွေးကပ် (၁၉၁၈)၊ အာရှတုပ်ကွေးကပ် (၁၉၅၆-၁၉၅၈)၊ ကမ္ဘာ့တုပ်ကွေးကပ် (ဟောင်ကောင်တုပ်ကွေး) (၁၉၁၈)၊ SARS (၂၀၀၂-၂၀၀၄)၊ MARS (၂၀၁၂) စသည့် ရင်ဆိုင်ခဲ့ရသော ကပ်ရောဂါအားလုံး၏အဆုံးသတ်နိဂုံးတွင် လူသားများကသာ အနိုင်ရမြဲဖြစ်ပါ သည်။ ယခုချိန်ခါ ကိုဗစ်-၁၉ ရောဂါမှာလည်း အချိန်တန်လျှင် လူသားများကသာ ဧကန်မုချ အနိုင်ယူနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အလွန်အမင်းစိတ်ဓာတ် ကျ၊ စိုးရွံ့ခြင်းမဖြစ်သင့်ဘဲ နိုင်ငံတော်က အခါအားလျော်စွာ တိုက်တွန်း ညွှန်ကြားသည့် ကိုဗစ်-၁၉ စည်းကမ်းများအတိုင်း ပြည်သူတစ်ဦးချင်းစီက လိုက်နာကျင့်ကြံမည်ဆိုပါက စုပေါင်းအားနှင့် ဘုံရန်သူကိုဗစ်ကို အနိုင်ယူနိုင်မည် ဖြစ်ပါကြောင်း။ ။
တင်ထက်ထက်ဇော်