Dec 13, 2020

အာကာတစ်ခွင်လုံး မှိုင်းပျရီမှောင်လျက်ရှိသည်။ ဒီဇင်ဘာဆောင်းက ပီပီပြင်ပြင် အေးမြလျက်။ နှင်းနုဖွဲဖွဲတို့ကလည်း ဆောင်း၏အလှကို ပါရမီဖြည့်လျက်။ မြောက်ပြန်လေနုအေးကလည်း လအစေ့ မှာ ပန်းပေါင်းစုံရနံ့တို့က မွှေးပျံ့ကြိုင်လှိုင်လျက်။ စိမ်းညိုအံ့မှိုင်းနေသော မြကျွန်းညိုညိုထက်က ကျေးငှက်သာရကာ လေးများကလည်း တစာစာနှင့် တေးသံကျူးရင့်လျက် ဆောင်း၏အလှ၊ ဆောင်း၏ သဘာဝသရုပ်ကို ဥဒါန်းကျူးလျက်နေပေသည်။ လောကဓာတ်တစ်ခုလုံးက လူတို့၏စိတ်ကို သိမ်းကျုံးယူငင် ဖမ်းစားနိုင်အားပေသည်။ သာယာလှပေစွ။ ထိုနေ့ကား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက် တနင်္လာနေ့ပင်ဖြစ်သည်။ ဤနေ့သည် ရန်ကုန်မြေနှင့် ရန်ကုန်တက္ကသိုလ်ကြီးကို ကျွန်တော် စတင်ခြေချဖူးသောနေ့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး၏သမိုင်းကို ငယ်စဉ်ကပင်ကြားခဲ့ဖူးသည်။ ဖတ်ခဲ့ဖူးသည်။ မှတ်ခဲ့ဖူးသည်။ ထိုအချိန်မှစ၍ တွေ့ဖူးချင်ခဲ့သည်။ မြင်ဖူးချင်ခဲ့သည်၊ တက်ဖူးချင်ခဲ့သည်။ ဤစိတ်ဆန္ဒအတိုင်း တွေ့ဖူး၊ မြင်ဖူး၊ တက်ဖူးခဲ့ရ၍ ပျော်သည်။ ၂၀၁၅ ခုနှစ်မှ ယခုတိုင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်နေရသည်ကို ကျေနပ်မိသည်။ ကျွန်တော် စတင်ရောက်ဖူးချိန်၌ ရန်ကုန်တက္ကသိုလ်ကြီး၏ အသက်မှာ ရှစ်ဆယ့်သုံးနှစ် ရှိလေပြီသည်။
Dec 13, 2020

လူဆိုသည်မှာ အကောင်းအဆိုး ကြုံတွေ့ရစမြဲပင်ဖြစ်သည်။ ကျွန်တော်သည်လည်း လူထဲက လူတစ်ယောက်ဖြစ်သောကြောင့် အကောင်းအဆိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အဆိုးများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီး အကောင်းများစွာကိုလည်း ပျော်ရွှင်ကြည်နူးဖွယ် ခံစားခဲ့ရသည်။ အကောင်းများစွာထဲ၌ ကျွန်တော့်အတွက် မေ့မရနိုင်သော၊ လွမ်းစရာကောင်းသော၊ အေးချမ်းသော ဘဝတစ်ခုမှာ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတွင် ပညာဆည်းပူးခဲ့ရသော ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝပင် ဖြစ်သည်။
Dec 12, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဟာ ထူးခြားလှတဲ့ နှစ်၊ လ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ရာပြည့်၊ ရန်ကုန်တက္ကသိုလ်ရာပြည့်၊ အမျိုးသားအောင်ပွဲရာပြည့်၊ အမျိုးသားကျောင်းရာပြည့် စတဲ့ နှစ်တစ်ရာပြည့် အမှတ်တရတွေနဲ့ တိုက်ဆိုင်နေတာကြောင့် စာပေ၊ ကဗျာ၊ ဂီတ၊ အငြိမ့်သဘင် အနုပညာတွေနဲ့ ရေးသားဖော်ပြ အောက်မေ့တသကြတာကို တဝကြီး တွေ့မြင်နေရပါတယ်။
Dec 11, 2020

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ကူးစက်ရောဂါဆိုးကြီးဟာ နောက်ပိုင်း COVID-19 လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ်ရောက်ရှိခဲ့ပါတယ်။ ကပ်ရောဂါကြီးကြောင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေ များစွာဖြစ်ပေါ်ခဲ့သလို ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ကမ္ဘာ့စီးပွားရေးကိုလည်း ထင်မှတ် မထားတဲ့ အခြေအနေအထိ ကျဆင်းသွားစေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှုအခြေအနေ ကလည်
Dec 09, 2020

တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ အမျိုးသား အောင်ပွဲနေ့ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားရေးစိတ်ဓာတ်မြင့်မားစွာဖြင့် ကိုလိုနီပညာရေးစနစ် တွန်းလှန်ဖယ်ရှားပြီး အမျိုးသားပညာရေးစနစ်သို့ ပြောင်းလဲပေးနိုင်ခဲ့သည့် နေ့ပင် ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့ ဆုံးရှုံးလက်လွှတ်ခဲ့ရသော လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် ဇာတိသွေး၊ ဇာတိမာန်၊ မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်များ တဖွားဖွားပေါ်ပေါက်လာစေခဲ့သောနေ့ လည်း ဖြစ်သည်။
Dec 09, 2020

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ရှေးမိဘဘိုးဘွား အစဉ်အဆက်တို့သည် ပျူခေတ်၊ သရေခေတ္တရာ ခေတ်၊ ပုဂံခေတ်တို့မှစကာ ကုန်းဘောင်မင်းဆက်တိုင်အောင် နိုင်ငံတော်ကို စုစည်းတည်ထောင် လာခဲ့ကြသည်။ သို့သော် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့သည် ၁၈၂၄ ခုနှစ် ဘကြီးတော်ဘုရား လက်ထက်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ် ပုဂံမင်းလက်ထက်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ် သီပေါမင်း လက်ထက်တွင်တစ်ကြိမ် ကျူးကျော်တိုက်ခိုက်ကာ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည်။
Dec 09, 2020

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၂၀၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်) နေ့သည် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါသည်။ အမျိုးသားအောင်ပွဲနေ့သည် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အတည်ပြုလိုက်သည့်အတွက် ဖြစ်ပေါ် လာခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်နှင့်အတူ အမျိုးသား အောင်ပွဲနေ့သည် စတင်ပေါက်ဖွားခဲ့သည်။
Dec 08, 2020

၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသော နှစ်ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့် ထူးခြားရသနည်း ဆိုသော် မြန်မာ့ ရုပ်ရှင်၏ ရာပြည့်၊ ရန်ကုန်တက္ကသိုလ် ကြီး၏ ရာပြည့်၊ ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသား သပိတ်ကြောင့် ပေါ်ပေါက်ခဲ့သော အမျိုးသားအောင်ပွဲ၏ ရာပြည့်စသည့် ရာပြည့်အထိမ်းအမှတ်များနှင့် ကြုံတွေ့၍ ဖြစ်ပါသည်။ ရာပြည့်အထိမ်းအမှတ်ဆိုသည်မှာ လူတစ်ဦး ချင်းစီ၏ဘဝတွင် နှစ်ခါမရနိုင်သောကြောင့် ထူးခြားစွာ တန်ဖိုးထားရခြင်းလည်း ဖြစ်ပါသည်။
Dec 08, 2020

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများကို သက်ဆိုင်ရာက ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။ ဆုရသူစာပေပညာရှင်ကြီး များအနက် ကဗျာစာပေဖြင့် ဆုဆွတ်ခူးရရှိခဲ့သော ဆရာမ ပန်ဒိုရာနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်-
Dec 08, 2020

ရန်ကုန်တက္ကသိုလ်၌ ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာတင်ထွန်း (ယခု တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်) အား ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က အမှတ်တရများ အပါအဝင် ကြိုးစားအားထုတ်မှုများ အကြောင်းကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။