နိုင်ငံတော်အစိုးရ တာဝန်ယူမှု ခုနစ်လမြောက်၏ မှတ်တိုင်များ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်း မပျက်ယွင်းရအောင် တာဝန်ယူဦးဆောင်ဦးရွက်ပြုခဲ့တာ ခုနစ်လတာပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
စတင်တာဝန်ယူခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ် စတဲ့ အစောပိုင်းလတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့ စေတနာအရင်းခံ ဆောင်ရွက်မှုတွေက ပိုမိုမြင်သာ ထင်ရှားလာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှုတွေ၊ တည်ငြိမ်အေးချမ်းမှုတွေကို ယခင်လများထက် ပိုမိုမြင်တွေ့လာရသလို ကိုဗစ်-၁၉ ရောဂါကို အစိုးရ၊ ပြည်သူ၊ အသင်းအဖွဲ့တွေနဲ့ တပ်မတော်သားတွေ အားလုံး ညီညီညာညာနဲ့ တွန်းလှန်ကြခြင်းရဲ့ အဖူးအပွင့်တွေအဖြစ် ပိုးတွေ့လူနာ ဦးရေလည်း မျှော်မှန်းအခြေအနေကို ကျဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ လူမှုစီးပွားဘဝတွေကို အမြန်ဆုံးပြန်လည်ဦးမော့စေဖို့ အခြေခံစီးပွားရေး လုပ်ငန်းတွေအပါအဝင် ကဏ္ဍအသီးသီးမှာ မြှင့်တင်မှုတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြသလို လာလတ္တံ့သော မျိုးရိုးဗီဇကွဲ ကိုဗစ်အစွယ်အပွားတွေကို တိုက်ထုတ်ရရာမှာ အရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်တွေ ကလည်း တစ်နိုင်ငံလုံး အတိုင်းအတာ အားကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်တစ်လတာမှာ နိုင်ငံအုပ်ချုပ်ရေး အခင်းအကျင်းသစ်တွေ၊ အာဆီယံအပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ လက်တွဲခေါ်ယူမှုတွေ၊ ပြည်သူ တွေတစ်စတစ်စနဲ့ ပြန်လည်ကျန်းမာလာမှု စတာ တွေအပြင် နိုင်ငံတော်က စီးပွားရေးအခြေခံများ ဖြည့်ဆည်းမှု၊ ပြည်သူအချင်းချင်း ကူညီဖေးမမှုနဲ့ အကြမ်းဖက်မှုတွေတိုက်ဖျက်ရေးမှာ ပြည်သူတွေ တစ်တပ်တစ်အား ပါဝင်လာမှုတွေကြောင့် ရောင်နီ လင်းတဲ့ သြဂုတ်လပင် ဖြစ်ပါတယ်။
ဩဂုတ်လ ၁ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရဲ့ ထူးခြားတဲ့ပြောင်းလဲမှုတစ်ရပ်ကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နဲ့အညီ နိုင်ငံတော်တာဝန်တွေကို ပိုမိုလွယ်ကူထိရောက် လျင်မြန်စေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ စီမံခန့်ခွဲရေးကော်မတီကို “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့”အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်။
ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရ အဖွဲ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဒုတိယဝန်ကြီးချုပ်အဖြစ် ဒုတိယဥက္ကဋ္ဌကတာဝန် ယူခဲ့ပါတယ်။ အစိုးရအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီး တွေ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အိမ်စောင့်အစိုးရ အဖွဲ့ရုံးရဲ့ အမြဲတမ်းအတွင်းဝန်တို့ ပါဝင်ဖွဲ့စည်း ထားပါတယ်။ ထို့အတူ ပြည်ထောင်စုဝန်ကြီးများ ထပ်မံခန့်အပ်ခြင်း၊ ပြောင်းရွှေ့ တာဝန်ပေးခြင်း၊ ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ ပြင်ဆင်ဖွဲ့စည်းခြင်း စတဲ့ အပြောင်းအလဲကောင်းတွေကိုလည်း မြင်တွေ့ ခဲ့ရပါတယ်။
နိုင်ငံတော်နဲ့ ပြည်သူ့အတွက်ဦးဆောင်လှုပ်ရှားမှုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၁ ရက် နိုင်ငံတော်တာဝန်ထမ်းဆောင်တဲ့ ခြောက်လပြည့်မြောက်တဲ့နေ့မှာ မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ပြီးတဲ့နောက် အရေးပေါ်ကာလပြဋ္ဌာန်းချက်တွေနဲ့အညီ လုပ်ဆောင်သွားမှာဖြစ်တဲ့အပြင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအသစ်ကို ပြန်လည် ကျင်းပသွားမှာ ဖြစ်တယ်ဆိုတာကို ထပ်လောင်းပြောကြားခဲ့သလို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ စည်းကမ်းပြည့်ဝတဲ့ အလေ့အထကောင်းတွေကို ပြည်သူတွေရရှိလာစေရေး၊ အထူးအားဖြင့် ကိုဗစ်-၁၉ ကို အစိုးရနဲ့ပြည်သူတစ်ရပ်လုံးက လူ့စွမ်းအား၊ ပစ္စည်းစွမ်းအား၊ ဉာဏစွမ်းအားတွေနဲ့ စုပေါင်းပြီး အောင်မြင်အောင်ကာကွယ်ကြရေး စတာတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့နိုင်ငံရဲ့ အခြေခံစီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုး မွေးမြူရေးကဏ္ဍကို မြှင့်တင်ကြဖို့နဲ့ ပြည်သူအားလုံး သွေးစည်းညီညွတ်ကြစေဖို့ အလေးထားတိုက်တွန်း ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဦးဆောင်တဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ၂ ရက်က ကျင်းပခဲ့သလို သတ္တမအကြိမ် အစည်းအဝေးကိုလည်း ဩဂုတ်လ ၉ ရက်မှာ ကျင်းပခဲ့ပါတယ်။ အဋ္ဌမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၆ ရက်၊ နဝမအကြိမ် အစည်းအဝေးကို ဩဂုတ်လ ၂၃ ရက်က ကျင်းပခဲ့ပြီး (၁၀) ကြိမ်မြောက် အစည်းအဝေးကိုတော့ သြဂုတ်လ ၃၀ ရက်က ကျင်းပခဲ့တဲ့အတွက် တစ်လတာအတွင်း နိုင်ငံတော်အဆင့် အစည်းအဝေးပေါင်း ငါးကြိမ်ခန့်ကျင်းပပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို အချိန်နဲ့တစ်ပြေးညီ ကိုင်တွယ်ဖြေရှင်းခဲ့တာ မြင်တွေ့ရပါတယ်။
ညှိနှိုင်းအစည်းအဝေးတွေရဲ့ ရလဒ်တွေအဖြစ် နိုင်ငံတကာအကူအညီတွေ မြန်မြန်ဆန်ဆန် ရရှိ လာခဲ့သလို ကာကွယ်ဆေးထိုးနှံပေးနိုင်မှု တစ်နိုင်ငံလုံး မြင့်တက်လာခဲ့ပါတယ်။ ဇူလိုင်လအတွင်းက အရေးတကြီးလိုအပ်ခဲ့တဲ့ အောက်ဆီဂျင်ကိုလည်း ယခုလမှာ ပိုမိုတင်သွင်းလာနိုင်တာ၊ ပြည်တွင်း ထုတ်လုပ်နိုင်မှု မြင့်မားလာခဲ့တာတွေအပြင် ကုသရေးဆေးဝါးနဲ့ ကျန်းမာရေးသုံးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ အခြေခံ စားသောက်ကုန်တွေကို ရွေ့လျားမော်တော်ယာဉ် တွေထံကနေ ပြည်သူတွေက ဈေးနှုန်းသက်သာစွာ နဲ့ ဝယ်ယူနိုင်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။
ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေကို အစိုးရအဖွဲ့၊ ကျန်းမာရေးတာဝန်ရှိသူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ပြည်သူတွေအားလုံး စုပေါင်းကြိုးပမ်းမှု ရလဒ်အဖြစ် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်းနဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀ ရာခိုင်နှုန်းအောက်အထိ ကူးစက်မှု ကျဆင်းလာခဲ့ပြီဖြစ်ပါတယ်။
ထို့အတူ နိုင်ငံတော်က ဝယ်ယူထားတာ၊ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက လှူဒါန်းထားတာ တွေကြောင့် ရရှိထားတဲ့ ကာကွယ်ဆေး ၁၀ ဒသမ ၂ သန်းကို ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးက ပြည်သူတွေထံ အမြန်ဆုံးရောက် ရှိစေဖို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့က မော်တော်ကား၊ လေယာဉ်၊ ရဟတ်ယာဉ်စတာတွေနဲ့ ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ လျင်လျင်မြန်မြန် ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်တွေနဲ့ လက်ရှိအခြေအနေ၊ စာသင်ကျောင်းတွေပြန်လည် ဖွင့်လှစ်ချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ် ချက်တွေကိုကြိုတင်ဖြည့်ဆည်းပေးနေတဲ့အခြေ အနေ၊ ကိုဗစ်လှိုင်းတွေရဲ့ ရိုက်ခတ်မှုတွေကနေ သင်ခန်းစာရယူကာ ဆေးရုံတွေအားလုံးမှာ ကုသရေး အတွက် အမြဲကြိုတင်ပြင်ဆင်ရမယ့် အခြေအနေ၊ ဆေးဝါးတုတွေဖြန့်ဖြူးရောင်းချတာ၊ ဈေးကစား တာတွေကို တားမြစ်နိုင်ခဲ့တဲ့အတွက် ပြည်သူတွေ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူနိုင်ခဲ့တဲ့ အခြေအနေ၊ အသက် (၆၅) နှစ်အက် ပြည်သူတွေ၊ ပရဟိတ အသင်းအဖွဲ့ဝင်တွေ၊ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေ၊ အကျဉ်းသူ၊ အကျဉ်းသားတွေ၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဒေသတွေ၊တိုက်ပွဲရှောင် ဒေသတွေနဲ့ IDP camp တွေ စတဲ့အလွှာပေါင်းစုံ၊ ဒေသပေါင်းစုံက ပြည်သူတွေအားလုံးကို ကာကွယ် ဆေးထိုးနှံပေးတာ၊ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ စီစဉ်ဆောင်ရွက်တာတွေကိုလည်း အားရဖွယ် မြင်တွေ့ရပါတယ်။
ဩဂုတ်လ ၇ ရက်က ကျင်းပတဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (၁၃/၂၀၂၁) အစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်မှုများ လျော့ကျလာမှု၊ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေ အကောင်အထည်ဖော်နေမှု၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး အခြေအနေ၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အတွက် ဆောင်ရွက်နေမှုတွေနဲ့ ပြည်နယ်၊ တိုင်း ဒေသကြီးကွာဟမှု၊ မြို့ပြကျေးလက်ကွာဟတာတွေ လျှော့ချပေးနိုင်မှု စတဲ့လူမှုစီးပွားဘဝတွေပြန်လည် ဦးမော့နိုင်ရေး အခြေအနေအရပ်ရပ်တို့ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ကောင်စီအဖွဲ့ဝင်တွေက ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့အစည်းအဝေး(၁/၂၀၂၁)ကို ဩဂုတ်လ ၁၀ ရက်မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိမ်စောင့်အစိုးရ အဖြစ် ဩဂုတ်လ ၁ ရက်က စတင်ပြင်ဆင်ဖွဲ့စည်းခဲ့ကာ ဝန်ကြီးချုပ်အဖြစ် မိမိကတာဝန်ယူပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုးတက်ရာတိုးတက်ကြောင်း ကိစ္စရပ်တွေကို အားလုံးစုပေါင်း ဆောင်ရွက်သွားကြဖို့ အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ ပကတိအခြေအနေ တွေကို အခြေခံပြီး အစိုးရအဖွဲ့ အနေနဲ့ ပညာရေးမြင့်မားစေဖို့ သုတေသနကဏ္ဍ ဖွံ့ဖြိုးစေဖို့၊ တစ်ဦးချင်းဝင်ငွေရရှိမှုတိုးပွားစေဖို့နဲ့ စီးပွားရေးတောင့်တင်းခိုင်မာစေဖို့၊ စားနပ်ရိက္ခာ ဖူလုံပြီး စားအုံးဆီ၊ အထည်အလိပ် စတဲ့ ပြည်ပ တင်သွင်းမှုတွေ လျှော့ချနိုင်စေဖို့၊ ပြည်တွင်းက နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံတွေ ဖွံ့ဖြိုးအောင်မြင်စေဖို့ ကျန်းမာကြံ့ခိုင်စေဖို့ စတာတွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိရေး၊ ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးနဲ့ ပညာပေး အစီအစဉ်တွေ ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဝန်ကြီးချုပ်က ဦးဆောင်ဆွေးနွေး ခဲ့တာကို မြင်တွေ့ရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ဩဂုတ်လ ၁၇ ရက်က တက်ရောက်ခဲ့ပါတယ်။ နေပြည်တော် ကောင်စီနယ်မြေက မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တာနဲ့အညီ လူသားအရင်းအမြစ်တွေ မွေးထုတ်ပေး နိုင်မယ့် ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်း၊ ကောလိပ်နဲ့ တက္ကသိုလ်တွေ နိုင်စေဖို့၊ စက်မှု လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာစေ ဖို့နဲ့ မြို့တော်စည်ပင်သာယာရေး၊ သယ်ယူပို့ဆောင် ရေး၊ စိုက်ပျိုးမွေးမြူရေးခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရေး အစရှိတဲ့ သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပ၊ စိမ်းလန်း စိုပြည်တဲ့ မြို့တော်တစ်ခုဖြစ်လာစေရေးအတွက် ပေါင်းစပ်ညှိနှိုင်း အဖြေရှာခဲ့ကြပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ (၁၄/ ၂၀၂၁) အစည်းအဝေးကို ဩဂုတ်လ ၂၃ ရက်က ကျင်းပခဲ့ရာမှာလည်း ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအစီအမံတွေ၊ ကပ်ရောဂါကြောင့် ကျဆင်း သွားခဲ့ရတဲ့ စီးပွားရေးပြန်လည်ဦးမော့လာစေရေး အစီအမံတွေ၊ ကာကွယ်ဆေးထိုးနှံတဲ့အခြေအနေ တွေထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အားလုံးပါဝင်ပြီး အချိုးကျကိုယ်စားပြုတဲ့လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ဆန္ဒ အလေးထားနိုင်ဖို့အတွက် PR စနစ်နဲ့ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ အလေးထားစဉ်းစားလျက် ရှိကြောင်း အပါအဝင်၊ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာ၊ ဒီမိုကရေစီစံနှုန်းဆိုင်ရာ အကြောင်းအရာ တွေကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီရဲ့ အစည်းအဝေးအမှတ် (၄/၂၀၂၁)ကို ဩဂုတ်လ ၃၁ ရက်က ကျင်းပခဲ့ပါတယ်။ အစည်း အဝေးမှာ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာမှာ နယ်စပ် ကုန်သွယ်ရေးစခန်းတွေရဲ့ လုံခြုံရေးဆိုင်ရာတွေ စနစ် တကျရှိစေဖို့နဲ့ သစ်တောမြေတွေစနစ်တကျ အသုံးပြုနိုင်ဖို့၊ စိုက်ပျိုးမြေတွေကိုလည်း အခြားကိစ္စရပ်တွေမှာ အသုံးမပြုစေဖို့၊ မြို့ရွာစီမံခန့်ခွဲရေး တွေမှာ ရေရှည်အတွက် စဉ်းစားစီမံဆောင်ရွက်ဖို့၊ နိုင်ငံအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်သင့်တဲ့ကိစ္စရပ်တွေနဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး တွေကို ဆောင် ရွက်ကြဖို့ အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့ပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ ခြောက်လတာကာလ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနဲ့ ခြောက်လတာကာလ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေရဲ့ အရအသုံး ခန့်မှန်းခြေငွေစာရင်း တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများသို့ သြဂုတ်လ ၂၄ ရက်က တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးအတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဦးစားပေး ကာလတွေဖြစ်တဲ့အားလျော်စွာ မဖြစ်မနေသုံးစွဲရမယ့် အခြေအနေတွေကြောင့် ပြည်ထောင်စုဝန်ကြီး ဌာနတွေအနေနဲ့ အသုံးစရိတ်တွေကို အတတ်နိုင်ဆုံး စိစစ်သုံးစွဲရေး၊ ပြည်သူလူထုတိုက်ရိုက်အကျိုး ဖြစ်ထွန်းစေမယ့်ကဏ္ဍတွေကို အလေးပေး ဆောင်ရွက်ကြရေး တိုက်တွန်း ပြောကြားခဲ့ပါတယ်။
အာဆီယံ၊ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံမှုအားကောင်းတဲ့ကာလ
နိုင်ငံတကာမျက်နှာစာနဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ မြန်မာနိုင်ငံအနေနဲ့ ဩဂုတ်လအတွင်း ပိုမိုအားကောင်းလာခဲ့ပြီး အာဆီယံအပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထား ဆောင်ရွက်နေတာကို မြင်တွေ့ရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၈ရက် (၅၄)ကြိမ်မြောက် အာဆီယံနှစ်ပတ် လည်နေ့မှာ ပြည်သူတွေထံကို သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီသဝလွှာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံရဲ့ စုပေါင်းအင်အားနဲ့ ကိုဗစ်-၁၉ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားဖို့ အတွက် ယုံကြည်မှုရှိပြီး တာဝန်ယူမှုရှိတဲ့အာဆီယံ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ယခုနှစ် အာဆီယံဆောင်ပုဒ် “သာယာဝပြောသော အာဆီယံသို့ အပြန်အလှန်ဖေးမကူညီမှုဖြင့် အတူတကွ ပြင်ဆင် ဆောင်ရွက်ကြပါစို့”နဲ့အညီ ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ မြန်မာ နိုင်ငံက အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်အရေးတွေမှာ က်တွဲသွားဖို့ ခိုင်မာစွာ သန္နိဋ္ဌာန်ချထားကြောင်းနဲ့ အားလုံးက တက်တက်ကြွကြွ ပူးပေါင်းကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။
(၅၄)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ဖြစ်တဲ့ (၂၃) မ်မြောက် အာဆီယံ နိုင်ငံရေး၊ လုံခြုံရေးနဲ့ အသိုက်အဝန်းကောင်စီ အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ အာဆီယံအစိုးရအချင်းချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ (၂၉) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကောင်စီအစည်းအဝေး၊ အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေးများကို ဩဂုတ်လ၂ ရက်မှာ ကျင်းပခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး(၂)ကို သဘော တူလက်ခံကြောင်း ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါ တယ်။ ဩဂုတ်လ၃ ရက်အာဆီယံနဲ့ ဆွေးနွေးဖက် နိုင်ငံတွေအကြား သီးသန့်ပြုလုပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အခမ်းအနားတွေကို ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တာဝန် ရှိသူတွေက အသီးသီး တက်ရောက်ခဲ့ပါတယ်။
ဩဂုတ်လ ၃ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် မဲခေါင် - အမေရိကန်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဝန်ကြီးများ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင် က မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ရာမှာ အမေရိကန်နိုင်ငံက မဲခေါင်နိုင်ငံတွေကို ကိုဗစ်-၁၉ဆိုင်ရာ ကူညီထောက်ပံ့မှုတွေအတွက် ကျေးဇူးတင်အသိအမှတ်ပြုတဲ့အပြင် မြန်မာပြည်သူတွေရဲ့ အသက် အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့အတွက် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးအပါအဝင် အခြား ထောက်ပံ့မှုတွေကို ပိုမိုပေးအပ်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးမှုအစီအစဉ်တွေ များစွာပါဝင်တဲ့ မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုရဲ့ လုပ်ငန်းအစီအစဉ် (၂၀၂၁၂၀၂၃) ထုတ်ပြန်ခဲ့တဲ့အပေါ် ကြိုဆိုခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့အဖွဲ့ဝင်တွေက ဩဂုတ်လ ၄ရက်က အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေအကြား သီးခြားကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးတွေ၊ အရှေ့အာရှထိပ်သီးအစည်း အဝေးတွေကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး အာဆီယံအပေါ်ထားရှိတဲ့ မြန်မာနိုင်ငံရဲ့ သဘောထားလေးနက်မှုကို ထင်ရှားစွာ ပြသနိုင်ခဲ့ပါတယ်။ ထို့အတူ ပြည်ထောင်စုဝန်ကြီးက အာဆီယံ ကနေဒါနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပူးတွဲသဘာပတိအဖြစ် တာဝန်ယူခဲ့ပြီး အာဆီယံ - နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ အီးယူနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေကိုလည်း ဩဂုတ်လပထမပတ်အတွင်း တက်ရောက်ခဲ့ပါတယ်။ ။
(ဆက်လက်ဖော်ပြပါမည်)
ကနောင်