Skip to main content

ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးရှိခြင်း၏ ပြယုဂ်များ

 

ခင်မောင်ညို (ဘောဂဗေဒ)

 

ကိုယ့်ကိုယ်ကိုယ် အထင်သေးအမြင်သေးရှိသူများသည် အလွန်ဝေဖန် တတ်၊ မနာလိုတတ်သည့်သဘောရှိသည်။ အခြားသူများ၏ အောင်မြင် မှုများနှင့်ပတ်သက်၍ မကျေနပ်၊ မိမိ၏မိတ်ဆွေများကိုပင်လျှင်မနာလို၊ ဇနီးများ၊ ခင်ပွန်းသည်များ၊ အမျိုးသား၊ အမျိုးသမီးမိတ်ဆွေများ စသည်တို့ကြောင့်မဟုတ်ဘဲ အကြောင်းမဲ့ မနာလိုဝန်တို ဖြစ်နေ တတ်သည်။ သူတို့ကိုယ်သူတို့ မကြိုက်သဖြင့် ဆန့်ကျင်ဘက်လိင် တစ်ယောက်ယောက်က သူတို့ကို ကြိုက်နှစ်သက်မည်၊ ချစ်ခင်မည်ဟု မည်သည့်အခါကမျှ မယုံကြည်။ သူတို့၏ မနာလိုမှုကို သူတို့၏ အိမ်ထောင် ဖက်များအား ချစ်ခင်ကြောင်း၊ အလွန်အမင်းပြောပြကာ ဖုံးကွယ်ထားတတ်ကြသည်။ တကယ်တော့ သူတို့၏ အိမ်ထောင်ဖက် များကို မည်သည့်အခါကမျှ ချစ်လည်းမချစ်၊ ယုံလည်းမယုံကြည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်သူတို့လည်း မည်သည့်အခါကမျှ ယုံလည်းမယုံ၊ ချစ်လည်းမချစ်ခဲ့သောကြောင့် ဖြစ်သည်။ အကျည်း တန်သော ဝေဖန်ချက်များ၊ မှားယွင်းသောထင်မြင်ချက်များဖြင့် အတင်းအဖျင်းများ၊ ကောလာဟလများကို ပြောလေ့ရှိကြသည်။ ထို့အတွက်ကြောင့် အခြားသူများမှာ ဘာမျှမဖြစ်ဘဲ သူတို့သာလျှင် နေစရာမရှိဖြစ်မည်ကို နားမလည်ကြ။ သူတို့၏ စိတ်မချ၊ မလုံခြုံမှုကို တစ်စုံတစ်ယောက်အား အသိအမှတ်ပြုမှု၊ ချီးကျူးမှုနှင့် ရင်ဆိုင်တွေ့ရ သည့်အခါ မကျေနပ်ကြောင်းကိုထုတ်ဖော်ပြောပြခြင်းဖြင့် ထင်ရှားစေသည်။

 

အသိသာဆုံးပြယုဂ်မှာ ဝေဖန်မှုနှင့်ရယ်စရာမောစရာများအား တုံ့ပြန်တတ်ပုံတို့ကိုကြည့်လျှင် သိနိုင်မည်။ တစ်စုံတစ်ယောက်က သူတို့ကို ရယ်စရာမောစရာ လုပ်နေလျှင်၊ သူတို့သံသယရှိသည့် လူတစ်ယောက်ယောက်က သူတို့ကို ရယ်စရာ မောစရာလုပ်နေလျှင် မကျေနပ်ကြ။ သူတို့ကိုယ်တိုင်လည်း မရယ်နိုင်၊ အခြားသူက ရယ်မော တာ၊ ဝေဖန်တာကိုလည်း သူတို့ကိုနှိမ်သည်ဟု ထင်ကြသည်။ အခြား သူများက နည်းနည်းလောက် ပြောင်လိုက်၊ နောက်လိုက်လျှင်ပင် အကြီးအကျယ် မခံမရပ်နိုင် ဖြစ်ကြသည်။

 

အထူးသဖြင့် တစ်ယောက်တည်းနေသည့်အခါများ၊ မည်သူနှင့်မျှ ဆက်သွယ်မှုမရှိသည့်အခါများ၌ သူတို့ကိုယ်သူတို့ အထင်သေး အမြင်သေးဖြစ်မှုသည် ပိုမိုဖြစ်ပေါ်တတ်သည်။ သူတို့အနေဖြင့် တစ်နေ ရာရာကိုလည်း သွားနေရမှ၊ တစ်ခုခုကိုလည်း လုပ်နေရမှ နေတတ်ကြသည်။ တစ်ယောက်တည်းနေသည့်အခါများတွင် ရေဒီယိုကိုသော် လည်းကောင်း၊ ရုပ်မြင်သံကြားကိုသော်လည်းကောင်း၊ နားလည်း မထောင်၊ ကြည့်လည်းမကြည့်ဘဲ ဖွင့်ထား တတ်ကြသည်။ လမ်း လျှောက်သည့်အခါ၊ ကားမောင်းသည့်အခါ၊ လေယာဉ်ပျံစီးသည့် အခါများ၌လည်း ရေဒီယိုကို သယ်ဆောင်သွားတတ်ကြသည်။

 

ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးဖြစ်ပုံကို ၎င်းတို့၏ စိတ်ဆန္ဒမရှိတော့သည့်အချိန်၌ ကြည့်လျှင်လည်း သိနိုင်သည်။ အကြိမ်ပေါင်းများစွာပင်ပြိုင်ပွဲဝင်နေရာမှထွက်ခွာပြီး ငါဂရုမစိုက်ဘူး ဟူသော အချိုးမျိုးကို ချိုးတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်သူတို့ ထူးချွန်သည့်သူများ၊ အောင်မြင်သည့်သူများအဖြစ် မမြင်နိုင်ကြသောကြောင့် ဖြစ်ပါသည်။ သူတို့ကိုယ်သူတို့ စိတ်ပါဝင်စား မှုမရှိ၊ ထိုက်တန်မှုမရှိဟု ထင်ကြသော ကြောင့်ဖြစ်သည်။ ဖြစ်ချင်ရာ ဖြစ်ပစေတော့ဟုဆိုပြီးမှ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် အကြီးအကျယ် ဆန့်ကျင်ကြသေးသည်။ အများအားဖြင့် သူတို့သည် ကျယ်ကျယ်လောင်လောင် ဝေဖန်တတ်၊ ဆုံးဖြတ်ချက်ပေး တတ်ကြသူ၊ သည်းခံနိုင်စွမ်းမရှိသူ၊ အနိုင်ယူ လွှမ်းမိုးလိုသူများ ဖြစ်ကြသည်။

 

သူတို့သည် လူအများစိတ်ဝင်စားအောင် တမင်ဝတ်ဆင်တတ် ကြပြီး တစ်ကိုယ်ရေကျန်းမာရေးကိုလည်း လျစ်လျူရှုတတ်သည်။ အကျင့်စာရိတ္တပျက်ခြင်းကိုကြွားဝါတတ်ကြပြီး အကျင့်စာရိတ္တကောင်း များကို စွန့်လွှတ် တတ်ကြသည်။ အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ပေါက်ကရပြောခြင်းဖြင့်ဘဝကို အဆုံးသတ် တတ်ကြသည်။ မကြာခဏဆိုသလိုပင် သူတို့နှင့် သဘောချင်း မတိုက်ဆိုင်ကြသူများ ကိုသိမ်ငယ်စိတ် ဝင်လာအောင်နှင့် သူတို့ကသူတစ်ပါးထက်သာသည်ဆို သောအမြင်မျိုး ထားတတ်ကြသည်။ ညစ်ပတ်ပေပွနေပြီး ကိုယ့် သွင်ပြင်ကိုပင် မထိန်းသိမ်းနိုင်သောသူများကို တွေ့ရသည်မှာ အလွန်စိတ်ပျက်စရာကောင်းလှသည်။ ပြင်ပပုံသဏ္ဌာန်များကလည်း သူတို့၏ ဇာတိရုပ်ကို ဖော်ပြသလို ဖြစ်နေသည်။ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်း ခြင်းနှင့် ညစ်ညစ်ပတ်ပတ် နေထိုင်ခြင်းတို့သည် မည်သူမျှ အကျိုးကျေးဇူးမရှိပေ။

 

စိတ်ဝင်စားစရာကောင်းသည်မှာ ကိုယ့်ကိုယ်ကိုယ် အထင်သေး၊ အမြင်သေးဖြစ်သူများသည် ပြောင်းပြန်ပြုမူ တတ်ကြခြင်းဖြစ်သည်။ ထိုသူများသည် ရုပ်ဝတ္ထုများအပေါ်တွင် အလွန်အလေးထားကြသည်။ တောက်ပြောင်နေ သော ကားများ၊ ငွေကြေး၊ ပေါ်ပင်အဝတ်အစားများ၊ ဖက်ရှင်များ၊ ဆံပင်ပုံစံများ၊ အလှအပပစ္စည်းများကို အလွန်ကြိုက်နှစ် သက်ကြသည်။ သူတို့၏ ပင်ကိုအတိုင်းဆိုလျှင် လက်မခံနိုင်ဟု ထင်ကြ သည်။ သူတို့ကိုယ်သူတို့ မလုံခြုံ၊ စိတ်မချဖြစ်နေသဖြင့် မိတ်ဆွေများ၏ လက်ခံမှုရအောင် အလွန်အကျူး လုပ်ဆောင်တတ်ကြသည်။ ဘဝနှင့် ပတ်သက်၍ ဘာပဲလုပ်ရလုပ်ရဆိုသည့် အုပ်စုများနှင့် ပေါင်းမိတတ်ကြသည်။ သူတို့ကိုယ်သူ တို့ပင်ကိုအတိုင်း လက်ခံလိုစိတ်ပြင်းထန်ကြသည်။ နောက်ဆုံး၌ အတုအယောင်မိတ်ဆွေများနှင့် ပေါင်းမိကြ သည်။ ထိုအတု အယောင်မိတ်ဆွေများ၏ အကျင့်ဆိုး၊ စရိုက်ဆိုးများအတိုင်း ပြုမူလာတတ်ကြသည်။

 

ကျွန်တော်တို့သည် ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံအတိုင်းသာ တစ်ချိန်လုံး ပြုမူဆောင်ရွက်တတ်ကြသည်။ ထို့ကြောင့် ပင်လျှင် အချို့သူများ သည် တစ်ဘဝလုံးမှန်းထားခဲ့သည့် ရည်မှန်းချက်များကို ရရှိခါနီးမှ မလိုအပ်သည့် စွန့်စားမှုများ ပြုလုပ်ခြင်း၊ မသင့်တော်သည့်အပြုအမူများ ဆောင်ရွက်မိခြင်းတို့ ဖြစ်တတ်ကြသည်။ ဥပမာ - အိုလံပစ်ပြိုင်ပွဲ အတွက် နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်နေသည့် အားကစားသမား တော်တော်များများသည် ပြိုင်ပွဲမစမီပြုလုပ်သော အချို့ပွဲစဉ်များ၌ ထိခိုက်ဒဏ်ရာ ရတတ်ကြသည်။ သူတို့ကိုယ်သူတို့ ရွှေတံဆိပ်နှင့် ထိုက်တန်သည့်သူအဖြစ် လက်မခံနိုင်။ ထို့ကြောင့် ကမ္ဘာကြီးကသူတို့ကို ချီးမြှင့်မည့် ဆုလာဘ်များကို သူတို့ကိုယ်တိုင်က ငြင်းပယ်မိစေရန် မလိုအပ်သည့် အပြုအမူများကို မသိစိတ်ဖြင့် ဆောင်ရွက်တတ်ကြသည်။

 

လက်ဝှေ့သမားများ၊ ဘောလုံးသမားများနှင့် အခြားအားကစား သမားများသည်လည်း ပွဲကြီးပွဲကောင်းများမတိုင်မီ သူတို့ကိုယ်သူတို့ ထိခိုက်ဒဏ်ရာရအောင် လုပ်မိတတ်ကြသည်။ ကျောင်းဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့် ကလေး တစ်ယောက်သည် စာမေးပွဲမဖြေမီ၌ အရက်သေစာ သောက်စားခြင်း၊ တစ်ညလုံး အပျော်လွန်နေခြင်း များကို ပြုလုပ် တတ်ကြသည်။ ရာထူးတက်ရန် ကြိုးပမ်းနေသည့်လူတစ်ယောက်သည် သူ၏ဇနီးနှင့်သော် လည်းကောင်း၊ သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့်သော် လည်းကောင်း အကြီးအကျယ် အငြင်းအခုံဖြစ်ပြီး ရာထူးတက်ရန် အခွင့်အ လမ်းများ ပျက်ပြားသွားအောင် လုပ်ဆောင်မိတတ်ကြသည်။ သူ့ကို ရာထူးတိုးပေးရန် အဆိုပြုထောက်ခံ ထားသည့် သူများနှင့် အမှုမဲ့ အမှတ်မဲ့ဆန့်ကျင်ပြီး ကလန်ကဆန် လုပ်တတ်ကြသည်။ အစမ်းခန့် ထားခံရသည့်လူတစ်ယောက်သည် အဓိပ္ပာယ်မရှိသည့် အပြုအမူများကို လုပ်မိသောကြောင့် ထောင်ထဲ၌ နိဂုံးချုပ်တတ်ကြသည်။ ဤနည်း အားဖြင့် လူ့အဖွဲ့အစည်းကြီးက မကောင်းဟုဆိုလာအောင် သူကပါ မကောင်း သည့်အလုပ်ဖြင့် သက်သေပြနေသည်။

 

သို့သော် အမှန်တကယ်သူ့ကိုယ်သူလွတ်လပ်သည့်လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အသိအမှတ် မပြုနိုင်ခြင်း ပင်ဖြစ်သည်။ သူ့ကိုယ်သူ အထင်သေး အမြင်သေးဖြစ်သဖြင့် ထိုလွတ်လပ်မှုနှင့် မထိုက်တန် ကြောင်းကို သိရှိသည်။ သူ၏မကောင်းမှုဒုစရိုက်များအတွက် လူ့အဖွဲ့အစည်းက သူ့ကိုပြည့်ပြည့်ဝဝ ပြစ်ဒဏ်ခတ် နိုင်မည် မဟုတ်သဖြင့် သူထိုက်တန်သည့်အရာကို ရရှိအောင် သူ့ကိုယ်သူ ပြစ်ဒဏ်ခတ်လိုက်ခြင်းပင် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အထင်သေးအမြင်သေးရှိတတ်ပြီး မကောင်းမြင်တတ်သည့်ခင်ပွန်းများ၊ ဇနီးသည် များသည် သူတို့၏ အိမ်ထောင်ဖက်များကို အဘယ်အကြောင်းကြောင့် မဆို အမြဲတမ်းစိန်ခေါ်လေ့ရှိကြသည်။ သို့မဟုတ်ပါ ကလည်း အဆင်ပြေမည်ဆိုလျှင် ဘာပဲဖြစ်ဖြစ် ငုံ့ခံမည့်သူများ ဖြစ်နေကြသည်။ စိတ်ထဲ၌ ကြိတ်ပြီး တင်းခံနေကြသဖြင့်နောက်ဆုံး၌ ကိုယ်ကာယပိုင်း နှင့်ပတ်သက်၍လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ လည်းကောင်း၊ အိမ်ထောင်ရေးနှင့်ပတ်သက်၍လည်းကောင်း ကြီးမား သည့်ပြဿနာများကို ဖြစ်ပေါ်စေသည်။

 

ဥပမာများသည် မဆုံးသေးပါ။ သို့သော်လည်း ထိုသို့ အဓိပ္ပာယ်မရှိသော အမှားအယွင်းများကိုပြုမူ တတ်ကြ သည်မှာ ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးရှိခြင်း၏ လက္ခဏာတစ်ရပ်ပင်ဖြစ်ကြောင်း ဖြင့် နိဂုံးချုပ်လိုက်ချင်ပါသည်။ ထိုသူများက ဤစာအုပ်ကို ဖတ်ရှုလို မည် မဟုတ်ပါ။ ဖတ်ခဲ့လျှင်လည်း အချို့ကိုသာ လက်ခံ၍ တော်တော် များများကို သဘောတူနိုင်မည်မဟုတ်ပါ။ ဘာမျှလည်း ဆက်ပြီး လုပ်ကြမည်မဟုတ်ပါ။ အတိတ်ကလည်း ဆင်ခြေများပေးခဲ့ကြပြီး အနာဂတ်တွင်လည်း ဆင်ခြေများ ဆက်ပေးနေလိမ့်မည်။ သူတို့စိတ်ထဲ မှာ သူတို့သာလျှင် အမြဲတမ်း တရားမျှတမှန်ကန်မှု ရှိနေကြပါလိမ့်မည်။

 

စာအုပ်တစ်အုပ်ကို မည်သည့်အခါမျှ ပြီးဆုံးအောင်မဖတ်၊ ခြံစည်း ရိုးကိုလည်း ပြီးအောင်ဆေးမသုတ်၊ အိမ်ကိုလည်း ပြီးဆုံးအောင် အလှမဆင်နိုင်၊ သင်တန်းတစ်ခု၊ ကျောင်းတစ်ခုကိုလည်း ဘယ်တော့မှ ပြီးဆုံးအောင် မတက်နိုင်။ သို့သော် သူတို့က ပြောလေ့ရှိကြသည်။

 

 “ ငါတော့ ကျောင်းပြန်တက်ပြီး ဘွဲ့ယူမယ်၊ ဒါပေမဲ့ကျောင်းတက်ဖို့က အချိန်ခြောက်နှစ်လောက်ကြာမှာဆိုတော့ အဲဒီအရွယ်ရောက်ရင် ငါအသက်၃၈ နှစ်ဖြစ်နေပြီဟုပြောလိမ့်မည်။အကယ်၍ကျောင်းလည်း ပြန်မတက်၊ ဘွဲ့လည်းမယူဖြစ်ခဲ့လျှင်နောက်ထပ်ခြောက်နှစ်အတွင်းသူ ဘယ်လောက်ကုန်ဆုံးသွားမည်နည်း။ အချို့ကလည်း “ ငါကျောင်းကို တက်ချင်တယ်။ ဒါပေမဲ့ လူယုတ်မာတွေကလည်း အများကြီး ရှိနေ တယ်ဟု ပြောကြသည်။ သူတို့ သဘောမပေါက်သည်မှာ သူတို့နှင့် ဘုရားသခင်ကြား၌ လူယုတ်မာများ ရှိနေခဲ့သည်ဆိုလျှင် ထိုလူယုတ် မာများသည် သူ့ထက်ဘုရားသခင်နှင့် ပိုနီးကြောင်း သတိမထား မိခြင်းပင် ဖြစ်သည်။

 

ကံကောင်းသည်မှာ ထိုကိစ္စများသည် ခင်ဗျားနှင့်မသက်ဆိုင် တော့ခြင်းပင် ဖြစ်သည်။ တစ်ချိန်က ခင်ဗျားနှင့် ပတ်သက်ကောင်း ပတ်သက်ခဲ့မည် ဖြစ်သော်လည်း ယခုဆက်လက်ပြီး ပတ်သက်စရာ အကြောင်းမရှိနိုင်တော့ပေ။ ဤစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် ခင်ဗျားကိုယ်ခင်ဗျား ရှုမြင်ပုံပြောင်းရန်အတွက် ဧရာမခြေလှမ်းကြီး တစ်လှမ်း လှမ်းလိုက်ခြင်းပင် ဖြစ်သည်။ ယခုလောက်အထိ ခရီးပေါက် လာခြင်းကလည်း ခင်ဗျားကိုယ်ခင်ဗျား တိုးတက်မှုနှင့် ပတ်သက်၍ အလေးအနက်ထားကြောင်းကို ဖော်ပြနေသည်။ခင်ဗျား၏စိတ်ထဲ၌ ခင်ဗျားရှေ့မှာရှိ သည့် စာမျက်နှာများနှင့် လာမည့်နှစ်ပေါင်းများစွာ တို့သည် စိတ်အားထက်သန်ဖွယ်၊ ထိုက်ထိုက်တန်တန် ချီးမြှင့်ခံရဖွယ်၊ လေ့လာရှာဖွေစူးစမ်းနိုင်ဖွယ် အချိန်ကာလများ ဖြစ်တော့မည့် အကြောင်းကို ခင်ဗျားသိနှင့်နေပြီး ဖြစ်သည်။

 

အရောင်းသမားလေးလ၌ ကိုယ့်ကိုယ်ကိုယ် အထင်သေးအမြင် သရှိခြင်းကို နည်းလမ်းမျိုးစုံဖြင့် ပြသသည်။ ၎င်းတို့ထဲအက် သုံး ချက်ကို ရွေးထုတ်၍င်ပြလိုပါသည်။

 

၁။ အရောင်းသမားသည် ကုန်စည်တစ်ခုကို ရောင်းချနိုင်ရန် အတွက် တယ်လီဖုန်းဖြင့် ဆက်သွယ်သည်။ သူင်ဘာကို လက်ခံရန် အတင်းအကျုပ်ပြောသည်။ သူ့ကိုယ်သူ မနှစ်သက် သလိုပင် ဖောက်သည်ထင်လျာ များကလည်း သူ့ကို မကြိုက်ဟု ထင်နေသည်။ ထိုစိတ်ဓာတ်မျိုးဖြင့် လှည့်လည် က ဒီဆိုင်များသို့ဝင်သည်။ ရုံများ အိမ်သို့သွားသည်။ သူ၏ဒဏ်ရာများ၊ ဝေဒနာများကိုသာ တသသလုပ်သည်ထက် လုပ်နေသည်။ တချို့က အချိန်ပိုင်း အနားယူသည်။ ကြီးကြပ် ထိန်းသိမ်းမှု အားနည်းသဉ့်အခါမျိုး၌ အရောင်းသမားသည် လုပ်စရာတွေ လျှောက်ပြပြီးလျှင် တကယ်အလုပ်မလုပ်ထဲ ရက်အနည်းငယ်ခန့် နေနေကြန့်ကြနေမည်။ ကိုယ့်ကိုယ် ကိုယ် အကောင်းမြင်တတ်သည့် အရောင်းသမားတစ်ယောက် သည် သူ့ကိုယ်သူ ကြိုက်နှစ်သက်ပြီးပြုမူပုံမှာ တစ်မူထူးခြားသည်။ သူ့ကို ငြင်သပ်လိုက်သည့်အခါမျိုး၌ ဖောက်သည် လောင်းများမှာ ပြဿနာရှိနေကြောင်းကို ကောင်းကောင်းကြီး နားလည်သည်။ ထို့ကြောင့် ပြဿနာမရှိနိုင်သည့် အခြား ဖောက်သည်လေဝင်များကို စူဖွေပြီး စိတ်ချလက်ချ ပြောဆို ဆွေးနွေးသည်။

 

၂။ ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးရှိတတ်သည့်သူများ သည် အရောင်းကိစ္စကို ပြီးဆက်အောင် ကြိုးစားရန် စိတ်ဆင်း။ သူက တစ်ချိန်လုံးကားတွေပြောနေပြီး ဆက် သည်ပင်းအနေဖြင့် တစ်စုံတစ်ခုကို ဝယ်ကိုင်ရသည် အခက်အခဲအတန်အသင့်ရှိသည်။ အကယ်၍ဖောက်သည် ယင်းဝက ငြင်းပယ်လိုက်လျှင်လည်း အရောင်းသမ၏ အတ္တကို ထိခိုက်သည်။ ထို့ကြောင့် အရောင်းအဝယ်ကိစ္စကို ပြီးပြတ်အောင်မလုပ်ခြင်းဖြင့် သူ၏ အတ္ထကို ကာကွယ် သည်။ သူကနောက်ဆုံး၌ ဖောက်သည်ထင်ကယ်ယူ လိမ့်မည်ဟုထင်နေသည်။ ကျွန်တော့်ကိုယ်တွေ့ ပြောရလျှင် ဖောက်သည်ယင်းလျာများက အရောင်းသမားများ "မင်းကို တစ်ခုခုဆင်းဖို့ ကြိုးစားနေတာမဟုတ်လားဟု ယူရသည့် အခါမျိုးနှင့် ကြုံတတ်သည်။ ထိုအခါ အရောင်း JOB က “မဟုတ်ပါဘူးဟု ပြောဆိုပြီးငြင်းပယ်လေ့ရှိကြ သည်။ ထိုသို့ပြုမူမည် ဆိုလျှင် သူသည် အရောင်းသမား တစ်ယောက် မဟုတ်ဘဲ အလည်အပတ် ထွက်သည့် သူတစ်ယောက်သာ ဖြစ်နေသည်။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တတ်သည့် အရောင်းသမား ဝင်းတစ်လေဆက်သည် အရောင်းအဝယ်ကိစ္စကို ပြီးပြတ် အောင်သာ ရိုးရိုးသားသား ကြိုးစားသည်။ အဘယ်ကြောင့်ဆို သော် သူ့အနေဖြင့် အဆိုးဆုံးဖြစ်နိုင်သည်မှာ ငြင်းပယ်ခံရခြင်း ပင်ဖြစ်ကြေဝင်း ကြိုက်နလည်ပြီးသား ဖြစ်သည်။ အကယ်၍ယခု ငြင်းပယ်ခံလိုက်ရလျှင်လည်း တစ်ချိန်ချိန်တွင် ရေဆင်းရည်ဖြစ်ကြောင်းကို သိရှိပြီးဖြစ်သည်။ သူ့အနေဖြင့် တကယ်ရောင်းချရလိမ့်မည်ဟု မျှော်လင့်နိုင်သည်။ အကယ် ကြောင့်နည်း။ သူ သူ့ပစ္စည်းကိုလည်း သူယုံကြည်သည်။ သူ့ကိုယ်သူအထင်သေး အမြင်သေးခြင်း လည်းမရှိသဖြင့် သူ့အဆင့်အတန်းကို သူမချ။ အရည်အသွေးညံ့သည့် ပစ္စည်းတစ်ခုဌာနကိုမရောင်း ဝန်ဆောင်မှု အပြည့်ပေးနေခြင်းဟု ခိုင်ခိုင်မာမာ ယုံကြည်ချက်နှင့် သန္ဒိဌာန်ဖြင့် အရောင်းကိစ္စကို ပြီးပြတ်အဝင် ပြုလုပ်သည်။ နိုင်ကာသာစကားအရဆိုလျှင် ရောင်းခြင်း ဆိုသည်မှာ အကျိုးပြုခြင်း ဝန်ဆောင်မှုပေးခြင်ဟု အဓိပ္ပာယ်ရကြောင်း ကို သူသိရှိသည်။

၃။ ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးရှိတတ်သည့် ရှုမြင်ပုံ ညံ့ဖျင်းသည့် အရောင်းသမား တစ်ယောက်သို့မဟုတ်ရုံအန်ထမ်း တစ်ယောက်သည် စီမံခန့်ခွဲရသည့်အဆင့်သို့ လွယ်လွယ်ကူကူ အောင်အောင် မြင်ခြင် ရေဆက်သွားလေ့မရှိပေ။ သူက အခြားသူများ ငြင်းပယ်လိုက်မှာကို ကြောက်သည်။ အခြားသူ များဟူသည်မှာ သူ့ အပေါ်ကလူများ၊ အောက်ကလူများနှင့် ကလူများကို ဆိုလိုသည်။ အခြေအနေပေးလျှင် ပေးသလို သူက မျက်လုံးကိုစွပ်တတ်သည်။ ပထမတစ်နည်းမှာ သူက လူကောင်းတစ်ယောက်သဖွယ် ဟန်ဆောင်ပြီး သူ့အောက်က လူများအပေါ်တွင် ဘာမျှမပြောင်းလဲကြောင်း၊ သူလည်း သူတို့ထဲက တစ်ယောက်သာ ဖြစ်ကြောင်းပြောကာ မျက်လုံး စွပ်သည့်နည်းဖြစ်သည်။ ဒုတိယနည်းမှာ သူ၏ယခင် လုပ်ဆောင် ကိုင်ဖက်ဟောင်းများက ငြင်းပယ်ခံရမည်ကိုကြောက်သဖြင့်အလှူပေးခြင်း၊ ခြွင်းချက်ပေးခြင်းကို ပြုလုပ်ကာ စီမံခန့်ခွဲမှုဆိုင်ရာ နိယပဒေများကို ချိုးဖောက်တတ်သည်။ သို့မဟုတ် သူ့အနေဖြင့် ပြောင်းပြန်နည်းတစ်နည်းဖြစ်သည့် ဟိတ်ကြီး ဟန်ကြီးပြုပြီး “ငါဒီနေရာရောက်သွားပြီ ဆိုသည့် အမျိုးမျိုးသည်။ သူ၏ပ်က လုပ်ဖော်ကိုင်ဖက်ဟောင်း မကျေမနပ် ဖြစ်အောင်လုပ်မည်။

 

တတိယနည်းမှာ သူနှင့် စီမံခန့်ခွဲမှုအဖွဲ့ ဆက်ဆံရေးနှင့်ပတ်သက် ၍ အလွန်စိုးရိမ်သောကရောက်နေပြီးလျှင် သူ့ကိုအကကျေနပ်

အောင် ကြိုးစားခြင်းအားဖြင့် သူသည် သိပ်ညံ့ဖျင်းသည့်သူ တဒ်ယောက်ဖြစ်လာမည်။ အဆဏ်တွေကို အများကြီးတောင်းခံ မည်။ ဆုံးရှုံးဝကို ကြောက်နေသဖြင့် ကိုယ်တစ်ပိုင်သ သလိုဖြစ်ပြီးတကယ်လက်တွေ့ လုပ်ဆောင်ရန်အတွက်အချိန်အများကြီး နှင့် ကြန့်ကြာသည့်အဖြစ်မျိုးကို ရောက်သွားမည်။ စတုတ္ထနည်းမှာ သူသည် “ငါအားလုံးသိသည် ဆိုသည့် အချိုးမျိုးကို ချိုးမည်။ မည်သူ့ ဆီကမျှအကြံဉာဏ်မယူ၊ လူတကာကိုသာ အမိန့်တွေ န မည်။ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံကြံ့ခိုင်သည့်သူများသည် စီမံခန့်ခွဲမှု အဆင့်သို့ အလွယ်တကူ ဆက်သွားနိုင်သည်။ သူက ယုံကြည် ကြောင်းနှင့် ထိုအလုပ်ကို သင်ရွက်နိုင်ကြောင်း သတိထားပြီး ပြသ သည်။ ပေးထားသည့်ကတ်များကို ဖြည့်စွမ်းမည်။ အကျိုးပြုခြင်းနှင့် ကျေနပ်အောင်လုပ်ခြင်းတို့ မတူကြောင်ကို ကောင်းကောင်းသိ လည်သည်။ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် အာသာဆာဖြစ်ပွားအောင် ကြိုးအဝလည်း မကြိုးဒင် လည်း မဝင်ဘဲ ဆုံးဖြတ်ချက်ချရာ များကိုလက်တွေ့ ရင်ဆိုင်ဆုံးဖြတ်သည်။ သူ့ကို ရာထူးတိုးပေးခြင်းမှာ စီမံခန့်ခွဲမှုအဖွဲ့က သူ၏အစွမ်းအစကို ယုံကြည်၍ဖြစ်ကြောင်းနှင့် မည်သို့ ဖြားသည်ကို သူသိသည်။ ပို၍အရေးကြီးသည်မှာမူများနှင့် တော်တော်၍တင်းတိပ်ပ်တော်ရွက်သော်လည်း နည်းလမ်းများ နှင့်ပတ်သက်၍ ပျော့ပျောင်းခြင်း ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မောင်ညို (ဘောဂဗေဒ)၏ ထိပ်ဆုံးမှာတွေ့ကြမယ်" စာအုပ်မှ “ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်ရှိခြင်း၏ ပြယုဂ် * ထောင်းပါးကိုစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြ ခြင်း ဖြစ်ပါသည်။ စာတည်း)