ဝန်ထမ်းကောင်းဟူသည်
“နိုင်ငံ့ဝန်ထမ်း” ဟူသည် ပြည်သူကိုအလုပ်အကျွေးပြုသူ၊ ပြည်သူကို ဝန်ဆောင်မှုပေး နေကြသူများ ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်လာသည်နှင့် ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လိုက်နာရမည့် စည်းကမ်းများစွာ ရှိပါသည်။ မိမိတို့နိုင်ငံတွင် မိသားစုဘဝ သာယာလှပရေး၊ အများနှင့်တန်းတူ နေထိုင်နိုင်ရေး၊ မိသားစုအတွင်း ချစ်ခင်ကြင်နာမှု ရှိစေရေးကို အိမ်ထောင်ဦးစီးဖြစ်သူ ဖခင် သို့မဟုတ် မိခင်က မိသားစု စည်းကမ်းများ ချမှတ်ကာ စီမံထိန်းကျောင်းလေ့ရှိပါသည်။ စည်းကမ်းမရှိလျှင် “အကွပ်မရှိသည့် ကြမ်းပရမ်းပတာ” ဟူသော ဆိုရိုးအတိုင်း မဖြစ်ရလေအောင် ထိန်းခဲ့ကြရသည်မှာ လိုက်နာ ကျင့်သုံးခဲ့ကြသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ အိမ်တစ်အိမ်တွင် အိမ်၏စည်းကမ်းကို မိသားစုဝင်များက လိုက်နာကြသကဲ့သို့ နိုင်ငံတော်နှင့် လုပ်ငန်းအဖွဲ့အစည်းတိုင်းတွင်လည်း မိမိတို့အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများ လိုက်နာရန်အတွက် သင့်လျော်သည့် စည်းမျဉ်း၊ စည်းကမ်းများကို သတ်မှတ်ထားကြပါသည်။
နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးသည် ထိုနိုင်ငံတွင် မှီတင်းနေထိုင်ကြသော နိုင်ငံသားများ၏ အမူအကျင့်၊ စိတ်ဓာတ်၊ စည်းကမ်းအပေါ် များစွာတည်မှီနေပါသည်။ မိမိတို့နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ ယန္တရားကို ကောင်းစွာ သက်ဝင်လှုပ်ရှားစေရန် အဓိကမောင်းနှင်အားများ ဖြစ်ကြသည့် အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်သူအစိုးရများ မည်သို့ပင်ပြောင်းလဲမှုရှိစေကာမူ မိမိတို့၏ လုပ်ငန်းတာဝန်ကို ကျေပွန်ကြရန်သာ အဓိကဖြစ်ပါသည်။ မည်သူတို့၏ သွေးထိုးလှုံ့ဆော်မှုကိုမျှ နားယောင်၍ ထင်ရာစိုင်းခြင်း မပြုသင့်ပါ။
စုပေါင်းပါဝင်အားထုတ်
ထို့ကြောင့် မိမိတို့၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တွေ့ကြုံရင်ဆိုင်ရသည့် အခက်အခဲများ၊ မိမိတို့နိုင်ငံ၊ မိမိတို့ အဖွဲ့အစည်း၏ ရည်မှန်းချက်များကို ပျက်ပြားစေမည့် ဆူးငြောင့်ခလုတ်များ တွေ့ရှိလာပါကလည်း မိမိတို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြု၍ အမှန်နှင့်အမှား၊ အကောင်း၊ အဆိုးကို မှန်ကန်စွာ ခွဲခြားစိစစ်ပြီး ဖယ်ရှားနိုင်ရန်မှာ လွန်စွာ အရေးကြီးပါသည်။ မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်သို့ ချောမွေ့လျင်မြန်စွာ ရောက်ရှိနိုင်ရေးမှာ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူတစ်ရပ်လုံးက ညီညီညွတ်ညွတ်နှင့် စုပေါင်းပါဝင်အားထုတ်ကြိုးပမ်းမှုပြုကြရန်လည်း များစွာလိုအပ် နေပါသည်။
နိုင်ငံတော်၏ကျေးဇူးသစ္စာကိုဖောက်ဖျက်
နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)၊ ပုဒ်မ ၂၆ (က)တွင် ဝန်ထမ်းသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ပါရှိပါသည်။ နိုင်ငံရေးလုပ်လိုပါက ဝန်ထမ်းလောကကို ကျောခိုင်းနုတ်ထွက်ပြီး နိုင်ငံရေး ပြုလုပ်ခွင့်ရှိပါသည်။ ပါတီထူထောင်ခွင့်ရှိပါသည်။ သို့သော် ယနေ့မိမိတို့နိုင်ငံတွင် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်း၊ CDM လှုပ်ရှားမှု ကို ထောက်ခံအားပေးခြင်းများကြောင့် အချို့သော နိုင်ငံ့ဝန်ထမ်းများသည် ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် 8808 CDM (Civil Disobedience Movement) G98699 ရုံးမတက်တော့ ပါကြောင်း၊ ထိုသို့ CDM ပြုလုပ်ခြင်းသည် အလုပ်မှ နုတ်ထွက်ခြင်း မဟုတ်ပါကြောင်းစသည်ဖြင့် ပြောင်ပြောင်တင်းတင်း ကြေညာကာ ရုံးမတက်နဲ့၊ ရုန်းထွက်ဟုဆိုသော အဖျက်သမားများ၏ သွေးထိုးလှုံ့ဆော်မှုအပေါ် အမှန်/အမှား ဝေဖန်ပိုင်းခြားနိုင်စွမ်းများ ကွယ်ပျောက်၍ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်လျက် ရှိနေကြပါသည်။
ထိုကဲ့သို့ဖြစ်စဉ်၊ ဖြစ်ရပ်များကြောင့် နိုင်ငံတော်တွင်လူသားအရင်း အမြစ်များစွာ ဆုံးရှုံးခဲ့ ရပါသည်။ နိုင်ငံတော် အကြီးအကဲများက သဘောထားကြီးစွာဖြင့် အမှားကိုမြင်၊ အမှန်ပြင် လိုစိတ်ရှိသော ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ အမြန်ဆုံးပြန်လည် ဝင်ရောက်ကြရန်နှင့် အကြောင်း အမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား များအား ပြန်လည်ဖိတ်ခေါ်ခြင်းများ ပြုနေသည့်အတွက် CDM ပြုလုပ်နေကြသည့် ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏အကျိုးကို အမှန်တကယ် သယ်ပိုးလိုပါက မိမိတို့ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြစေလိုပါသည်။ အမှားကိုမြင်၊ လမ်းမှန်ကိုရွေး၍ လျှောက်ကြစေလို ပါသည်။
ထုတ်ပြန်ကြေညာ
CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် အရေးယူခံရသည့် နိုင်ငံ့ဝန်ထမ်းအချို့သည် ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှုမရှိခဲ့ခြင်းနှင့် သွေးထိုးလှုံ့ဆော်မှု အမျိုးမျိုးကြောင့်သော် လည်းကောင်း၊ စိတ်လှုပ်ရှားလွယ်မှုကို အသုံးချခံရခြင်းကြောင့်သော် လည်းကောင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ ဖိအားပေး ခြိမ်းခြောက်အကျပ်ကိုင်ခံ ရခြင်းကြောင့်သော် လည်းကောင်း၊ လူ့ဂုဏ်သိက္ခာ ထိခိုက်စေမည့် Social Punishment ပြုလုပ်ခံရမည်ကို စိုးရိမ်ခြင်းကြောင်း လည်းကောင်း CDM လှုပ်ရှားမှု ပြုလုပ်ခဲ့မိသော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း တင်ပြလာပါက ရာဇဝတ်ကြောင်းအရ တရားစွဲဆို အရေးယူထားမှုများအပေါ် ပြန်လည် ရုပ်သိမ်းပေးမည့် အခြေခံအချက်များကို CDM ပြုလုပ်နေသော ဝန်ထမ်းများသိရှိနိုင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ပြန်ကြားရေးအဖွဲ့က နိုင်ငံပိုင်သတင်းစာများတွင် ၂၇-၄-၂၀၂၁ ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာ ပေးလျက်ရှိပါသည်။
အခွင့်အရေးများခံစားခွင့်ပေးထား
ထို့အပြင် နိုင်ငံ့ဝန်ထမ်းများသည် ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက် နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၅) ဖြင့် ထုတ်ပြန်ခဲ့သော နိုင်ငံ့ဝန်ထမ်းဥပဒေအခန်း(၄) ပုဒ်မ၁၀ အရ အောက်ပါတို့ကို လိုက်နာရန်တာဝန်ရှိပါသည်
(က) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊
( ခ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊
(ဂ) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံး မှုမရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(င) မိမိအား ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊
(စ) ဤဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊
(ဆ) ပါတီနိုင်ငံရေး ကင်းရှင်းခြင်း၊
( ဇ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊
( ဈ ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
(ည) တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဋ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
( ဌ) ပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း စသည့်တာဝန် (၁၂) ရပ် ရှိပါသည်။
အထက်ပါတာဝန်များအပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၁ တွင် လည်း နိုင်ငံ့ဝန်ထမ်းများအား အောက်ပါအခွင့်အရေးများကိုလည်း ခံစားခွင့်ပေးထားပါသည်
(က) အလုပ်တည်မြဲခွင့်၊
(ခ) လုပ်ငန်းခွင်အာမခံချက်ရခွင့်၊
(ဂ) လုပ်အား၊ အတတ်ပညာ၊ တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့်လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်ခံစားခွင့်၊
(ဃ) ရာထူးတိုးမြှင့်ခွင့်၊
(c) ပညာလေ့လာဆည်းပူးခွင့်၊
( စ) ခွင့်ခံစားခွင့်၊
(ဆ) ထူးချွန်မှု၊ စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကို ခံစားခွင့်၊
( ဇ) ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှု ခံယူခွင့်၊
( ဈ ) အငြိမ်းစားယူခွင့်၊
(ည) တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အတွက်အထူးပင်စင်ခံစားခွင့်၊
(ဋ) အမျိုးသမီးဝန်ထမ်းဖြစ်ပါက တူညီသောအလုပ်အတွက် အမျိုးသားဝန်ထမ်းများနည်းတူ အကျိုးခံစားခွင့်အပြင် မီးဖွားခြင်းဆိုင်ရာအကျိုးခံစားခွင့်၊
( ဌ) ပါတီနိုင်ငံရေးနှင့်ကင်းရှင်းသော အသင်းအဖွဲ့များတွင်ပါဝင်ခွင့်၊
(ဋ) ဝန်ထမ်းရေးရာခံစားခွင့်၊ ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့်၊
( ၀ ) ရာထူးအနွယ် ပိုင်ဆိုင်ခွင့်၊
(ဏ) ကူးပြောင်းချိန်ခံစားခွင့်၊
(တ) ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် လွှဲပြောင်းတာဝန် ထမ်းဆောင်ခွင့်၊
(ထ) လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာခံစားခွင့်၊
(ဒ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော အခြားခံစားခွင့်တို့ ဖြစ်ပါသည်။
စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိ
ထို့အပြင် နိုင်ငံ့ဝန်ထမ်းဥပဒေအခန်း (၅) ပုဒ်မ ၁၃ တွင် ဝန်ထမ်းသည် သီးခြားတာဝန် ပေးချက်အရ ဆောင်ရွက်ရသည့် လုပ်ငန်း တစ်ရပ်ရပ်အတွက် ချီးမြှင့်ငွေ သို့မဟုတ် အခကြေးငွေ ကို သက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိကြောင်းလည်း ပြဋ္ဌာန်း ထားပါသည်။
ဝန်ထမ်းတစ်ဦးသည် အထက်ပါပေးထားသော အခွင့်အရေးများကို ခံစား၍ မိမိထမ်းဆောင် ရမည့် လုပ်ငန်းတာဝန်များကို ပျက်ယွင်းနေပါလျှင် နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်သည်ဟု မှတ်ယူ၍ မရနိုင်ပါ။
ထို့အပြင် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ဝန်ထမ်း စည်းကမ်းဆိုင်ရာ ပြစ်မှုများ ဖြစ်သည့်
- အလုပ်ချိန်နှင့် သက်ဆိုင်သည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများ၊ (နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၆၁)
- တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် ပတ်သက်သည့်ပြစ်မှုများ၊ (နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၆၂)
- လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာ စည်းကမ်းများ၊ (နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၃)ကို လိုက်နာရန်လိုအပ်ပြီး ဖောက်ဖျက်ကျူးလွန်မှု များရှိလာပါက ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ပြီး ဝန်ထမ်း စည်းကမ်း ဆိုင်ရာ ပြစ်ဒဏ်များကို ချမှတ်ခြင်းခံရမည်။
အချုပ်အားဖြင့်ဆိုရသော် မိမိတို့နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို သိရှိလိုက်နာရန် လိုအပ်ပါသည်။ မိမိအားပေးအပ်သည့် လုပ်ငန်းတာဝန် များကို တာဝန်သိစိတ်ဖြင့် တာဝန်ယူ၊ တာဝန်ခံကာ တာဝန်ကျေပွန်ကြမည်ဆိုပါက ပြည်သူက အားထားရသည့် “ဝန်ထမ်းကောင်း” တစ်ဦးအဖြစ် မှတ်ယူခြင်းခံရမည်မှာ မလွဲဧကန် ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
မမဝန်ထမ်း