Skip to main content
Jun 29, 2021
“ဂျပန်လေယာဉ်ပျံတွေ ရန်ကုန်မြို့ကို ဗုံးကြဲပြီးနောက်ရက်မှာ ငါတို့မိသားစုတွေလည်း အမျိုးတွေရှိရာ လေးမျက်နှာမြို့ကို ပြေးရတယ်။ လမ်းမှာ လှေမှောက်လို့ ပစ္စည်းတွေ ပါသွားတယ်၊ ကျန်တဲ့ပစ္စည်းတွေကို ငါ မနှမြောပါဘူး။ စာအုပ်တွေပါသွားတာတော့ အတော်နှမြောတယ်ကွာ”
Jun 28, 2021
4
၁၉၀၄ ခုနှစ် ဒီဇင်ဘာလတွင် သမဝါယမဌာန မေမြို့ (ပြင်ဦးလွင်) ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပထမဦးဆုံး မြင်းမူမြို့နယ် လယ်ယာစိုက်ပျိုးရေးချေးငွေ | ထုတ်ပေးသော ငွေစုငွေချေး သမဝါယမအသင်းကို သမဝါယမဌာနတွင် မှတ်ပုံတင်ပေးခဲ့ပြီး ထိုနှစ်မှစ၍ မြန်မာ့သမဝါယမလုပ်ငန်းများ အစပြုလာခဲ့သည်ဟု ဆိုရပါလိမ့်မည်။ အဆိုပါ မြင်းမူမြို့နယ် ငွေစုငွေချေးသမဝါယမအသင်းတွင် ဒေါ်စော၊ ဦးအံ့ဘွယ်၊ ဦးပု(ဂန္ဒီ)၊ ဦးပျော့၊ ဦးမူ၊ ဦးလာစံ စသည့် အဲဒီခေတ်က ထင်ရှားသည့် တောင်သူ လယ်သမားများ ပါဝင်ဖွဲ့စည်း ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များသည် မြန်မာ့သမဝါယမကို အုတ်မြစ်ချခဲ့သူများဟု ဆိုနိုင်ပါသည်။ သမဝါယမ လုပ်ငန်းများအနေဖြင့် အသင်းသားပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေစေရေး၊ လူမှုစီးပွားမြင့်မားစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပြီး ခေတ်အဆက်ဆက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုခဲ့ရာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၁၆ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။
Jun 28, 2021
3
လက်ရှိအချိန်တွင် (Electronic Cigarette) E- စီးကရက်သည် လူငယ် များကြားတွင် ရေပန်းစားလာလျက် ရှိသည်။ အနည်းငယ် ရှူရှိုက်လိုက်ရုံ မျှဖြင့် မီးခိုးငွေ့များစွာထွက်သဖြင့် လူငယ်များသည် E- စီးကရက်ကို ပိုမို သောက်လာကြသည်။ တချို့သော လူငယ်များကမူ E- စီးကရက်ကို အစမ်း သဘောမျိုး သောက်လာကြသည်။ သို့သော်ထို E-စီးကရက်ကို မည်သည့် ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသည်ကို မည်သူမျှမသိကြပေ။ စွဲလမ်းမှုဖြစ်စေသည့် နီကိုတင်းဓာတ်ပါနေသည် ဆိုသောအချက်ကို မည်သူမျှမငြင်းဆန် နိုင်ချေ။ ဆေးလိပ်ထက်ပင် ကြောက် မက်ဖွယ်ရာကောင်းလှပြီး ကင်ဆာဖြစ် နိုင်ခြေလည်း များစွာပိုမိုလျက်ရှိသည် ဟု ဆေးဘက်ဆိုင်ရာ ပညာရှင်များက ထောက်ပြထားသည်။
Jun 28, 2021
2
လူငယ်များသည် လက်ရှိနိုင်ငံရေးဖြစ်စဉ်များတွင် စိတ်ပါဝင်စားလာမှု အရှိန်အဟုန်မြင့်တက် လာမှုနှင့်အတူ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာကြသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် လူငယ်ထု၏ အခန်းကဏ္ဍသည် အဓိကအရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သောကြောင့် အဂတိလိုက်စားမှုကို ထိန်းချုပ်ဟန့်တားရာတွင် လူငယ်များ ပါဝင်လာခြင်းသည် အောင်မြင်မှု ရောင်ခြည်တစ်ခုပင် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် များစွာကပင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများသည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် လူငယ်များ ပါဝင်ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ပြုလုပ်လာကြသည်။
Jun 28, 2021
1
လောကတွင် အကောင်းနှင့်အဆိုး အလင်းနှင့်အမှောင် ဒွန်တွဲလျက်ရှိ ပေသည်။ လူငယ်များ ဘဝကို တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ ထွန်းကားလာသလို အမှောင်ထု ချောက်ကမ်းပါးထဲ ဆွဲချမည့် အဖျက်အန္တရာယ် မူးယစ်ဆေးဝါးများသည်လည်း လူငယ်ထု လက်ထဲသို့ ရောက်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့သော ဆွဲဆောင်မှု အမျိုးမျိုးဖြင့် လူငယ်ထုတစ်ရပ်လုံးကို လမ်းမှားရောက်စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ်တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိကတာဝန်ပင် ဖြစ်သည်။
Jun 27, 2021
လမ်းတံတား
ရှမ်းပြည်နယ်သည် ရေတံခွန်၊ စိမ့်စမ်းတောစခန်း၊ တောင်စခန်းတို့ဖြင့် သာယာလှပသည့် ပြည်နယ်တစ်ခုဖြစ်သလို တောင်စဉ်တောင်တန်းများကို တောင်ခိုးတဝေဝေဖြင့် မြင်တွေ့ရသူ အပေါင်း၏ စိတ်နှလုံးဘဝင်တွင် ငြိမ်းချမ်းမှုကို ခံစားကြရမည်ဖြစ်သည်။ ရှမ်းရိုးမတောင်တန်းဟု ခေါ်ဆိုကြသည့်အတိုင်း ပြည်နယ်တစ်ခုလုံးသည် ရှမ်းကုန်းပြင်မြင့်ပေါ်၌ တည်ရှိပါသည်။ ။
Jun 27, 2021
အထိနာဖို့လိုအပ်ပါတယ် ကျွန်တော်တို့ဟာ အမြဲလိုလို အထိနာတဲ့အခါကျမှ သင်ခန်းစာ ရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ လုပ်နေကျ အလုပ်တစ်ခုကို မကောင်းမှန်းသိလည်း လွယ်လွယ်ကူကူပဲ ဆက်လုပ်နေပါတယ်။ ပြောင်းလဲဖို့ဝန်လေးကြပါတယ်။ စီးကရက်သောက်တာကို မကောင်းမှန်းသိပေမယ့်လည်း စီးကရက်ကြိုက်သူ ကတော့ ဆက်သောက်နေတာပါပဲ။ “ဓာတ်မှန်ပေါ်က မြင်ရတဲ့ အဆုတ်မှာ ကင်ဆာလို့ထင်ရတဲ့ အစက်တွေရှိတယ်။ ခင်ဗျား ဆေးလိပ်ဆက်သောက်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သလိုဖြစ် မှာပဲ”လို့ ဆရာဝန်က ပြောလိုက်မှပဲသိပ်ကြောက်သွားပြီး ဆေးလိပ် ကိုဖြတ်ဖို့ စဉ်းစားကြပါတယ်။ ။
Jun 27, 2021
ရွေးကောက်ပွဲ
(ဇွန် ၂၅ ရက်နေ့မှအဆက်) သမ္မတရွေးကောက်ပွဲများ သမ္မတရွေးကောက်ပွဲတွင် Plurality System ကို အသုံးပြုပြီး တစ်နိုင်ငံလုံးတွင် ဆန္ဒမဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းက အနိုင်ရပါသည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း တစ်ယောက်တည်းရှိနေလျှင်သော်လည်း ရွေးကောက်ပွဲကျင်းပရပြီး ကိုယ်စားလှယ်လောင်းသည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ နိုင်ရန်အတွက် စုစုပေါင်းဆန္ဒမဲ၏ သုံးပုံတစ်ပုံထက် ကျော်လွန်ရရှိ ရမည်ဖြစ်သည်။ သမ္မတရွေးကောက်ပွဲများကို ၁၉၄၈ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၁၉၄၈၊ ၁၉၅၂၊ ၁၉၅၄၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၆၃၊ ၁၉၆၇၊ ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၂၊ ၂၀၀၇၊ ၂၀၁၂၊ ၂၀၁၇ ခုနှစ်တို့တွင် ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ထပ်မံကျင်းပမည် ဖြစ်ပါသည်။ သမ္မတသည် သက်တမ်းတစ်ကြိမ်သာ ရွေးချယ်ခံခွင့် ရှိပါသည်။
Jun 27, 2021
လူငယ်များသည် လက်ရှိနိုင်ငံရေးဖြစ်စဉ်များတွင် စိတ်ပါဝင်စားလာမှု အရှိန်အဟုန်မြင့်တက် လာမှုနှင့်အတူ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာကြသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် လူငယ်ထု၏ အခန်းကဏ္ဍသည် အဓိကအရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ် သောကြောင့် အဂတိလိုက်စားမှု ကို ထိန်းချုပ်ဟန့်တားရာတွင် လူငယ်များပါဝင်လာခြင်းသည် အောင်မြင်မှု ရောင်ခြည်တစ်ခုပင်ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကပင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် လူငယ်များပါဝင်ဆောင် ရွက်နိုင်မည့် အစီအစဉ်များကို ပြုလုပ်လာကြသည်။
Jun 27, 2021
ချစ်စွာသောတူမောင် ရွှင်လန်းချမ်းမြေ့ပါစေ ... ပဏာမ ဆရာအောင်သင်းရေးတဲ့ စဉ်းစားစရာလေးတွေဆိုတဲ့ စာအုပ် (၂၀၀၂ ခုနှစ် ဇွန်လထုတ်)မှာ အောက်ပါအတိုင်း ရေးသားထားတာကို ဖတ်ရှုရပါတယ်-