Skip to main content
Jun 30, 2021
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “အားလုံးအတွက် တိုးတက် ကောင်းမွန်သော တရားမျှတမှုဆီသို့” ဟူသော ဆောင်ပုဒ်ဖြင့် ငါးနှစ် တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပါသည်။ စီမံကိန်း၏ ပန်းတိုင်အဖြစ် လူတိုင်းသို့အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများအပေါ် ပြည်သူ လူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက် မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်ဟူသည့် ရည်မှန်းချက်(၂)ရပ် ထားရှိပါသည်။ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စေရေး အတွက် နှစ်စဉ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်များရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တရားစီရင်ရေး၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ တန်ဖိုးများရရှိအောင်မြင်စေရန်အတွက် မဟာ ဗျူဟာ လုပ်ငန်းနယ်ပယ်(၅)ရပ်ဖြစ်သည့် တရားရုံးဝန်ဆောင်မှုများ အများပြည်သူ လက်လှမ်းမီ နိုင်မှုကို လွယ်ကူတိုးတက်စေရေး ဆောင်ရွက်ပေးရန်၊ အများပြည်သူ၏ အသိအမြင်ကို မြှင့်တင်ပေး ရန်၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် စီမံခန့်ခွဲနိုင်မှုစွမ်းရည် မြှင့်တင်ရန်၊ တရားစီရင်ရေး၏ ပညာရပ် ကျွမ်းကျင်မှု၊ တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ပေးရန်၊ ထိရောက်သော မှုခင်းစီမံခန့်ခွဲ မှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့် ဆောင်ရွက်ရန် ဟူ၍ မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၅)ရပ် သတ်မှတ် ထားပါသည်။
Jun 30, 2021
ဉ
“ဒီမှာ မောင်အောင်ရ။ ဟိုတလောက ရေဒီယိုမှာ ကြားလိုက်တယ်။ ဝဥခြောက်ကို တရုတ်ကို ရောင်းတာတယ်ပြီးဈေးရတယ်ဆိုပဲ။ အဲဒီတော့ ငါတို့လည်း ပိုက်ဆံရတယ်ဆိုတော့ စိတ်ဝင်စားတာ ပေါ့ကွာ။ ဝဥ ဆိုတာဘယ်လိုမျိုးလဲ။ ဒို့ ကန်စွန်းဥတို့ ပိန်းဥတို့လိုမျိုးလား”
Jun 30, 2021
ကမ္ဘာပေါ်က နိုင်ငံအတော်များများ လက်ခံကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့နိုင်ငံ လည်း လိုက်ပါကျင့်သုံးနေပါတယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းနဲ့ ပြည်သူ့ဆန္ဒကို ဦးစားပေးခြင်း စတာတွေဟာ ပြည်သူအားလုံးရဲ့ကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်တဲ့ ဒီမိုကရေစီ စံနှုန်းတွေလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ၂၀၁၈ မှာစတင်တဲ့ ပထမ ငါးနှစ်သက်တမ်းနဲ့ ၂၀၁၅ မှာစတင်တဲ့ ဒုတိယငါးနှစ် သက်တမ်းတွေအတွင်းမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ထူးထူးခြားခြားရလာပေမယ့် ပြည်သူတွေအတွက် အကျိုးစီးပွားကတော့ ထိထိရောက်ရောက်ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။
Jun 29, 2021
လူသတ္တဝါတို့သည် အတွင်းစိတ်တွင် စွဲနေသော အထင်အမြင်အတိုင်း ဖြစ်၍နေကြရ၏။
Jun 29, 2021
သာစွဌာနီ ရခိုင်ပြည်နယ်ကိုပြည်ထောင်စုသားများ က အနောက်တံခါးလို့ တင်စားသတ်မှတ် ခဲ့ကြတယ်။ ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ဆုံးတောင်ကုန်းဒေသမှ တောင်ဘက် မြို့နယ်အဆုံး ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ကျောက်ချွန်ဝအထိ အလျားမိုင်ပေါင်း ၃၆၀ ခန့် ရှည်လျားတယ်။ ရခိုင်ပြည်နယ်ဟာ မြောက်ဘက် မှာ အတန်ငယ်ကျယ်ပြန့်ပြီး တောင်ဘက်သို့ ကျဉ်းမြောင်းရှည်လျားလာရာ လိမ္မော်သီးစိတ်ပုံ သဏ္ဌာန်ရှိတယ်။ မြောက်ဘက်မှာ မိုင်ပေါင်း ၁၀၀ ခန့်ကျယ်ဝန်းပြီး တောင်ဘက်အရပ်က မိုင် ၂၀ ခန့် ကျယ်ဝန်းတယ်။ ။
Jun 29, 2021
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အကြောင်းအရာများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာခြင်း Foreign Direct Investment (FDI) သည်လည်း အရေးပါသောအချက်/ ကဏ္ဍတစ်ခုဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှုအား ဖိတ်ခေါ်ရာတွင် အခြေခံကျသောဆောက်လုပ်ရေးကဏ္ဍ၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင် လာရောက်မြှုပ်နှံဖို့ လိုအပ်သလို အခြားသောကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါသည်။
Jun 29, 2021
၃
သွေးလွန်တုပ်ကွေးရောဂါသည် တစ်နှစ်ပတ်လုံး ဖြစ်တတ်သော ရောဂါဖြစ်ပြီး မိုးရာသီဖြစ်သော ဇူလိုင်လနှင့် သြဂုတ်လများတွင် ပိုမိုအဖြစ်များ သည်ကို တွေ့ရှိရသည်။ သွေးလွန်တုပ်ကွေး ရောဂါသည် အသက်အရွယ် မရွေး ဖြစ်ပေါ်တတ် သည်။ အသက်(၁၅)နှစ်အောက် ကလေး(သုံးနှစ်မှ ရှစ်နှစ်အရွယ်) များတွင် ဖြစ်ပွားမှုများသော်လည်း (၁၅)နှစ်အထက် ကလေးများတွင်လည်း ဖြစ်ပွား နေသည်။ ရာသီဥတုပြောင်းလဲချိန် မိုးတွင်းကာလ တွင် နှစ်စဉ်အမြဲအဖြစ်များလေ့ရှိသည်မှာ သွေးလွန် တုပ်ကွေးရောဂါပင် ဖြစ်သည်။ ယင်းရောဂါသည် အခန့်မသင့်ပါက ဖြစ်ပွားသည့် ကလေး၊ လူကြီး မရွေး အသက်ဆုံးရှုံးနိုင်သည့်အတွက် အရိပ် တကြည့်ကြည့်နှင့် ဂရုတစိုက် စောင့်ရှောက်ပေးရန် လိုအပ်သည်။
Jun 29, 2021
၁
လက်ရှိအချိန်တွင် (Electronic Cigarette) E- စီးကရက်သည် လူငယ် များကြားတွင် ရေပန်းစားလာလျက် ရှိသည်။ အနည်းငယ် ရှူရှိုက်လိုက်ရုံ မျှဖြင့် မီးခိုးငွေ့များစွာထွက်သဖြင့် လူငယ်များသည် E- စီးကရက်ကို ပိုမို သောက်လာကြသည်။ တချို့သော လူငယ်များကမူ E- စီးကရက်ကို အစမ်း သဘောမျိုး သောက်လာကြသည်။ သို့သော် ထို E- စီးကရက်ကို မည်သည့် ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသည် ကို မည်သူမျှမသိကြပေ။ စွဲလမ်းမှုဖြစ် စေသည့် နီကိုတင်းဓာတ်ပါနေသည် ဆိုသောအချက်ကို မည်သူမျှမငြင်းဆန် နိုင်ချေ။ ဆေးလိပ်ထက်ပင် ကြောက် မက်ဖွယ်ရာကောင်းလှပြီး ကင်ဆာဖြစ် နိုင်ခြေလည်း များစွာပိုမိုလျက်ရှိသည် ဟု ဆေးဘက်ဆိုင်ရာ ပညာရှင်များက ထောက်ပြထားသည်။
Jun 29, 2021
မြတ်စွာဘုရားရှင်က “ န ပုပ္ပဂန္ဓာ ပဋိဝါတမေတိ၊ နစန္ဒနံ တဂရ မလ္လိကာ ဝါ၊ သတဉ္စဂန္ဓာ ပဋိဝါတမေတိ ၊ သတ္ထာဒိသာ သမ္ဗုရိသော ပဝါယတိ ”ဟု ဟောကြားတော်မူခဲ့ပါသည်။ အဓိပ္ပါယ်မှာ “ပန်းတို့၏ ရနံ့သည် လေညာသို့ မရောက်နိုင်။ စန္ဒကူး၊ တောင်ဇလပ်၊ စံပယ်၊ ကြက်ရုံး စသော ပန်းတို့၏ အမြစ်၊ အနှစ်နှင့် အပွင့်ဟူသော ရနံ့သည်လည်း လေညာအရပ်သို့ မပျံ့စေနိုင်။ သူတော်ကောင်းတို့၏ သီလတည်းဟူသော ရနံ့နှင့် ဂုဏ်သတင်းသည်သာ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့မွှေးကြိုင်စေနိုင်သည်” ဟု ဖြစ်ပေသည်။
Jun 29, 2021
ပြီးခဲ့တဲ့ရက်က ဒဂုံမြို့သစ်တောင်ပိုင်း မူလတန်းကျောင်းမှာ ယူနီဆက်ဖ်ကလှူဒါန်းထားတဲ့ကျောင်းသုံးပစ္စည်းတွေကို မီးရှို့ပစ်ကြတယ်ဆိုတဲ့ သတင်းကြားမိပါတယ်။ ကလေးတွေ ကျောင်းမတက်ရဲအောင်၊ နည်းလမ်းအမျိုးမျိုးနဲ့ အကြမ်းဖက်နေကြတာရဲ့ ပြယုဂ်တစ်ခုပါ။