Skip to main content
May 12, 2021
မြန်မာနိုင်ငံနှင့် နာဂစ်မုန်တိုင်း ဧရိယာအကျယ်အဝန်း ၂၆၁၂၂၈ စတုရန်းမိုင် (၆၇၆၅၇၈ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကုန်းမြေ ဧရိယာ ဒုတိယအကြီးမားဆုံးဖြစ်ပြီး မြေပြင် တစ်ဆက်တည်းအကျယ်အဝန်းအရ အကြီးမားဆုံး နိုင်ငံဖြစ်ပါသည်။
May 12, 2021
ဒီကနေ့ မြန်မာ့နိုင်ငံရေးက ရင်မအေးစရာ ဖြစ်လာနေပြီဟု ပြောရမည်ထင်သည်။ အမုန်း တရားများဖြင့် တည်ဆောက်လာခဲ့သည့် နိုင်ငံရေး ဖော်ဆောင်မှုအောက်တွင် ကျွန်ုပ်တို့ပြည်သူ တွေ စတေးခံနေရသည်။ လူမှုဘ၀ ဒုက္ခအရိပ်အယောင်တွေကို မြင်တွေ့ နေရသည်။ တိုးတက် စပြုနေသည့် ပြည်သူ့ဘ၀များသည် အမြစ်ကို ရေနွေးပူပူဖြင့် အလောင်းခံလိုက်ရသည့်နယ် ညှိုးနွမ်းလာနေပြီဟု ခံစားလာရသည်။
May 12, 2021
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်၊ ပျူခေတ် နောက်ဆုံးကာလက ဈေးရောင်းချသည့် ပြည်သူ တစ်ယောက် လေပွေတိုက်၍ “ငါ့ စကော ...ငါ့ စကော...” ဟု မြို့ရွာအတွင်း လိုက်လံအော်ဟစ် ခဲ့သည်။ ထိုသတင်းစကားတစ်ခုကို အကြောင်းပြု ကာ တစ်မြို့လုံး၊ တစ်ပြည်လုံး ကောလာဟလ သတင်းမှား ပျံ့နှံ့ခဲ့သည့်အဖြစ်အပျက်ကို ကြားဖူး ကြမည်ဖြစ် သည်။ လေတိုက်ပြီး ဆန်ကောလွင့်ပါ သွားသည်ကို ငါ့စကော၊ ငါ့စကာ အော်ဟစ်ခဲ့ရာမှ “ငါ့စကောတပ်ကြီး” ချီလာပြီ ထင်ပြီး မြို့သူ မြို့သားများ မြို့ ကိုစွန့်ခွာ ထွက်ပြေးကြရာမှ သရေ ခေတ္တရာပြည်ကြီးလည်း ပျက်သုဉ်းသွားခဲ့သည်။
May 12, 2021
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာနအပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများ ပြန်လည်ဖွင့်လှစ်ကာ ပြင်ပလူနာ၊ အတွင်း လူနာများအား ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
May 12, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၅/၂၀၂၁)ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ယင်းပြောကြားချက် များတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက် မည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရေး (ပန်းခင်းလမ်းစီမံချက်) ကို အလေးထား ကြောင်း ပြောကြားသွားသည်။
May 10, 2021
လူမှုကွန်ရက်တွေမှာ အန္တရာယ်များလာတဲ့ ပြဿနာတစ်ရပ်ကတော့ သတင်းတုများနဲ့ သတင်းအမှားတွေ ပိုမိုကျယ်ပြန့်လာခြင်း ဖြစ်ပါ တယ်။ သတင်းတုတွေ၊ မမှန်သတင်းတွေနဲ့ အမှားအမှန်ရောထားတဲ့ သတင်းကိစ္စက မြန်မာနိုင်ငံမှာပဲ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ကမ္ဘာနဲ့အဝန်းမှာ ဖြစ်နေတာပါ။ ဒါပေမယ့် အမြစ်စွဲနေဆဲ နိုင်ငံရေး ပဋိပက္ခကြောင့် စိတ်ဝမ်းကွဲမှုတွေ၊ တစ်ဖက်စွန်း အယူအဆကွဲပြား နေဆဲ မြန်မာနိုင်ငံအတွက်တော့ သတင်းတု၊ သတင်းမှားများရဲ့ အန္တရာယ်က အခြားနိုင်ငံများထက် ပိုပြီး ကြီးမားနေပါတယ်။
May 09, 2021
ရန်ကုန်မြို့ထဲ သွားမိလေတိုင်း မြင်တွေ့နေရတဲ့ ရုပ်ရှင်ရုံကြီးတွေက ကျွန်မစိတ်ကို ညစ်နွမ်းစေလှပါတယ်။ ငယ်စဉ်ဘဝကတည်းက အဲဒီရုပ်ရှင်ရုံကြီးတွေမှာ ကျွန်မချစ်ခင်နှစ်သက်ခဲ့ရတဲ့ ရုပ်ရှင်အနုပညာသည်တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို စွဲစွဲလမ်းလမ်းကြည့်ရှုခဲ့ရတယ်။ အခုအချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်ဇာတ်ကားတွေမကြည့်ရ၊ရုပ်ရှင်အနုပညာသည်တွေကို မတွေ့မမြင်ရနဲ့ ရုပ်ရှင်ရုံကြီးတွေ ပိတ်ထားခဲ့ကြတာ အချိန်အားဖြင့် တစ်နှစ်ပင်ကျော်ခဲ့ပါပြီ။ ယခင်အချိန်တွေကို ပြန်တွေးသတိရ လွမ်းရမယ်ဆိုရင်တော့ လွမ်းလောက်တာပေါ့။
May 07, 2021
လူကြီးဆိုတာ လူငယ်ဘဝကလာတာ။ ဆရာတိုင်း တပည့်ဖြစ်ဖူးတယ်။ စည်းကမ်းအစ စာသင်ကျောင်းကလို့ ဆိုတယ်။ အသိမကြွယ် လူမမည်များ ပင်ယံထက်ဖြား ဝင့်ကာကြွားလို့ လှပဝေဆာပွင့်လာဖို့လိုတယ်။ ရနံ့ရယ်မွှေးရောင်စုံအသွေး ကြည်နူးစိတ်တွေ မွေးဖွားစေသော လောကကို အလှဆင်လိုစိတ်တွေ ကိန်းအောင်းသက်ဝင်ဖို့ရာ ရောက်ရာဘဝ ကျရာကဏ္ဍက ပါဝင်ထမ်းရွက်ပါမှ လူသားပီသတဲ့ လူဖြစ်ရကျိုးနပ်သူ လူအများက လေးစားခံရသူဖြစ်မှာ အသေ အချာပါ။
May 07, 2021
မြန်မာနိုင်ငံအရေးကို အရှေ့တောင်အာရှနိုင်ငံများအသင်းအဖွဲ့ (အာဆီယံ) ၏ နည်းလမ်းဖြင့် ဖြေရှင်းနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာ (Xinhua) သတင်းဌာနနှင့် မကြာသေးမီကပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
May 07, 2021
သေခြင်းတရားဆိုသည်မှာ သတ္တဝါဟူသမျှ မည်သူမျှ ရှောင်ကွင်းတိမ်းရှောင်၍ရသော အရာမဟုတ်။ နောက်ဆုံးတစ်နေ့ သေမင်းခံတွင်းဝ သေခြင်းတရားက မိမိတို့နှင့် မည်မျှနီးကပ်ပါသနည်း။ အခြား သူများကိုတော့ မပြောတတ်ပါ။ မိမိတို့လို အသက် ၇၀ ကျော်များအတွက်မူကား သေမင်း၏ အသက်ရှူသံကိုပင် ကြားရအောင် နီးကပ်နေကြပေပြီး သေမင်း၏ နှာခေါင်း၊ ပါးစပ်ခံတွင်းတို့မှ -ထွက်သော လေနှင့်အတူ အာငွေ့နွေးနွေး၏ အနှံ့ အသက်ကိုပင် ရှူရှိုက်နေကြရပြီဟု ဆိုချင်သည်။ အများအားဖြင့် အသက် ၁၂၀ အထိ ရှည်ကြသူက ရှားလှပါသည်။ ဇာတာထန်းဖူးရွ က် ထဲမှာပဲ “အသက် ၁၂၀ ရှည်စေသော်”ဟု ရေးထားသည်ကိုတွေ့ရပါမည်။ အသက် ၁၉ နှစ်တိုင်အောင် သီချင်း နားထောင်ဆဲ၊ စာတွေဖတ်နေဆဲ။ လူတွေ့နှုတ် အင်တာဗျူးတွေ ဖြေနေဆဲ၊ ဂီတစာဆိုဆရာကြီး သက်ရှိထင်ရှားရှိနေဆဲ ဖြစ်ပါ၏။ ကျိုက်လတ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော အမျိုးသားအောင်ပွဲ နေ့ -စာပေဟောပြောပွဲ၊ ဂီတဆည်းဆာဖျော်ဖြေပွဲများသို့ မလိုက်ပါနိုင်တော့သည်ကား လေးငါးနှစ် ရှိခဲ့ပေ။ အိုခြင်းတရားကို မည်သူမျှ မတားဆီး မလွန်ဆန်နိုင်ပေ။