Oct 01, 2021
(၁) အထက်ပါခေါင်းစဉ်က လွန်ခဲ့တဲ့အနှစ် ၂၀ လောက် ကရေးဖြစ်တဲ့ကဗျာလေးတစ်ပုဒ်ရဲ့ ခေါင်းစဉ်လေးပဲ ဖြစ်ပါတယ်။ တစ်ဖန် ဒီကဗျာလေးကိုပဲ ဆောင်းပါးအဖြစ်လည်း ရေးသားခဲ့ဖူး ပါတယ်။ စာပေဟောပြောပွဲ တော်တော်များများတွင် ဒီကဗျာလေးအကြောင်းရှင်းလင်း ပြောပြခဲ့ပါတယ်။ မြန်မာ့အသံရေဒီယို ကဗျာအမြင်၊ စာအမြင် အစီအစဉ်ကနေပြီးတော့လည်း အကြိမ်ပေါင်း များစွာရွတ်ဆိုဟောပြောခဲ့ပါတယ်။
Oct 01, 2021
လူသားတိုင်းကြုံတွေ့ရမည့်အရာသည် အိုနာသေဘေးဖြစ်သည်။ ထို့ကြောင့် လူသားတိုင်း ဆုတောင်းလေ့ရှိကြသည်မှာ အိုဇာတာကောင်းရေးပင်ဖြစ်သည်။ လူတစ်ဦးသည် ဘဝတစ်လျှောက်လုံး မည်မျှပင်ကြွယ်ဝချမ်းသာနေစေကာမူ အိုဇာတာညံ့နေ မည်ဆိုလျှင် ဘဝနေဝင် ချိန်သည် ပူလောင်နေမည်ဖြစ်သည်။ တချို့သောသူများသည် ငယ်စဉ်ကမပြည့်စုံသော်လည်း အိုဇာတာ ကောင်းသဖြင့် ဘဝနေဝင်ချိန်သည် အေးချမ်းလှပါသည်။ တရားသဘောအရ ကြည့်မည်ဆိုလျှင် ကံ၊ ကံ၏အကျိုးသာဖြစ်သည်။ လူတစ်ဦးသည် အိုဇာတာကောင်းသည် ဖြစ်စေ၊ ညံ့သည်ဖြစ်စေ သား၊ သမီးများနှင့် မျိုးဆက်သစ်လူငယ်များသည် အသက်အရွယ် အိုမင်းနေပြီဖြစ်သော မိဘဘိုးဘွားများကို ပြုစုစောင့်ရှောက်ပေးရန် တာဝန်ရှိပေသည်။
Oct 01, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Oct 01, 2021
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ခေတ်နှင့်အညီ အဆင့်ဆင့်ပြောင်းလဲတိုးချဲ့ ဖွဲ့စည်းလာခဲ့သည့်အတွက် ထိုနေ့ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြပါသည်။ သို့ဖြစ်၍ ယနေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သည် (၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဖြစ်ပါသည်။
Oct 01, 2021
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှာ ၇၃ နှစ်ကျော်ပြီ။ ကာလအားဖြင့် လူ့သက်တမ်းတစ်ခု ခန့်ရှိပြီ။ လွတ်လပ်ရေးရပြီး မွေးဖွားလာသော တိုင်းရင်းသား ပြည်သူအချို့မှာ လွတ်လပ်သော တိုင်းပြည်တွင် နေထိုင်ခဲ့ကြသော်လည်း လွတ်လပ်ရေး၏ အသီးအပွင့်၊ လွတ်လပ်ရေး၏ ခံစားခွင့်တို့ကို တင်းပြည့်ကျပ်ပြည့် မရခဲ့ကြပါဟုဆိုရမည်။ အဘယ်ကြောင့် မရခဲ့ကြပါသနည်း။ လက်နက်ကိုင်ပဋိပက္ခများကြား မငြိမ်းချမ်းသောဘဝများတွင် နစ်မွမ်းနေကြရသောကြောင့် ဖြစ်သည်။
Sep 30, 2021
အများသူငါ လျှောက်မယ့်လမ်းမှာ ကြဲထားတဲ့ပန်းအလှ ပန်းရနံ့တွေနဲ့ အေးမြခြင်းက ကြည်နူးစရာဖြစ်နေပါလိမ့်မယ်။ ပြည်သူတွေရဲ့ လူမှုဘ၀ဖွံ့ဖြိုးဖို့အတွက်၊ လှပတဲ့အနာဂတ်ပန်းတိုင်ရောက်ဖို့အတွက် လျှောက်ရတဲ့လမ်းမှာခင်းထားတဲ့ ပန်းခင်းကြီးက ဝေဝေဆာဆာနဲ့ သက်၀င်လှုပ်ရှားနေလေရဲ့။ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာ၀န်ယူခင်းပေးထားတဲ့ပန်းခင်းလမ်းကို အမျိုးမျိုးတင်စားနိုင်ပါတယ်။ ကိုယ်သွားမယ့် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့၊ ကိုယ်လျှောက်နေတဲ့လမ်းလေးတစ်ခု အဆင်ပြေချောမွေ့စေဖို့ တန်ဆာဆင်ဖန်တီးထားတဲ့ အလှတရားတစ်ခုအနေနဲ့ ပန်းခင်းစီမံချက်ရဲ့ သဘောသဘာဝလေး တစ်ခုကို ခံစားကြည့်ကြပါစို့...
Sep 30, 2021
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါက ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအားလုံးအတွက် ကျန်းမာရေး ပြဿနာ ကနေ အစပြုတယ်ဆိုရပေမယ့် နောက်ပိုင်းမှာတော့ ရောဂါကာကွယ်ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခရီးသွားလာမှုတွေ ကန့်သတ် ထိန်းချုပ်တာ၊ နိုင်ငံတိုင်းမှာလည်း Lockdown ချ ပြီး လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်မှုတွေ ပိတ်တာ၊ ကန့်သတ်တာတွေကြောင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုနဲ့ ကူးသန်းရောင်းဝယ်မှုစနစ်ကြီး တစ်ခုလုံးအပေါ်မှာ ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။
Sep 30, 2021
တစ်နေ့က တာမွေဈေးပေါက်ဝတွင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး တစ်ကိုယ်တည်း ဟောပြောနေသည်ကို တွေ့ခဲ့ရသည်။ ရုပ်အသွင်က တိုင်းရင်းသူ သွင်ပြင် လက္ခဏာ။ လူ့သဘာဝ အရ နားစွင့်ကြည့်မိတော့ သူဟောပြောနေ သည့် အကြောင်းအရာ က ခရစ်ယာန် ဘာသာရေး တရားတော်များ။
Sep 30, 2021
အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ Booster Dose ထိုးနှံရန် သင့်/ မသင့် နှင့်စပ်လျဉ်းပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
Sep 30, 2021
လက်ပ်တော့ပဲဖြစ်ဖြစ်၊ လက်ကိုင်ဖုန်းပဲဖြစ်ဖြစ်၊ ဘာပစ္စည်းပဲဖြစ်ဖြစ် မော်ဒယ်လ်သစ် တစ်ခုပေါ် လာတိုင်း အရအမိဖမ်းဝယ်သူတွေရှိကြတယ်။ မော်ဒယ်လ်သစ်တွေမှာ အားသာချက်တွေ ကတော့ အများကြီးပါလာမှာပေါ့။ ဖုန်းဆိုရင် ကင်မရာပိုကောင်းလာတာ၊ မျက်နှာ ပြင်ပိုကြီးလာတာ၊ ဘက်ထရီပိုကောင်းလာတာ၊ ရုပ်ထွက်ပိုကြည်လင်တာ၊ အသံစနစ်တွေ ပိုကောင်းလာတာ၊ လုပ်ဆောင်ချက် တွေသွက်လာတာ စသည်အားဖြင့် ပိုကောင်း၊ ပိုမြင့်လာတာတွေရှိမှာပေါ့။ မော်ဒယ်လ် ပိုမြင့်လာသလို ဈေးကလည်း သိသိသာသာ မြင့်လာတာပါပဲ။
