Skip to main content

လွတ်လပ်ရေးနှင့်အတူ ကြီးပြင်းကြရာဝယ်

အခြေအနေ(၁)

လွတ်လပ်ရေးရပြီးလို့ ခြောက်နှစ်အကြာ ၁၉၅၄ ခုနှစ်မှာ ဖွံ့ဖြိုးမှု အလားအလာ အကောင်းဆုံး နိုင်ငံဟာ မြန်မာနိုင်ငံလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ ပါတယ်။ မြန်မာဟာ လွတ်လပ်စနိုင်ငံ၊ သယံဇာတ ကြွယ်ဝမှု၊ မြန်မာတို့ရဲ့ ကြိုးစားရိုးသားမှုကို အခြေခံ ပြီး မှတ်ချက်ချတာ ဖြစ်ပါတယ်။ တောင်-မြောက် ကိုရီးယားနိုင်ငံတို့ဟာ အချင်းချင်းစစ်ဖြစ်နေတဲ့ ကာလမို့ မြန်မာကဆန်တင်ပို့နိုင်တဲ့ သဘောကြောင့် ချမ်းသာဖို့အလားအလာရှိတယ်လို့ ခန့်မှန်းတာလည်း ဖြစ်နိုင်ပါတယ်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုက ဦးသန့်အား မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း ကျမ်းတစ်စောင် ရေးသားရန် အကြံဉာဏ်ပေးတာကြောင့် ဦးသန့်ဟာ ၁၉၅၄ အလယ်ခန့်တွင် “ပြည်တော်သာခရီး” ဟူသော ကျမ်းပထမတွဲကို အပြီးအစီးရေးသားခဲ့ပါတယ်။

အခြေအနေ (၂)

လွတ်လပ်ရေးအတွက်၊ လွတ်လပ်ရေးနဲ့ အတူ ကြီးပြင်းလာကြတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစု ရဲဘော်ရဲဖက်တွေဟာ ဝါဒအယူအဆကို အကြောင်း ပြုလေသလား၊ အာဏာကို မက်မောတာလား၊ စိတ်ဝမ်းတွေကွဲ၊ သွေးကွဲသွားခဲ့ပါတယ်။ လွတ်လပ် ရေးကြိုးပမ်းမှုကာလတွင်ပင် စုစည်းမှု၊ တညီ တညွတ်မရှိမှု၊ တစ်တပ်တစ်ဗိုလ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ “နိုင်ငံရေးပါတီများအနေဖြင့် အများ နှင့်ဆိုင်သော အကောင်းဆုံးစံများကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသင့်ကြသည်။ အမျိုးသား ကောင်းစား ရေးအတွက် ပြင်းပြသောစိတ်ဖြင့် ဆောင်ရွက်လျှင် နှစ်အနည်းငယ်အတွင်း အောင်မြင်နိုင်ကြောင်း ဂျပန်က လက်တွေ့ပြခဲ့ပြီ။ အမျိုးသားစည်းလုံး ညီညွတ်မှုကို အိပ်မက်မဖြစ်ပါစေနှင့်၊ ဘာသာရေးနှင့် လူမှုရေးတိုးတက်မှုတို့ကိုလည်း ထပ်ဖြည့်ဖို့လိုသည်” ဆိုတဲ့အကြောင်း ဂန္တလောကမဂ္ဂဇင်း ဆောင်းပါးပါ ဦးသန့်ရဲ့ ထောက်ပြချက်ကို “မောင်ရွှေခေတ်ရေးသည့်ဦးသန့်၏ဘဝအတွေ့အကြုံ များ” စာအုပ်တွင် တွေ့ရှိရပါတယ်။ လွတ်လပ်ရေး မရမီကာလမှာ ဗြိတိသျှ၊ အိန္ဒိယ သီရိလင်္ကာ နိုင်ငံတို့မှာ ဆိုရှယ်လစ်စနစ်ကျင့်သုံးတဲ့ကိစ္စဟာ ရေပန်းစားလေတော့ မြန်မာဟာလည်း ပြောဖွယ်ရာမရှိပြီ။

 • ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံဟာ လုံးဝလွတ်လပ်တဲ့နိုင်ငံ ဖြစ်လာခဲ့ ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး သုံးလမျှမရှိမီ ဖဆပလအဖွဲ့ချုပ်ကို ဖြုတ်ချ။ နိုင်ငံရေးအာဏာကို အရယူလိုသော ကွန်မြူနစ်ပါတီက ဖဆပလအစိုးရလက်ခံ လိုက်သော လွတ်လပ်ရေး အတုသာ ဖြစ်သည်ဟု ဝါဒဖြန့်တော့ ပြည်သူလူထု အချို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြရတယ်။

• ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားပါတော့တယ်။ ကွန်မြူနစ်မှိုင်းမိနေသော နိုင်ငံရေးအမြင်ကျဉ်းတဲ့ တပ်မတော်အရာရှိ အချို့နဲ့ ဗမာ့တပ်မတော် တပ်ရင်းကြီး နှစ်ခုဟာလည်း လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြားသိမ်းယူကာ တောခိုသွား ကြပါတယ်။

• ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကရင်အမျိုးသားသမဂ္ဂ (ကေအင်ယူ)ဟာ အစိုးရကို တော်လှန်ပုန်ကန်ခဲ့တယ်။ ဗမာ ပြည်ကွန်မြူနစ်ပါတီတို့က မြန်မာပြည် အလယ်ပိုင်း၊ အထက်ပိုင်းတို့ ကိုသိမ်း၊ ကေအင်ဒီအိုနဲ့ ကေအင်ယူအမည်ခံ သောင်းကျန်းသူများက မြန်မာပြည် အောက်ပိုင်း သိမ်းထားတော့ ဦးနုအစိုးရ အကျပ်ရိုက်ခဲ့လေတော့တယ်။

အစိုးရဟုဆိုရတဲ့ တပ်မတော်က ကျောက်ဝိုင်း ဘုရားအနီး၌သာ တပ်စွဲထားနိုင်ခဲ့တယ်။ ရန်ကုန် အစိုးရဟူ၍ခေါ်ရန်သာကျန်ပါတော့တယ်။ နိုင်ငံရဲ့ အင်အားစုတွေဟာ သဟဇာတ ဖြစ်မလာကြဘဲ | အချင်းချင်း အားပြိုင်အနိုင်ယူလိုမှုအောက်မှာ ပြည်သူတွေဟာ ကျီးလန့်စာစား ဖြစ်ခဲ့ရပါတယ်။ ၁၉၅၀ ပြည့်နှစ်အတွင်း ပုန်ကန်သူလက်မှ ပြန်လည် သိမ်းနိုင်ခဲ့တယ်။

အခြေအနေ (၃)

လွတ်လပ်ခါစ မြန်မာပြည်ရဲ့ ဆုံးရှုံးမှုတန်ဖိုးဟာ ကြီးမားလွန်းကြောင်း၊ စိုက်ပျိုးနိုင်တဲ့ မြေဧရိယာ ရဲ့ ၃၅ရာခိုင်နှုန်း ကောခဲ့ရကြောင်း၊ ပြည်သူပြည်သား နှစ်သောင်းနှစ်ထောင်၊ စစ်ဘက်နယ်ဘက် အမှုထမ်း ပေါင်း ငါးထောင်ခုနစ်ရာတို့ အသက်ဆုံးရှုံးခဲ့ရကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။ မြန်မာတို့ဟာ တိုင်းတစ်ပါးအောက် ရောက်ခဲ့ရပြီဆိုကတည်း က ရုန်းကန်ကြီးထွားလာခဲ့ရပုံတွေဟာ အခြားသော နိုင်ငံတွေနဲ့ မတူညီတဲ့အဖြစ် တွေ့လာရပါတယ်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း၊ ကိုယ့်ဘုရင် ကိုယ့်သခင်နဲ့လွတ်လပ်တဲ့ မြန်မာနိုင်ငံဟာ တိုင်း တစ်ပါးလက် ကျရောက်ခဲ့ရတဲ့အတွက် နိုင်ငံ သူရဲကောင်းများ ပြည်သူများဟာ မိမိတို့ဦးနှောက် ဖွံ့ဖြိုးအောင် မလုပ်နိုင်ရှာဘဲ ဖြစ်ခဲ့ရပါတယ်။ မြန်မာတို့ လွတ်လပ်ရေးရဲ့ အရသာကို ကောင်းကောင်းမှ မမြည်းလိုက်ရဘဲ အဖြစ်ဆိုးနဲ့ တာထွက် ခဲ့ရတာ ဝမ်းနည်းဖွယ်ဖြစ်ပါတယ်။ လွတ်လပ်ရေး နဲ့အတူ ကြီးပြင်းလာခဲ့ရတဲ့ ပြည်သူတွေဟာ မျက်စိ သူငယ်နားသူငယ်နဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးဆီ သို့ မျက်နှာမမူနိုင်ဖြစ်ခဲ့ကြရတယ်လို့ ခံစားရပါ တယ်။ ၁၉၅၂ ခုနှစ်မှာ ပြည်ထောင်စုတစ်ဝန်း လူမှု ဘဝမြင့်မားရေး ပြည်တော်သာ ရှစ်နှစ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်သော်လည်း ကြီးကြပ် မှု၊ စီမံခန့်ခွဲမှု အားနည်းချက်ရှိတာကြောင့် ပြည်သူ့ အတွက် မည်မည်ရရ မဖြစ်တာတွေ့ခဲ့ရတယ်။

အခြေအနေ(၄)

မဝေးလှတဲ့ အတိတ်သမိုင်းကိုကြည့်လျှင် ရံဖန် ရံခါဆိုသလို ပြည်ထောင်စုကြီး ပြိုကွဲရေးဆီသို့ တွန်းပို့တဲ့ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ၁၈ နှစ်မှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းရှိခဲ့တာ တွေ့ရပါတယ်။ ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်ညီအစ်ကိုတွေရဲ့ ကိစ္စ မတွေး နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အိုးအိမ်စည်းစိမ် တွေပျက်၊ ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်း ပေါ်သို့ မရောက်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ စီမံအုပ်ချုပ်ရေး ချည့်နဲ့ခဲ့ရရှာ ပါတယ်။

လက်နက်စွဲကိုင်တဲ့တော်လှန်လှုပ်ရှားမှုတွေကြောင့် တိုင်းပြည်ဟာအထနှေးခဲ့ပါတယ်။ နိုင်ငံ မတည်ငြိမ်ရင်စီးပွားရေး မဖွံ့ဖြိုးနိုင်ဘူးဆိုတာ အားလုံးအသိ၊ စီးပွားရေး ကျဆင်းလေလေ ဆင်းရဲမွဲတေမှုနဲ့ကြုံရ မှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေလေ နိုင်ငံမတည်ငြိမ်လေ၊ စီးပွားရေးမဖွံ့ဖြိုး ဆင်းရဲမွဲလေလေပဲလို့ သုတေသီတို့က သုံးသပ်ပါတယ်။

အခြေအနေ (၅)

နှစ်ဆယ်ရာစု မြန်မာနိုင်ငံသမိုင်းကို ကြည့်လျှင် မြန်မာတို့ဟာစည်းလုံးညီညွတ်ဖို့အမြဲလိုလိုကြိုးပမ်း နေရတာ တွေ့ရပါတယ်။ လွတ်လပ်ရေးရပြီး ပြည်တွင်းမငြိမ်းချမ်းတဲ့အတွက် ပင်ကိုကောင်း မွန်တဲ့ အားတွေကို လက်နက်သုံးဖြေရှင်းရတဲ့အထိ ရောက်ခဲ့ကြရပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ထင်သလောက် ခရီးမပေါက်တဲ့ ယမ်းငွေ့ တွေဝေ အသက်တွေကြွေ၊ ရပ်ရွာတွေလည်း ကျေတဲ့ကာလ အချိန်ကြာခဲ့တာဟာ လက်ငင်း အကျိုးကိုပဲကြည့်၊ ရေရှည်အကျိုး မမြော်မြင်နိုင်တာ ကြောင့်ပဲဖြစ်ပါတယ်။ တိုင်းရင်းသား ညီအစ်ကိုတွေ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ပြင်းထန် ခဲ့ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့ နဲ့တစ်ဖွဲ့ ခါးသီးမှု၊ မုန်းတီးမှုထိရောက်ခဲ့လာတော့ သယံဇာတ၊ လမ်းတံတားတွေ ဆုံးရှုံးတာ အဓိကမဟုတ်၊ အေးအတူပူအမျှ ငြိမ်းငြိမ်းချမ်းချမ်း နေလိုတဲ့ဆန္ဒ အမျိုးသားအကျိုးစီးပွားရှေးရှုတဲ့ဝိသေသ၊ နိုင်ငံ တကာအလယ်မှာ ထည်ထည်ဝါဝါနဲ့ နေနိုင်တဲ့ လက္ခဏာတွေကအဓိကဖြစ်ကြောင်း နားလည်လာပါတယ်။ အင်အားမှန်သမျှ ညီအစ်ကို အချင်းချင်း စစ်ခင်းရတာနဲ့ အားတွေကုန် ဘဝပျက်ရတာပဲ များပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းရာမှာ တင်းမာမှုနဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်မှုတွေဟာ ပို၍ဆိုးဖွယ်ရာပဲဖြစ်လိမ့်မယ်လို့ မြန်မာခေါင်းဆောင် များက ခံယူတဲ့အတွက် ဗလငါးတန်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ စည်းလုံးညီညွတ်ရေး၊ ပညာရည် မြင့်မားရေးတို့ဟာ တကယ့်ကို ဦးတည် ရမယ့် အမျိုးသားရေးကိစ္စ၊ လွတ်လပ်ရေးရဲ့ အနှစ် သာရမို့ သဟဇာတဖြစ်တဲ့ စီမံအုပ်ချုပ်မှုကိုရှေးရှုခဲ့ တာ တွေ့ရပါတယ်။ ကျွန်တော်တို့တစ်တွေဟာ သံသရာတစ်ကွေ့မှာ အခုလို ဆုံတွေ့ရတဲ့ဘဝကို ချစ်မြတ်နိုးကြရပါမယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေထားခြင်းဖြင့် မိမိတစ်ဦးတည်းလည်း ငြိမ်းချမ်း၊ တစ်တိုင်း ပြည်လုံးလည်း အေးချမ်းဖွံ့ဖြိုး တိုးတက်မှုတွေ အသီးသီးရကြမှာ ဖြစ်ပါတယ်။

အခြေအနေ(၆)

အို... မြန်မာတို့ ... သင်ယူလော့

• မြန်မာနိုင်ငံ ပုံတောင်ပုံညာဒေသမှာ လူဖြစ် လာမည့် အမ်ဖီသီးကပ်စ်လို့ခေါ်တဲ့ ပရိုင်း မိတ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းလေးဆယ် ကနေခဲ့ကြောင်း ဘူမိသိပ္ပံကမ္ဘာ့ပညာရှင်၊ မြန်မာပညာရှင်တွေက ဖော်ထုတ်ခဲ့တယ်။ လူသားမျိုးနွယ်အစ မြန်မာကလို့တောင် ပြောလာကြတယ်။ သမိုင်းဦးမတိုင်မီ နှစ်ပေါင်း တစ်သောင်းသုံးထောင်ကတည်း က မြန်မာဘိုးဘေးဘီဘင် မွန်ဂိုလွိုက် မျိုးနွယ်တွေ နေလာခဲ့ကြရာ ဘီစီခြောက်ရာ မှာတော့ ပျူလူမျိုးတို့က အရှေ့၊ ကရမ်းတို့က အနောက်၊ သက်လူမျိုးတို့ကမြောက်အရပ်နဲ့ မွန်တို့ဟာ ဧရာဝတီလွင်ပြင် စစ်တောင်းနဲ့ သံလွင်ချိုင့်ဝှမ်းလွင်ပြင် မြို့ရွာများမှာ တည်ထောင်တည်ပြီး နေခဲ့ကြပြီကော။ သမိုင်းမှတ်တမ်းများအရ ဧရာဝတီမြစ်ကြီး အနီး တကောင်း(Tagaung)မြို့ပြတည်ခဲ့ရာ ရှေးမြန်မာဘုရင်တို့ဟာ တကောင်းဒေသလူထုထဲမှ ပေါက်ဖွားလာခဲ့ပါတယ်။

• သမိုင်းမှတ်တမ်းကို ကောင်းစွာတင်နိုင်ခဲ့ တာကတော့ ပုဂံခေတ်က စခဲ့တာဖြစ်ပါ တယ်။ အေဒီ ၁၁၉၀ ခန့်က တောင်ဂူဘုရား 3903&: empodwo:GOT (Stone tablet) မှာ “မြန်မာ” (အဓိပ္ပာယ် မြန်ဆန်တောင့် တင်း) ဟူသော စာသားကို တွေ့ရပါတယ်။ “ဗမာ”ဆိုတာ ကုန်းဘောင်ခေတ်မှာ ပေါ်ခဲ့ ပါတယ်။ ပုဂံခေတ်၊ ပင်းယနဲ့ စစ်ကိုင်းခေတ်၊ အင်းဝခေတ်၊ တောင်ငူ- ညောင်ရမ်းခေတ်နဲ့ ကုန်းဘောင်ခေတ်ဟူသော ကာလများမှာ မြန်မာတို့ဟာ ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ဘုရင် ကိုယ့်သခင်နဲ့ လယ်ယာ စိုက်ပျိုးရေးကိုအခြေပြု လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းပြုခဲ့ကာ အမျိုး ဘာသာ သာသနာအကျိုးကိုသယ်ပိုးတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ၁၉ ရာစုအတွင်းမှာ ကိုလိုနီ လှိုင်းဂယက် နယ်ချဲ့ရဲ့ အပြုအမူတွေကြောင့် မြန်မာ့ရေမြေ လူမှုစီးပွားဘဝနဲ့ သမိုင်းကြောင်းဟာ ပြောင်းလဲသွားပါတော့တယ်။

အခြေအနေ(၇)

• ကောင်းကင်ဝေဟင်ကကြည့်ရင် အရှေ့ဘက်မှာ ရှမ်းကုန်းပြင်မြင့်၊ အလယ်ကြောမှာ မနိမ့်မမြင့် ပဲခူးရိုးမတောင်တန်း၊ အနောက် ဘက်မှာ ရခိုင်ရိုးမတောင်တန်းကြီးများဟာ မြန်မာနိုင်ငံရဲ့ တောင်တန်းကြီးတွေပဲ။ ဟိမဝန္တာတောင်တန်းကြီးများရဲ့ အဆက် ခါကာဘိုရာဇီ၊ ဂယ်လန်ရာဇီ တောင်များဟာ ရေခဲတွေနဲ့ ဖုံးအုပ်၊ မြန်မာနိုင်ငံရဲ့ မြောက်ဖျားကို သစ်တောသစ်ပင် သစ်ခွတွေ နဲ့အလှဆင်၊ တောင်ဘက်ဆင်း အနောက် ဘက်ကြည့်ပြန်တော့ ပင်လယ်ကမ်းရိုးတန်းက သဲသောင်ပြင်အလှအပကို တွေ့ရပါတယ်။ ချင်းတွင်းမြစ်ဝှမ်း၊ ဟူးကောင်းချိုင့်ဝှမ်း တောင်တန်းများ ကြားမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော အင်းတော်ကြီးရေကန်၊ ချင်းတောင်တန်းကြား ရိဒ်ရေကန်တို့ဟာ သဘာဝအလှများ ဖြစ်ပါတယ်။ ရှမ်းကုန်း ပြင်မြင့်အတွင်းမှာတော့ အလွန့်ကို ထူးခြားလှပတဲ့ အင်းလေးကန်ပဲ။

• ဒီတောင်တန်းကြီးများနဲ့အပြိုင်၊ ကချင် ပြည်နယ်မှာ ပူတာအိုချိုင့်ဝှမ်း၊ ဧရာဝတီ ချိုင့်ဝှမ်း၊ ဟူးကောင်းချိုင့်ဝှမ်း၊ မူးမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်းတွေတစ်ဝိုက် ဝဲယာမှာ လယ်ယာဆန်စပါးနဲ့ ကောက်ပဲသီးနှံတို့နဲ့ စိမ်းလန်းစိုပြည်နေဆဲ၊ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအပေါင်းရဲ့ တေးသံ သာတွေဟာ တစ်မျိုးစီ သာယာနာပျော်ဖွယ် ရှိနေဆဲဖြစ်ပါတယ်။

 

• ဧရာဝတီဟာဂဂါ၊ ရန်စီ၊ မစ္စစပီမြစ်ကြီးများ ကဲ့သို့ပါပဲ။ ဧရာဝတီဟာ ဟိမဝန္တာတောင်စွယ် တောင်တန်းများကြားက မြစ်ဖျားခံကာ မြောက်မှတောင်၊ မြန်မာနိုင်ငံ အလယ်ကြောမှ လည်းကောင်း၊ သံလွင်မြစ်ဟာ နိုင်ငံရဲ့ အရှေ့ပိုင်း၊ ကျဉ်းမြောင်းတဲ့ ချိုင့်ဝှမ်း ထူထပ်တဲ့ သစ်တောကြားက အရှိန်အဟုန်နဲ့ မြောက်မှတောင်၊ မုတ္တမ ပင်လယ်ကွေ့၊ ပင်လယ်ထဲသို့ စီးဆင်း သွားကြပါတယ်။ ဧရာဝတီ၊ သံလွင်၊ စစ်တောင်းနဲ့ ချင်းတွင်းမြစ်တို့ဟာ မြန်မာ နိုင်ငံရဲ့ ရေအရင်းအမြစ်များပဲ၊ ရေကြောင်း သွားလာရေးအတွက် လွန်စွာမှအရေးပါခဲ့၊ ပါလျက်ရှိနေပါတယ်။

• တောင်တန်းမြေပြန့်၊ ချိုင့်ဝှမ်းနဲ့ ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ကြီး သုံးသွယ် တစ်ဝိုက် နေထိုင်ကုန်သော မြန်မာတို့ဟာ ကမ္ဘာမှာ ဧည့်ဝတ်ကျေ၊ ဖော်ရွေပြီး ယဉ်ကျေးသိမ်မွေ့တယ်။ စာပေကျမ်းဂန် တွေ တတ်ကျွမ်းမှုရှိကြတယ်။ ရက်ရောသူ တွေ၊ စဉ်းစားဆင်ခြင်တတ်တဲ့သူတွေ၊ ကူညီ ရိုင်းပင်းသူတွေ၊ ရောင့်ရဲတင်းတိမ်သူတွေ၊ ကိုယ်ကျိုးစွန့်လွှတ်နိုင်သူတွေပဲလို့ နာမည် ရပါတယ်။ စေတီပုထိုးနဲ့ ဘုရားတန်ဆောင်း တို့ဟာ သမိုင်းခေတ်အဆက်ဆက်မှာ ဘာသာတရား၊ မေတ္တာတရားနဲ့ အညီတင့်တယ်ခံ့ညားလျက်ရှိပါတယ်။

• ယဉ်ကျေးမှုအမွေအနှစ်တွေဟာလည်း အာရှ ရဲ့ ပုလဲရတနာလိုတစ်မျိုး၊ ရွှေရောင်တဝင်း ဝင်းနဲ့ ဘုရားစေတီတွေကိုပဲ ကြည့်ကြည့်၊ မူးမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း၊ ဟူးကောင်း ချိုင့်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်းက လယ်ယာမြေ တွေမှာ သီးမှည့်နေတဲ့ စပါးနှံတွေပဲ ကြည့်ကြည့် ကမ္ဘာမှာ ရွှေနိုင်ငံလိုတစ်မျိုးအမည်ရနေပါတယ်။

• တောင်ပေါ်မြေပြန့်မြစ်စဉ်ကြီးများ တစ်ဝိုက်မှာရှိကြတဲ့ ယနေ့မြန်မာတို့ဟာ မွန်ဂိုလွိုက်၊ မွန်ဂိုမျိုးနွယ်တွေပဲ။ တိဗက်ဗမာ မွန်ခမာနဲ့ တိုင်း (Tai) ရှမ်းတို့ရဲ့ မျိုးဆက်များကခေတ် အဆက်ဆက်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံ ဟာ မြောက်မှတောင် မိုင်ပေါင်း ၁၂၇၅ကျော်၊ အရှေ့အနောက် အကျယ်ဆုံးနေရာ ဟာ ၅၈၂ မိုင်၊ ဧရိယာမှာ ၂၆၁၂၂၈ စတုရန်း မိုင် အကျယ်အဝန်း ရှိနေပါတယ်။ မြန်မာဟာ အရှေ့တောင်အာရှက ကုန်းမြေပြင်မှာ အကြီးဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့မြေပုံမှာ မြောက်လတ္တီကျူ ၀၉° ၃၂' အင် (09°:32’N)နဲ့၂၈° ၃၁' အင် (28°:31 N) ကြား၊ အရှေ့လောင်ဂျီကျူ ၉၁° ၁၀' အီး (92°:10'E) နဲ့ ၁၀၁° ၁၁' အီး (101°:11E)ကြားမှာ တည်ရှိပါတယ်။ နွေမိုးဆောင်း ရာသီသုံးပါး ရှိရာ မြန် မာပြည် အလယ်ပိုင်းဟာ နွေရာသီမှာသာ အပူဆုံး (43.3°C)၊ နိုင်ငံရဲ့ ကျန်ဒေသတွေမှာ ရာသီ ဥတုဟာ လွန်စွာကောင်းမွန်လျက်ရှိတဲ့ အတွက် သဘာဝအလှအပနဲ့ မေတ္တာတရား ထားတဲ့နိုင်ငံ၊ သစ်ပင်မျိုးပေါင်း ၇၀၀၀ ခန့် ရှင်သန်ကြီးထွား ပေါက်ရောက်၊ ၅၀၀ သော သစ်ခွမျိုးစုံဟာလည်း ရာသီဥတုနဲ့ မြေပြန့် တောင်တန်းအနိမ့်အမြင့်မှာ လှပနေဆဲ ဖြစ်ပါတယ်။ နို့တိုက်သတ္တဝါက မျိုး ၃၀၀ နီးပါး၊ ကျောရိုးရှိသတ္တဝါ မျိုး ၃၀၀ နဲ့ ငှက်မျိုးတစ်ရာ ပျော်ရွှင်စွာနေလျက်ရှိတာမို့ မြန်မာနိုင်ငံဟာ ရုက္ခသတ္တတို့အတွက် နိဗ္ဗာန်တမျှပါပဲ၊ ပန်းရနံ့တွေနဲ့ သင်းကြိုင်လှပလျက်ရှိနေဆဲပဲဖြစ်ပါတယ်။

• အရှေ့တောင်အာရှမှာတော့ နယ်မြေ အကျယ်ဆုံးဖြစ်ပြီး သစ်တောနဲ့ ကျောက်သံ ပတ္တမြား သယံဇာတကြွယ်ဝလျက် ရှိနေ ပါတယ်။ စိုက်ပျိုးနိုင်တဲ့ မြေဧကနဲ့ ရေသွင်း စိုက်ပျိုးနိုင်တဲ့ မြေဧရိယာဟာလည်း ဧရာဝတီ၊ စစ်တောင်းနဲ့ ဒီမြစ်ကြီးများဆီသို့ စီးဝင်နေတဲ့မြစ်ချောင်းများကို အကြောင်း ပြု ရေသွင်းစိုက်ပျိုးနိုင်တဲ့မြေဧက ဟာလည်းများစွာကျန်လျက်ရှိနေပါတယ်။

အို.. မြန်မာတို့ ... ဒီအလှအပ တန်ဖိုးတွေ မေ့နေရော့သလား။

အခြေအနေ(၈)

နိုင်ငံတစ်နိုင်ငံရဲ့ ရှေ့ခရီးကို ဘယ်သို့ဘယ်ပုံ ဘယ်နည်းနဲ့ ဆက်သွားမယ်ဆိုတာ သိချင်ရင် “နိုင်ငံရဲ့ အနာဂတ်” ခေါင်းစဉ်နဲ့ကျင်းပတဲ့ဆီမီနာတွေ၊ ဟောပြောပွဲတွေ တက်ကြည့်ပါလို့ဆိုပါတယ်။ အချို့ဆီမီနာတွေ ဟောပြောပွဲတွေဟာ အိုင်တီ၊ နာနိုတက်၊ ဂျီနုန်းတို့ကို ဦးတည်ပါတယ်။ အများ အားဖြင့် စကားရည်လုပွဲ၊ ဒီဘိတ်တွေနဲ့အချိန်တွေ ကုန်နေကြတယ်။ အတိတ်သမိုင်း၊ စစ်မြေပြင် အကြောင်း၊ ပထဝီနိုင်ငံရေးနဲ့ ပြည်တွင်းနိုင်ငံရေး တွေကို အာရုံထားနေတာ တွေ့ရပါတယ်။ ဒီအကြောင်းတွေကို သဲကြီးမဲကြီး လက်ခုပ် တဖြောင်းဖြောင်းတီး နားထောင်ဆွေးနွေးကြရင်း အချိန်တွေ အဟောသိကံ ဖြစ်တာတွေ့ရပါတယ်။ ဒီလိုဟောပြောပွဲတွေက ထူးခြားတဲ့ အကျိုးရလဒ် တွေ ပေါ်ဖို့ထက် အနာဂတ်မှာ ပြဿနာတက်မယ့် ကိစ္စတွေချည်းပဲလို့သုံးသပ်ကြပါတယ်။ ဘေလ်ဂိတ် ကလည်း ဘွဲ့ရမောင်မယ်တွေကို “ဟန်းဖုန်းခါးချိတ် စီမံအုပ်ချုပ်တဲ့လူ ချက်ချင်းမဖြစ်နိုင်ဘူး။ တီဗွီရုပ်ရှင်တွေလိုမဟုတ်။ အချိန်တန် လေကန်နေတဲ့ လက်ဖက်ရည်ဆိုင်ကို ကျောပေးရတာချည်းပဲ”လို့ပြောခဲ့ပါတယ်။ ယှဉ်ပြိုင်မှုကြီးမားတဲ့၂၁ ရာစုခေတ်မှာ ကျွမ်းကျင် လူစွမ်းအား အရင်းအမြစ် ရှားပါးခြင်း၊ စီမံခန့်ခွဲကြီးကြပ်မှု စွမ်းရည်မှာ အကန့်အသတ် ရှိနေခြင်း၊ ရုံးအဖွဲ့အစည်းများမှာပင် စီမံခန့်ခွဲနိုင် စွမ်းအားနည်းနေခြင်းကို တွေ့ရပေလိမ့်မယ်။ ပြည်သူလူထု တစ်ရပ်လုံးဟာ တစ်ဦးချင်းတစ်ယောက် ချင်းမှသည် အဖွဲ့အစည်းတိုင်းဟာ ကျွန်တော်တို့ရဲ့ အချိန်တွေ၊ စွမ်းအားတွေနဲ့ နိုင်ငံရဲ့ သယံဇာတ ကြွယ်ဝမှုတို့ကို မိတ်ဆွေဖြစ်ဖို့ တာစူကြရလိမ့်မယ်။ ရန်သူဖြစ်ဖို့လွယ်တယ်။ ရန်သူဖြစ်သွားပြီးဆိုတာနဲ့ မိတ်ဆွေဖြစ်ဖို့ လွန်စွာခဲယဉ်းကြောင်း၊ ကမ္ဘာ့စစ်ပွဲ ကြီးတွေကြည့်ရင် သိနိုင်ပါတယ်။

 

“၂၁ ရာစုသည် ပြောင်းလဲနေသော ရာစု၊ ဆယ်နှစ်အတွင်း များစွာသော အပြောင်းအလဲများ သည် ကမ္ဘာ့နေရာဒေသအများအပြားတွင် ယခင်နှစ် တစ်ရာအတွင်း ဖြစ်ခဲ့သည်တို့ထက် ပိုဖွယ်ရာရှိလိမ့် မယ်။ ဒီလိုပြောင်းလဲလာနိုင်ခြေရှိသည်တို့အတွက် များစွာသော နိုင်ငံတို့သည်အဆင်သင့် ဖြစ်နိုင် ကြမည် မဟုတ်”ဟူ၍ ၂၀၀၅ ခုနှစ် ဇူလိုင်လထုတ် Newsweek မဂ္ဂဇင်းတွင် အယ်ဒီတာက ရေးသားတာ ကို ဖတ်ရှုရပါတယ်။

နိုင်ငံတကာတွင် ဖြစ်စဉ်ပြောင်းလဲမှုတွေကို ကြည့်စေချင်ပါတယ်။ နိုင်ငံဟာကြီးသည်ငယ်သည် မဟုတ် အသီးသီးတစ်ဦးတည်း၊ တစ်နိုင်ငံတည်း ရပ်တည်ရန်လည်း မည်သို့မျှ မဖြစ်နိုင်၊ သက်ရှိတို့ ပေါ်ပေါက်ကြီးပြင်းမှု သီအိုရီ (Theory of Evolution) အရ အတူတကွသဟဇာတဖြစ်စေရန် မြော်မြင်တွေးခေါ်မှုနဲ့နေကြမှ ဘဝဟာ ရှင်သန် ပါလိမ့်မယ်။

အခြေအနေ (၉)

အရှေ့တောင်အာရှက ကျွန်တော်တို့နိုင်ငံဟာ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိတဲ့အပြင် နေရောင် ခြည်ကိုလည်းမြင်၊ ပင်လယ်ကမ်းခြေနဲ့ ရေခဲတောင်လည်းရှိ၊ မြေဩဇာကောင်းတဲ့ စိုက်ပျိုးမြေတွေက လည်း ကျယ်ပြော၊ နုန်းတင်မြေနုသစ်တောတွေနဲ့ လမုတောကလည်းရှိ၊ သစ်ခွမျိုးစုံကအစ ပန်းရနံ့ တွေကလည်း မွှေးကြိုင်လှပသာယာလျက်ရှိတဲ့ နိုင်ငံပါပဲ။ နိုင်ငံသားများဟာ အလွန်ရိုးသားဖြူစင်တဲ့ လယ်သမားတွေ ဖြစ်ပါတယ်။ မြေဩဇာကောင်းတဲ့ လယ်မြေတွေ၊ နုန်းတင်မြေနု မြစ်ချောင်း အင်းအိုင်တွေကို မတိမ်ကောအောင်ကာကွယ်ရင်း ကြိုးကြိုး ပမ်းပမ်းနဲ့ အသက်မွေးဝမ်းကျောင်းပြု နေရသူတွေ များပါတယ်။ ကမ္ဘာသို့ စားသောက်ဖွယ်ရာ ဆန်စပါးနဲ့ သစ်တောသားငါး၊ သီးနှံများပို့တဲ့နိုင်ငံ ဖြစ်ပါ တယ်။ စစ်လက်နက်ထုတ်တဲ့ နိုင်ငံကြီးဖြစ်ဖို့ ဝေးစွ၊ ကျောင်းကန် ဘုရားစေတီပုထိုးဆီသို့သွား၊ သီတင်း သီလဆောက်တည်၊ သီလသမာဓိပညာရအောင် ပုတီးစိပ်၊ သူတော်စင်တွေနေတဲ့ နိုင်ငံအဖြစ် ရပ်တည်ဆဲနိုင်ငံဖြစ်ကြောင်း ကမ္ဘာက သိဖို့ ကောင်းပါတယ်။

အခြေအနေ (၁၀)

၂၀၀၀ ပြည့်နှစ်များမှာ ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်းပေါ်သို့ ရောက်အောင်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးလာအောင်၊ ပညာရေးလက်လှမ်းမီအောင် လူရှိတဲ့နေရာ မှာ ကျောင်းဆောက်၊ ပညာတတ်သထက်တတ်အောင်၊ အရည်အချင်း မြင့်သထက်မြင့်အောင်၊ ကျွမ်းကျင်မှုအရည်အသွေး မြင့်သထက်မြင့်အောင်၊ တက္ကသိုလ်ကောလိပ်တွေ တည်ထောင်ခဲ့တာ လူ့စွမ်းအား အရင်းအမြစ်မွေးထုတ်ခြင်းပဲဖြစ်တယ်။

တောင်ပေါ်မြေပြန့် တိုင်းရင်းသားလုပ်ငန်းရှင်တွေ ပေါ်ပေါက်နိုင်အောင်၊ ညီအစ်ကိုအချင်းချင်း တွေ့နိုင် သွားနိုင်လာနိုင်အောင် အင်အားထည့်လုပ်ခဲ့တာတွေ အနှစ်နှစ်အလလက ကြံစည်စိတ်ကူး ခဲ့တဲ့ အဝေးပြေးလမ်းမကြီးနဲ့ နေပြည်တော်ကို အကောင် အထည်ဖော်တာကို တွေ့ရပါတယ်။

နိဂုံးချုပ်ရရင်ဖြင့်-

လွတ်လပ်ရေးရရှိဖို့ မနေ့ကကိစ္စတွေကို ခွန်နဲ့ အားနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဘိုးဘေး ဘီဘင် တွေဟာ တာဝန်ကျေပွန်ခဲ့ပါတယ်။ သူတို့ရဲ့ သာယာ ဝပြောမှုကို ရှေ့တန်းမတင်၊ အနစ်နာခံ၊ နေ့မအား ညမနား အားထုတ်ခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ ထားခဲ့တဲ့ အမွေအနှစ် အတွေ့အကြုံနဲ့ အသီးအပွင့် ဖြစ်တဲ့လွတ်လပ်ရေးကို ကျွန်တော်တို့တစ်တွေ ခံစားရတာဖြစ်ပါတယ်။ မိဘ အဘိုးအဘွားတွေရဲ့ ခွန်အား အမြော်အမြင်နဲ့ စီမံပြုလုပ်ခဲ့တဲ့ အသီးအပွင့် အမွေအနှစ်တွေကို ခံစားကြသူတွေဖြစ်ပါတယ်။ အသက်သွေးချွေးပေးခဲ့ကြသူတွေ ဘိုးဘွားတွေကို ကျွန်တော်တို့ ပို၍ပို၍ အောက်မေ့ကြရလိမ့်မယ်။ မနက်ဖြန်ကိစ္စတွေဟာ အနာဂတ်လူငယ်တွေနဲ့ ပြည်သူတွေ ပိုင်ဆိုင်ကြပါတယ်။ တာဝန်ယူကြရ လိမ့်မယ်။ ကောင်းမွေဆိုးမွေတွေထဲက ဘယ်လို ကောင်းမွေတွေကို ခွဲခြားယူကြမလဲဆိုတာ သူတို့ ဆုံးဖြတ်ကြရလိမ့်မယ်။ ကောင်းမွေတွေကို ယူတတ်ဖို့နဲ့ မကောင်းတာတွေပယ်တတ်တဲ့ အရည်အချင်းနဲ့ ဉာဏ်အမြော်အမြင်တွေရှိဖို့ ပြင်ဆင်ကြရပါလိမ့် မယ်။

အို.. မြန်မာတို့ ... အားကုန်ထုတ်၍ အလုပ်လုပ် ကြလော့...

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အရေးသုံးပါးဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အရေးသုံးပါး တစ်ခု ချင်းစီဟာ တစ်ခုကိုတစ်ခု အထောက်အပံ့ ဖြစ်စေတဲ့ မဏ္ဍိုင်ကြီးများပဲဖြစ်ပါတယ်။ အလွန်ကို ခိုင်ခံ့နေရမယ့် မဏ္ဍိုင်များပဲ ဖြစ်တယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ဒါကြောင့် မမေ့မလျော့ သတိ မူကြရမှာ ဖြစ်ပါတယ်။

• ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ကြီး သုံးသွယ်ဟာ ရေအရင်းအမြစ်မို့ အသက်သခင်ပဲ။

• မြန်မာ့ ဆန်ရေစပါး၊ သစ်ပင်ပန်းမန်နဲ့ သစ်တောကြီးတွေဟာလည်း စားဝတ်နေရေး၊ ဆေးဝါးနဲ့ လေကို သန့်စင်ပေး နေတာမို့ အသက်သခင် ဖြစ်နေပြန်တယ်။

• မြန်မာ့ တောင်တန်းကြီးတွေကလည်း မုတ်သုံလေကို ထိန်းညှိကာ ရွာသွန်းတဲ့ မိုးရေဟာလည်း တန်ဖိုးကြီးလှပေတယ်။

• တောင်တန်းကြီးသုံးသွယ်၊ မြစ်စဉ်ကြီး သုံးသွယ်တစ်လျှောက်နဲ့ ပုဂံနယ်မြေဘုရား ပုထိုးစေတီပေါင်း ထောင်သောင်းဟာ ဗုဒ္ဓရောင်ဝါကို ထွန်းစေတယ်။ ရတနာသုံးပါး ကိုကြည်ညို နိုင်တာမို့ မိမိတစ်ဦးတည်းလည်း ငြိမ်းချမ်း၊ တစ်တိုင်းပြည်လုံးလည်း အေးချမ်းဖွံ့ဖြိုးတိုးတက်မှုတွေ အသီးသီး ရကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ မဟာဗျူဟာကျခြင်း၊ သယံ ဇာတမျိုးစုံ အမယ်စုံ ပေါကြွယ်ဝခြင်း၊ ဘာသာတရား အပေါင်းရဲ့ တရားတော်များနဲ့အညီ နေထိုင်နိုင်ခြင်း ဆိုတဲ့ လက်ဆောင်မွန် လက်ဆောင်ကောင်း၊ ကောင်းခြင်းမင်္ဂလာနဲ့ ပြည့်စုံတာကို တွေ့ရမှာ မြင်ရမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ မည်သို့ပင် ဖြစ်စေလောကီ လောကုတ္တရာနှစ်ဖြာနဲ့ ကျော်လွှားခြင်းဖြင့် အေးချမ်းသာယာတဲ့ဘဝကို မျက်မှောက် ပြုနိုင်မှာဖြစ်ပါတယ်။ မြန်မာတို့တစ်တွေဟာ မိုးကုပ်စက်ဝိုင်းတစ်ဆုံးထိ လေ့လာစရာတွေဟာ ကိုယ့်ရှေ့မှာ ရှိနေတာမို့ သင်ယူဖို့၊ ခရီးဆက်ကြရဦးမယ်လို့ ယုံကြည်ပါကြောင်း မေတ္တာဖြင့် တင်ပြအပ်ပါတယ်။

ကျမ်းကိုး -

• ဦးသန့်၏ ဘဝအတွေ့အကြုံများ မောင်ရွှေခေတ်။ ရန်ကုန်ပန်းဝေဝေစာပေ ၂၀၁၃ ခုနှစ်

• မကြန်သမိုင်းရှာပုံတော်ခရီးနှင့် အခြား စာတမ်းများ မြရတနာ စာပေ၊ စာစဉ်(၁) ၂၀၀၂ ခုနှစ်

• Myanmar: Facts and Figures; Ministry of Information, Myanmar, March, 2000

• နှစ်ဆယ်ရာစု မြန်မာနိုင်ငံ၊ ရန်ကုန် တက္ကသိုလ်ပညာရေးဝန်ကြီးဌာန၊

• ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆောင်းပါး(၂) ပြန်ကြား ရေးဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ

• Asia Pacific Its Role in the new World Order, (Myanmar Burma) by M S Dobbs - Higginson, New Light of Myanmar (1998)

• Time, April 30, 2001

• Time, August 6, 2001

ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)