Skip to main content
Jul 18, 2021
အိုဘယ့်မိခင် စာပေဂီတပညာရှင် ဆရာမကြီးစောမုံညင်း
လွန်ခဲ့သည့် ၁၄ နှစ်က ဖြစ်ပါသည်။ စာပေဗိမာန်၏ ဂုဏ်သတင်းကြီးမှုကို ကျွန်မမိဘများ၏ စကားများနှင့် ငယ်စဉ်ကဖတ်ခဲ့ဖူးသော စာအုပ်စာစောင် များမှ သိရှိခဲ့ပြီးဖြစ်လေရာ ထိုနေရာ မျိုးတွင် အလုပ်ရခဲ့သည်မှာ ကျွန်မအဖို့ ကံထူးလှသည်ဟု ဆိုရမလိုပင်။ စာပေဗိမာန်၏ လှေကားထစ်များကို တစ်ထစ်ချင်း လှမ်းတက်ခဲ့စဉ် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော စာပေဗိမာန်၏ဆောင်ပုဒ်ကို ဖတ်ရှုရင်း “ဪ ... ဒီလှေကားလေး ဟာ ဆရာကြီးသခင်ဘသောင်း၊ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဗိုလ်ဗကို၊ ဆရာကြီး ပါရဂူ၊ ဆရာကြီး မောင်ဆုရှင်၊ ဆရာကြီး မုံရွာဝင်းဖေ စသည့် စာပေပညာရှင် ပေါင်းများစွာ နင်းတက်ခဲ့သည့် လှေကားလေးပါတကား၊ ဂုဏ်ယူ စရာ ကောင်းလှပေစွ၊ ငါလည်း ဒီဆရာကြီးတွေလို စာပေဂုဏ် မဆောင်နိုင်ရင်တောင်မှ စာပေဗိမာန်ရဲ့ ဂုဏ်မကျ အောင် တစ်ထောင့်တစ်နေရာက အုတ် တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ခွင့်ရခဲ့ပြီ ဖြစ်တာကြောင့် စိတ်ထဲကြည်နူးလိုက်တာ” ဟူသော စိတ်ခံစားချက်များရင်ဝယ်ဖြစ်ထွန်းခဲ့ပြီး ယနေ့တိုင် ကိန်းအောင်းနေဆဲဖြစ်သည်။
Jul 18, 2021
အားလုံးပါဝင်ကြရမယ့် ကိုဗစ် စစ်ဆင်ရေး
၁၂-၇-၂၀၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ရပါတယ်။ ဒီအစည်းအဝေးမှာ လတ်တလော ဖြစ်ပွားနှုန်း မြင့်တက်လာနေတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကို ရင်ဆိုင်ထိန်းချုပ် တွန်းလှန်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်တက်ရောက်လမ်းညွှန် ဆွေးနွေးခဲ့ပြီး တက်ရောက်ခဲ့ကြတဲ့ တာဝန်ရှိသူအသီးသီးကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ရရှိထားတဲ့ သတင်းအချက် အလက်တွေ၊ လက်တွေ့လုပ်ဆောင်နေတာတွေနဲ့ ဆက်လက်ဆောင်ရွက် သွားသင့်တာတွေ ကို တင်ပြဆွေးနွေးသွားခဲ့ကြပါတယ်။
Jul 17, 2021
နေ့နှင့်ညတို့သည် ယခင်ကသိပ်မထူးခြား မကွာခြားလှဟုထင်ခဲ့သည်။ ယခု မျက်မှောက် ကာလမှာတော့ သိသိသာသာ ခြားနားကွာခြားခဲ့လေ ပြီ။တစ်လောက၊ တစ်နေ့ကမြင်တွေ့ ခဲ့ရသည့် မိတ်ဆွေသူငယ်ချင်းများ၊ သူတို့နှင့်ပတ်သက်ရာ ပတ်သက်ကြောင်း ဆွေမျိုး မိတ်သင်္ဂဟများသည် နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက်ဆိုသလို သူတို့ချစ်သူ၊ ခင်သူတို့ အား ထာဝရကျောခိုင်းနှုတ်ဆက် ခွဲခွာသွားခဲ့ကြလေသည်။
Jul 17, 2021
မရောက်မီက ကြိုနှင့်သည်။ မရိုက်မီက ငိုနှင့် သည်။ မဆောက်မီက ဖြိုနှင့်သည်။ ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်။ “ဃ” ရက်နှင့် “န” နာရီတို့သည် မစမီကတည်းကပင် ပျက်သုဉ်း ပျောက်ကွယ်ခဲ့ရလေပြီ။
Jul 17, 2021
ကိုဗစ်-၁၉
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကု သနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြားရက်များ ဖြစ်တဲ့ ဇူလိုင်လ ၂၀ ရက်နှင့် ၂၂ ရက်တို့ကို အများပြည်သူအလုပ် ပိတ်ရက်များအဖြစ် သတ်မှတ်ပြီး ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် လွှဲပြောင်းနိုင်တဲ့ စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။
Jul 17, 2021
အပြောင်းအလဲတိုင်းမှာ စိန်ခေါ်မှုက လိုက်ပါစမြဲ၊ ရေစီးကြောင်းပြောင်းတိုင်းလည်း အရပ် မျက်နှာ တိုင်းကလာသော ဖိအားဒဏ်ခံရစမြဲ ဖြစ်ပါသည်။
Jul 16, 2021
တောက်” မခံမရပ်နိုင်အောင် ဖြစ်လွန်းလို့ တောက်ခေါက်မိပါတယ်။ မင်္ဂလာရှိတဲ့ နံနက်ခင်းမှာ စိတ်မချမ်းသာ စရာ အနိဋ္ဌာရုံ မြင်ကွင်းကို တွေ့လိုက်ရလို့ ရက်စက် ယုတ်မာတဲ့သူတို့တွေကို ခံပြင်းဒေါသဖြစ်မိပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်မြို့ အောင်ချမ်းသာ ရပ်ကွက် ဈေးအဝင်လမ်းမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် ပြည်သူတွေကို ပညာပေးဟောပြောတာတွေ၊ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းတွေ လိုက်လံဝေငှတာတွေ လုပ်ပေးနေတဲ့တာဝန်သိတဲ့ ပြည်သူတွေကို အကြမ်းဖက်သမားတွေက ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။
Jul 16, 2021
အမရပူရမြို့နယ် မြစ်ငယ်မြို့လေးက အင်မတန်အေးချမ်းတဲ့ မြို့လေးပါ။ ဇူလိုင်လ ၁၄ ရက်နေ့က မြစ်ငယ်မြို့ လေးမှာ ရာဇဝင်မှာ အမည်းစက်တင် ကျန်ရစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် အခက်တွေ့နေချိန် မဖြစ်မနေ အပြင်ထွက်ရမယ့် ပြည်သူတွေ ကျန်းမာ ရေးအန္တရာယ်ကင်းစေဖို့ ဈေးရှေ့မှာ နှာခေါင်းစည်းဝေနေတဲ့ အမျိုးသမီးတစ်ဦး ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
Jul 15, 2021
အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ ဗုံးတွေခွဲ၊ မိုင်းတွေထောင်၊ အပြစ်မဲ့ပြည်သူကို ဒလန်အမည် တပ် ခြိမ်းခြောက်သတ်ဖြတ်ပြီးတိုင်းပြည်ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဘာတစ်ခုမှ နာလန် မထူအောင် ရည်ရွယ်ကြံဆောင်နေသူတွေက သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တိုင်းကို တော်လှန်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာမှာ လိမ်လည်လှည့်ဖျား နေကြပါတယ်။
Jul 14, 2021
ကိုဗစ်-၁၉ ကြောင့် မွန်းကျပ်နေတဲ့စိတ်ဖိစီးမှုတို့ကို အထိုက်အလျောက်လျှော့ချစေလိုသော ရည်ရွယ်ချက်ဖြင့် နေ့စဉ်ကျင်လည်နေရသည့် လူမှုဘဝမှ ခဏတာရုန်းထွက်ကာ နေပြည်တော်မှ မိုင် ၂၀၀ ခန့်ဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသတစ်ခုကို ပြီးခဲ့သည့်ဇွန်လက ခရီးစတင်ဖြစ်ခဲ့သည်။