Skip to main content

မရှိမဖြစ်အောက်ဆီဂျင်

 

အောက်ဆီဂျင်ဟာ လေထုထဲမှာ  အဓိကပါဝင်ပြီး သက်ရှိသတ္တဝါတွေအတွက် အရေးပါတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ကို ၁၇၇၄ ခုနှစ်မှာ ဂျိုးဇက်ပရီးစတီး  အမည်ရှိ အင်္ဂလိပ်ဓာတုဗေဒပညာရှင်က  ဒြပ်စင်တစ်ခုအဖြစ်တွေ့ရှိခဲ့ပြီး ၁၇၇၇ ခုနှစ်မှာ ပြင်သစ်ဓာတုပညာရှင် အန်ဘွိုင်းလွင်ယာစီက ဆက်လက်စမ်းသပ်ကာ အောက်ဆီဂျင်လို့ အမည်ပေးခဲ့ပါတယ်။ ဓာတုသင်္ကေတနဲ့  အဆင်းကင်းမဲ့တဲ့ အောက်ဆီဂျင်ဟာ စကြဝဠာကြီး အတွင်း ဟိုက်ဒရိုဂျင် နဲ့ နိုက်ထရိုဂျင်ပြီးနောက် အများဆုံးတွေ့ရှိရတဲ့ ဒြပ်စင်ဖြစ်တယ်။ ကမ္ဘာ့  လေထုရဲ့ ၂၁ရာခိုင်နှုန်းမှာ အောက်ဆီဂျင် ဖြစ်ပါတယ်။ အောက်ဆီဂျင်ကို ဓာတ်ငွေ့ သန့်သန့်အ နေနဲ့သော်လည်းကောင်း၊ အခြားဒြပ်စင်တွေနဲ့ ပေါင်းစပ်၍သော် လည်းကောင်း ကျွန်မတို့ပတ် ဝန်းကျင်မှာ အများအပြားတွေ့ရတယ်။

 ရေသန့်စင်စက်တွေမှာ အသုံးပြု

 အောက်ဆီဂျင်ဟာ လူသားတွေ အသက်ရှင်သန်ရေးသာမက အခြား သတ္တဝါတွေနဲ့အပင်တွေ ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ကျွန်မတို့ဟာ လေထုထဲက အောက်ဆီ ဂျင်ကို အဆုတ်ဆီသို့ရှူသွင်းပြီး သွေးမှာပါဝင်တဲ့ ဟေမိုဂလိုဗင်ကတစ်ဆင့် ခန္ဓာကိုယ်အနှံ့ရောက် ရှိအောင် သယ်ဆောင်ပေးပါတယ်။ ဒါကြောင့် အဆုတ်ရောင်ရောဂါ ခံစားနေရသူတွေအသက်ရှူ လွယ်ကူစေဖို့အတွက်အောက်ဆီဂျင်ပေးဖို့ လိုအပ်ပါတယ်။ ရေငုပ်သမားတွေ၊ တောင်တက် သမားတွေ၊ လေယာဉ်မောင်းသူတွေဟာ အသက်ရှူလွယ်ကူစေဖို့ အောက်ဆီဂျင် ယူဆောင်ထား ရပါတယ်။ အောက်ဆီဂျင်ဟာ မီးလောင်မှုကိုအားပေးတဲ့ ဓာတ်ငွေ့ ဖြစ်ပြီး သတ္တုဆက်အလုပ်ရုံ တွေမှာ သတ္တုဆက်လုပ်ငန်းအတွက် လိုအပ်တဲ့အပူချိန်ရရှိဖို့ အဆက်ဆီ တလင်းဓာတ်ငွေ့နဲ့ ပေါင်းကာအောက်ဆီအက်ဆီတလင်းအဖြစ်လည်း အပူပေးရာမှာ အသုံးပြုကြပါတယ်။ အောက်ဆီဂျင် အက်တမ်သုံးခု ပါဝင်တဲ့ မော်လီကျူးကို ဝ (အိုဇုန်း) လို့ ခေါ်ကာရောဂါပိုးမွှား တွေကို သေစေနိုင်တာကြောင့် ရေသန့်စင်စက်တွေမှာ အသုံးပြုကြပါတယ်။

အောက်ဆီဂျင်ရဲ့ အသုံးဝင်မှုများပြားတာကြောင့် လူသားတွေဟာ အောက်ဆီဂျင်ကိုကျယ် ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင် ဖို့အတွက် နည်းပညာအသစ်တွေ တီထွင်ဖန်တီးလာကြပါတယ်။ ဇီရိုလိုက်လို့ခေါ်တဲ့ မော်လီကျူလာစေ့လေးတွေကို သုံးပြီးလေထဲက မလိုချင်တဲ့ဓာတ်ငွေ့ တွေကိုဖယ်ရှားကာ အောက်ဆီဂျင် ဓာတ်ငွေ့ပဲကျန်ရှိအောင် ထုတ်လုပ်တဲ့ နည်းစဉ် (Pressure Swing Adsorption) နဲ့ လေထုထဲက ဓာတ်ငွေ့တွေကို အရည် အဖြစ် အအေးခံပြီး သူတို့ရဲ့ ရေဆူ အမှတ်တွေပေါ်မူတည်ကာ လေထုထဲကအောက်ဆီဂျင်၊ နိုက်ထရိုဂျင်တွေကို ခွဲထုတ်တဲ့ နည်းစဉ် (Cryogenic)တွေကို အသုံးပြုပြီး စီးပွားရေးအရ တွက်ခြေကိုက်တဲ့ စက်ရုံကြီးတွေ အဖြစ် တည်ဆောက်လာကြပါတယ်။

သံရည်ကျိုဖို့ အောက်ဆီဂျင်အသုံးပြု

ပင်းပက်သံမဏိစက် ရုံရဲ့ သံစိမ်းထုတ်လုပ်တဲ့နည်းစဉ်ဟာ Romelt နည်း ပညာလို့ဆိုတဲ့ ရုရှားနိုင်ငံရဲ့ နည်းပညာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သံသတ္တုရိုင်းကနေ သံစိမ်းထုတ်လုပ်တဲ့ နေရာမှာလေပြင်းမှုတ်သံရည်ကျိုမီးဖို (Blast Fumace)နည်းစဉ်၊ တိုက်ရိုက်ဓာတ်လျော့ (Direct Reduction DRI) နည်းစဉ်တွေ အများဆုံးအသုံးပြုကြပါတယ်။ Romelt နည်းစဉ်ကတော့ သံသတ္တုရိုင်းအရည် အသွေးအနေနဲ့ အသင့်အတင့်သာရှိတဲ့ လီမွန်နိုက်၊ ဟေမတိုက်စတဲ့သံ သတ္တု ရိုင်းတွေကို စီးပွားရေးတွက်ခြေကိုက်အောင် ထုတ်လုပ်ပေးနိုင်တဲ့နည်းစဉ်ဖြစ် ပါတယ်။ ဒီနည်းစဉ်မှာ အဓိကကတော့ သံသတ္တုရိုင်းတွေ၊ ကျောက်မီးသွေး၊ ထုံး၊ ဒိုလိုမိုက်၊ သဲ အစရှိတဲ့သံ စိမ်းကျိုချက်ရာမှာလိုအပ်တဲ့ ကုန်ကြမ်းတွေကို Romelt ဆိုတဲ့သံရည်ကျိုမီးဖိုထဲထည့်ပြီး အောက်ဆီဂျင်နဲ့ လေအားသုံး ကျိုချက် တာပဲဖြစ်ပါတယ်။ Romelt သံရည်ကျို မီးဖိုမှာ လေပြင်းမှုတ်တဲ့လေမှုတ်ပေါက် (Tuyere) တွေ အဆင့်နှစ်ဆင့်ပါဝင် ပါတယ်။ အောက်ခြေဆင့် လေမှုတ်ပေါက်များမှ အောက်ဆီဂျင်ပါတဲ့လေပြင်းမှုတ်ထည့်ခြင်းကို ကုန်ကြမ်းမှာ ပါဝင်တဲ့ သံသတ္တုရိုင်းနဲ့ကျောက်မီးသွေးမှာပါတဲ့ ကာဗွန်တို့ဓာတ်ပြုခြင်းဖြင့် ကာဗွန်မိုနော့ဆိုက် ဓာတ်ငွေ့ထွက်ရှိလာပါတယ်။ ထွက်ရှိလာတဲ့ ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့ကို အပေါ်ဆင့် လေမှုတ်ပေါက်တွေမှအောက်ဆီဂျင်မှုတ်ထည့်ခြင်းဖြင့် အပူထွက်ဓာတ်ပြုခြင်း ဖြစ်ပေါ်စေကာ မီးဖိုအတွက် လိုအပ်တဲ့ အပူရရှိကာ ကုန်ကြမ်းတွေအရည်ပျော်စေပြီး သံစိမ်းရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ Romelt မီးဖိုမှာ သံရည်ကျိုဖို့ ရိုးရိုးလေထက် အောက်ဆီဂျင် အသုံးပြုမှသာ ပြင်းထန်တဲ့အပူကို ရရှိမှာဖြစ်ပြီး လိုအပ်တဲ့အောက်ဆီဂျင်လေထုထဲက အောက်ဆီဂျင်ကို ခွဲထုတ်ယူဖို့ လိုအပ်လာပါတယ်။

ကျန်းမာရေးနယ်ပယ်မှာသုံးစွဲ

မီးဖိုမှာ ကျိုချက်ဖို့လိုအပ်တဲ့ အောက်ဆီဂျင်ရဖို့အတွက် မီးဖိုရဲ့အနီးမှာ အောက်ဆီဂျင် စက်ရုံတစ်ခု တည်ဆောက်ထားပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာရှိတဲ့ လေထုထဲမှာ အောက်ဆီဂျင် (၂၁ရာခိုင်နှုန်း)နဲ့ နိုက်ထရိုဂျင် (၇၈ ရာခိုင်နှုန်း) အဓိကပါဝင်တာဖြစ်တဲ့ အတွက်ပတ်ဝန်း ကျင်လေကိုကုန်ကြမ်းအဖြစ် အသုံးပြုထားပါတယ်။ အောက်ဆီဂျင်စက်ရုံဟာ ဂျာမနီနိုင်ငံ Linde ကုမ္ပဏီရဲ့ Cryogenic နည်းစဉ်ကို အသုံးပြုထားပါတယ်။ လေထုထဲကလေ ကိုပဲ လေစစ်မှ တစ်ဆင့် ဖိသိပ်လေစက် (Four Stage Dynamic Compressor) နှစ်လုံးနက် စုပ်ယူဖိသိပ်ကာ ပြန်လည်အအေးခံခြင်းဖြင့် အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်ကိုထုတ်လုပ်တဲ့ နည်းစဉ်ဖြစ်ပါတယ်။ ဒီဖိသိပ်လေစက်တွေကို မောင်းနှင်ဖို့အသုံးပြုတဲ့ မော်တာနှစ်လုံးဟာ ၈ဒသမ ၉မီဂါဝပ်၊ မြင်းကောင်ရေအားအနေနဲ့ ( ၁၁၉၃၀ အားရှိပါတယ်။ ဖိသိပ်လေစက် ထဲကနေထွက်ရှိလာတဲ့လေကို အဆင့်ဆင့် အအေးခံကာ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်တို့ရဲ့ အရည်ပျော်မှတ်ပေါ် မူတည်ကာခွဲထုတ်တဲ့နည်းစဉ်နဲ့အောက်ဆီဂျင်ဓာတ်ငွေ့နဲ့ နိုက်ထရို ဂျင်ဓာတ်ငွေ့တို့ကို ထုတ်လုပ်ပေးပါတယ်။ အောက်ဆီဂျင်စက်ရုံဟာဆိုရင် တစ်နာရီကို အောက်ဆီဂျင်ဓာတ်ငွေ့ အား ၃၈၅၀၀ ကုဗမီတာနဲ့ နိုက်ထရိုဂျင် ၁၂၀၀ ကုဗမီတာ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ စက်ရုံတည်ဆောက်ရေး လုပ်ငန်းတွေပြီးစီးရင် Romelt သံရည်ကျို မီးဖိုကျိုချက်နိုင်ဖို့ အောက်ဆီဂျင်ဓာတ်ငွေ့အား ပိုက်လိုင်းနဲ့ပေးပို့နိုင်ဖို့ သွယ်တန်း ထားရှိပြီးဖြစ်ပါတယ်။ ယခုကာလလို ကျန်းမာရေးနယ်ပယ်အတွက် အောက်ဆီဂျင်အရေးပေါ် လိုအပ်လာရင် အသုံးပြုနိုင်ဖို့ ပိုလျှံတဲ့ အောက်ဆီဂျင် ၄၀၀၀ ကုဗမီတာ ခန့်ကို အောက်ဆီဂျင်သိုလှောင်ကန်၊ ဖိအားမြင့်ပန့်များအသုံးပြုကာ ဆေးရုံတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင် အိုးတွေကို ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။ အောက်ဆီဂျင်သန့်စင်မှုနှုန်း (၉၅ ရာခိုင်နှုန်း) နဲ့ နိုက်ထရိုဂျင်သန့်စင်မှုနှုန်း (၉၈ ရာခိုင်နှုန်း) ရှိတဲ့အတွက် ထွက်ရှိလာတဲ့ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင် ဓာတ်ငွေ့တို့ကို စက်မှုလုပ်ငန်းနဲ့ ကျန်းမာရေးလုပ်ငန်းနယ်ပယ် တွေမှာလည်းသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ အောက်ဆီဂျင်စက်ရုံဟာ တည်ဆောက်ရေးလုပ်ငန်းပိုင်းအနေနဲ့ (၉၈ရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်ပါတယ်။အောက်ဆီဂျင်ထုတ်လုပ်မှုနည်းစဉ်မှာ အသုံးပြုတဲ့ အအေးခံရေရရှိရေး အတွက်လည်း ၂၀၀ကီလိုဝပ်မော်တာ မြင်းကောင် ရေအားဖြင့် ၂၆၈ အား အသုံးပြုထားတဲ့ ပန့်လေးလုံး တပ်ဆင်ထားရှိတဲ့ ပန့်အိမ်၊ အအေးခံမယ့်ရေစင်၊ ရေသန့်စင်ပေးမယ့် ရေသန့်စက်တွေကိုလည်း တပ်ဆင်ထားရှိပြီး ဖြစ်ပါတယ်။အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင် ထုတ်လုပ်ရာမှာ အပူချိန်အနိမ့်အမြင့် ဖိအားအနည်းအများပေါ် မူတည်ကာ ခွဲထုတ်ရတဲ့ နည်းစဉ်ဖြစ်လို့ ပိုက်လိုင်းတပ်ဆင်ခြင်း လုပ်ငန်းတွေ ပြီးစီးနေပြီဖြစ်သော်လည်း ဖိအားမြင့် ပိုက်လိုင်းတွေကို စနစ်တကျပြန်လည် စစ်ဆေးဖို့ ကျန်ရှိနေပါတယ်။ အပူ အအေးဒဏ်ခံ လျှပ်ကာလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လျှပ်စစ်နဲ့ အလိုအလျောက် ဖွင့်/ပိတ်ခြင်းဆိုင်ရာ (Automation) လုပ်ငန်းတွေအပြီးသတ်ဖို့ ရေအားနဲ့ စမ်းသပ်ခြင်း (Hydrulic Test)၊ ဖိအား Geod: 0868: (Pressure Test) စတဲ့ စမ်းသပ်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်ဖို့၊ အပူခံဖို့နဲ့ သံချေး မတက်ဖို့ ဆေးသုတ်ခြင်းလုပ်ငန်း၊ အဓိကစက်ပစ္စည်းတွေကို သက်ဆိုင်ရာ ထုတ်လုပ်တ ကုမ္ပဏီက စစ်ဆေးသူကို ခေါ်ယူစစ်ဆေးရမယ့် လုပ်ငန်းတွေ၊ ဖိသိပ်လေစက်နဲ့ မော်တာတွေ အတွက် ဝင်ရိုးချိတ်ဆက်ချိန်ညှိခြင်း (Shaft Alignment) ပြုလုပ်ဖို့၊ အပိုင်းလိုက် ကြိုတင် စမ်းသပ်လည်ပတ်ခြင်း (Pre Commissioning) s od: vodoopsoos ခြင်း (Commissioning) လုပ်ငန်းတွေဆောင်ရွက်ဖို့ ကျန်ရှိနေပါတယ်။ ကျန်ရှိနေတဲ့လုပ်ငန်းတွေ လုပ်ဆောင် ပြီး စမ်းသပ်လည်ပတ်ထုတ်လုပ်နိုင်ရင်နောက်ဆုံး လက်ခံသဘောတူလက်မှတ် (Final Accepted Certificate) Tips ဖြစ်ပြီး စက်ရုံလည်ပတ်နိုင်မှာ ဖြစ်ပါ တယ်။

ထောက်ပံ့ကူညီပေး

စက်ရုံပြန်လည် လည်ပတ်မယ်ဆိုရင် အောက်ဆီဂျင်စက်ရုံလုပ်ငန်း တွေလည်း အပြီးသတ်ဆောင်ရွက်နိုင် မှာဖြစ်တဲ့အတွက် ပိုလျှံတဲ့ အောက်ဆီ ဂျင်နဲ့ နိုက်ထရိုဂျင်ဓာတ် ငွေ့တွေကို စက်မှုလုပ်ငန်းနယ်ပယ်အလိုက် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင် ဓာတ်ငွေ့တွေကိုသာမက ကျန်းမာရေးနယ်ပယ်အတွက် အချိန်နဲ့အမျှ လိုအပ်နေတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ကိုလည်း ဆက်လက်ထုတ်လုပ်ပေးသွား နိုင်ဖို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ သက်ရှိသတ္တဝါတွေနဲ့ နယ်ပယ်အားလုံး အတွက် လိုအပ်နေတဲ့ အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်ရေး ပင်းပက်သံမဏိ စက်ရုံအနေနဲ့ နိုင်ငံအတွက် တစ်ထောင့် တစ်နေရာက ထောက်ပံ့ကူညီပေးနိုင် မယ်လို့ယုံကြည်ရင်း ကျန်ရှိတဲ့လုပ်ငန်းတွေ အမြန်ဆုံးပြန်လည်ဆောင် ရွက်နိုင်ပါစေဖို့ ဆန္ဒပြုဖော်ပြလိုက်ပါတယ်။ ။

ခိုင်ဆုနွယ်(ရှမ်းပြည်)