Skip to main content
Jun 04, 2021
အကြောင်းတရားနဲ့ အကျိုးတရားဆိုတာက ဒွန်တွဲ နေတဲ့လောကနိယာမတရား ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နေတဲ့ အကျိုးတရားတွေကို အဖြေရှာဖို့ဆိုရင် အရင်းခံ အကြောင်းတရားကို ပြန်စစ်ရမှာ ဖြစ်ပါတယ်။
Jun 04, 2021
လူငယ်လူရွယ် မောင်မယ်တို့၏ အစ ကနဦး အာစရိယဆရာများနှင့်ဘဝဥယျာဉ်မှူးများဖြစ်ကြသည့် မိဘရှင်တိုင်းသည် “ရင်သွေးဟူက၊ ချစ်မဝ၍၊ လောကအားလုံး၊ သားသမီးကို မုန်းတယ်လို့၊ ထုံးစံဘယ်မှာရှိလိမ့်” ဟူသော ဆိုရိုးစကားနှင့်အညီ ရင်သွေးသည်းချာ၊ သားလှရတနာ၊ သမီးလှရတနာတို့သည် သူတို့၏အသည်း နှလုံးသဖွယ် မြတ်နိုးတွယ်တာလျက်ရှိကြသည်။
Jun 04, 2021
စာရိတ္တဟူသော ကိုယ်ကျင့်သီလတရားသည် လူတစ်ဦးစီအတွက် အသက်သွေးခဲဖြစ်ပါသည်။ လူအများ ကိုယ်ကျင့်သီလရှိခြင်း မရှိခြင်း၊ အားနည်းခြင်း/အားများခြင်းတို့ | အပေါ်မူတည်၍ မိမိ၏၊ လောက၏ ကောင်းကျိုးဆိုးကျိုးတို့ကို ဖြစ်ပေါ်နိုင်သည်။ လူတစ်ဦးချင်းစီကို အနောက်နိုင်ငံလောက၌ Personality, Character, Quality စသည်ဖြင့် ပင်ကိုစရိုက်လက္ခဏာ၊ ထူးခြားသောအရည်အသွေး၊ ထူးခြားသော ဝိသေသလက္ခဏာ၊ အရည်အချင်း၊ ကျွမ်းကျင်မှုတို့အပေါ် မူတည်၍ အဆင့်အတန်းကို သတ်မှတ်ကြပါသည်။
Jun 04, 2021
3
“စစ်ကျွန်ပညာရေး တက်စရာမလိုဘူး” “စစ်ကောင်စီကဖွင့်သည့်ကျောင်း ဘွဲ့ရရင် အလုပ်လုပ်လို့ မရဘူး” “ဘွဲ့လက်မှတ် အသိအမှတ်မပြုဘူး”
Jun 04, 2021
2
မေး(၁)။ မေလ ၂၈ ရက်နေ့ ည ၁၀ နာရီ ၄၅မိနစ် အချိန်က မြိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ မှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ဗုံးကွဲမီး​လောင်မှုကြောင့် အဆက်အအုံတစ်ခု မီးလောင်ကျွမ်းပျက်စီးမှုဟာ စစ်ကောင်စီလက်ချက်လို့ မေလ ၂၉ ရက်နေ့ ခေတ်သစ်မီဒီယာက သတင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မှန်/မမှန် သိလို ပါတယ်ခင်ဗျာ။
Jun 03, 2021
1
လွန်ခဲ့သောနှစ်အနည်းငယ်က အင်ဒီယန်းအဘိုးအိုတစ်ဦးပိုင်ဆိုင် သည့် အိုကလာဟိုးမားပြည်နယ်က မြေအချို့၌ ရေနံရှာဖွေတွေ့ရှိ ခဲ့သည်။ ထိုအင်ဒီးယန်းအဘိုးအိုကြီးသည် တစ်သက်လုံး ဆင်းရဲ လာခဲ့ရာမှ နေ့ချင်းညချင်းပင် သူဌေးကြီးဖြစ်သွားသည်။ ထိုသို့ သူဌေး ဖြစ်သွားသည့်အခါ သူပထမဆုံးလုပ်သည့်အလုပ်မှာ ကယ်ဒီလက်ခရီး လှည့်ကား တစ်စီးဝယ်သည်။ ထိုအချိန်ကရှိသည့် ကယ်ဒီလက်ခရီး လှည့်ကားများ၌ အရှည်ဆုံးကိုလိုချင်သဖြင့်
Jun 03, 2021
1
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ဖျာပုံမြို့ အမှတ်(၁) ရပ်ကွက် မဟာပုညာရာမတိုက် (ထန်းပင်ကျောင်း ပရိယတ္တိစာသင်တိုက်) မဏိရတနာတန်ဆောင်း တွင် ပြုလုပ်သည့် ယဉ်ကျေးလိမ္မာသင်တန်းသို့ စာရေးသူအစီ အစဉ်မရှိဘဲ တက်ရောက်ဖြစ်ခဲ့ သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယ ကအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီ ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသဝ အရှင်သူမြတ် (မင်္ဂလာသုခ သလိတ်ကြီးကျောင်း တိုက် ကျောင်းထိုင်ဆရာတော်)နှင့် ဖျာပုံမြို့ (မဟာ ပုညာရာမတိုက်) ထန်းပင်ကျောင်း ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါ စရိယ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင်ဟောင်း) (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ) ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်အပါအဝင် သင်တန်းဖြစ်မြောက်ရေး ဦးဆောင်စီမံ ကြီးကြပ်ပေးကြသည့် ဆရာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူသည်။
Jun 03, 2021
တစ်နေ့က ကြုံရဆုံရသည့်အဖြစ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်နိုင်ငံရောက်နေသည်ဟုပင် ဝေခွဲမရတော့။ ကဆုန်လပြည့် (ဗုဒ္ဓနေ့) က ကျွန်တော်တို့မိသားစု ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်၍ ကဆုန်ညောင် ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ် ကိုဗစ်ကပ်ရောဂါဆိုးကြီးစတင် ကူးစက်ဖြစ်ပွားခဲ့စဉ်ကစ၍ တို့ဘုရားကို တို့များမဖူးရသည်မှာ ကြာပြီမို့ နေအိမ်ကစထွက်ကတည်းက အထူးရွှင်လန်းတက်ကြွနေသည်။