ကျေးလက်ပြည်သူအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း
မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ နှင့် ကျေးရွာပေါင်း ၆၀၀၀၀ ကျော်ရှိပြီး ကျေးလက်နေ ပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုကြသည်။
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားစေရန်အတွက် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရင်းအနှီး လိုအပ်ပါသည်။ လိုအပ်သော ရင်းနှီးငွေများ ရရှိစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်မှာ “ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာသူ ကျေးရွာ သားများကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးရွာလူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်” ဖြစ်သည်။
မြစိမ်းရောင်စီမံကိန်းကျေးရွာများ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အထိ ကျေးရွာ ၅၂၈၃ ရွာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ကျေးရွာ ၂၆၁၆ ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် ကျေးရွာ ၂၀၂၂ ရွာ၊ ၂၀၁၈ ခုနှစ် ခြောက်လ ဘတ်ဂျက် (ဧပြီလမှ စက်တင်ဘာလအထိ)တွင် ကျေးရွာ ၂၃၅ ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၉၄၅ ရွာ၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၉၄၅ ရွာ စုစုပေါင်းကျေးရွာ ၁၂၀၈၅ ရွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံမှု ၁၉ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။
မြစိမ်းရောင်စီမံကိန်းကျေးရွာ ရွေးချယ်ခြင်း
မြစိမ်းရောင်ကျေးရွာစီမံကိန်းကို သက်ဆိုင်သူ များအားလုံးပါဝင်၍ အောက်ပါညွှန်းကိန်းများအပေါ် အခြေခံပြီး ကျေးရွာများအား ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ခဲ့သည် -
(က) ဆင်းရဲသော ကျေးရွာ၊
( ခ ) စိုက်ပျိုးရေးနှင့်မွေးမြူးရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသောကျေးရွာ၊
(ဂ) တရားဥပဒေစိုးမိုးခြင်း၊ ရွေးချယ်ထားသည့် မြစိမ်းရောင်ကျေးရွာ တစ်ရွာလျှင် နိုင်ငံတော်ရန်ပုံငွေမှ ငွေကျပ်သိန်း ၃၀၀ မတည်ပေးပြီး ထိုမတည်ရန်ပုံငွေ (အရင်းမပျောက် လည်ပတ်ရန်ပုံငွေ)အား စနစ်တကျ စီမံ ခန့်ခွဲနိုင်ရန်အတွက် စီမံကိန်းကျေးရွာရှိ ကျေးရွာသူကျေးရွာသားများမှ အများသဘောတူ ဆန္ဒမဲစနစ်ဖြင့် ရွေးချယ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဖွဲ့စည်း၍ ကျေးရွာ အမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းရှင် ဖွင့်လှစ်၍ ချေးငွေထုတ်ချေးခြင်း၊ ပြန်လည်ကောက်ခံ ခြင်း၊ စီမံကိန်းရန်ပုံငွေစီမံခန့်ခွဲခြင်းကို ဆောင်ရွက် ရာတွင် အတိုးနှုန်းကို ငွေကျပ် ၁၀၀ အတွက် တစ်လလျှင် ပြား ၅ဝ နှုန်းမှ ၁ ကျပ် ပြား ၅၀ နှုန်း အတွင်း ကျေးရွာသူ ကျေးရွာသား များ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ထုတ်ချေး၍ ကျေးရွာအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တိုးပွား စေသည်။ ကိုဗစ် -၁၉ ကာလ ကုစားမှုနှင့် လည်ပတ်ရန်ပုံငွေ လျင်မြန်စွာ ရရှိရေးဆောင်ရွက်မှု ကိုဗစ် -၁၉ ကူးစက်ရောဂါ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ တိုး ပွားရေးလုပ်ငန်းများအပေါ် ထိခိုက်သက် ရောက်မှု သက်သာစေရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွား ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအားလုံးကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ တစ်နှစ်တိတိ အတိုးနှုန်း ပြား ၅၀ လျှော့ချသတ်မှတ်ခဲ့သည့်အတွက် ငွေကျပ် ၃၄ ဒသမ ၇၅၄ ဘီလီယံခန့် သက်သာကုစားနိုင် ခဲ့သည်။ ထို့ပြင်ကျေးလက်နေပြည်သူများ လက်ဝယ် သို့ လည်ပတ်ရန်ပုံငွေ လျင်မြန်စွာရရှိစေရေး ဘဏ်ငွေထုတ်ကန့်သတ်ချက်နှင့် သွားလာရေး အခက်အခဲ ပြေလည်စေရန်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ နေ့ချင်းပြီးငွေထုတ်ချေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
ဝင်ငွေတိုးလုပ်ငန်းဆောင်ရွက်နိုင်မှု
လက်ရှိတွင် မြစိမ်းရောင်စီမံကိန်းကျေးရွာနေ ပြည်သူများက စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး လုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၆၁၃၁၆၈ စု၊ မွေးမြူရေးလုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၃၉၆၃၈၃ စု၊ ရေလုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်း လုပ်ကိုင်သူ အိမ်ထောင်စု ၃၂၄၇၅ စု၊ မီးလင်းရေး လုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၁၉၈ စု၊ ကုန်ထုတ်လုပ်ငန်းဖြင့် ဝင်ငွေ တိုးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၇၉၄၉ စု၊ အရောင်းအဝယ်လုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်း လုပ်ကိုင်သူ အိမ်ထောင်စု ၁၀၃၂၃၅ စု၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်း လုပ်ကိုင်သူ အိမ်ထောင်စု ၃၈၆၅၇ စု ဆောင်ရွက် နိုင်သဖြင့် မိသားစု လူမှုစီးပွားဘဝတိုးတက်လျက်ရှိသည်။ တိုးပွားလာသော အတိုးရငွေဖြင့် ကျေးရွာဖွံ့ ဖြိုးရေး ဆောင်ရွက်မှု စီမံကိန်းကျေးရွာများတွင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေလည်ပတ်နေပြီး စီမံကိန်းကာလ သုံးနှစ်ပြည့်မြောက်ပြီး စတုတ္ထနှစ် (သို့မဟုတ်) အတိုးရငွေ စုစုပေါင်းငွေကျပ် သိန်း ၁၀၀ နှင့်အထက် ရရှိပါက အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်း၊ ပြည်သူ ထည့်ဝင်ငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စီမံကိန်းကျေးရွာ ၂၃၉၈ ရွာ၌ လမ်း၊ တံတား ၁၄၄၇ စင်း၊ ရေရရှိရေး (အိမ်သွယ်ရေတိုင်၊ ရေကန်တူးဖော်ခြင်း) ၁၆၅၃ ခု၊ မီးလင်းရေး ၇၇၁ ခု၊ စာသင်ဆောင် ၁၂၃ ခု၊ စာကြည့်တိုက် ၁၁ ခု၊ ကျန်းမာရေးဆေးပေးခန်း ၁၁၉ ခု၊ ဘက်စုံသုံးခန်းမ ၁၅၃ ခု၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်း ၁၄၄ ခု ဆောင်ရွက်နိုင်ခဲ့သည်။
အကျိုးကျေးဇူး
မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ကျေးလက်အိမ်ထောင်စု ၁ ဒသမ ၁၇ သန်း၊ လူဦးရေ ၈ ဒသမ ၁၆ သန်းအားအကျိုးပြုလျက်ရှိပြီး ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများ ရရှိလာခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ် လုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အကြွေးဝန်ထုပ်ဝန်ပိုး လျော့ကျလာခြင်း၊ တိုးပွားလာသော ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ အသိဉာဏ်နှင့် ဗဟုသုတများ တိုးပွားလာခြင်း၊ အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှုမြင့်မားလာ ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။
ကျေးလက်နေပြည်သူများ လက်ဝယ်သို့ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေများ လျင်မြန်စွာ ရရှိစေရေး၊ ဘဏ်ငွေထုတ်ကန့်သတ်ချက်နှင့် သွားလာရေးအခက်အခဲများ ပြေလည်စေရေးအတွက် ချေးငွေကောက်ခံခြင်း၊ ပြန်လည်ထုတ် ချေးခြင်းများကို ကျေးရွာအဆင့်၌ မြစိမ်းရောင်စီမံကိန်း လက်စွဲစာစောင်ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ နေ့ချင်းပြီး ထုတ်ချေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။
ကျေးရွာသူ ကျေးရွာသားများအတွက် အတိုးနှုန်း သက်သာစွာဖြင့် ငွေအရင်းအနှီးများရရှိပြီး ဝင်ငွေတိုး လုပ်ငန်းများဆောင်ရွက်နိုင်သဖြင့် မိသားစု လူမှုစီးပွားဘဝတိုးတက်လာသည့်အပြင် အတိုးရငွေဖြင့် ကျေးရွာအတွက် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် "မြစိမ်းရောင် ကျေးရွာစီမံကိန်း (အရင်းမပျောက် လည်ပတ်ရန်ပုံငွေ)” အား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးရွာများဆက်လက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်း ကျေးရွာများတွင် လက်ရှိဆောင်ရွက်လျက်ရှိသော ငွေသားပေးချေမှုစနစ် (cash-based) မှ online payment (Digital Financing) စနစ်သို့ ပြောင်းလဲဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။
ခင်အေးကြူ(ရွှေသန်လျင်)