Jul 30, 2021
‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ကြောင့် ကာကွယ်ဆေးမထိုးထားတဲ့ အထူးသဖြင့် အသက်ငယ်တဲ့ သူတွေမှာ ရောဂါဖြစ်ပွားမှု၊ ဆေးရုံတက်ရောက်ရမှုများတယ်ဆိုတာကို သိစေချင်ပါတယ်။
Jul 30, 2021

နည်းပညာတိုးတက်လာခြင်းဟာ လူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် ကောင်းကျိုး တွေ ယူဆောင်လာပါတယ်။ အရင်က မြန်မာနိုင်ငံမှာ တယ်လီဖုန်းတစ်လုံးပိုင်ဆိုင်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲပါဘူး။ ကမ္ဘာပေါ်က ဖြစ်ပျက်နေတာတွေကို သိဖို့ဆိုတာ ခက်ခက်ခဲခဲနဲ့ သိခဲ့ရပါတယ်။ အခုတော့ အခြေအနေတွေကပြောင်းလဲနေပါပြီ။ ၁၉၆၉ ခုနှစ်ဇူလိုင်က လကမ္ဘာ ပေါ်ကို လူသားတွေခြေချနိုင်တော့ တစ်ကမ္ဘာလုံး အုန်းအုန်းကျွက်ကျွက်နဲ့ ချီးမွမ်းအံ့ဩ ခဲ့ကြပါတယ်။ ဒီနေ့ဆိုရင် လကမ္ဘာကို ကျော်လွန်ပြီး ကမ္ဘာကနေ မိုင်ပေါင်း ၃၃ ဒသမ ၉ သန်းဝေးတဲ့ အင်္ဂါဂြိုဟ်ဆီကို အာကာသ စူးစမ်းလေ့လာရေးယာဉ်တွေ ဆင်းသက်နေပါပြီ။
Jul 29, 2021

နံနက်စောစော အဖေနဲ့ အမေ နှစ်ယောက်သား
အပြန်အလှန်စကားဆိုသံကြောင့် ကျွန်မ ပြုံးမိပါ တယ်။ “လက်ကို ခဏခဏဆေးပါ၊ လူစုလူဝေးရှောင်ရှားပါ၊ နှာစေးချောင်းဆိုးရင် အုပ်ထားပါ" ဆိုတဲ့ ကိုဗစ် အသိပညာပေးသီချင်းတစ်ပိုင်းတစ်စ ကို အဖေက ဆိုပါတယ်။ ဒီလိုဆိုတော့ “အမေက သိပါတယ်တော်၊ ဆရာမလုပ်နဲ့၊ အကုန်ကြားဖူးပြီး သား”ဟု ဆိုပြန်ပါတယ်။ သူတို့ အတိုင်အဖောက်နဲ့ သူတို့။အဖေက ကာကွယ်ဆေးထိုးပြီးသား။ အမေက အခုမှ ထိုးရမှာမို့ အဖေက အမေ့ကို ဆရာလုပ်တယ်။ အမေကလည်း မခံ၊ သူသိတဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ရှောင်ရန်၊ ဆောင်ရန်တွေတောင် တရစပ် ပြန်ပြော ပြနေလိုက်သေးတယ်။ အမေ့အပြောကို အဖေကသူ ပြောချင်တာတွေ တစ်ဝကြီးပြောပြီး နှာခေါင်းစည်းတပ်၊ Face Shield တပ်၊ ရေမလို လက်သန့်ဆေးရည်ဘူးကိုင်ပြီး ကာကွယ်ဆေးထိုး သွားဖို့ အမေက ပြင်ဆင်ပါတယ်။ ကျွန်မက မှာမလို့ ကြံကာရှိသေး၊ အဖေက “ခြောက်ပေအကွာ သိတယ် မဟုတ်လား၊ အရင်လိုတွေ့တဲ့သူနဲ့ လေမပေါနဲ့”လို့ အမေကို ဆိုပါတယ်။ အမေကတော့ အဖေကို မျက်စောင်းနဲ့သာ နှုတ်ဆက်ပြီး ကျွန်မကိုတော့ “သမီးရေ အမေ သွားလိုက်ဦးမယ်” ဆိုကာ ကာကွယ်ဆေးထိုးရပ်ဆီ
သွားပါတော့တယ်။ပြုံးပြုံးကြီး နားထောင်ပြောပြီး| ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ မိသားစုတိုင်း ဟာ ကိုဗစ်အကြောင်း နောကျေဖို့ လိုနေပြီမလား။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို သိရှိလိုက်နာပြီးတော့ ကိုဗစ်ကို အနိုင်ယူဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ကိုဗစ်ကို အနိုင်ယူနိုင်ဖို့ သူ့အကြောင်းသိဖို့ လိုသလို ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်းအပြည့်ရှိဖို့လည်း လိုအပ်ပါတယ်။
Jul 29, 2021

နှစ်ဆယ်ရာစုရဲ့ အကြီးကျယ်အခမ်းနားဆုံး statesmenကဘယ်သူဖြစ်မလဲ။ ဂျိုးဇက်စတာလင် နဲ့ မော်စီတုံးကို ဘေးဖယ်ထားလိုက်ပါ။ အာဏာရှင် ဆန်ဆန် အမျိုးသားရေးဝါဒီတွေဖြစ်တဲ့ ဂျိမဲလ် အက်ဘ် ဒယ်လ် နက်ဆာနဲ့ ပိုလေးစားဖို့ကောင်း သလောက် သြဇာလွှမ်းမိုးမှုကျတော့ ပိုနည်းတဲ့ ဗက်ကလက်ဟာဗယ်လ်တို့ကိုလည်း အသာထား လိုက်ပါ။ ပြီးတော့ နောက်ထပ်နာမည် ဒါဇင် ဝက်လောက်ကို ဆန်းစစ်လိုက်ပါဦး။ မိုဟန်ဂျိစ် ဂန္ဒီ၊ ဝင်စတန်ချာချီ၊ ဖရန်ကလင် ရုဇဗယ့်၊ ချားလ်စ်ဒီ ဂေါလ်၊ ဂျက်ခ်ကနေဒီနဲ့ နယ်လ်ဆင်မင်ဒဲလားတို့ ဖြစ်နိုင်ပါတယ်။ ကမ္ဘာအနှံ့အပြားက သန်းပေါင်း များစွာသော လူတို့အဖို့ရာမှာတော့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်သွား ခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် အထက်ပါစာရင်းထဲမှ နောက်ဆုံးပုဂ္ဂိုလ်သာလျှင် ဖြစ်ပါတယ်။
Jul 29, 2021
(ယမန်နေ့မှ အဆက်)
ထိုအချိန်ကာလက ရဲဘော်ဖြူများသည် ကျောက်ပန်းတောင်း၊ ညောင်ဦး၊တောင်သာ၊ မိတ္ထီလာ တစ်ခွင် စိုးမိုးထား သည့်အချိန်လည်း ဖြစ်သည်။ ရဲဘော်ဖြူ များသည် ပုပ္ပားတောင်ကိုပါ သိမ်းထားသည်။ ထိုစဉ်က ပုပ္ပားတောင် ပြန်လည် သိမ်းယူရန် ကြိုးပမ်းခဲ့သည့်ဖြစ်စဉ်နှင့် ပုပ္ပား တောင်ကလပ်ပေါ်တက်ရင်း တွေ့ကြုံခဲ့ရပုံကို ဖတ်ရှုရ သည်မှာ စိတ်ဝင်စားဖွယ် ကောင်း လှသည်။
Jul 28, 2021

၁၉၇၀ ပြည့်နှစ်အတွင်းက အမေရိကန်နိုင်ငံ ရာဇဝတ်မှုသမိုင်းတွင် အရက်စက်ဆုံး လူသတ်မှုကြီးတစ်ခုဖြစ်ပွားခဲ့သည်။ အသတ်ခံရသူ များမှာ ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသမီး ရှာရွန်တိတ်နှင့် အိမ်သား ခြောက်ဦးဖြစ်သည်။ ရှာရွန်တိတ်မှာ ကိုယ်ဝန်ရှစ်လနှင့် ဖြစ်သည်။ သတ်သူများမှာ လမ်းသရဲခေါင်းဆောင် ချားလ်မေဆင်နှင့် အပေါင်းအပါများဖြစ်သည်။ ဇိမ်ခံနေသော လူချမ်းသာများအား မုန်းတီးသဖြင့် အကြောင်းမဲ့ခုတ်ထစ်သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆို၏။
Jul 28, 2021
နိုင်ငံတစ်နိုင်ငံဟု ဆိုလိုက်လျှင် အချုပ်အခြာအာဏာရှိရမည်။ အဘယ်ကြောင့်ဆိုသော် အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာလျှင် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့သော် သမိုင်းကြောင်းတွင် အနာရှိခဲ့သည့် နိုင်ငံတစ်ခုဟု ဆိုရပေမည်။ အချုပ်အခြာယိုယွင်းခဲ့ပြီး ကိုလိုနီကျွန်ဘဝ ကျရောက်ခဲ့ဖူးသည့် သမိုင်းဟောင်းအနာက ဖျောက်မရ။ သူ့ကျွန်အဖြစ် နှစ် ၁၀၀ ကျော်ကြာ ရှင်သန်ခဲ့ကြရသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးအသက်ဝင်လာမှ နိုင်ငံနှင့် နိုင်ငံသားတို့အတွက် တစ်က ပြန်စကြရသည်။
Jul 28, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၂၆ ရက် ည ၈ နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Jul 28, 2021

“နောင်အနာဂတ်မှာ အကြမ်းဖက်မှုတွေ လျော့ပါးဖို့၊ ဒါမှမဟုတ် ရပ်တန့်အောင်လုပ်ဖို့ အနောက် နိုင်ငံ မဟာမိတ်တွေနဲ့ ကျုပ်တို့လုပ်ခဲ့တာကတော့ အကြမ်းဖက်မှု၊ လေယာဉ်အပိုင်စီးမှုနဲ့ လေယာဉ်အပိုင်စီးသမားတွေကို ခိုလှုံခွင့်ပေးမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဘယ်နိုင်ငံကိုမဆို လေကြောင်းပျံသန်းမှုအားလုံး၊ ကုန်သွယ်လေကြောင်း ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းပစ်ဖို့ပဲ”
Jul 27, 2021

“နောင်အနာဂတ်မှာ အကြမ်းဖက်မှုတွေ လျော့ပါးဖို့၊ ဒါမှမဟုတ် ရပ်တန့်အောင်လုပ်ဖို့ အနောက်နိုင်ငံ မဟာမိတ်တွေနဲ့ ကျပ်တို့လုပ်ခဲ့တာကတော့ အကြမ်း ဖက်မှု၊ လေယာဉ်အပိုင်စီးမှုနဲ့ လေယာဉ်အပိုင်စီး သမားတွေကို ခိုလှုံခွင့်ပေးမှုတွေမှာ ပါဝင်ပတ်သက် နေတဲ့ ဘယ်နိုင်ငံကိုမဆို လေကြောင်းပျံသန်းမှု အားလုံး၊ ကုန်သွယ်လေကြောင်း ပျံသန်းမှုအားလုံး ကို ရပ်ဆိုင်းပစ်ဖို့ပဲ”