Dec 28, 2023
ပလတ်စတစ်ဘောလုံးလေးတစ်လုံး ကျွန်တော်ရှိရာသို့ ဝဲပျံလာသည်။ စက်ဘီးကို အသာထိန်းရင်း ခြေတစ်ဖက်ကို ပင့်မြှောက်၍ ဘောလုံးလာရာလမ်းအတိုင်း အသာအယာ ပြန်ကန်ပို့ပေးလိုက်သည်။ “ဟာ”၊ မူလတန်းအရွယ်သားသားလေးနှစ်ဦး၏ အာမေဋိတ် အံ့ဩသံနှင့်အတူ ချီးမွမ်းသံလေးတွေ ညံစီသွားသည်။ ပြီးတော့ သူတို့ ကျွန်တော့်ကို ငေးမောရင်း ကျန်ရစ်ခဲ့သည်။
Dec 28, 2023
နတ်တော်လကို ပုဂံခေတ်ထိုးကျောက်စာများတွင် နတ်တာဝ်လ (ပုဂံပြတိုက်ကျောက်စာ အမှတ်-၁၂၊ သက္ကရာဇ် ၅၅၀ (အေဒီ-၁၁၈၈)၊ နတ်တစ်လ (မဟာသေနာ ပတိ အနန္တသူရမောင်နှံကျောက်စာ (သက္ကရာဇ်-၅၈၅)၊ နတ္တာဝ်လ (ငါမြတ်သင် ကျောက်စာ၊ သက္ကရာဇ်-၅၈၇) စသည်တို့တွင် နတ်တောဝ်လ၊ နတ်တစ်လ၊ နတ္တာတ်လ၊ နတ္တ်ဝ်လဟု ရေးထိုးကြရာ မြန်မာစာပေအရေးအသား မတည်ငြိမ်သေးသော သဘောကိုဆောင်သည့် စာလုံးပေါင်းများကို တွေ့ရပေသည်။ သက္ကရာဇ်- ၅၉၈ ခုထိုး ရာဇသူရသမီးမောင်နှံကျောက်စာတွင် နတ္တော်လ၊ သက္ကရာဇ်-၆၀၄ ခုထိုး ညောင်ရမ်းကြီးသမီးကျောက်စာတွင် “နတ်တော်လ” ဟု ပီပီပြင်ပြင်ရေးထိုးထားသည်ကို တွေ့ရပေသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးစနစ်အမျိုးမျိုးကို ဖြတ်သန်းရင်း ပါလီမန်လွှတ်တော်များအတွင်း နိုင်ငံရေးသဘောထားကွဲလွဲမှုများမှ လက်နက်ကိုင် ဆန့်ကျင်မှုများကြောင့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရပါသည်။ မြန်မာ့နိုင်ငံရေးခရီးလမ်းသည် ခါးသီးသော ပြည်တွင်းစစ်နှင့်အတူ ယနေ့အချိန်ထိ နိုင်ငံရေး ရင့်ကျက်တည်ငြိမ်မှုရရှိရန် လိုအပ်နေဆဲဖြစ်ပါသည်။ နိုင်ငံရေး တည်ငြိမ်ရင့်ကျက်နိုင်ရန်အတွက် နိုင်ငံရေးပါတီများ တောင့်တင်းခိုင်မာဖို့ လိုအပ်ပါသည်။ ပါတီမူဝါဒ လမ်းစဉ်ကောင်းကောင်းဖြင့် လူတော်လူကောင်းများကို လေ့ကျင့်တည်ဆောက်ကာ မြန်မာ့နိုင်ငံရေးကို ထိန်းကျောင်းပဲ့ကိုင်နိုင်ဖို့ လိုအပ်ပါသည်။ ထိုနိုင်ငံရေးပဲ့ကိုင်ရှင်များသည် နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ်များပင် ဖြစ်ပါသည်။

Dec 27, 2023
မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရခဲ့သည်မှာ (၇၆)နှစ်ရှိပါပြီ။ သို့သော် နိုင်ငံကားမငြိမ်းချမ်းနိုင်သေး၊ ဖွံ့ဖြိုးမှုကား နောက်ကျဆဲ၊ တိုးတက်မှုကားတုံ့ဆိုင်းဆဲ၊ တွန်းအားများနှင့် ရွေ့မည်ကြံတိုင်း ခရီးကားမရောက်၊ လှော်ရင်းနစ်နေသည်၊ မာယာများသည့်မြစ်ရေအယဉ်မှာ နစ်သည်ထက်မနစ်အောင် လှေကိုကြိုးစားလှော်နေရသည်။
Dec 27, 2023
နွား၊ ကျွဲ၊ ကြက်၊ ဝက်၊ ဘဲ စသည့် တိရစ္ဆာန်များသည် နိုင်ငံအတွင်းမွေးမြူမှုများ၍ စားသုံးမှုလည်းများသော မွေးမြူရေးတိရစ္ဆာန်များဖြစ်သည်။ မွေးမြူရေးလုပ်ငန်းသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝအတွက် အခြေခံဝင်ငွေရရှိနိုင်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ပြည်တွင်းစားသုံးမှုဖူလုံရုံမျှမက ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်သော လုပ်ငန်းလည်းဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများအတွက် ဈေးကွက်အလားအလာကောင်းများစွာ ရှိနေသော်လည်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ တိုးချဲ့လုပ်ကိုင်လာရေးတို့အတွက်လည်း ဆောင်ရွက်ရန်များစွာရှိနေသည်။
Dec 27, 2023
ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြန်မာအပါအဝင် နိုင်ငံအများအပြားသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး ထွန်းသစ်စနိုင်ငံများအဖြစ် ပေါ်ထွန်းလာခဲ့ကြသည်။
Dec 26, 2023
ကိုလိုနီ(သူ့ကျွန်) ခေတ်တွင် မြန်မာတို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြရာ၌ စာပေသမားများက စာပေဖြင့်၊ သတင်းသမားများက သတင်းဖြင့်ရေးသားတိုက်ပွဲဝင်ခဲ့ကြပေသည်။ ရတနာပုံမြို့တော်ကို နယ်ချဲ့အင်္ဂလိပ်တပ်များ တက်သိမ်းရာ၌ နန်းတွင်းမှတော်ဝင်သုံး ရွှေငွေစိန် ကျောက်ပတ္တမြားစီ အသုံးအဆောင