Oct 31, 2023
မြန်မာအများစုက ဂမ်ဘီယာနိုင်ငံကို ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်၌ဖြစ်ပေါ်ခဲ့သော ဘင်္ဂါလီကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအား အိုင်စီဂျေခေါ် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားသည့်နိုင်ငံဟူ၍ သိကြသည်။ ဘင်္ဂါလီများနှင့် ဆက်စပ်နေသောပြဿနာများသည် ဂမ်ဘီယာနိုင်ငံအပေါ်တွင် မည်သည့်အချိန်ကမျှ ထိခိုက်မှု၊ သက်ရောက်မှုမရှိခဲ့ဟူ၍လည်း မြန်မာနိုင်ငံဘက်မှ အိုင်စီဂျေတွင် တင်ပြခဲ့ကြောင်းကိုလည်း သိကြပေမည်။ ယခုမြန်မာနိုင်ငံကို အိုင်စီဂျေတွင် ဆက်လက်တရားစွဲနေသောနိုင်ငံသည် မည်သို့သောနိုင်ငံမျိုးဖြစ်သည်ကို ပိုမိုနားလည်နိုင်အောင် ဤဆောင်းပါးကိုရေးရခြင်းဖြစ်ပါသည်။
Oct 30, 2023
မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အမျိုးသားဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်စုစုပေါင်း ၅၉ ခုရှိပြီး အာဆီယံအမွေအနှစ်စာရင်းဝင် ရှစ်ခုရှိသည်။ ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် အာဆီယံအမွေအနှစ်စာရင်းဝင်တစ်ခုဖြစ်ပြီး ကမ္ဘာ့ရှားပါး တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားလျက်ရှိရာ သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခုဖြစ်သည်။
Oct 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးဦးတည်ချက် ဒုတိယအချက်ဖြစ်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းကို အားပေးဆောင်ရွက်ကာ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
Oct 30, 2023
ကမ္ဘာ့မြို့ကြီးများနေ့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှစတင်၍ ကမ္ဘာ့မြို့ကြီးအသီးသီးတွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခု ၂၀၂၃ ခုနှစ်ဆိုလျှင် ဆယ်စုနှစ်တစ်စုသို့ ရောက်ရှိလာပြီဖြစ်သည်။ ကမ္ဘာ့မြို့ကြီးများနေ့၏ ဆောင်ပုဒ်မှာ “ကောင်းမွန်သောမြို့၊ ကောင်းမွန်သောဘဝ” ဖြစ်ပြီး ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာ မြို့ပြအသွင်ကူးပြောင်းခြင်းတွင် နိုင်ငံတကာအသိုက်အဝန်း၏ စိတ်ဝင်စားမှုကို မြှင့်တင်ရန်၊ အခွင့်အလမ်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံများနှင့် မြို့များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်ဖြစ်သည်။
Oct 29, 2023
ရဟန်းသံဃာတော်များ ဝါတွင်းကာလသုံးလတာလွန်မြောက်ပြီး မကြာမီ ဝါမှထွက်ဝါကျွတ်ကြတော့မည်။ ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းက ထိုဝါကျွတ် ဝါလကင်းလွတ်သောနေ့ကို သတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အဖြစ် အထွတ်အမြတ်ထားကြသည်။ ထိုနေ့ကို မိဘကျေးဇူးဆပ်သောနေ့တစ်နေ့အဖြစ် ဘုရားရှင်ကို ရည်မှန်းပြီး အဘိဓမ္မာတရားကို ပူဇော်နာယူမှုပြုကြသည်။ ထို့နေ့တွင်ပင် တာဝတိံသာနတ်ပြည်မှ ပြန်ကြွလာသော မြတ်စွာဘုရားရှင်ကို နတ်၊ ဗြဟ္မာ၊ မင်းနှင့် ပြည်သူတို့က ဆီမီးတန်ဆောင်ထွန်းလင်းရောင်ဖြင့် ထွန်းညှိပူဇော်ခဲ့ကြဖူးသည်။ ဤနေ့တွင်ပင် ထူးမြတ်လှစွာသော အဘိဓမ္မာတရားတော်ကြီးကို မင်းနှင့်ပြည်သူတို့ စတင်နာကြားခွင့်ရခဲ့ကြပြန်သည်။
Oct 29, 2023
စာရေးသူသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ “အခွန်ထမ်းပြည်သူများ သိထားသင့်သော အခွန်အယူခံခုံအဖွဲ့အကြောင်း” ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ကျရောက်သည့် အခွန်အယူခံခုံအဖွဲ့ရုံး၏ နှစ်နှစ်ပြည့်အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဤဆောင်းပါးတွင် အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ နည်းဥပဒေများနှင့် အခွန်အယူခံခုံအဖွဲ့၏ ကြိုးပမ်းမှုများ၊ အမှုများတင်သွင်းလျှောက်ထားခြင်းနှင့် အခွန်အယူခံခုံအဖွဲ့၏ ဆောင်ရွက်ချက်များကို ဆက်လက်ရေးသားတင်ပြလိုပါသည်။
Oct 29, 2023
သီတင်းကျွတ်လကို ပုဂံခေတ်ထိုးကျောက်စာများတွင် “သန်တူ” လဟုရေးထိုးကြ၏။ ရှေးရေးဗေဒင်ကျမ်း၊ ဆေးကျမ်းမှတ်တမ်းများတွင် “သန်တူ” လဟုပင် တွေ့ရပေသည်။
Oct 29, 2023
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် လေးနက်ထူးခြားသည့် နေ့ထူးနေ့မြတ် ရက်တစ်ရက် ဖြစ်ပါသည်။
Oct 28, 2023
အတုမရှိသော ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရှင်ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ထို့နောက် သတ္တမမြောက်ဝါတွင် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး မယ်တော်ဖြစ် ခဲ့ဖူးသော သန္တုဿိတနတ်သားကို အမှူးထား၍ လောကဓာတ်တစ်သောင်းမှ ရောက်လာ ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ ထိုစဉ်ကမြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ် ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့်သာ တာဝတိံသာနတ်ပြည်သို့ ကြွသွားတော်မူခဲ့သည်။
Oct 28, 2023
“မြန်မာ့ယဉ်ကျေးမှုအစ ပျူခေတ် က” ဟုဆိုရပေမည်။ အေဒီ ၈၀၂ တွင် သရေခေတ္တရာပျူမင်းက ပျူယဉ်ကျေးမှု အဖွဲ့ကို တရုတ်ဧကရာဇ် တဲကျန်း နန်းစိုက်ရာ ချင်အန်းမြို့တော်သို့ စေလွှတ်လိုက်ရာတွင် တရုတ်ဧကရာဇ် မှာ ပျူအဆို၊ အတီး၊ အကအလှတို့တွင် နစ်မွန်းနေသဖြင့် ကဗျာဆရာကြီး ပိုးကျူအိက တရုတ်ပြည်သူတို့အား လျစ်လျူရှုမထားသင့်ကြောင်း ကဗျာ တစ်ပုဒ်ဖြင့် အသိပေးမှု၊ သတိပေးမှု ပြုခဲ့ရသည်။
